Channel Myanmar

Winslow Fegley

The Naughty Nine (2023)
The Naughty Nine (2023)  ခရစ်စမတ်ရာသီလေးမှာ ဆန်တာရဲ့ ရွာကို သွားဖောက်ကြမဲ့ လူဆိုးလေး ၉ ယောက် ❄️2023 မှာမှ အသစ်စက်စက်လေး ထွက်ထားတဲ့ ဒီဇာတ်ကားကတော့ Adventure, comedy အမျိုးအစားလေပဲ ဖြစ်ပါတယ်။ဆန်တာဆီမှာ “လူဆိုးစာရင်း” ဆိုတာရှိတယ်။ လူဆိုးစာရင်းဝင်တဲ့ကလေးတွေက ခရစ်စမတ်နေ့မှာ လက်ဆောင်မရဘူးတဲ့။ ကမ္ဘာကြီးမှာ လက်ဆောင်မရတဲ့ကလေးတွေလဲ အများကြီးပါပဲ။ ဒါပေမဲ့ အန်ဒီစတီးဆိုတဲ့ ‌လူဆိုးစာရင်းဝင်ကောင်လေးကတော့ လက်ဆောင်မရတဲ့ကိစ္စကို မခဲမကျေပါဘူး။ အဲဒါနဲ့ သူက သူအပါအဝင် လက်ဆောင်မရတဲ့ နောက်ထပ် “လူဆိုးစာရင်းဝင်” ကလေး ၈ ယောက်ကို စည်းရုံးပြီး ဆန်တာရွာကို ဖောက်ဖို့ စီစဉ်တော့တယ်။ဆန်တာရွာဆိုတာက မြောက်ဝင်ရိုးစွန်းမှာ တည်ရှိတာဖြစ်ပြီး ကလေးတွေအနေနဲ့ သွားဖို့ လုံးဝမဖြစ်နိုင်တဲ့ နေရာတစ်ခု။ ဒါပေမဲ့ စိတ်သာထည့်လိုက်ရင် မဖြစ်နိုင်တဲ့အရာမရှိတဲ့ ‌အန်ဒိီစတီးဆိုတဲ့ကောင်လေးက ဘယ်လိုမျိုးတွေ အကြံ‌ထုတ်ပြီး ဆန်တာရွာကို အရောက်သွားကြမလဲ❓ဆန်တာရွာကို ရောက်သွားကြတော့လဲ ဘယ်လိုပြန်ထွက်လာမလဲ❓ခရစ်စမမတ်ရာသီလေးမှာ လူဆိုးလေး‌ ၉ ...
movie

The Naughty Nine (2023)

