Channel Myanmar

William Frankfather

Death Becomes Her (1992) 6.6
Death Becomes Her (1992) Death Becomes Her (1992)ဒီဇာတ်ကားဟာ 1993ခုနှစ်တုန်းက best visual effects အော်စကာဆုရခဲ့တဲ့ ဇာတ်ကားပါ။ ဟောလိဝုဒ်ရဲ့ ဒိတ်ဒိတ်ကြဲသုံးယောက်ဖြစ်တဲ့ Meryl Streep ၊Goldie Hawn နဲ့ Bruce Willis တို့ အဓိကပါဝင်ထားကြတဲ့ dark comedy ,horror, fantasy အမျိုးအစား ရုပ်ရှင်ပါ။ ဇာတ်ကားဟောင်းဖြစ်ပေမယ့် တကယ်ကို ကြည့်ဖို့ ညွှန်းပါတယ်။ဒီဇာတ်ကားရဲ့ visual effectsတွေ မိတ်ကပ်ပညာတွေဟာ တကယ်ကို သေသပ်ပါတယ်၊ ဒါတောင်1992ခုနှစ်က ကားပါ။ ဇာတ်လမ်းကလဲ တော်တော်လေးသွက်ပြီး ဟာသတွေကလဲ ပြောင်မြောက်ပါတယ်။ပြီးတော့ လူတိုင်းအတွက် လေးလေးနက်နက် တွေးကြည့်စရာ အတွေးစလေးတွေလဲ ချန်ခဲ့ဦးမှာပါ။ဇာတ်လမ်းအကျဉ်းအောင်မြင်မှုသိပ် မရှိတဲ့ မင်းသမီး မက်ဒ်လင်း နဲ့ စာရေးဆရာမ ဖြစ်ချင်တဲ့ ဟယ်လင်န် တို့ဟာဟန်ဆောင်ပေါင်းသင်းနေကြပေမယ့် တစ်ယောက် နောက်ကျော တစ်ယောက်ဓားနဲ့ထိုးဖို့ အမြဲ ချောင်းနေကြသူတွေပါ။တစ်နေ့မှာ ...
movie

Death Becomes Her (1992)

1992
Mousehunt (1997) 6.4
Mousehunt (1997) ဒီဇာတ်ကားကတော့ အမှန်အကန်ကိုရယ်ရမယ့် နာမည်ကြီးကြွက်ဇာတ်ကားပါ… ကြာခဲ့ပြီဆိုသော်ငြား ဘယ်အချိန်ပြန်ကြည့်ကြည့် ရယ်နေရတုန်းပါပဲ… ဟာသဇာတ်ကားဆိုပေမယ့် ဇာတ်လမ်းကလဲအနှစ်သာရပြည့်ဝပါတယ်… ချစ်ခြင်းမေတ္တာနဲ့ လူသားဆန်ဆန် အတ္တတွေအကြောင်းကို ကြွက်တစ်ကောင်နဲ့ ပုံဖော်ထားပါတယ်… အကြိုက်ဆုံးအခန်းကတော့ ဗီလိန်မင်းသားကြီး Christopher Walken ကြွက်လိုက်ဖမ်းတဲ့ ဇာတ်ဝင်ခန်းပါပဲ… တင်ဆက်ပုံကောင်းသလို တကယ့်ကြွက်အစစ်နဲ့ ရိုက်ကူးထားတာမို့ အခုခေတ်ဇာတ်ကားတွေလို Camera Effect တွေနည်းနည်းနဲ့ သဘာဝဆန်ဆန်ကြည့်ရှုရမှာပါ… မိသားစုနဲ့ကြည့်သင့်တဲ့ဇာတ်ကားပါ… ကလေးလေးတွေအတွက်တော့ Tom and Jerry ကိုအရှင်လတ်လတ်တွေ့ရသလိုခံစားရမှာပါ… (ဒီဇာတ်ကားရဲ့ မြန်မာစာတန်းထိုးကို ကျွန်တော်ဂျီကျလို့ ကသာသားလေး (Kyaw Ye Aung) ကရေးသားပေးခဲ့ပါတယ်) ----------------------------------------------------------------      ဒီဇာတ္ကားကေတာ့ အမွန္အကန္ကိုရယ္ရမယ့္ နာမည္ၾကီးၾကြက္ဇာတ္ကားပါ… ၾကာခဲ့ၿပီဆိုေသာ္ျငား ဘယ္အခ်ိန္ျပန္ၾကည့္ၾကည့္ ရယ္ေနရတုန္းပါပဲ… ဟာသဇာတ္ကားဆိုေပမယ့္ ဇာတ္လမ္းကလဲအႏွစ္သာရျပည့္ဝပါတယ္… ခ်စ္ျခင္းေမတၱာနဲ႕ လူသားဆန္ဆန္ အတၱေတြအေၾကာင္းကို ၾကြက္တစ္ေကာင္နဲ႕ ပံုေဖာ္ထားပါတယ္… အၾကိဳက္ဆံုးအခန္းကေတာ့ ဗီလိန္မင္းသားၾကီး Christopher Walken ၾကြက္လိုက္ဖမ္းတဲ့ ဇာတ္ဝင္ခန္းပါပဲ… တင္ဆက္ပံုေကာင္းသလို တကယ့္ၾကြက္အစစ္နဲ႕ ရိုက္ကူးထားတာမို႕ အခုေခတ္ဇာတ္ကားေတြလို Camera Effect ေတြနည္းနည္းနဲ႕ သဘာဝဆန္ဆန္ၾကည့္ရႈရမွာပါ… မိသားစုနဲ႕ၾကည့္သင့္တဲ့ဇာတ္ကားပါ… ကေလးေလးေတြအတြက္ေတာ့ Tom and Jerry ကိုအရွင္လတ္လတ္ေတြ႕ရသလိုခံစားရမွာပါ… (ဒီဇာတ္ကားရဲ႕ ျမန္မာစာတန္းထိုးကို ကြ်န္ေတာ္ဂ်ီက်လို႕ ကသာသားေလး (Kyaw Ye Aung) ကေရးသားေပးခဲ့ပါတယ္)
movie

