Channel Myanmar

Wang Yiquan

The Battle For Justice ( 2023 ) 5.8
The Battle For Justice ( 2023 ) The Battle for justiceဆိုတဲ့ဇာတ်ကားကတော့ တရားမျှတခြင်းအတွက်ဦးထိပ်ထားပြီး ပြည်သူအတွက်စွန့်စားပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်းရေးတစ်ခုအကြောင်း ရဲပေါ်လစီကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့......ချန်ကျန့်ရဲ့အဖေဟာ မူးယစ်ရာဇာတစ်ယောက်ကြောင့် သူငယ်ငယ်လေးတုန်းက သတ်ခဲ့လိုက်ရပါတယ်။ အဖေအတွက်လက်စားချေဖို့ ရဲကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားမယ်ဆိုပြီး သစ္စာဆိုခဲ့ပါပြီး ကြိုးစားလာခဲ့ပါတယ်။ ဒီလိုနဲ့တစ်နေ့မှာတော့ မူးယစ်တိုက်ဖျက်ရေးစစ်ဆင်ရေးတစ်ခုအတွက် မူးယစ်ဂိုဏ်းမှာ သူလျှိုလုပ်ဖို့ တာဝန်ပေးလာတဲ့အခါ ချန်ကျန့်ဟာ အဖေ့အတွက်လက်စားချေနိုင်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။ရဲဆိုတဲ့သရုပ်မှန်ဟာ အချိန်မရွေးပေါ်သွားနိုင်မလား...... ဉာဏ်များပြီးကောက်ကျစ်တဲ့ မူးယစ်ရာဇာကို ဖမ်းဆီးဖို့စစ်ဆင်ရေးကအောင်မြင်နိုင်ပါ့မလား...... နိုင်ငံနဲ့ပြည်သူတွေအတွက်အသက်စွန့်ပြီးတာဝန်ထမ်းဆောင်ကြရတဲ့ ရဲအရာရှိတွေအကြောင်းကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Battle For Justice ( 2023 )

The Best is Yet to Come ( 2023 ) 5.9
The Best is Yet to Come ( 2023 ) "မိမိကြိုးစား‌‌လျှောက်လှမ်းသလောက် ပန်းတိုင်ကိုမရောက်သေးရင် လမ်းခရီးဟာအဆုံးမဟုတ်သေးလို့ပါတဲ့" ဒီလိုပါပဲ... ဒီ"အဆုံးမဲ့ပန်းတိုင်"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးမှာတော့....ဘဝရေးပြဿနာတွေကြောင့် ပိုက်ဆံချို့ယွင်းပြီး အထက်တန်းမှာတင်ကျောင်းနားလိုက်ရတဲ့-ဟန်သုန်းဟာ ပေကျင်းကိုသူ့ကောင်မလေးရှောင်ကျူးနဲ့အတူ တက်လာပြီး အလုပ်ရှာပါတော့တယ်။အဲ့အချိန်က တရုတ်နိုင်ငံကြီးဖွံ့ဖြိုးတိုးတက်ဆဲ 2003ခုနှစ်လောက်မှာပေါ့၊ ပညာအရည်အချင်းအပြင်အဆက်သွယ်ကောင်းရှိမှ လူရာဝင်မဲ့ခေတ်မှာ ဟန်သုန်းတစ်ယောက် နှစ်ဝက်ကြာတာတောင် အလုပ်ရှာမရဖြစ်နေဆဲပါပဲ။တစ်ချိန်တည်းမှာပဲ ဟန်သုန်းဟာ ခန္ဓာကိုယ်လုံးပန်းနေပေမဲ့ စိတ်ကတော့ခိုင်မာဆဲဖြစ်နေခဲ့တယ် ၊ဒီလိုနဲ့ သတင်းစာဌာနတစ်ခုကိုပန်းတိုင်အဖြစ်ထားလိုက်တဲ့အခါ...∆လူ့အသိုင်းဝိုင်းရဲ့မျက်နှာသာပေးမှုနဲ့လောကဓံက သူ့အပေါ်မှာ ဘယ်လိုရေလှိုင်းအသွင်နဲ့ တိုက်စားသွားမလဲ? ကြိုးစားတိုင်းအောင်မြင်မှာမသေချာပေမဲ့ မကြိုးစားရင် ဘာမှမရလာမှာ‌ေတာ့‌ေသချာတဲ့သဘောတရားကို သူနားလည်သွားပြီး တစ်ခြားသူ့လိုဒုက္ခရောက်နေသူတွေကရော နားလည်လက်ခံနိုင်ပါ့မလားဆိုတာ.စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated By CM Team Reviewed By Clytie Encoded by LK
movie

The Best is Yet to Come ( 2023 )