Spinning Gold (2023) 6.3
Spinning Gold (2023) Spinning Gold (2023)ဒါကတော့ မှတ်သားလောက်ဖွယ်ရာ လူတစ်ယောက်ရဲ့အတ္ထုပ္ပတ္ထိဇာတ်လမ်းပါ။ ဒီဇာတ်လမ်းကို သူ့ဘဝအကြောင်းသူပြန်ပြောနေပုံနဲ့ရိုက်ကူးထားပြီး ဒီဇာတ်လမ်းမှာ သူကလူတိုင်းကို စိန်ခေါ်ထားပါတယ်။"မင်းတို့ ငါ့နာမည်ကိုမမှတ်မိဘူးဆိုတာ မင်းတို့တစ်ယောက်ချင်းကို ဒေါ်လာတစ်ရာစီလောင်းရဲတယ် ဒါပေမဲ့ ငါက မင်းတို့ကို ကခုန်စေခဲ့တယ်တဲ့"သူ့ကိုမမှတ်မိရင်တောင် သူနဲ့ပတ်သက်ခဲ့သူတွေကိုတော့ ဂီတချစ်သူတွေဆို သေချာပေါက်သိကြမှာပါ။ Kiss, The Village People, George, Donna Summer, Bill Withers, Isley Brothers, Parliament နဲ့တခြားအဆိုရှင်ပေါင်းများစွာပါပဲ။ Donna Summer ရဲ့ Orgasmic moan တွေပါဝင်ပြီး ၁၇ မိနစ်တာကြာတဲ့ Love to Love You သီချင်းကိုလဲ ပရိသတ်ကစွဲစွဲထင်ထင်ရှိနေဦးမယ်လို့ထင်ပါတယ်။ ဒီအဆိုကျော်ကြီးတွေက သိပ်ကိိုထူးခြားပြည့်စုံသူတွေဖြစ်ကြပေမယ့် သူတို့ရဲ့ထူးခြားမှုကိုပရိသတ်တွေလက်ခံနိုင်ဖို့ သူတို့ဂီတတွေကိုလက်ခံနိုင်ဖို့ သူတို့အိပ်မက်တွေကိုအသက်သွင်းပေးခဲ့သူကတော့ ဒီဇာတ်လမ်းရဲ့ဇာတ်ကောင် ကာဆာဘလန်ကာဓာတ်ပြားခွေထုတ်လုပ်ရေးရဲ့တည်ထောင်သူ နီးလ်ဘိုးဂတ်ပါပဲ။ ဒီဇာတ်လမ်းကသိပ်ပြည့်စုံလွန်းနေတာကြောင့် ဘာမှထပ်မညွှန်းလိုတော့ပါဘူး။ ဒီဇာတ်လမ်းကို နီးလ်ရဲ့သားဖြစ်သူကရိုက်ကူးထားတာပါ။ နီးလ်ကသူ့သားငယ်စဥ်မှာပဲဆုံးပါးသွားခဲ့တော့ အဖေ့ကိုသေချာ သိခွင့်မရခဲ့တဲ့သားက အဖေ့မိတ်ဆွေတွေကိုလိုက်မေးမြန်းပြီး ဒီဇာတ်လမ်းကိုရေးဖွဲ့ထားပါတယ်။ လူတွေရဲ့မှတ်ဥာဏ်ကထူးဆန်းတယ်တဲ့။ လူတွေကလဲသူတို့မှတ်မိချင်ရာကိုမှတ်မိကြပြီး မေ့ချင်ရာကိုမေ့ပစ်တတ်ကြတယ်။ အဲ့တော့ဒါအားလုံးကအမှန်လားဆိုရင်တော့ မဟုတ်ပါဘူး။ နီးလ်ဘိုးဂတ်လို ဘဝကတိုတောင်းခဲ့ပေမယ့် အဲ့ဒီဘဝတိုလေးမှာပဲ သူ့ရဲ့ကိုယ်ပိုင်အိပ်မက်တွေအပြင် သူများတွေရဲ့အိပ်မက်တွေအများကြီးကိုပါ အသက်သွင်းပေးခဲ့တဲ့လူတစ်ယောက်ရဲ့ဘဝဇာတ်လမ်းကို ဘယ်လိုလုပ်အတိအကျပြောနိုင်မလဲ။ နည်းနည်းလျှော့ပြောတာလေးတွေရှိမယ် ...
movie

Spinning Gold (2023)

