Channel Myanmar

Will Kemp

A Not So Royal Christmas (2023) 6.1
A Not So Royal Christmas (2023)  လောလောလတ်လတ်ထွက်ရှိထားတဲ့ Christmas ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Romantic ကားတွေ ကြိုက်တတ်တဲ့သူတွေ ကြိုက်မယ့်ကားမျိုးလေးပါ။Nordinနိုင်ငံက Sorhagen ဆိုတဲ့ မြို့လေးမှာ အခြေတည်ထားပါတယ်။ Charlotteက အတင်းအဖျင်းတွေရေးတဲ့ ဂျာနယ်က သတင်းထောက်တစ်ယောက်ပါ။ သူ့သူဌေးဆီက လစာတိုးရဖို့အတွက် Sorhagenရဲ့ မြို့စားဖြစ်သူကို အင်တာဗျူးရဖို့ ဖြစ်လာပါတယ်။ ဒါပေမယ့် ဒီမြို့စားက လူအများအမြင်ကနေ ပုန်းကွယ်နေတာ ကြာနေပါပြီ။ဒီတော့ Charlotte ကိုယ်တိုင် နန်းတော်ထဲကို အလည်အပတ်သွားရောက်သလိုနဲ့ အလစ်မှာ ခိုးဝင်ပြီး မြို့စားကို ရှာခဲ့ပါတယ်။ မြို့စားနဲ့တွေ့ပြီး အင်တာဗျူးခွင့်ရအောင်လည်း ကြံဆောင်နိုင်ခဲ့ပေမယ့် သူထင်ထားသလိုမဟုတ်ဘဲ မြို့စားက လျှို့ဝှက်ချက်တွေရှိနေတဲ့အခါ...။သူတို့နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းလေးက ဆက်ပြီးပေါ်လာနိုင်ပါ့မလား ဆက်လက်ကြည့်ရှုရမှာပါ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie
movie

A Not So Royal Christmas (2023)

The Dancing Detective: A Deadly Tango(2023) 6.5
The Dancing Detective: A Deadly Tango(2023) The Dancing Detective: A Deadly Tango(2023)*******************************************မော်လ်တာမြို့မှာ ဆီနိတ်တစ်ယောက်ရဲ့အစ်ကို လူကုံထံသူဌေးတစ်ဦးဟာ ရုတ်တရက်ကြီး သေဆုံးသွားပါ တယ်။ရိုးရိုးသေတာလား၊ အသတ်ခံရတာလား မသေချာတော့ ဆီနိတ်တာက အမေရိကန်ရဲတွေထဲကအတော်ဆုံး စုံထောက်လွှတ်ပြီး အမှုစုံစမ်းပေးဖို့ အကူအညီတောင်းပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အတော်ဆုံး စုံထောက်ဟာ အမှုလိုက် ရာမှာတွဲဖက်ရဲတွေနဲ့ ဘုဘောက်ကျပြီး ကိုယ့်သဘောနဲ့ကိုယ်ပဲလုပ်တတ်တဲ့ စုံထောက်မဘေလီပါ။အမှုက အရေး ကြီး နေတာကြောင့် ဘေလီ့ကို အင်တာပိုလ်က စီစဉ်ပေးတဲ့ တွဲဖက်တွေနဲ့ အဆင်ပြေပြေအလုပ်လုပ်ဖို့ နားချပြီးစေ လွှတ်လိုက်ပါတယ်။ မော်လ်တာရောက်တော့ အင်တာပိုလ်က စီစဉ်ပေးတဲ့တွဲဖက်ဟာ ရဲတွေ၊စုံထောက်တွေ မဟုတ်ဘဲ အကသင်တဲ့နည်းပြဖြစ်နေတော့ ဘေလီတော်တော်စိတ်ညစ်သွားပါတယ်။ပြီးတော့ အမှုကို စုံစမ်းတဲ့ အခါ ဘေလီတစ်ခါမှ မကဘူးတဲ့ အကပြိုင်ပွဲဝင်အနေနဲ့ စုံစမ်းရမှာဖြစ်လို့ ဘေလီအတွက်တော်တော်သေချင်စော်နံ့ သွားပါလေရော။ ဒီလိုခွတီးခွကျ အဖြစ်အပျက်များစွာနဲ့အတူ ဘေလီအောင်အောင်မြင်မြင် အမှုဖော်ထုတ်နိုင်ပါ့ မလားဆိုတာကို ရှုစားကြရမှာပါ။ ဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ စုံထောက်၊ ...
movie

