Channel Myanmar

Wilmer Valderrama

Encanto ( 2021 ) 7.6
Encanto ( 2021 ) Walt Disney ရဲ့ ​​နောက်ထပ်မင်းသမီးတစ်ပါး ထပ်​ပေါ်ထွက်လာမယ့် Encanto ဇာတ်ကား​လေးထွက်လာပါပြီ၊ Disneyကထွက်တဲ့ animation​တွေရဲ့ ထုံးစံအတိုင်း ဇာတ်​ကောင်​တွေ၊ အ​​ရောင်အ​သွေးတွေက လှပမြဲဖြစ်သလို ဇာတ်လမ်းပိုင်းကလည်း ပရိတ်သတ်​တွေ သ​ဘော​တွေ့​စေခဲ့တယ်ဆိုတာကို IMDb 7.6နဲ့ Rotten Tomatoes 90% ratingက သက်​သေခံ​နေပါတယ် Encantoဆိုတာက ​တောင်အ​မေရိကတိုက် ကိုလံဘီယာ နိုင်ငံတွင်းက စိတ်ကူးယဉ်​နေရာ​လေးတစ်ခုပါ၊ ဒီ​နေရာမှာ ​မှော်အစွမ်း​တွေရှိပြီး အဲဒီမှာနေထိုင်တဲ့မာဒရီဂယ်မိသားစုကို Encanto​​ဒေသ​​လေးကိုထိန်းသိမ်း​ပေးဖို့ ​ဒေသ​နေပြည်သူ​တွေရဲ့ဘဝကို အကျိုးပြုဖို့ဆိုပြီး မှော်စွမ်းအင်​တွေကို မျိုးဆက်အဆင့်ဆင့် လက်​ဆောင်​ပေးခဲ့ပါတယ်၊ ဒါ​ကြောင့်မာဒရီဂယ်မိသားစုဝင်တိုင်းမှာ ​မှော်အစွမ်းကိုယ်စီ ရှိပါတယ်၊မင်းသမီး​လေး မီရာဘယ်ကလွဲရင်​ပေါ့၊ တစ်​နေ့မှာ​တော့ Encanto​ကို မလိုလားအပ်တဲ့ ​အ​မှောင်စွမ်းအင်ထုကြီး ​​​ ရောက်ရှိလာတဲ့အခါမှော်အစွမ်းမရှိတဲ့ မီရာဘယ်​လေး အ​နေနဲ့ မိသားစုနဲ့အတူ အန္တရာယ်ကိုဘယ်လိုတွန်းလှန်မလဲ၊ သူမဘာ​ကြောင့် မှော်အစွမ်းမရနိုင်တာလဲ၊ ​မှော်အစွမ်းရ​​အောင် ဘယ်လိုကြိုးစားမလဲဆိုတာ ကြည့်ရှုခံစားနိုင်ပါပြီ  File size…700MB/ (1.22GB) Quality…. Webrip-720P / WebRip 1080p Format… mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by...Mr. Anderson & JimX
movie

Encanto ( 2021 )