2023
Lyle, Lyle, Crocodile (2022) 6.2
Lyle, Lyle, Crocodile (2022) Lyle, Lyle, Crocodile (2022)====================IMDb Rating - 6.2/10Shwan Mendesအသံသရုပ်​ဆောင်အဖြစ်ပါဝင်ထားတဲ့ musical comedyအသစ် Lyle,Lyle,Crocodile ဆိုတဲ့ ကားသစ်​လေး ထွက် လာပါပြီ။ RT - 73%, metacritic - 51%အထိရထားပြီး musical ဖြစ်တာနဲ့ Shawn Mendesက မိ​ကျောင်း​လေးလိုင်းအဖြစ် သီချင်း ​ဆိုပြဦးမှာပါ။​မျက်လှည့်ဆရာ ဟက်တာ ပီ ဗဲလန်တီဟာ မ​အောင်မြင်တဲ့ပြကွက် ​တွေ​နဲ့ နာမည်ပျက်နေတဲ့ မျက်လှည့်ဆရာဖြစ်ပြီး ဘဝတစ်ဆစ်ချိုး ​ပြောင်းလဲ​စေမယ့် ပြကွက်ကိုရှာ​ဖွေဖို့ ကြိုးစား​နေသူ​ပါ။ တစ်​နေ့မှာ တိရစ္ဆာန်အ​​ရောင်းဆိုင်တစ်ခုမှာ သူရှာ​​ဖွေ​နေတဲ့ ပြကွက်တစ်ခုကို ​တွေ့သွားပါတယ်။အဲဒါက​တော့ သီချင်းဆိုတတ်တဲ့ မိ​ကျောင်း​​လေး တစ်​​ကောင်ပါ။ သူ့နာမည်ကို လိုင်းလို့ပေးလိုက်ပြီး ၂​ယောက်တူတူ သီချင်းတိုက်ကာ​ ​အောင်မြင်တဲ့ပြကွက်တစ်ခုကို ဖန်တီးနိုင်မယ်လို့ ယုံကြည်ခဲ့​ပေမယ့် ပွဲ​နေ့ကျမှ လိုင်းဆီက ​သီချင်းသံထွက်မလာလို့ ပိုနာမည်ပျက်သွားသလို ဗဲလန်တီလည်း လိုင်းကိုသူ့အိမ်ထပ်ခိုးမှာ စွန့်ပစ်သွားခဲ့ပါတယ်။ဒီလိုနဲ့အချိန်​တွေကြာတော့ ထိုအိမ်ကို ပိုင်ရှင်​သစ်​တွေ​ရောက်လာပြီး လိုင်းကို​တွေ့သွားသလို သူတို့ကြား​ ဗရုတ်သုက်ခ​​မျိုးစုံ ဖြစ်တဲ့အပြင် ပိုင်ရှင်​ဟောင်း ဗဲလန်တီကပါ လိုင်းကိုပြန်လာရှာတဲ့အခါ အိမ်ပိုင်ရှင် အသစ်နဲ့အ​ဟောင်းကြား အဆင်​ပြေပါ့မလား၊လိုင်းက​​ရော ဘယ်လို ပြဿနာ​တွေ ရှာဦးမလဲ။ လိုင်းရဲ့ ...
movie

Lyle, Lyle, Crocodile (2022)

2022
8-Bit Christmas (2021) 6.8
8-Bit Christmas (2021) ခရစ်စမတ်ကာလအတွက် အခွီကားလေးတစ်ကားဖြစ်ပါတယ်သမီးဖြစ်သူက ဖုန်းဝယ်ပေးဖို့နားပူနားဆာလုပ်တာကို ခံနေရတဲ့ဂျိတ်ဒွိုင်းဟာ သူငယ်ငယ်က Nintendo ဂိမ်းစက်ကိုထုတ်ပြရင်း ဂိမ်းစက်ကိုရဖို့ ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရပုံ စွန့်စားခန်းတွေကြုံတွေ့ခဲ့ရပုံကို ပြောပြဖို့ဖြစ်လာပါတယ်။ပထမဆုံး Nintendo ခေတ်စားခါစ ၁၉၈၀ခုနှစ်နောက်ပိုင်းကာလမှာ ဂျိတ်ဒွိုင်းဟာ ဂိမ်းတစ်ခါဆော့ရဖို့ သူဌေးသားတင်မီကင်းန်ရဲ့အိမ်မှာ အတန်းဖော်တွေနဲ့အတူ တန်းစီစောင့်ရတဲ့အ​ခြေအနေပါ။ တစ်နေ့မှာ အဲ့ဒုက္ခတွေကိုမခံနိုင်တော့တဲ့အဆုံး ဂျိတ်တစ်ယောက် ကိုယ်ပိုင်ဂိမ်းစက်ဝယ်နိုင်အောင်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဂျိတ်ရဲ့မိဘတွေကို ပူဆာလို့မရတဲ့အခါ ကင်းထောက်လူငယ်ကျောင်းသားပြိုင်ပွဲမှာ ပထမဆု Nintendo ဆုချမယ်လို့ သိခဲ့ပြီး အခွင့်အရေးကိုလက်လွှတ်မခံပဲ အိမ်မက်အကောင်အထည်ဖော်ဖို့ အစီအစဥ်ချပါတော့တယ်။ခရစ်စမတ်ဇာတ်လမ်းဆိုတဲ့အတိုင်း မိသားစုနဲ့ကြည့်ဖို့အသင့်တော်ဆုံးဖြစ်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့သင်ခန်းစာတွေပါတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ငယ်ငယ်ကကြုံခဲ့ရတာတွေ ပြန်မြင်ယောင်ပြီး ခွီစေရမှာဖြစ်တဲ့အပြင် Nintendo ပရိတ်သတ်ဆိုရင် ပိုပြီးတောင်ကြည့်သင့်ပါတယ်လို့ ပြောလိုက်ပါရစေ။ File size…(1.8 GB) / (900 Mb) Quality….Webrip 1080p / 720p  Format…mp4 Duration….01:37:00 Genre...Comedy, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein  
movie

