Channel Myanmar

Warina Hussain

Yaariyan 2(2024) 5.3
Yaariyan 2(2024) Yaariyan 2 (2023) "အချစ်များ လွှမ်းခြုံ၍"မြူးမြူးကြွကြွ ဟင်ဒီ ရိုမန့်ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ် သီချင်းလေးတွေကအစ တောတောင်ရှုခင်းလေးတွေအဆုံး energetic ဖြစ်တဲ့ လူငယ်အချစ်ဟာသကားလေးပါလာဒ်လီက မွေးရာပါသွေးအားနည်းရောဂါကနေ နလံထူလာသူဖြစ်ပြီး သူကြိုးစားခွင့်မရခဲ့တဲ့ အခွင့်အရေးကို လှမ်းတက်မယ် ပြင်ကာမှ "အမေ့နို့ဖိုး" ခေါင်းစဥ်တပ်ပြီး တစ်ခုလပ်အမေက ယောကျာ်းပေးစားဖို့ အတင်းအကျပ်တိုက်တွန်းပါတယ်အစမှာတော့ အမေ့ဆန္ဒလိုက်လျောလိုက်ရရုံဆိုပေမဲ့ တကယ်တမ်း အဲဒီအမျိုးသားကို သဘောကျသွားပြီး လက်ထပ်ဖို့ဖြစ်လာတယ်သူနဲ့ သူငယ်ချင်းလိုခင်တဲ့ ဝမ်းကွဲအစ်ကိုနှစ်ယောက် ဘာဂျူနဲ့ ရှီခါတို့ပါ လက်ထပ်ပွဲကို ရောက်လာကြပြီး သူတို့မောင်နှမသုံးယောက်လုံး ဘယ်လိုစွန့်စားခန်းတွေကို ဆက်လက်ခရီးဆက်ကြပြီး ဘယ်နည်းဘယ်ဖုံ အချစ်ကို ရှာကြမလဲဆိုတာကို...တောင်ပေါ်မြို့လေးမှာ ဆိုင်ကယ်မောင်းပြိုင်ပွဲတွေရယ် မြူးမြူးကြွကြွသီချင်းလေးတွေနဲ့ အရောင်အသွေးစုံလင်စွာ တင်ဆက်ထားတဲ့ ဒီကားလေးမှာ ဆက်ကြည့်လိုက်ကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…2.64GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 28mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Yaariyan 2(2024)

2024
GodFather (2022) 5.9
GodFather (2022) မင်းသမီး နာရန်သရာ ပါဝင်ထားတဲ့အပြင် ဆယ်လ်မန်ခန်းလည်း ပါတဲ့ နိုင်ငံရေးကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီကားထဲမှာ ပြည်သူလူထုရဲ့ အချစ်တော် ဝန်ကြီးတစ်ယောက် ဆုံးပါးသွားပြီးနောက် အဲဒီဝန်ကြီးနေရာကို အစားထိုးယူမယ့် သူနှစ်ယောက်ရဲ့ အားပြိုင်မှုကို ကြည့်ရမှာဖြစ်ပါတယ်ဘယ်နေရာမှာမဆို အကောင်းနဲ့အဆိုး ဒွန်တွဲနေသလိုပဲ သူတို့နှစ်ယောက်ကလည်း တစ်ယောက်က လူကောင်း တစ်ယောက်က လူဆိုးပေါ့နှစ်ယောက်စလုံးက ဩဇာအာဏာ အတော်ကြီးမားကြတဲ့သူတွေဆိုတော့ အားပြိုင်မှုကလည်း လက်ရည်တူတဲ့ လက်ဝှေ့သမားနှစ်ယောက် လက်ဝှေ့ထိုးသလိုပါပဲအဲဒါကြောင့် သူတို့နှစ်ယောက်ထဲက ဘယ်သူအနိုင်ရမလဲဆိုတာ ဒီကားထဲမှာ နိုင်ငံရေးသဘောတရားတွေနဲ့အတူ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…2.6GB / 1.3GB Quality…1080p True WEB DL  / 720p Format…mp4 Duration….2h 37m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Sora ~ OeliuJ ~ HayMan ~ KhamMon
movie