2021
4K HEVC Web-DL
Onward (2020) 7.6
Onward (2020) ကာတွန်းရုပ်ရှင်ကား ကောင်းကောင်းလေး တစ်ကားလောက် ကြည့်ရအောင်။ ရုံတင်ကတည်းက လူကြိုက်များခဲ့တဲ့ ရုပ်ရှင်လေးပါပဲ။ ဇာတ်လမ်းအကျဉ်း…. ဟိုးရှေးရှေးတုန်းက ကမ္ဘာပေါ်မှာ မှော်ပညာ တည်ရှိခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ လူတွေ၊နတ်သူငယ်တွေ၊ မှော်ဝင်သတ္တဝါတွေဟာ ခေတ်မီလာကြပြီး မှော်ပညာကို မေ့ပျောက်သွားပါတော့တယ်။ အီယန် နဲ့ ဘာလေ ဆိုတဲ့ နတ်သူငယ် ညီအစ်ကိုနှစ်ယောက်ဟာလည်း ငယ်ငယ်ကတည်းက အဖေဆုံးသွားလို့ မိခင်နဲ့ပဲ အတူနေကြတဲ့ သူတွေပါ။ ညီဖြစ်သူ အီယန်၁၆ နှစ်ပြည့်မွေးနေ့မှာတော့ သူတို့အဖေထားခဲ့တဲ့ မှော်တောင်ဝှေးနဲ့ ဂါထာတစ်ခုကို တွေ့ရှိသွားပါတယ်။ ဂါထာရဲ့ အစွမ်းကတော့ သေဆုံးသွားတဲ့ အဖေဖြစ်သူကို တစ်ရက်တိတိ ပြန်ရှင်သန်လာစေပြီး တွေ့ခွင့်ရမှာပါပဲ။ ဒါပေမယ့် ဒီဂါထာကိုသုံးဖို့ စွမ်းအားကြီးတဲ့ ရတနာတစ်ခုလိုအပ်ပြီး အဲဒီရတနာ မလုံလောက်တာကြောင့် သူတို့အဖေဟာ ခန္ဓာကိုယ် အောက်ပိုင်းပဲ ကွက်ပြီး ရှင်လာခဲ့တယ်။ ဒီလိုနဲ့ပဲ ညီအစ်ကို ၂ ယောက်ဟာ သူ့တို့အဖေရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို သယ်ပြီး တစ်ရက်မပြည့်ခင် အဖေကို နောက်ဆုံးတွေ့နိုင်ဖို့ မှော်ဝင်ရတနာကို အရှာထွက်ရပါတော့တယ်…. ဒစ္စနေးရဲ့ ထုံးစံအတိုင်း ပျော်စရာတွေ ရယ်စရာတွေနဲ့ ဝမ်းနည်းစရာတွေ ခံစားမှုတွေကို ရောယှက်ပေးထားမယ့် ကာတွန်းရုပ်ရှင်အသစ်မို့ ကြည့်တဲ့သူတွေ သဘောကျကြမယ်ထင်ပါတယ်။ ဘာသာပြန်ပေးထားတာကတော့ Little Neo ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ် zawgyi ကာတွန်းရုပ်ရှင်ကား ကောင်းကောင်းလေး တစ်ကားလောက် ...
movie

Onward (2020)

Charming (2018) 5.9
Charming (2018) CM ပရိတ်သတ်ကြီးအတွက် ဒီတစ်ခေါက်ကတော့ ပေါ့ပေါ့ပါးပါးကာတွန်းလေးပါကမ္ဘာပေါ်က လူတိုင်းကတော့ ချောမောလှပမှုကို အနည်းနဲ့အများ မက်မောကြတာပါပဲဒီကားထဲက မင်းသားလေးကတော့ ကျိန်စာကြောင့်အရမ်းကိုချောမောခန့်ညားပြီး မိန်းကလေးတိုင်းကကြွေရလို့ အချစ်စစ်ဆိုတာကိုတောင် မခံစားနားမလည်နိုင်ဖြစ်နေရတာပေါ့ဒါပေမဲ့ကျိန်စာက ချောမောဖို့ တစ်ခုထဲမဟုတ်ဘဲ နောက်ကွယ်မှာကံဆိုးမှုတွေရှိနေသေးတော့ ဒီကျိန်စာပြယ်အောင် မင်းသားက ဘယ်လိုကြိုးစားမလဲသူ့အတွက်အချစ်စစ်ဆိုတာကိုရော ရှာတွေ့နိုင်မှာလားဆိုတာကတော့ဒီကားလေးထဲမှာကြည့်လိုက်ရအောင်လား...File Size : (800 MB) and (275 MB)Quality : BluRay 720pRunning Time :1hr 30minFormat : Mp4Genre : Adventure , Comedy ,AnimationSubtitle : Myanmar Subtitle (Hard Sub)Translated by HMOEncoded by Moe Myint Lwin
movie

Charming (2018)

2018