Channel Myanmar

Werner Herzog

Orion and the Dark (2024) 6.7
Orion and the Dark (2024) Orion and the Dark (2024)~ IMDb - 6.7/10, RT - 87%, Meta - 74% ~ခင်ဗျားတို့ ကျွန်တော်တို့ အားလုံး အလင်းကိုချစ်ကြတယ်။ အလင်းကို ကောင်းခြင်းအဖြစ် မှတ်ယူကြတယ်။ ကဗျာတွေသီချင်းတွေမှာလည်း အလင်းကို ကောင်းခြင်းရဲ့ နိမိတ်ပုံအဖြစ် သုံးတတ်ကြတယ်။ အမှောင်ဆိုတာကို အလင်းမဲ့နေခြင်းလို့ အဓိပ္ပာယ်ဖွင့်ကြတယ်။ အမှောင်ကိုကြောက်ကြတယ်။ ဒါပေမဲ့လည်း အမှောင်ဟာလည်း သူ့ကောင်းခြင်းနဲ့သူရှိနေခဲ့တာပဲ။ နေ့အလင်းဟာ တချို့ အရောင်တွေကို ပိုလှစေသလို အမှောင်ကလည်း တချို့အရောင်တွေကို ပိုတောက်ပစေတယ်။ အလင်းတွေ ပိန်းပိတ်အောင်ဝေဆာနေတဲ့ မြို့ပြကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ကြသလိုပေါ့။ တိတ်ဆိတ်ခြင်းဟာ တိုးညှင်းလှပတဲ့ အသံတွေကို ကြားစေနိုင်သလိုပဲ အမှောင်ဟာလည်း မှိန်ပျတဲ့အလင်းတွေကို မြင်နိုင်စေတယ်။လူတိုင်းမှာ အကြောက်တရားရှိကြတယ်။ ကိုယ်မသိတဲ့အရာတွေကို မသိလို့ ကြောက်ကြတာလည်းရှိတယ်။ အစက မကြောက်သေးဘဲ သိတာတွေများလာလေ ကြောက်စရာတွေများလာလေဆိုတဲ့ ...
movie

Orion and the Dark (2024)

2024
Freaks of Nature (2015) 5.9
Freaks of Nature (2015)  ပထမဆုံးပြောချင်တာကတော့ ဒီဇာတ်ကားထဲမှာ သွေးသံတရဲရဲနဲ့မသတီစရာဇာတ်ဝင်ခန်းတွေပါဝင်တဲ့အတွက် ကလေးသူငယ်နဲ့နှလုံးမကောင်းသူတွေကြည့်ရှုဖို့ မသင့်တော်ပါဘူး။နောက်တစ်ခုပြောချင်တာကတော့ ဒီဇာတ်ကားက တကယ်ကိုအစုံသုတ်ပါ။Zombie, Vampire, Alien နဲ့ Werewolf စတဲ့ ကြောက်စရာသတ္တဝါအစုံပါဝင်ပြီးတော့ အဲ့ဒီကြားထဲကအမျိုးမတူတဲ့ သူငယ်ချင်းသုံးယောက်ကိုဇာတ်အိမ်တည်ထားပါတယ်။ ဒေးဖို့ဒ်မြို့လေးမှာ လူ၊ ဇွန်ဘီနဲ့ ဗန်ပိုင်းယားတွေကအတူယှဉ်တွဲနေထိုင်နေကြပေမယ့် အချင်းချင်းမျက်မှုန်းကျိုးနေကြတာပါ။အဲ့ဒီဒေးဖို့ဒ်မြို့လေးကို ဂြိုလ်သားတွေကကျူးကျော်တိုက်ခိုက်မှု ပြုလုပ်လာတဲ့အခါမှာတော့ အမျိုးတစ်ခုစီက ငယ်သူငယ်ချင်းသုံးယောက်ပေါင်းပြီးမြို့ငယ်လေးကိုကယ်တင်ဖို့ကြိုးစားကြပါတော့တယ်။  File size…1.55 GB /793 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Comedy , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Paing Phyoe
movie

Freaks of Nature (2015)

