Channel Myanmar

Wes Johnson

Last Night at Terrace Lanes (2024)
Last Night at Terrace Lanes (2024)  ဒီနှစ်​မှထွက်ရှိထားတဲ့ ဇာတ်​ကား​ဖြစ်ပြီး Comedy/Horror အမျိုး​အစား​ဖြစ်​ပါတယ်။ အဆောက်အဦး​တစ်ခုထဲမှာပိတ်မိနေပြီး သွေးဆာနေတဲ့လူသတ်သမားတွေလက်က လွတ်​မြောက်​ဖို့ကြိုးစားရတဲ့ Thriller/ Survival အမျိုး​အစား​လို့​ပြောလည်းရပါတယ်။ဇာတ်လမ်း​အကျဥ်း​ကတော့ Kennedy နဲ့ သူငယ်ချင်း Tess တိုဟာ မနက်​ဖြန်ဆိုရင်​ အပြီးပိတ်​သိမ်းတော့မှာဖြစ်တဲ့ Terrace Lanes ဘိုးလင်းရုံ​ကြီးမှာ နောက်​ဆုံး​ညအနေနဲ့ အပန်းလာဖြေကြပါတယ်။ သူတို့​နဲ့အတူ ယောက်ျား​လေး​သူငယ်ချင်း​နှစ်ယောက်​လည်း​ပါပါတယ်။ Kennedy ရဲ့အဖေဖြစ်သူ ဘိုးလင်းဝါသနာ​ရှင်​ Bruce ကလည်း​ ဒီရုံ​ကြီးမှာ​ပဲ​အလုပ်​လုပ်​နေသူဖြစ်ပါတယ်။ အဲဒီ​ညမှာ​ပဲ အစွန်း​ရောက်အယူဝါဒ​ဂိုဏ်း​တစ်ခုက ဘိုး​လင်း​ရုံ​ကြီးကိုပိတ်ဆို့တိုက်ခိုက်ပါတော့တယ်။ Kennedy နဲ့ သူ့အဖေ Bruce တို့​နှစ်ယောက်သား အကြမ်း​ဖက်​တွေလက်ထဲက လွတ်​မြောက်​ဖို့​ကြိုး​စား​ရပုံကို ဟာသ​နှောပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ပေါ့​ပေါ့ပါး​ပါးကြည့်ရှုလို့ရမဲ့ကားဖြစ်ပြီး Slasher ဆန်​ပေမဲ့​သွေးထွက်သံယိုတွေ ဆိုး​ဆိုး​ဝါးဝါးမပါတာကြောင့် လူတိုင်း​ကြည့်​ရှုလို့ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ Horror/ Thriller​ ကိုမှ​ Comedy အနည်းငယ်​ရောထားတဲ့ ဇာတ်လမ်း​မျိုး​ကြိုက်​နှစ်သက်​သူတွေ​ ကြည့်ရှူသင့်တဲ့ဇာတ်ကားပါ။ File size…(1.7 GB)/(920 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:15:00 Genre...Comedy, Horror, Thriller Subtitle….Myanmar ...
movie

Last Night at Terrace Lanes (2024)