GodFather (2022)

2022
Bimbisara (2022) 6.4
Bimbisara (2022) Bimbisara (2022)အခုတစ်ခါ ထွက်ရှိလာတဲ့ကားလေးကတော့ တေလဂူမင်းသားချောလေးနန္ဒမူရီကလ်ယန်းရာမ်ပါဝင်သရုပ်ဆောင်ထားပြီး ဘတ်ဂျတ်ကုဋေ၄၀အကုန်ကျခံရိုက်ကူးထားတဲ့ရုံတင်ကားတကားပဲဖြစ်ပါတယ် ရုံတင်ငွေ၆၅ကုဋေနီးပါးအမြတ်ပြန်လည်ရရှိထားတဲ့အပြင် ဝေဖန်ရေးဆရာတွေရဲ့ချီးကျူးမှုကိုပါ ထပ်ဆောင်းရရှိထားတာကြောင့် ကြည့်သင့်တဲ့ရုပ်ရှင်ကားတခုပါနော်ဒီဇာတ်ကားလေးက စိတ်ဝင်စားဖို့တော့ကောင်းသား..။သက္ကရာဇ် ၅ရာစုနှစ်လောက် မင်းလုပ်အုပ်စိုးခဲ့တဲ့ ဗိမ္ဗိသာရဆိုတဲ့ ဧကရာဇ်မင်းတစ်ပါးရှိတယ် ဩဇာကြီးသလောက် အလိုရမ္မက်ကြီးတယ် ရက်စက်ကြမ်းကြုတ်တယ် စာနာထောက်ထားမှုမရှိဘူးသူ့ခေတ်သူ့အခါတုန်းက အနီးပတ်ဝန်းကျင်က ရှင်ဘုရင်တွေလည်း ကောင်းကောင်းမနေရ သူကျူးကျော်တိုက်ခိုက်လာမှာကို စိုးရွံ့ရ လက်ဆောင်ဆက်သရနဲ့ အခန့်မသင့်ရင် သူက ရှင်ဘုရင်တွေကိုပါ မချန်သတ်ပစ်တာ...ဒီရက်စက်တဲ့ မင်းတရားကြီးဟာ သူနေထိုင်တဲ့ ၅ရာစုနှစ်ကနေ ၂၁ရာစုနှစ်ကို တိုက်ရင်းခိုက်ရင်း မတော်တဆ ရောက်ရှိလာတဲ့အခါမှာတော့...။ဒီဖက်ခေတ်မှာလည်း ဒီဘုရင်ရဲ့အတောမသတ်နိုင်တဲ့ ရတနာသိုက်ကြီးကို ရှာဖွေနေတဲ့ လူတွေရှိနေတယ်...။သူ့ရာစုနှစ်ကို ပြန်ဖို့ ကြိုးစားနေတဲ့ မင်းတရားကြီးနဲ့ ရတနာသိုက်ကို လိုချင်နေတဲ့ လူတွေ ဆုံမိကြတဲ့အခါ....။ဇာတ်လမ်းက ဘယ်လိုစိတ်ဝင်စားဖို့ကောင်းလာမလဲဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားပေးပါနော် File size…3GB / 1.5GB Quality…1080p True HD / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Sora & BpL
movie

Bimbisara (2022)

