Channel Myanmar

Warren Munson

Friday the 13th Part VIII: Jason Takes Manhattan (1989)
Friday the 13th Part VIII: Jason Takes Manhattan (1989) Friday the 13th Part VIII: Jason Takes Manhattan (1989)ကိုသေခဲလှကြီး ဂျေဆင်က ခရစ်စတယ်ရေကန်အောက်ကနေ ပြန်ပေါ်လာပြန်ပါပြီ။ ဒါပေမဲ့ ဒီဇာတ်ကားမှာတော့ ဂျေဆင်က သူ့အိမ်ကွင်းကနေ အဝေးကွင်းကို သွားကန်မှာပါ။ အဝေးကွင်းဆိုတာတောင်မှ ပင်လယ်ကိုဖြတ် နယူးယောက်အထိသွားပြီး ခြေစွာမှာပေါ့လေ။ခရစ်စတယ်ရေကန်မှာ စက်လှေတစ်စင်းပေါ်ကနေ ချစ်ရည်လူးနေကြတဲ့ စုံတွဲ ချလိုက်တဲ့ ကျောက်ဆူးကြိုးက မြေအောက်ပါဝါလိုင်းကိုချိတ်မိပြီး ဂျေဆင်နဲ့သွားထိ ဓာတ်တွေလိုက်ကုန်ပြီး ကိုဂျေဆင် နိုးလာပြန်ပါပြီ။အဲဒီစက်လှေကနေတဆင့် ကျောင်းသားတွေ နယူးယောက်ကို လေ့လာရေးသွားကြမယ့် သင်္ဘောပေါ် ဂျေဆင် တက်သွားတယ်။ အလကားတော့ မဟုတ်ဘူး။ အဲဒီသင်္ဘောပေါ်မှာ သူနဲ့ ပဌာန်းဆက်ပါတဲ့ ကောင်မလေးပါနေလို့ဗျ။ဒီမှာတင် သင်္ဘောပေါ်မှာ တွေ့သမျှလူလိုက်သတ်။ သတ်ရင်းဖြတ်ရင်း ကာလနာတွေတိုက်ပြီး သင်္ဘောကြီး နစ်ပါလေရော။ ဒါတောင်မှပဲ အသက်ကယ်လှေနဲ့ နယူးယောက်အထိ လှော်ပြေးတဲ့ ရှင်သန်ကျန်ရစ်သူတွေနောက် အငြိုးတကြီးလိုက်သတ်သေးတာ။ခရစ်စတယ်သား ဂျေဆင်ကြီး နယူးယောက်မြို့ပေါ်မှာ သောင်းကျန်းသတ်ဖြတ်တာတွေကို ကြည့်ရဦးမယ့် ...
movie

Friday the 13th Part VIII: Jason Takes Manhattan (1989)

1989
Executive Decision(1996)
Executive Decision(1996)  Executive ရုပ်ရှင်ကားကို ၁၉၉၆ခုနှစ်ပြသခဲ့ပြီးတော့ ကျွန်တော်တို့ ငယ်ငယ်က အနည်းနဲ့အများ​ကြည့်ဖူးကြတဲ့ အက်ရှင်ဇာတ်ကားတစ်ကားဆိုလည်းမမှားပါဘူး။ ဤရုပ်ရှင်မှာ မင်းသားကြီး Steven Seagal, Kurt Russelတို့သရုပ်ဆောင်ထားတဲ့အပြင် ထိုအချိန်က တက်သစ်စသရုပ်ဆောင်တွေဖြစ်တဲ့ John Leguizamo နဲ့ မင်းသမီး Halle Berry တို့ကလည်း ပါဝင်အားဖြည့်ထားပါသေးတယ်။ Harrison Ford သရုပ်ဆောင်ထားတဲ့ Air Force One ရုပ်ရှင်ကိုကြည့်ဖူးရင် ဒီလိုဇာတ်လမ်းနဲ့ ရင်းနှီးနေမှာပါ။၁၉၉၀ ပြည့်နှစ်တွေတုန်းက အက်ရှင်ဇာတ်ကားအများစုရဲ့ ထုံးစံအတိုင်းပဲ အရှေ့အလယ်ပိုင်းက အစွန်းရောက်အကြမ်းဖက်သမားတွေဟာ ဒီရုပ်ရှင်ရဲ့ ဗီလိန်ပါပဲ။ ဒီအကြမ်းဖက်သမားတွေက ဂရိနိုင်ငံအေသင်မြို့ကနေ အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီကို ပျံသန်းနေတဲ့ လေယာဥ်တစ်စီးမှာ လိုက်ပါလာပြီးတော့ လမ်းခုလတ်မှာ လေယာဉ်ပြန်ပေးဆွဲစီးနင်းလိုက်ပါတော့တယ်။ သူတို့က အမေရိကန်စစ်တပ် ဖမ်းဆီးထားတဲ့ သူတို့ရဲ့ခေါင်းဆောင်ကို ပြန်လွှတ်ပေးဖို့ လေယာဥ်ကိုပြန်ပေးဆွဲတယ် ပြောပေမယ့် ထောက်လှမ်းရေးအရာရှိ ဒေးဗစ်ဂရန့်(Kurt Russel)ကတော့ အဲဒီလိုမထင်ခဲ့ပါဘူး။ အဲဒီမှာ ...
movie

Executive Decision(1996)