The Dancing Detective: A Deadly Tango(2023)

Step Up 2: The Streets (2008) 6.2
Step Up 2: The Streets (2008)  Genre – Drama, Music, Romance IMDB – 6.2/10ခင်ဗျားတို့တွေကို အကရုပ်ရှင် ဘာကောင်းလဲမေးလိုက်ရင်သေချာပေါက် Step Up ကားတစ်ကားကို ညွန်းပေးကြလိမ့်မယ်။အဲဒီလို ညွန်းရအောင်လည်း သူက ၂၀၀၀ ခုနှစ်အကျော်တွေမှာပေါက်ခဲ့ပြီး Franchise ကြီးကို ဖြစ်သွားခဲ့တာကိုး။ မင်းသားChaning Tatum စတင်ခဲ့လိုက်တဲ့ Step Up ရုပ်ရှင်ဟာဆိုနောက်ပိုင်း Step Up 2 The Streets, Step Up 3D, Step UpRevolution နဲ့ Step Up All In ထိ ဆက်တိုက်ထွက်ခဲ့တယ်။အဓိကကျောရိုးကတော့ ကျွန်တော်တို့ငယ်စဉ်ဘဝက သိခဲ့ကြတဲ့ဟစ်ဟော့အက၊ ဖရီးစတိုင်၊ Underground လမ်းဘေးအကပေါင်းစုံကလမ်းဘေးကလူငယ်တွေရဲ့ လွတ်လပ်တဲ့ဘဝ၊ ရွေးချယ်မှုတွေကိုကိုယ်စားပြု တော်လှန်ရေးပြယုဂ်အနေနဲ့ဆိုပြီး သီချင်းကောင်းကောင်းတွေနဲ့ ရိုက်ကူးတင်ဆက်ပြတာမျိုး။ဒီထဲက နာမည်ကြီးဇာတ်ကောင်တွေဆိုလည်း အဓိကဇာတ်ကောင်မဖြစ်ရပေမယ့် နောက်ပိုင်းကားတွေမှာပါ ဆရာကြီးနေရာတွေကCameo ပြန်ပါတတ်ကြတယ်၊ ကျွန်တော်အကြိုက်ဆုံးကတော့ဒီရုပ်ရှင်မှာ စပါဝင်လာတဲ့ ...
movie

Step Up 2: The Streets (2008)

Van Helsing (2004) 6.1
Van Helsing (2004) ဒီဇာတ်ကားလေးကတော့ တစ်ခေတ်တစ်ခါက Sony PS2 ဂိမ်းတောင် ထွက်ခဲ့ရတဲ့အထိ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ၉၀ ခုနှစ်ဖွားတွေအနေနဲ့တော့ ဒီကားကို ကောင်းကောင်းကြီး သိကြမှာပါ။ ဒီဇာတ်ကားလေးကို The Mummy တို့ G.I Joe တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာကြီး Stephen Sommers ကပဲ ရိုက်ထားပြီးတော့ Logan မင်းသားကြီး Hugh Jackman ကပဲ ဗန်ဟဲလ်ဆင်း အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။Hugh Jackman တစ်ဖြစ်လဲ Van Helsing ဆိုတာ လူတွေကို သက်သက် အလုပ်မရှိအလုပ်ရှာ လိုက်လံဖမ်းစားသတ်ဖြတ်နေတဲ့ မကောင်းဆိုးဝါးတွေကို လိုက်သတ်နေတဲ့သူ ၊ တစ်ရက်တော့ ကျရာတာ၀န်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး စခန်းပြန်လာချိန် ၊ ကိုယ်မသွားရတိုင်း တွေ့တဲ့နေရာကို ရောက်ချင်တဲ့ ဒုက္ခရောက်ဆိုပြီး အမိန့်ပေးနေတဲ့ အထက်လူကြီး‌တွေထုံးစံအရ Count Dracula ...
movie

