Channel Myanmar

Wang Longzheng

Faces in the Crowd ( 2023 ) 5.9
Faces in the Crowd ( 2023 ) CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ Chen Wei Ting သရုပ်ဆောင်ထားတဲ့စုံထောက်ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ (၁၉၃၁) ခုနှစ်ရှန့်ထိုမြို့မှာ ကူမန်တန်ပါတီနဲ့ကွန်မြူနစ်ပါတီတို့ရဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံမငြိမ်မသက်ဖြစ်နေတဲ့ကာလကို ဇာတ်အိမ်တည်ထားကာ ဝမ်လိဝန်က ကွန်မြူနစ်ပါတီဖွဲ့စည်းထားတဲ့ဆန်းကြယ်ရူပ်ထွေးတဲ့ ဆက်သွယ်ရေးစခန်းကိုပစ်မှတ်ထားစုံစမ်းနေခဲ့တယ်။ဒီအချိန်မှာ မထင်မှတ်ပဲသူ့သွေးသောက်ညီအစ်ကို ချန်ကျားတုန့်နဲ့လမ်းမှာပြန်လည်တွေ့ဆုံခဲ့ပြီး နှစ်ဦးသားဒီစခန်းရဲ့ လျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ပူးပေါင်းနေခဲ့တယ်။ သို့ပေမဲ့နှစ်ဦးသား နှစ်အတော်ကြာဝေးကွာပြီး ပြန်တွေ့ခဲ့ကြတာကြောင့် စုံစမ်းဖော်ထုတ်ကြရင်း တစ်ယောက်အပေါ်တစ်ယောက် သင်္ကာမကင်းစွာနဲ့ နှစ်ဦးသားအပြန်အလှန် နှစ်ယောက်လုံးရဲ့သရုပ်မှန်ကို ပြန်လည်စုံစမ်းကြည့်တဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲ။ နိုင်ငံရေးအရူပ်အထွေးတွေကြား ဘယ်လိုတွေပတ်သက်နေကြမလဲ။ နှစ်ယောက်လုံးရဲ့ကိုယ်စီသရုပ်မှန်ကကောဘာတွေဖြစ်မလဲ။ဒီဇာတ်လမ်းလေးကတော့ Chen Wei Ting ပီသစွာပဲ စုံထောက်အက်ရှင်ကားလေးတစ်ကားဖြစ်တာကြောင့် လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Drama Runtime : 1h 42 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

Faces in the Crowd ( 2023 )

Nameless Hero ( 2023 ) 5.9
Nameless Hero ( 2023 ) CM movie fanလေးတွေထဲကမှ actionမှကြိုက်တာဆိုတဲ့ သူလေးတွေအတွက် နိုင်ငံရေးစစ်ကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်။90sတစ်ဝိုက်မှာ နိုင်ငံရေးအယူဝါဒကွဲလွဲမှုတွေအပေါ်အခြေခံပြီး စ စ်ပွဲတွေက ဆူပူအုံကြွနေခဲ့တယ်။ကျင်ကျိုးမြို့နစ်ခုလုံးကို နယ်ခြားစောင့်တပ်တွေ ဝန်းရံထားတဲ့အချိန် ...စစ်မြေပြင်မှာမတရားတာမရှိဘူးဆိုသလိုပဲ သူစီကိုယ်စီ ဌာနအတွင်းမှာ သူလျှိုတွေစေလွှတ်ထားချိန်မှာ.. ကုဒ်နာမည် *မြွေစိမ်း*လို့သိကြတဲ့ သတင်းအချက်အလက်သူလျှို လျိုသာ့ဝေဟာ သရုပ်မှန်ပေါက်ကြားပြီး ဖမ်းစီးမှုကိုခံခဲ့ရတယ်။မြွေစိမ်းဟာ စစ်တပ်လက်အောက်ခံဖြစ်တဲ့အတွက် အထက်က စစ်‌ကြောရေးအတွက် လျှို့ဝှက်ထိန်းသိမ်းရေးဌာနက *လင်ရှီး*ကို တာဝန်ထမ်းဆောင်ဖို့ စေလွှတ်ခဲ့တယ်။အဲ့အချိန်မှာ မြွေစိမ်းကို ဖမ်းမိခဲ့တဲ့သူက ပါတီရေးရာနဲ့ပြန်ကြားရေးဌာနဖြစ်တဲ့အတွက် လင်ရှီးဟာ ထိုဌာနရဲ့ဦးစီးချုပ်"ကျိုးယင်ချွင်း"နဲ့ သူ့ရဲ့မဟာမိတ်ဖြစ်သူ နိုင်ငံတော်ကာကွယ်ရေးတပ်ခွဲ၂ကအထူးတပ်ဖွဲ့ဝင်ကျန်းဝေနဲ့အတူ ပူးပေါင်းစစ်ကြောရေးဆင်းဖို့ဖြစ်လာတော့တယ်။မြွေစိမ်းဟာ ကွန်မြူနစ်ပါတီသူလျှိုဖြစ်ပြီး သူ့ရဲ့လက်ထဲမှာ ကျင်ကျိူးမြို့ကာကွယ်ရေးမြေပုံရှိသလို ဒါကသူကျင်ကျိုးကိုထိုးစစ်ဆင်ရာမှာကူညီဖို့ မြို့ပြင်ကိုလက်ဆင့်ကမ်းရမဲ့ အချက်အလက်လည်းဖြစ်တယ်။ မြွေစိမ်းကျဉ်းထဲကျပ်ထဲရောက်နေတဲ့အချိန်မှာ လင်ရှီးရဲ့လျှိုဝှက်တာဝန်က အဲ့ဒီမြေပုံကိုလွှဲပြောင်းယူပြီး လက်ဆင့်ကမ်းပေးရမှာပါ။မမျှော်လင့်ထားတဲ့အလှည့်အပြောင်းတွေကြားထဲမှာ လင်ရှီးက သူ့ရဲ့တာဝန်ကိုအောင်မြင်စွာထမ်းဆောင်နိုင်ပါ့မလား သူ့ရဲ့လမ်းခရီးမှာရော ဘယ်လိုဘက်တော်သားတွေနဲ့ တွေ့ဆုံရဦးမလဲ အာဏာမှိုင်းတွေ ရောထွေးနေတဲ့နယ်ပယ်ကြီးမှာ ဘယ်အရာက တရားမျှတမှုလမ်းစဉ်ဖြစ်မလဲဆိုတာ... ဇာတ်လမ်းမှာအသေးစိတ်ကြည့်ရှုလိုက်ပါ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , War Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by ...
movie

Nameless Hero ( 2023 )