Channel Myanmar

Wang Ziwen

The Yin-Yang Master: Dream of Eternity ( 2021 ) 6.3
The Yin-Yang Master: Dream of Eternity ( 2021 ) External Love ထဲက မင်းသား ရဲ့ဟွာ နဲ့ Ash of Love ဇာတ်ကားထဲက မင်းသား ရွှီဖုန်း တို့ကို အများစုတော့ မှတ်မိမယ်ထင်ပါတယ် ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ Mark Chao(ရဲ့ဟွာ) နဲ့ Deung Lun(ရွှီဖုန်း) တို့အပြင် အခြား နာမည်ကျော် မင်းသား မင်းသမီးတွေနဲ့ ပူးပေါင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအကြောင်းအရာကတော့.... ပေါ်ရာ ဟာ သူ့ရဲ့ မိခင်ကို မိစ္ဆာက သတ်သွားတာကြောင့်မလို့ မိစ္ဆာတွေကို အရမ်း မုန်းတီးနေပြီး တစ်လောကလုံးက မိစ္ဆာတွေကို သတ်ပစ်ဖို့ ဆုံးဖြတ်ချက်ချထားသူတစ်ယောက်ဖြစ်ပါတယ် ချင်မင်ကတော့ ယန် ယင် ဆရာတစ်ဆူပါ သူ့ရဲ့အမေဟာ မြေခွေးမိစ္ဆာတစ်ယောက်ဖြစ်တဲ့အတွက် မိစ္ဆာတွေအပေါ်စာနာစိတ်ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်တစ်နေ့ မြွေမိစ္ဆာ ပြန်လည် ထွက်ပေါ်လာတဲ့အခါမှာ ချင်မင် အနေနဲ့ ဆန်းကျယ်လှတဲ့ လူသတ်မှုတွေကို ဖြေရှင်းရင်း တော်ဝင်မိသားစုက ပါဝင်ပတ်သတ်နေတာကို သိလိုက်ရပါတယ် ဒီလိုရှုပ်ထွေးလှတဲ့ အခြေအနေကို ဆန့်ကျင်ဖက် စိတ်သဘောရှိတဲ့ ချင်မင်နဲ့ ပေါ်ရာ ဘယ်လိုတွေ ပူးပေါင်းဖြေရှင်းကာကွယ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာပါ Quality : WEB-DL 1080p , 720p Format ...
movie

The Yin-Yang Master: Dream of Eternity ( 2021 )

Awakening Spring ( 2023 ) 5.8
Awakening Spring ( 2023 ) ‌ဘယ်လောက်မှောင်မိုက်တဲ့ညတစ်ည ဖြစ်ပါစေ ‌ အာရုဏ်တက်မနက်ခင်း ရောင်နီပျိုးချိန်ဆိုတာ ရောက်လာမှာပါပဲ၊ ဒါပေမဲ့ ဘဝပေးအခြေအနေအရ အဲ့ဒါတွေကို မမြင်ရတဲ့ စိတ်ပိုင်း/ကျန်းမာရေး/ကိုယ်ခန္ဓာပိုင်းဆိုင်ရာ တစ်ခုခုချို့ယွင်း‌တဲ့လူတစ်ယောက်ဖြစ်နေမယ်ဆိုရင်ရော..."ကျွယ်ရှောင်"ဟာ မိဘမဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီး ငယ်စဉ်တည်းက မိခင်ရဲ့စွန့်ပစ်သွားမှုကြောင့် စိတ်ပိုင်းဆိုင်ရာဝေဒနာရရှိနေသူ ဖြစ်တယ်လို့ဆိုပြီး သူမကို‌မွေးစားပျိုးထောင်ခဲ့တဲ့ဒေါ်လေးဖြစ်သူဟာ သူမကို စိတ်ကျန်းမာရေးစင်တာကို ပို့ထားခဲ့ပါတယ်။ဒီလိုနဲ့ သူမဘဝကို ဝေဒနာတွေကကာရန်လွှမ်းခြုံထားတဲ့အချိန်၊ ခိုကိုးရာမဲ့နေချိန် ဆေးရုံမှာ "သိုက်ချွမ်း"နဲ့ တွေ့ဆုံခဲ့ရပါတော့တယ်။"သိုက်ချွမ်း"ဟာလည်း ထိုနည်းတူ စိတ်ရောဂါ ခံစားနေရသူဖြစ်ပြီး "ကျွယ်ရှောင်"ရဲ့မိခင်ဖြစ်သူဟာ ဘယ်‌တော့မှ ပြန်မလာတော့ဘူးလို့ မျှော်လင့်ချက်မဲ့စကားတွေ စိတ်ထဲရိုက်သွင်းနေတဲ့လူတွေကြားထဲမှာ ပထမဆုံးသော သူမကိုယုံကြည်ကူညီပေးခဲ့တဲ့သူ၊သူမနှလုံးသားရဲ့ တစ်ခုတည်းသော အလင်း‌ရောင်ဖြစ်ခဲ့ပါတယ်...ဒါပေမဲ့ နှလုံးသားချင်းဆက်ပြီး အချင်းချင်း မေတ္တာမျှပေမဲ့လဲ လက်တွေ့ဘဝရဲ့‌လောကဓံစမ်းသပ်မှုကို ရင်ဆိုင်ဖို့ဖြစ်လာခဲ့တဲ့အခါ...-ပြီးပြည့်စုံတဲ့ လူရယ်ဆိုတာမရှိပေမဲ့၊လိုအပ်ချက်ဆိုတာရှိပေမဲ့၊ ကံကြမ္မာချို့ယွင်းချက်တွေ ရှိနေတဲ့သူတို့နှစ်ယောက်ရဲ့ လက်တွေ့ဘဝအဆုံးသတ်က ဘာဖြစ်မလဲဆိုတာကို...CM ပရိတ်သတ်တို့ကြည့်ရှုခံစားနိုင်ရန် ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