8-Bit Christmas (2021)

Nightbooks(2021) 6.6
Nightbooks(2021) Nightbooks 2021IMDb 6.6/10ကလေးများအကြိုက် Dark Fantasy Netflix ကားလေးတစ်ကားလာပါပြီသရဲပုံပြင်အရမ်းကြိုက်တတ်တဲ့ အဲလက်စ်လေး သရဲကားတစ်ကားပိုင်မုန့်တစ်ခုနဲ့ မျှားခံရရုံနဲ့ရုပ်ချောချောစုန်းမကြီးရဲ့ထောင်ချောက်ထဲမိသွားပြီးသူ့ရဲဲ့တိုက်ခန်းထဲမှာ နေသွားရတော့ဖို့အကြောင်းဖန်လာပါတယ်အသက်မသေအောင် စုန်းမကြီးကို ညတိုင်း သရဲပုံပြင်တွေဖတ်ပြရင်းနဲ့သူ့လိုပဲ စုန်းမကြီးရဲ့တိုက်ခန်းထဲမှာ ပိတ်မိနေတဲ့ ယာစမင်းဆိုတဲ့အခိုင်းအစေကောင်မလေးနဲ့ ပေါင်းမိပြီးတော့အဲ့ဒီတိုက်ခန်းထဲကနေ လွတ်မြောက်အောင် ဘယ်လိုဉာဏ်နီဉာဏ်နက်တွေထုတ်သုံးကြမယ်ဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ် File size…1.66GB / 791 MB/ 405MB Quality…1080p WEB .264 5.1CH Format…MP4 Duration….1h 40mins Subtitle….Myanmar Subtitle(Hrad Sub) Encoder….YK Translated by Jerrica & Amelia
movie

Nightbooks(2021)

2021
Come Play (2020) 5.7
Come Play (2020) Come play (2020)==============IMDb Rating - 5.7/10Horror ချစ်သူတွေအတွက် ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးတင်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဉ်းကတော့ အိုလီဗာက အော်တစ်ဇင်ဖြစ်နေတဲ့ကောင်လေးပါ၊ စကားပြောနိုင်အောင်ကုထုံးခံယူနေရပြီး ဖုန်းနဲ့တစ်ဆင့်ပဲ လူတွေကို ပြောဆိုဆက်ဆံပါတယ်။ကျောင်းမှာ သူငယ်ချင်းလည်းမရှိတာကြောင့် အတော်အထီးကျန်ရှာပြီး အမြဲကာတွန်းပဲဲကြည့်နေတတ်ပါတယ်၊တနေ့မှာတော့ သူ့ဖခင်ဖြစ်သူ အလုပ်ကနေ ယူလာတဲ့ tablet တစ်လုံးကတစ်ဆင့် မူမမှန်တဲ့သဘာဝလွန် အရာတစ်ခုထွက်ပေါ်လာပြီး အိုလီဗာကို အန္တရာယ်ပေးလာတဲ့အခါမှာတော့ . . . ၂၀၁၇ မှာထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းတိုကိုကျောရိုးယူထားပြီး ရိုက်ကူးထားကာ IMDb Rating အနေနဲ့ 5.7/10 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 36minSubtitle – Myanmar HardsubFormat – Mp4Genre : Drama, Horror, MysterySource ...
movie

Come Play (2020)