2022
99 Songs (2021) 7.9
99 Songs (2021) 99 Songs (2021)အော်စကာဆုရှင် A.R.Rahman ကိုယ်တိုင် ထုတ်လုပ်သူ နဲ့ ဂီတပိုင်းကို တာဝန်ယူပြီး ဇာတ်ညွှန်းကို ပူးတွဲရေးသားထားတဲ့ "သီချင်း (၉၉) ပုဒ်" ဇာတ်လမ်း ထွက်ရှိလာပါတယ်။အေအာရ် ရဲ့လက်ရာ ဖြစ်တဲ့အတွက် သီချင်းနဲ့ နောက်ခံတေးဂီတ ကောင်းဖို့ကတော့ အာမခံပါတယ်။သီချင်းပေါင်း ၉၉ ပုဒ် ..... ဘာအတွက်ကြောင့်များပါလိမ့် ?????ကိုယ့်ချစ်သူအတွက် ကိုယ်ပိုင်သီချင်းစပ်ပေးဖို့ စိတ်ကူးယဉ်ဖူးတဲ့လူတွေများ ရှိပါသလား?ဒါဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်ပြီး စိတ်ကူးတွေ ယဉ်လို့ ရမှာပါ။ဇာတ်လမ်းကတော့ ဒီလိုပါ။ဂျေးဆိုတဲ့လူငယ်လေးဟာ ဂီတအပေါ်မှာ တမ်းတမ်းစွဲအောင် ရူးသွပ်လွန်းသူတစ်ဦးပါ။ ဘယ်လောက်ထိ ရူးသွပ်သလဲဆိုရင် ကိုယ့်ရဲ့ချစ်သူကောင်မလေးအတွက် သီချင်းဆိုပြရင်တောင် ကိုယ်ပိုင်သီချင်းရေးပြီးမှ ဆိုပြလေ့ရှိတာပါ။ဂျေးရဲ့ချစ်သူကောင်မလေး ဆိုဖီယာကတော့ စကားမပြောနိုင်တဲ့ သူဌေးသမီးတစ်ယောက်ပေါ့။ဆိုဖီယာရဲ့အဖေက အစမှာတော့ ဂျေးကို သဘောကျခဲ့ပါတယ် သို့ပေမယ့်လည်း ဆိုဖီယာ့အဖေက ဂီတကို စီးပွားရေးဆန်ဆန် အသုံးချလိုသူဖြစ်တဲ့အတွက်သူဟာ ဂျေးကို သူ့ရဲ့ဂီတစီးပွားရေးလုပ်ငန်းတွေကို ဦးစီးစေခဲ့ပါတယ်။ဂီတအပေါ်မှာ ဘာလောဘမှမရှိ ကိုယ့်ရဲ့ကိုးကွယ်မှုတစ်ခုလို သက်ဝင်ယုံကြည်နေတဲ့ ဂျေးအဖို့ ...
movie

99 Songs (2021)

2021
Dabangg 3 (2019) 3.7
Dabangg 3 (2019) (Unicode)ရဲမေကြီး ပြီးသွားတော့ ရဲသားကြီး အလှည့်ရောက်လာပါပြီ။၂၀၁၉ခုနှစ်ထွက် မင်းသားကြီး ဆယ်လ်မန်ခန်း(Salman Khan)ရဲ့ ဟာသ၊အက်ရှင် ဇာတ်ကားကြီးပါ။လူဆိုးလူမိုက်တွေ ဖမ်းဆီးရာမှာ ဒီအင်စပက်တာကြီးကတော့ ထိတ်ထိတ်ကြဲပဲဗျ။လူကုန်ကူးဂိုဏ်းတစ်ခုကို ဖမ်းဆီးရင်း ဂိုဏ်းခေါင်းဆောင်က အတိတ်က ရန်ကြွေးရှိဖူးသူ ဖြစ်နေတယ်ဆိုတာကို သိလိုက်ရတဲ့ အခါမှာတော့....။အင်စပက်တာကြီးဆိုတာ ဒီလူမိုက်ကြီးကြောင့် ဖြစ်လာရတာ၊ ဒီလူမိုက်ကြီးကြောင့် ဘဝပျက်ခဲ့ရတာ၊အချစ်အတွက် အကြွေး၊ ပျက်စီးခံဘဝအတွက် အကြွေးတွေကို လူမိုက်ကြီးဆီ ပြန်ပြီး လက်စားချေဖို့ ဖြစ်လာပါတော့တယ်။လူမိုက်ကြီးကတော့ ရင်းနှီးပြီးသား ခန်နာဒါးမင်းသား Sudeep ပါပဲ။ကဲရှေ့ဆက် ဘယ်လို ဖြစ်မလဲဆိုတာကို ကြည့်ရှုပေးကြပါဦးဗျ။ဟာသလည်း ပါနေတော့ အက်ရှင်ပိုင်းမှာ အိုဗာတွေ ပါနေပါတယ်။ ဒါကိုတော့ သည်းခံရမယ်ဗျာ။ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ...
movie

Dabangg 3 (2019)

2019