Van Helsing (2004)

2004
4K HEVC
Barbarians (2021) 5.4
Barbarians (2021) Game of Thrones ထဲက ဂွေးဖြတ်ကောင် ရမ်ဆေးဘော်တန်တဖြစ်လဲ ဝေးလ်မင်းသား Iwan Rheon ကို မြင်တာနဲ့တန်းမှတ်မိအောင် အမြင်ကပ်နေကြမှာပါ... သူ့ဇာတ်ကားတွေက ရှားပါးပေမယ့် ခုရက်ထဲ ဒီကားအသစ်ထွက်လာလို့ တင်ဆက်လိုက်ပါတယ်။ဒီထဲလဲ အမြင်ကပ်စရာအခွက်နဲ့ပါပဲ။တစ်ရက်ထဲ၊တစ်ညထဲ ဒါမှမဟုတ်အချိန်ပိုင်းလေးတစ်ခုကိုပဲတည်ပြီး တစ်ကားလုံးပြီးအောင်ရိုက်ပြသွားတဲ့ ကားမျိုးတွေကိုကြည့်ဖူးကြမယ်ထင်ပါတယ်။ ဒီတစ်ခါဇာတ်ကားကလည်း အိမ်ကြီးတစ်အိမ်မှာ စုံတွဲနှစ်တွဲရဲ့တစ်ညတာကို တစ်ကားလုံးဖြစ်အောင်ရိုက်ပြသွားတဲ့ Drama/Thriller ကားတစ်ကားပါ။ဇာတ်လမ်းအကျဥ်းကိုပြောရရင် ကျွန်တော်တို့ Documentary တွေမှာမြင်ဖူးနေကျ Stonehenge တွေလိုမျိုး ခေတ်အဆက်ဆက်ပါးစပ်ရာဇဝင်တွေ၊ဒဏ္ဍာရီတွေရှိခဲ့တဲ့ ဂေတာဆိုတဲ့ကျောက်တိုင်ကြီးတစ်ခုရှိပါတယ်။ အဲဒီကျောက်တိုင်ကိုလူးကပ်စ်ဆိုတဲ့လူကသူ့မိတ်ဆွေ ကမ္ဘာကျော်ပန်းပုပညာရှင်နဲ့ပုံစံတူတစ်ခုအပ်ပြီး ကျောက်တိုင်နာမည်နဲ့ပဲ အိမ်ယာစီမံကိန်းတစ်ခုကိုဖော်ဆောင်ဖို့စိတ်ကူးခဲ့ပါတယ်။ အဲဒီစီမံကိန်းကတကယ်လည်းအောင်မြင်ခဲ့ပေမယ့် နောက်ကွယ်မှာတော့ထင်သလောက်မရိုးရှင်းခဲ့ပါဘူး။ဇာတ်ကားရဲ့ Runtime ဟာ တစ်နာရီခွဲသာရှိပြီး အကျယ်ချဲ့ရိုက်ပြလို့ရတဲ့နေရာတွေကိုရိုက်ပြမသွားပဲ ဇာတ်ကောင်တွေရဲ့ဒိုင်ယာလော့ဂ်တွေ အမူအရာတွေကနေပဲ ဒါကဒီလိုပါလားလို့ ကြည့်ရှုသူကိုယ်တိုင်တွေးစရာတွေဆက်တိုက်ပေးသွားတာမျိုးပါ။ Runtime နည်းပေမယ့် အလောတကြီးပြွတ်သိပ်ထည့်ပေးသွားတာမျိုးမဟုတ်ဘူးလို့ဆိုလိုတာဖြစ်ပါတယ်။ ကျွန်တော့်အမြင်အရဒီဇာတ်ကားရဲ့အကောင်းဆုံးအချက်တွေကိုပြောပါဆိုရင် ဘယ်နေရာမှအိုဗာအိုက်တင်ဖြစ်မနေတာ၊ Thriller ဆိုပေမယ့်သဘာဝမဆန်လောက်အောင်ဖြဲခြောက်တာမျိုးတွေပါမနေတာပါပဲ။ ကျစ်လစ်တယ်၊ သဘာဝကျတယ်ပေါ့ဗျာ။ အတိုင်းထက်အလွန်အမွှန်းတင်ရလောက်အောင် ပြောင်မြောက်တဲ့ဇာတ်ကားမျိုးမဟုတ်ပေမယ့်လည်း အချိန်တစ်နာရီခွဲပေးရကျိုးနပ်မယ့်ကားမျိုးဆိုတာတော့အာမခံပါတယ်။ ကြည့်ရှုအားပေးကြပါဦးဗျ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို ...
movie