2020
Timmy Failure: Mistakes Were Made (2020) 6.1
Timmy Failure: Mistakes Were Made (2020) Timmy Failure: Mistakes Were Made(2020) IMDb - 6.1/10________Rotten - 88%  (Unicode)ဒီတစ်ခေါက်တော့ထွက်ထားတာသိပ်မကြာသေးတဲ့ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်..... Timmy Failure ဆိုတာ သူ့ကိုယ်သူမြို့ရဲ့အတော်ဆုံးစုံထောက်လို့ယူဆနေတဲ့ ၁၁နှစ်အရွယ်ကောင်လေးတစ်ယောက်ပါ.... ငယ်ငယ်ရွယ်ရွယ်နဲ့ဖခင်ဖြစ်သူအိမ်ကထွက်သွားလို့ အမေဖြစ်သူကအလုပ်တွေအရမ်းလုပ်ပြီးတော့ သားဖြစ်သူကိုအလိုလိုက်ခံထားရတဲ ကလေးတစ်ယောက်ပေါ့.... သူ့စိတ်ကူးထဲကTotal လို့အမည်ရတဲ့ပေါင်၁၂၀၀လောက်အလေးချိန်ရှိတဲ့ ပိုလာဝက်ဝံကြီးနဲ့ Total Failure ဆိုတဲ့ စုံထောက်အေဂျင်စီတစ်ခုကို တည်ထောင်ထားပါတယ်..... ကျောင်းစာကိုစိတ်မဝင်စားပဲ စုံထောက်လုပ်ဖို့အတွက်ပဲ စိတ်ထဲရှိနေတဲ့ တင်မီတစ်ယောက်အတွက်တော့ ပတ်ဝန်းကျင်မှာနေထိုင်ရတာ အခက်အခဲတွေများလှပါတယ်..... သူစိတ်တိုင်းကျ အမှုတွေလိုက်ရင်းနဲ့ လောကကြီးအကြောင်း လူတွေအကြောင်း ဘယ်လိုသိမြင်လာမလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်.... ဒီဇာတ်ကားလေးမှာ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် ဘယ်လိုပဲကျရှုံးကျရှုံး ကိုယ်ချစ်တဲ့အလုပ်ဆိုရင် အတိုက်အခိုက်တွေကြားထဲကနေ ကြိုးစားပြီးလုပ်ကိုင်ဖို့ သင်ခန်းစာပေးထားတာကိုတွေ့ရပါတယ်.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizas ပါ....(Zawgyi)ဒီတစ်ခေါက်တော့ထွက်ထားတာသိပ်မကြာသေးတဲ့ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်..... Timmy Failure ဆိုတာ သူ့ကိုယ်သူမြို့ရဲ့အတော်ဆုံးစုံထောက်လို့ယူဆနေတဲ့ ၁၁နှစ်အရွယ်ကောင်လေးတစ်ယောက်ပါ.... ငယ်ငယ်ရွယ်ရွယ်နဲ့ဖခင်ဖြစ်သူအိမ်ကထွက်သွားလို့ အမေဖြစ်သူကအလုပ်တွေအရမ်းလုပ်ပြီးတော့ သားဖြစ်သူကိုအလိုလိုက်ခံထားရတဲ ကလေးတစ်ယောက်ပေါ့.... သူ့စိတ်ကူးထဲကTotal လို့အမည်ရတဲ့ပေါင်၁၂၀၀လောက်အလေးချိန်ရှိတဲ့ ပိုလာဝက်ဝံကြီးနဲ့ Total Failure ဆိုတဲ့ စုံထောက်အေဂျင်စီတစ်ခုကို တည်ထောင်ထားပါတယ်..... ကျောင်းစာကိုစိတ်မဝင်စားပဲ စုံထောက်လုပ်ဖို့အတွက်ပဲ စိတ်ထဲရှိနေတဲ့ တင်မီတစ်ယောက်အတွက်တော့ ပတ်ဝန်းကျင်မှာနေထိုင်ရတာ အခက်အခဲတွေများလှပါတယ်..... သူစိတ်တိုင်းကျ အမှုတွေလိုက်ရင်းနဲ့ လောကကြီးအကြောင်း လူတွေအကြောင်း ဘယ်လိုသိမြင်လာမလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်.... ဒီဇာတ်ကားလေးမှာ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် ဘယ်လိုပဲကျရှုံးကျရှုံး ကိုယ်ချစ်တဲ့အလုပ်ဆိုရင် အတိုက်အခိုက်တွေကြားထဲကနေ ကြိုးစားပြီးလုပ်ကိုင်ဖို့ သင်ခန်းစာပေးထားတာကိုတွေ့ရပါတယ်.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizas ပါ....File Size : (900 ...
movie