Jack Reacher (2012) 7.0
Jack Reacher (2012) Jack Reacher (2012)IMdb Rating (7.0)လူတစ်ယောက် Van ကားတစ်စီးစီးပြီး ကားပါကင်ထဲကိုဝင်လာတယ်. တစ်ဖက်မြစ်ကမ်းကိုမြင်ရတဲ့နေရာနားမှာကားကိုရပ်တယ်.ပြီးတော့ သူ့ရဲ့ Rifle ကို ပြင်ဆင်ပြီး မြစ်တစ်ဖက်ကမ်းကိုချိန်တယ်.စိတ်ကိုတည်ငြိမ်အောင်အသက်ကို၀၀ရှူပြီး သူ့ရဲ့ပစ်မှတ်တွေကို rifle နဲ့သေချာချိန်နေတယ်.သူ့ရဲ့ပစ်မှတ်တွေက အခြားမြစ်တစ်ဖက်ကမ်းပေါ်မှာ ပုံမှန်အတိုင်းလမ်းသွားလမ်းလာလုပ်နေတဲ့လူတွေ.စက္ကန့်ဝက်လောက်ချိန်ပြီးတဲ့အခါမှာ သူစပစ်တယ်.လူပေါင်းငါးယောက်သေတယ်.ပစ်မှတ်တွေကိုပစ်ပြီးတဲ့အခါ ထွက်ပြေးသွားတယ်.မကြာခင်ပဲရဲတွေမှူခင်းဖြစ်တဲ့နေရာကိုရောက်လာတယ်.သဲလွန်စတွေလိုက်ရှာတဲ့အခါ ကားပါကင်ဝင်ကြေးအတွက် လူသတ်သမားရှင်းခဲ့တဲ့အကြွေစေ့ကနေ လူသတ်သမားရဲ့လက်ဗွေရာကိုရရှိခဲ့တယ်.လက်ဗွေရာကိုစစ်ဆေးကြည့်တဲ့အခါ လူသတ်သမားဟာ အမေရိကန်စစ်တပ်မှာ sniper အဖြစ်စစ်မှုထမ်းခဲ့တဲ့ James Barrဖြစ်နေကြောင်းသိရတယ်. ရဲတွေ James Barr ရဲ့အိမ်ကို ဝင်စီးတဲ့အခါ Barr ကိုအိပ်ယာပေါ်မှာအိပ်နေရင်းတွေ့တယ်. Barr ကိုဖမ်းပြီး သီးသန့်ခန်းထဲမှာစစ်ဆေးတဲ့အခါ ဘာတစ်ခွန်းမှပြန်မပြောဘဲ Jack Reacher လို့သာရေးပေးတယ်.အဲ့တော့ ရဲတွေက Jack Reacher အကြောင်းကိုစုံစမ်းရတာပေါ့ .Jack Reacher ဆိုတဲ့လူဟာ credit card မရှိ e-mail မရှိ.အိမ်လိပ်စာအတိအကျမရှိတဲ့လူ သူက သရဲလိုပဲ. နှစ်နှစ်လောက်ပျောက်နေတဲ့လူ. အမေရိကန်စစ်တပ်မှာ ...
movie

Jack Reacher (2012)

2012
4K HEVC
What Dreams May Come (1998) 6.9
What Dreams May Come (1998) ကားအက်ဆီးဒန့်နဲ့ သေဆုံးသွားတဲ့ ခရစ်စီဟာ မထင်မှတ်ပဲ ကောင်းကင်ဘုံကိုရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ခရစ်စီဟာ လိုချင်တာအားလုံးကို မျက်လုံးမှိတ်ပြီးစိတ်ကူးယဉ်လိုက်ရုံနဲ့ ဘယ်အရာမဆိုရနေတဲ့ကောင်းကင်ဘုံကနေ အသက်ရှင်လျက်ကျန်ခဲ့တဲ့ သူ့မိန်းမအန်နီ့ကိုပဲ လွမ်းဆွတ်တမ်းတနေခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သူ့မိန်းမကွယ်လွန်ပြီဆိုတဲ့သတင်းကို သိလိုက်ရတော့တယ်။ ဒါပေမယ့် ခရစ်စီလိုတော့ ကောင်းကင်ဘုံကို ရောက်မလာခဲ့ပါဘူး။ အထီးကျန်ပြီး စိတ်ဓာတ်ကျရောဂါခံစားနေခဲ့ရတဲ့ အန်နီတစ်ယောက် ကိုယ့်ကိုယ်ကိုသတ်သေခဲ့လို့ ငရဲမှာ ထာဝရနေထိုင်သွားရမှာဖြစ်တယ်။ ချစ်လှစွာသောမိန်းမကို လက်မလျော့တဲ့ခရစ်စီတစ်ယောက် ကောင်းကင်ဘုံကနေ ငရဲအထိ အန်နီ့ကိုလိုက်ရှာပါတော့တယ်။ မြင်မြင်ချင်းချစ်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ တစ်ဘဝစာအမှတ်တရတွေ၊ချစ်ခြင်းမေတ္တာတွေက လမ်းခရီးတစ်လျောက် ခရစ်စီကို အန်နီရှိရာ ငရဲဆီကိုခေါ်ဆောင်သွားနိုင်မလား၊ ခရစ်စီတစ်ယောက် အန်နီ့ကို ကောင်းကင်ဘုံကိုခေါ်လာဖို့အစီစဉ်အောင်မြင်ပါ့မလားဆိုတာကို အကယ်ဒမီဆုရှင် ရော်ဘင် ဝိလီယျံရဲ့ ရင်ထဲရောက်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ စိတ်မကောင်းစွာနဲ့ ခရစ်စီနေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးရော်ဘင် ဝီလီယျံဟာ 2014ခုနှစ် အသက်63နှစ်မှာ စိတ်ကျရောဂါကြောင့် နေအိမ်မှာပဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့ပါတယ်။ What Dreams May Come ထဲမှာတော့ ...
movie