Barbarians (2021)

The Princess Switch 3: Romancing the Star(2021) 6.5
The Princess Switch 3: Romancing the Star(2021) The Princess Switch 3: Romancing the Star(2021) အညွှန်း**************************************************** The Princess Switchရဲ့ တတိယမြောက်ကားလာပါပြီ။အရှေ့က 1နှင့်2လည်း CMမှာတင်ထားပါတယ်။ဒီဇင်ဘာလမှာထွက်လာတာနဲ့အညီ ခရစ်စမတ်ကိုအခြေခံဇာတ်အိမ်တည်ထားပါတယ်။ စတေစီနဲ့ မင်းသမီးမာဂရတ်တို့နှစ်ဦးဟာ Montenaroမှာ ခရစ်စမတ်အကြိုညပွဲကိုဦးစီးပြီးစီစဉ်ကြပါတယ်။မြင့်မားခမ်းနားပြီးမီးရောင်တွေနဲ့လင်းလက်လှပနေတဲ့ ခရစ်စမတ်သစ်ပင်ကြီးရဲ့ထိပ်မှာတော့Vaticanပြတိုက်မှာသိမ်းဆည်းပြသထားတဲ့ တန်ဖိုးကြီးရှေးဟောင်းအမွေအနှစ်တွေထဲကတစ်ခုဖြစ်တဲ့ငြိမ်းချမ်းရေးကြယ်ကို တပ်ပြီးအလှဆင်ဖို့စီစဉ်ထားတာပေါ့။ပွဲကိုဖြစ်မြောက်အောင်စီစဉ်နေတုန်းမှာပဲ အဓိကအရေးပါလှတဲ့ ငြိမ်းချမ်းရေးကြယ်ဟာအကျင့်ပျက်စီးပွားရေးသမားတစ်ယောက်ရဲ့ ခိုးယူခြင်းကိုခံလိုက်ရပါတယ်။ငွေကြေးအတွက်ခိုးယူတာမဟုတ်ပဲ တန်ဖိုးကြီးပစ္စည်းတွေစုဆောင်းတတ်တဲ့သူဖြစ်လို့ ခိုးယူခဲ့တာကြောင့်ရဲတိုင်လိုက်ရင် ကြယ်ကြီးလုံးဝပျောက်သွားမှာဖြစ်တဲ့အတွက်သူခိုးဆီကပြန်ခိုးဖို့ပဲ ကြံစည်ရပါတော့တယ်။ ဒါကြောင့် ဒုတိယမြောက်ကားမှာလူမှုအကျိုးပြုပြစ်ဒဏ်ကျသွားတဲ့ ဖီအိုနာနှင့် သူ့ရဲ့ငယ်ပေါင်းလည်းဖြစ်၊အဆက်ဟောင်းလည်းဖြစ်တဲ့ပီတာတို့နှစ်ဦးကဦးဆောင်ကာ လူတိုင်းပါဝင်ပြီးခရစ်စမတ်အကြိုညမတိုင်ခင် ကြယ်ကိုပြန်ရဖို့ ကြိုးစားပါတော့တယ်...ဒီကားမှာတော့ ဖီအိုနာကိုအသားပေးပြီးပွဲထုတ်လာတဲ့အတွက်သူ့ရဲ့ဆွဲဆောင်မှုရှိလှတဲ့ အချေစတိုင်လေးတွေကို ပိုမိုရှူစားရပါလိမ့်မယ်။   File Size :(1.8GB)(995 MB) and (336MB) Quality : NF Web-Dl10805.1ch, 720p Format…mp4 Duration…01:46:00 Genre : Comedy , Drama ,Family Subtitle : Myanmar Subtitle (Hard Sub) Translated by CM Team Encoded by ...
movie