The Invasion (2007) 5.9
The Invasion (2007) The Invasion (2007) ================ IMDb Rating - 5.9/10မကြာသေးခင်က တင်ဆက်ပေးထားတဲ့ Body Snatchers နဲ့ဝတ္ထု တစ်ပုဒ်ထဲကိုအခြေခံတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီဇာတ်ကားမှာတော့ ကျောရိုးတစ်ခုကိုသာယူထားတာဖြစ်ပြီး ခေတ် အခြေအနေနဲ့ကိုက်ညီအောင် မွမ်းမံမှုတွေဖြည့်စွက်ပြင်ဆင်မှုတွေ အများကြီးလုပ်ထားတဲ့အတွက် ဆန်းသစ်တဲ့ခံစားချက်ကိုရရှိစေမှာပါ။ဇာတ်လမ်းအကျဉ်းအနေနဲ့ အာကာသလွန်းပျံယာဉ်တစ်စီးကမ္ဘာမြေ ပေါ်ကိုပျက်ကျပြီးတဲ့နောက် အသိဉာဏ်ရှိတဲ့ ဂြိုလ်သားသက်ရှိပုံစံ တစ်ခုကို အပျက်အစီးတွေနဲ့မလှမ်းမကမ်းမှာရှာဖွေတွေ့ရှိခဲ့ပါတယ်။ လွန်းပျံယာဉ်ပျက်ကျမှုကိုသွားရောက်စုံစမ်းခဲ့တဲ့ CDC ဌာနအကြီးအကဲ Tucker Kaufman ကို အဲ့ဒီ ဂြိုလ်သားဇီဝရုပ်က ပထမဆုံးပူးကပ်ထိန်း ချုပ်သွားခဲ့ပေမယ့် ဘယ်သူမှမသိလိုက်ကြပါဘူး။မကြာခင်မှာပဲ တပ်ကာရဲ့ဇနီးဟောင်းစိတ်ကုဆရာဝန် Carol Bennell ဟာ သူ့လူနာတစ်ဦးကတစ်ဆင့် ပတ်ဝန်းကျင်မှာရှိတဲ့လူပုဂ္ဂိုလ်တစ်ချို့ရဲ့ ပြောင်းလဲမှုတွေကို စတင်သတိထားမိစပြုလာခဲ့ပါတယ်။အဲ့ဒီအချိန်တွေ အတွင်းမှာပဲ ဂြိုလ်သားဇီဝရုပ်ဟာ တိုင်းပြည်ရဲ့အရေးကြီးပုဂ္ဂိုလ်တွေအ ပါအဝင် လူအတော်များများကိုလျင်မြန်စွာပူးကပ်ကူးစက်နေပြီး ကမ္ဘာကြီး တစ်ခုလုံးကိုသိမ်းပိုက်အုပ်စိုးမိဖို့အချိန်တစ်ခုသာ လိုပါတော့တယ်။Nicole Kidman နဲ့ Daniel Craig (James Bond) တို့လိုထိပ်တန်းသရုပ် ဆောင်တွေ ခေါင်းဆောင်ပါဝင်ထားပြီး မူရင်းဇာတ်ကားထက်မလျော့တဲ့ ထူးခြားဆန်းသစ်တဲ့ science fiction horror ကားကောင်းတစ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.99 GB) / (826 MB) Quality............WEB-DL 1080p / ...
movie

The Invasion (2007)

2007
For Richer or Poorer (1997) 5.8
For Richer or Poorer (1997) ဒီဇင်ဘာအားလပ်ရက်တွေရောက်ပြီဆိုတော့ အားလုံးစိတ်အပန်းပြေစေဖို့ Comedy movie လေးတစ်ပုဒ် ဘာသာပြန်တင်ဆက်ပေးထားပါတယ်။ ဘရက်ဒ်နဲ့ ကယ်ရိုလိုင်းဟာ လူတိုင်းအားကျရတဲ့ နယူးယော့ခ်အထက်တန်းလွှာက ဇနီးမောင်နှံနှစ်ယောက်ပေါ့။ ဒါပေမဲ့ လူတွေမသိတဲ့ကန့်လန့်ကာနောက်မှာ သူတို့ဟာ အိမ်ထောင်ရေးပြဿနာတွေ၊ ငွေရေးကြေးရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး သူတို့ပတ်ဝန်းကျင်ကအရာရာတိုင်းကလည်း ဟန်ဆောင်မှုတွေနဲ့ချည်း ပြည့်နှက်နေခဲ့တာပါ။ ဒီလိုနဲ့ ထင်မှတ်မထားတဲ့ပြဿနာတချို့ကြောင့် သူတို့လင်မယားဟာ သူတို့တကယ်မကျူးလွန်ခဲ့တဲ့ အခွန်ရှောင်မှုဆိုတဲ့ခေါင်းစဉ်အောက်မှာ ဝရမ်းပြေးတွေဖြစ်သွားခဲ့ပြီး ပြည်နယ်အစွန်အဖျားက အာမစ်ရှ်အဖွဲ့အစည်းလေးတစ်ခုထဲမှာ ကိုယ်ယောင်ဖျောက်နေခဲ့ကြပါတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေကိုပဲ မက်မောစရာအဖြစ် တစ်သက်လုံးသက်မှတ်လာကြတဲ့သူတို့အတွက် ဆင်းရဲတဲ့ဒီအဖွဲ့အစည်းလေးက ငရဲလို့ထင်စရာ‌ဖြစ်ပေမဲ့ ရိုးသားမှု၊ စစ်မှန်မှုတွေကို ရှာဖွေတွေ့ရှိသွားတဲ့အခါမှာတော့ သူတို့အတွက်ဘဝဟာ ပိုပြီးအဓိပ္ပါယ်ရှိလာခဲ့ပါတယ်။ ဇာတ်ကားက ဘာမှစိတ်ညစ်စရာ အလေးကြီးတွေမပါဘဲ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရမဲ့ကားလေးမို့ စိတ်တွေရှုပ်နေတယ် စိတ်အပန်းပြေချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကြည့်ရင်းအနားယူဖို့ အကြံပေးပါရစေနော်။File size…(1.58GB)  / (1.09GB) / 375.41MB Quality…. Web/1080p / 720p / 480p Format…mp4 Duration….01:23:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

For Richer or Poorer (1997)