Channel Myanmar

Will McNeill

The Appleton Ladies’ Potato Race (2023) 7.8
The Appleton Ladies’ Potato Race (2023)  ဒီကားလေးကတော့အဓိကအားဖြင့် အခုခေတ်မှာအမြဲမြင်တွေ့နေရတဲ့Gender Equality ဆိုတဲ့ကျားမမခွဲခြားပဲတန်းတူဆက်ဆံခြင်းအကြောင်းကို အဓိကထားရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒါကိုသဘောမကျတဲ့သူတွေလဲ ဒီဇတ်ကားလေးကိုကြည့်ပြီးတွေးစရာအတွေးလေးတွေကျန်ခဲ့မယ်လို့ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ပန်နီဆိုတဲ့ဆရာဝန်မလေးတစ်ယောက်ကသူလက်ရှိနေထိုင်နေတဲ့ဆစ်ဒနီမြို့ကြီးကိုထားခဲ့ပြီးတော့ သူ့မိသားစုရှိရာနယ်မြို့လေးဖြစ်တဲ့ အက်ပဲလ်တန်ကိုပြန်လာခဲ့ပါတော့တယ်။သူပြန်လာပြီးသိပ်မကြာခင်မှာပဲသူတို့ရဲ့အက်ပဲလ်တန်မြို့မှာ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့အာလူးထမ်းအပြေးပြိုင်ပွဲလဲကျင်းပတော့မှာပဲဖြစ်ပါတယ်။ဒါပေမယ့်တစ်ခုပြဿနာရှိတာကအဲ့ဒီအပြေးပြိုင်ပွဲမှာယောက်ျားတွေပြိုင်ပွဲမှာရတဲ့ဆုကြေးကဒေါ်လာနှစ်ထောင်ဖြစ်ပြီးအမျိုးသမီးတွေရတဲ့ဆုကြေးကတော့ ဒေါ်လာနှစ်ရာပဲဖြစ်နေတာဖြစ်ပါတယ်။အဲ့ဒီကိစ္စကိုပန်နီရဲ့ညီမဖြစ်သူ ဆယ်နှစ်ဆက်တိုက်အာလူးထမ်းအပြေးပြိုင်ပွဲချန်ပီယံဖြစ်ထားတဲ့နစ်ကီအပြင်မြို့ကတခြားလူတွေကလဲဘာမှမပြောကြပေမဲ့မြို့ကြီးပြကြီးမှာနေလာတဲ့ပန်နီတစ်ယောက်အတွက်ဒါကစိတ်ခုစရာဖြစ်နေပါတော့တယ်။ဒီလိုနဲ့အမျိုးသားဆုကြေးနဲ့အမျိုးသမီးဆုကြေးတန်းတူရဖို့အတွက်ပန်နီတစ်ယောက်တည်းအများနဲ့တစ်ယောက်တိုက်ခိုက်ရင်းကြိုးစားခဲ့ပြီးနောက်မှာဘယ်လိုဇာတ်သိမ်းမျိုးနဲ့ကြုံတွေ့ရမလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.92GB / 817MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 36m Genre ….. Drama , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Appleton Ladies’ Potato Race (2023)