The Princess Switch 3: Romancing the Star(2021)

The Scorpion King: Quest for Power (2015) 4.2
The Scorpion King: Quest for Power (2015) ဒီကားကတော့ Scorpion King ဇာတ်ကားတွေရဲ့ ၄ ကားမြောက်ဇာတ်ကားဖြစ်ပါတယ်...ဒီဇာတ်ကားမှာတော့ ကင်းမြှီးကောက်ဘုရင်ကြီးလို့လူသိများကြတဲ့မက်သားရက်ဟာ သေဆုံးသွားပြီဖြစ်တဲ့ မှော်ဆရာကြီးတဖြစ်လဲဘုရင်ကြီးဖြစ်တဲ့ ဘုရင်အာခမန်ရဲ့ သရဖူကို အန္တရာယ်တွေကြားထဲကနေစွန့်စားပြီးတော့ သွားယူမှာပဲဖြစ်ပါတယ်....ဒီသရဖူဟာ လှို့ဝှက်ချက်တွေနဲ့ပြည့်နှက်နေပြီးတော့ဝှက်ထားတဲ့ မေးခွန်းတွေကိုဖြေနိုင်မှသာရှိတဲ့နေရာကိုသိနိုင်မှာပါ...နောက်ပြီးတော့ အဲနေရာကလည်း အန္တရာယ်တွေပြည့်နေတဲ့နေရာတစ်ခုပါ...ဒီတော့ ကင်းမြှီးကောက်ဘုရင်ကြီး မက်သားရစ် ဘယ်လိုသွားမလဲဒီကားထဲမှာကော ဘယ်လိုမိန်းမချောလေးတွေပါမလဲဆိုတာကြည့်လိုက်ရအောင်လားဒီကားလေးဟာ အက်ရှင်ကားတွေကြိုက်တဲ့လူတွေအတွက်စိတ်ကျေနပ်မှု့တစ်ခုဖြစ်စေမှာဖြစ်ပြီးတော့မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ကြည့်ရှု့နိုင်ပါတယ်...File Size : (901 MB) and (315 MB) Quality : BluRay 720p Running Time : 1hr 45min Format : Mp4 Genre : Action , Adventure , Fantasy Subtitle : Myanmar Subtitle (Hard Sub) Source : BluRay 1080p Translated by Crisis A Arrow Team Encoded by Moe Myint Lwin 
movie

The Scorpion King: Quest for Power (2015)

2015
Slumber (2017) 4.7
Slumber (2017) ဘီလူးစီးတာကိုလူတိုင်းနီးပါးတစ်ကြိမ်တစ်ခါတော့ခံစားဖူးကြမှာပါဒါပေမယ့် အဲ့ဒါက သာမန်သွေးလေချောက်ခြားလို့ဖြစ်တာမဟုတ်ရင်ကောကလေးဘဝတုန်းက အစ်ကိုဖြစ်သူကို ထူးထူးဆန်းဆန်းဆုံးရှုံးလိုက်ရတဲ့ စိတ်ဆရာဝန် အဲလစ်သူ့ဆီကိုတူညီတဲ့ဖြစ်စဉ်တွေနဲ့ရောက်လာတဲ့မိသားစုတစ်စုသူတို့တွေကြုံတွေ့နေရတဲ့အရာတွေက သမားရိုးကျမဟုတ်ပဲ အသက်အန္တရာယ်ပါပေးလာတဲ့အခါမှာတော့ထိုမိသားစုကိုအဲလစ်ကပဲကာကွယ်ပေးနိုင်မလား ဒါမှမဟုတ်Horror ကားကြိုက်သူတွေကတော့ တော်တော်ကြီးကြည့်လို့ကောင်းမှာပါလောလောဆယ်မှာ IMDb Rating 4.7 ရရှိထားပါတယ်။ File Size : (700 MB) and (303 MB) Quality : Blu-Ray 720p Running Time : 1hr 24min Format : Mp4 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-LATENCY Translated by May Myat Thu Encoded by Thanhtike Zaw
movie

Slumber (2017)

2017