Awakening Spring ( 2023 )

1911 Revolution (2011) 5.8
1911 Revolution (2011) တရုတ်နိုင်ငံတွင် နှစ်ရှည်ကြာစွာ ခိုင်မြဲတည်တန့်ခဲ့တဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်ကို တွန်းလှန်ဖယ်ရှားရာမှာ တရုတ်ပြည်သူများ ကို ဒေါက်တာဆွန်ယက်ဆင်နဲ့အဖွဲ့မှ ဦးဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားက တရုတ်ပြည်ရဲ့ မန်ချင်းမင်းဆက်ကိုနန်းကျစေခဲ့တဲ့ ဒေါက်တာဆွန်ယက်ဆင်ဦးဆောင်တဲ့ ၁၉၁၁ ရှင်းဟိုက် လူထုတော်လှန်ရေးကိုအခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်သမိုင်းအခြေခံဇာတ်ကားတစ်ကားဖြစ်ပါတယ်။မင်းသားကြီး ဂျက်ကီချန်းမှ သရုပ်ဆောင်၊ဒါရိုက်တာအဖြစ် ပါဝင်ထားတဲ့ဇာတ်ကားပါ။IMDb Rating (5.8/10) ရရှိထားပါတယ်။ဒီဇာတ်ကားက ရှင်းဟိုက်တော်လှန်ရေးရဲ့ တစ်စိတ်တစ်ပိုင်းကိုသာ ပုံဖော်ထားနိုင်တာမို့ ရှင်းဟိုက်တော်လှန်ရေးသမိုင်းကြောင်း၊တရုတ်ပြည်သမိုင်းအကြောင်း၊ရှင်းဟိုက်တော်လှန်ရေးမှသည် ယနေ့ခေတ်တရုတ်ပြည်ဖြစ်ပေါ်လာတဲ့သမိုင်းကြောင်း၊ထိုင်ဝမ်နိုင်ငံအကြောင်းတို့ကို ရှင်းလင်းစွာသိချင်တယ်ဆိုရင်တော့ တရုတ်သမိုင်းတွေကိုရေးသားနေတဲ့ဒီ https://www.facebook.com/1811445109124572/posts/2904998626435876/ FB Page လင့်မှာသွားဖတ်ပါ။ဇာတ်ကားမကြည့်ခင် စာကိုအရင်ဖတ်ကြည့်ဖို့တိုက်တွန်းပါတယ်။  File size…(2.7 GB)and (1.4 GB) Quality…BluRay rip 1080p and 720p 5.1CH Format…mp4 Duration….02:01:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

1911 Revolution (2011)

2011
Aftershock ( 2010 ) 7.5
Aftershock ( 2010 ) ဒီဇာတ်ကားလေးဟာ 2010 ခုနှစ်ကထွက်ရှိထားပြီး Vote ပေါင်း 8603 နဲ့imdb မှာ 7.5 အထိ Rating ကောင်းထားတဲ့ ဇာတ်ကားလေးပါပဲRotten Tomatoes လည်း 91 % ရထားပါတယ်သဘာဝဘေးအန္တရာယ်ဆိုတာ ကြုံလာရင် လူတိုင်းရှောင်လွှဲလို့မရတဲ့ကပ်ဆိုးကြီးတစ်ခုပါ ဒီလိုကပ်ဆိုးတွေကြောင့် ပျော်ရွှင်နေရတဲ့ မိသားစုတွေသေကွဲတွေသာမက ရှင်ကွဲပါကွဲကြရပါတယ် ယခုတင်ဆက်ပေးမဲ့ ရုပ်ရှင်ရဲ့အကြောင်းအရာဟာဆိုရင်ဖြင့် ၁၉၇၆ခုနှစ် တရုတ်နိုင်ငံ ထန်ရှန်မြို့မှာ ဖြစ်ခဲ့တဲ့ငလျင်ဒဏ်ကြောင့် ထိခိုက်နစ်နာခဲ့သူ နှစ်သိန်းလေးသောင်းရဲ့ ဘဝတွေကိုအမှတ်ရအောက်မေ့ဖွယ်ရာ တင်ဆက်ထားခြင်းဖြစ်ပါတယ် ဒီဇာတ်ကားလေးကတော့ငလျင်ဘေးကြီးကြောင့် ပြိုကွဲသွားရတဲ့ မိသားစုလေးအကြောင်းကိုရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ် ဇာတ်ကြောင်းလေးကတော့....ထန်ရှန်မြို့လေးမှာ ယွမ်နီဆိုတဲ့ အမျိုးသမီးလေးဟာ အမွှာ သား သမီးနှစ်ယောက်ယောကျာ်းနဲ့အတူ မိသားစုဘဝလေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသူ တစ်ယောက်ပါဒါပေမဲ့ ကံအကြောင်းမလှတဲ့အခါမှာတော့ ထန်ရှန်မြို့မှာ ငလျင်အကြီးစားတစ်ခုလှုပ်ခတ်ပြီး ယောကျာ်းဖြစ်သူက ယွမ်နီကို ကာကွယ်ရင်း ငလျင်ဘေးမှာ ဆုံးပါးသွားခဲ့ပါတယ်ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာဆိုသလို ယောကျာ်းသာသေရုံမကပဲကလေးနှစ်ယောက်ဟာလည်း ကွန်ကရစ်တုံးကြီး အောက်မှာပိမိပြီး တစ်ယောက်ပဲကယ်လို့ရမဲ့ ...
movie

Aftershock ( 2010 )