Channel Myanmar

Wendy McColm

Fuzzy Head (2023) 6.7
Fuzzy Head (2023)  ဇာတ်ကားတစ်ကားလုံး ပရိသတ်ကိုခေါင်းစားမဲ့ ဇာတ်ကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်က Fuzzy Head ဖြစ်ပြီးနာမည်နဲ့လိုက်အောင်ကို ခေါင်းကိုက်စေမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။IMDb Rating 7.1 အထိတောင်ရရှိထားပြီး ကြည့်ရတာ တွေ့ဖူးမြင်ဖူးနေတဲ့ဇာတ်ကားတွေလို ဇာတ်ကွက်မျိုးတွေနဲ့မဟုတ်ဘဲ ထူးထူးဆန်းဆန်းကြည့်ရှုရမှာပဲဖြစ်ပါတယ်။မာလာလို့ခေါ်တဲ့ ကောင်မလေးကငယ်စဉ်က စိတ်ဒဏ်ရာတွေရခဲ့တဲ့အတွက်စိတ်ဝေဒနာ တစ်မျိုးကို ခံစားနေရပြီး တကယ်ဖြစ်နေတဲ့အရာတွေနဲ့ အတိတ်ကဖြစ်ခဲ့တဲ့အရာတွေနဲ့ အမြဲတမ်းရောထွေးနေတတ်ပါတယ်။အဲ့ဒီရောဂါကြောင့် အိပ်တောင်မအိပ်ရဲလောက်တဲ့အထိ ဖြစ်နေပြီးအတူတူနေထိုင်တဲ့ သူငယ်ချင်းဆီကနေထပ်ခါထပ်ခါထွက်ပြေးနေပြီး ရောက်ချင်ရာရောက်ပေါက်ချင်ရာပေါက် လျှောက်သွားနေတတ်သူတစ်ယောက်ပါ။သူ့စိတ်ဝေဒနာရဲ့ ဇာတ်မြစ်ကတော့ သူ့အမေကြောင့်ဖြစ်ပြီးသူ့ရဲ့ငယ်ဘ၀က သူ့အမေကြောင့်ပဲကြမ်းတမ်းခဲ့ပါတယ်။တစ်နေ့မှာသူ့အမေကသေသွားခဲ့ပြီးတော့ သေသွားတဲ့သူ့အမေရဲ့ ဘေးနားမှာသူရှိနေခဲ့ပါတယ်။သူကတော့ သူ့အမေကိုသူကိုယ်တိုင် သတ်ခဲ့တယ်လို့ပြောပေမဲ့ တကယ်တမ်းဘာတွေဖြစ်ခဲ့တယ်ဆိုတာကို သူကိုယ်တိုင်တောင်မသိပါဘူး။ဒီလိုနဲ့ သူ့အမေတကယ်တမ်းဘယ်လိုသေဆုံးခဲ့တယ်ဆိုတာကို သေချာသိနိုင်ဖို့အတွက် သူ့မှတ်ဉာဏ်တွေထဲကနေပြန်လည်ရှာဖွေရင်း ဒီအိပ်မက်ဆိုးကြီးကနေရုန်းထွက်နိုင်မလားဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။  File size…1.42GB / 636MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 24m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Fuzzy Head (2023)