Mousehunt (1997)

1997
The Rocketeer (1991) 6.4
The Rocketeer (1991) [ Unicode ]The Rocketeer (1991)Dark Horse Comicက ထုတ်ဖူးခဲ့တဲ့ Rocketeer comic စီးရီးကို Period SuperHero ကားတစ်ကားအဖြစ် ၁၉၉၁မှာ Disneyက ပြန်အသက်သွင်းထားခဲ့ပါတယ်။ဇာတ်ကြောင်းအကျဉ်းကတော့...1938ခုနှစ်မှာ နာမည်ကျော် လေယာဉ်ထုတ်လုပ်သူ Howard Hughesဟာ ကျောမှာတပ်ဆင်ပြီးပျံသန်းလို့ရစေမဲ့ ဒုံးပျံကို အချိန်အင်အား ငွေအင်အား လူအင်အားများစွာသုံးပြီး တီထွင်ခဲ့ပါတယ်။ဒီဒုံးပျံရဲ့ ရှေ့ပြေးပုံစံကို နာဇီတွေလည်း စမ်းသပ်တီထွင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ဇာတ်လမ်းအစမှာတော့ ဒုံးပျံဝတ်ကွန်မန်ဒိုတွေနဲ့ ကမ္ဘာကိုသိမ်းချင်တဲ့ နာဇီတွေဟာ Howardရဲ့ဒုံးပျံကို ခိုးယူပြီး နည်းပညာခိုးဖို့ကြံစည်နေပါပြီ။FBIက ဒီဒုံးပျံသူခိုးတွေနောက်ကိုလိုက်ရင်း သူခိုးတွေချောင်ပိတ်မိနေချိန်မှာတော့ သူခိုးတွေဟာ လေယာဉ်ရုံတစ်ခုထဲမှာ ပစ္စည်းလဲထည့်ခဲ့ကြပြီးပါပြီ။ဒီပစ္စည်းကိုတွေ့သွားတဲ့ စတန့်ပိုင်းလော့ Cliff Secordနဲ့ သူ့ အဖော်စက်ပြင်ဆရာ Peevyတို့နှစ်ယောက်သား ဒီဒုံးပျံကို ပြင်ဆင်စမ်းသပ်ခဲ့ပါတယ်။FBIက ပျက်စီးသွားပြီထင်နေတဲ့ ကြေးစား လူဆိုးတစ်အုပ် မရမနေရှာနေတဲ့ ဒုံးပျံဟာ သတင်းစာရဲ့ ခေါင်းကြီးသတင်းကနေပါလာတဲ့အခါနာဇီတွေနဲ့ FBIအပြိုင်ကြဲရှာကြမယ့်ကြားက မြေစာပင်တွေကတော့ Cliff ...
movie

The Rocketeer (1991)

1991