What Dreams May Come (1998)

Nosferatu the Vampyre (1979) 7.4
Nosferatu the Vampyre (1979) Nosferatu the Vampyre (1979)~ IMDb - 7.4/10, RT - 95%, Meta - 79% ~မြို့ကြီးပြကြီးက အိမ်ခြံမြေအကျိုးဆောင် ဂျိုနသန်ဟာကာတစ်ယောက် ထရန်ဆဲလ်ဗေးနီးယားဒေသအထိ ခရီးဝေးထွက်ပြီး ငွေကြေးရှင်တောသူဌေးတစ်ယောက်ကို အိမ်ရောင်းရင်း အကျိုးဆောင်ခ မြက်မြက်လေးရဖို့ ကြိုးစားရာကနေ မရဏတိမ်တိုက်တစ်ခုကို သူ့ဘဝတင်မကဘဲ သူနေထိုင်ရာမြို့ဆီပါ ခေါ်ဆောင်လာမိသလို ဖြစ်သွားရတဲ့ ဒီ ဒရက်ကူလာဇာတ်လမ်းကိုတော့ ကလေးရော၊ ခွေးရော၊ ကလေးရဲ့ဘွားတော်ကြီးပါ ကြားဖူးကြပါလိမ့်မယ်။ပုံနှိပ်စာရွက်တွေကနေ ဖန်သားပြင်ရော ပိတ်ကားပေါ်ပါ အကြိမ်ကြိမ်အထပ်ထပ် ပြန်တင်ခြင်းခံထားရပြီးဖြစ်တဲ့ ဒီဇာတ်ကြောင်းက ခုကားမှာ ဘာထူးခြားနေလဲဆိုရင်တော့ ဒရက်ကူလာရဲ့ ပထမဆုံးရုပ်ရှင်ဗားရှင်း ဖြစ်ပေမဲ့ ဝတ္ထုမူပိုင်ခွင့်မရလို့ နာမည်ပြောင်းရိုက်ခဲ့ရတဲ့တိုင် သူကိုယ်တိုင်က ရုပ်ရှင်သမိုင်းအပေါ် လွှမ်းမိုးမှုကြီးသွားခဲ့တဲ့ ၁၉၂၂ ခုနှစ်ထွက် ဂျာမန်ရုပ်ရှင် Nosferatu ဇာတ်လမ်းကိုရော၊ Bram Stoker ရဲ့ မူရင်းဝတ္ထုကိုပါ အခြေခံထားတာပါပဲ။ဒီရုပ်ရှင်ကိုရိုက်တဲ့ Werner ...
movie

Nosferatu the Vampyre (1979)

1979
Penguins of Madagascar (2014) 6.7
Penguins of Madagascar (2014) Penguins Of Madagascar (2014) IMDb - 6.7/10_____Rotten - 73%  ဒီ ဇာတ်လမ်းလေးကတော. Skipper, Kowalski, Rico နဲ. Private join ဆိုတဲ့ပင်ဂွင်းလေးကောင်ရဲ. စွန်စားခန်းလေးတွေအကြောင်းပါ ဇာတ်လမ်းအစမှာတော့ Skipper, Kowalski, Rico တို.ဟာ Private မွေးဖွာမဲ. ဥ ကိုကယ်တင်ခဲ့ပြီး Private ဟာ Skipper, Kowalski, Rico တို.နဲ. မိသားစုဝင်ဖြစ်လာခဲ့ပါတယ်။ ပင်ဂွင်းလေးကောင်ဟာ နယူးယောက်ခ် မြို.ကိုရောက်ရှိခဲ့ပြီး ပင်ဂွင်းတွေကို ရန်ငြိုးကြီးနေတဲ့ရေဘဝဲ ဒေဗ့်က ဖမ်း သွားပါတယ်။. နော.ဝင်း အဖွဲ.သားတွေနဲ.ပင်ဂွင်းလေးကောင် ပူပေါင်းပြီး ရေဘဝဲ ဒေဗ်. ရဲ. ယုတ်မာမူတွေကို အတူတွန်းလှန်ရာကနေ အကုန်လုံး ရေဘဝဲ ဒေဗ်.ရဲ.ဖမ်းဆီးခြ င်းကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ပင်ဂွင်း အဖွဲ.ရဲ. အငယ်ဆုံးကောင်လေးဖြစ်တဲ့ Private ဟာ ပင်ဂွင်း တွေအကုန်လုံးကို ...
movie

Penguins of Madagascar (2014)

2014