Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Woo Wing-Tat
6.3
My Lucky Stars (1985)
ဒီတစ်ကားမှာတော့ မာဆယ် (ဂျက်ကီချန်း) နှင့် ရစ်ကီတို့ဟာ ရဲဌာနက သိမ်းဆည်းရမိတဲ့လက်ဝတ်ရတနာတွေကို ခိုးထုတ်ပြီးတော့ သစ္စာဖောက်ပြီး ဂျပန်ကိုရှောင်ပြေးသွားတဲ့ စုံထောက်တစ်ယောက်ကို ဂျပန်ထိ လိုက်ဖမ်းရပါတော့တယ်။ ဒါပေမဲ့ ဒီသစ္စာဖောက်စုံထောက်ဟာ ဂျပန်က စာခြောက်ရုပ်ဂိုဏ်းကို ဝင်ရောက်ခိုလှုံသွားတဲ့အတွက် သူတို့နှစ်ယောက်သား ဒီဂိုဏ်းနဲ့ ပတ်သက်ရပြီး ရစ်ကီတစ်ယောက်အဖမ်းခံရတဲ့အတွက် မာဆယ် (ဂျက်ကီချန်း) တစ်ယောက် ဟောင်ကောင်အထူးရဲတပ်ဖွဲ့ကို တပ်ကူတောင်းရပါတော့တယ်။မာဆယ်က ရဲမှန်းမသိသာဘဲ စိတ်ချယုံကြည်ရမယ့် သူ့ဘော်ဒါဖြစ်တဲ့ တုတ်ကြီးကို လွှတ်ပေးဖို့ အကူအညီတောင်းပါတယ်။ ဒီအချိန်မှာ တုတ်ကြီးက မာဆယ်သတင်းပေးလို့ ထောင်ကျနေတာဖြစ်လို့ မာဆယ်က တုတ်ကြီးကို တစ်ဖက်လှည့်နဲ့ ပြန်လွှတ်စေချင်တာပါ။ ဒီလိုနဲ့ တုတ်ကြီးကို လွှတ်ငြိမ်းခွင့်ပေးပြီး ဂျပန်သွားခိုင်းပါတော့တယ်။ ဒါနဲ့ တုတ်ကြီးကလည်း သူ့ဘော်ဒါရင်းတွေဖြစ်တဲ့ ပြောင်ကြီး၊ ဆန်ဒီ၊ ဂင်ရှင်း၊ ရာဝစ်တို့ကိုပါ ခေါ်သွားချင်တဲ့အတွက် ကြီးကြပ်ရေးမှူးလည်း ခွင့်ပြုလိုက်ပေမယ့် သူ့လက်ထောက်ကောင်မလေးပါထည့်လိုက်ပြီး တစ်ပြုံတမကြီး ဂျပန်လစ်ပါတော့တယ်။ ဒီအချိန်မှာ တုတ်ကြီးတို့အဖွဲ့ ...
movie
My Lucky Stars (1985)
6.2
Twinkle, Twinkle, Lucky Stars (1985)
ဒီဇာတ်ကားလေးကတော့ တရုတ်ကားတွေမှာ မြင်နေကျ ဂျက်ကီချန်းအပါအဝင် ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေ အရွယ်ကောင်းတုန်းက ရိုက်ကူးထားတဲ့ အက်ရှင်ဟာသဇာတ်ကားလေးတစ်ပုဒ်ပါ။ချီချီဝမ်ဆိုတဲ့ ပြဇာတ်သရုပ်ဆောင် ကောင်မလေးရဲ့ မိတ်ဆွေဖြစ်သူဟာ မူးယစ်ဆေးကုန်သွယ်မှုအကြောင်း သတင်းပေးထားတဲ့ စာတစ်စောင်ကို သူမဆီပို့လိုက်ပြီးတဲ့နောက်မှာ အသတ်ခံလိုက်ရပါတယ်။ ဒီအတွက်ကြောင့် ဒီသတင်းပေးထားတဲ့ စာစောင်ကို ရရှိမှ အမှုဆက်လိုက်လို့ရမှာဖြစ်တဲ့ စုံထောက်တွေဖြစ်တဲ့ ဂျက်ကီချန်းတို့ဟာ ချီချီဝမ်ကို အန္တရာယ်ကင်းကင်းနဲ့ စာကို လက်ခံရရှိနိုင်ပြီး သူတို့လည်း အမှုဖြောင့်ဖြောင့်စုံစမ်းလို့ရအောင် အသိဘော်ဒါတွေအိမ်မှာ ချီချီဝမ်ကို ပို့ထားလိုက်ပါတော့ တယ်။ဒီတော့ ဒီဘော်ဒါတစ်အုပ် မိန်းကလေးချောချောလေး အိမ်ပေါ်ရောက်လာတော့ ဘယ်လိုအကြံအဖန်တွေလုပ်ပြီး နှာထကြမလဲ၊ မူးယစ်ဆေးအမှုကိုရော ဒီကောင်တွေက ဘယ်လိုစောက်တလွဲတွေလုပ်ရင်းနဲ့ အမှုကို ကူညီဖော်ထုတ်သွားမလဲဆိုတာ ခွက်ထိုးခွက်လန်ရယ်မောရင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂျက်ကီချန်း အရွယ်ကောင်းတုန်းက အချိန်ကို ပြန်မြင်ရမှာကလည်း အမြတ်ပါပဲ။ ဒီဇာတ်ကားက စော်ငြင်းကောင်၊ စောက်ပေါ၊ နှာဘူးဖွန်ကောင်တွေ၊ အတည်ပေါက်နဲ့ နောက်တဲ့ကောင်တွေအပြင် ဇာတ်ကောင်မျိုးစုံပါဝင်တဲ့အတွက် ရှယ်ရယ်ရမှာဖြစ်ပြီး ကြည့်ရတာတန်တဲ့ကားဖြစ်ပါတယ်။ ဒီတော့ ...
movie
Twinkle, Twinkle, Lucky Stars (1985)
6.6
Yes, Madam! (1985) In the Line of Duty-2
မြန်မာပြည်မှာ ဟောင်ကောင်ဂျက်မလို့ လူသိများကြတဲ့ ဇာတ်ကားတွေကို ပြန်လည်တင်ဆက်သွားပါ့မယ်...ဟောင်ကောင်ဂျက်မဆိုတာက အဲ့ချိန်တုန်းကမြင်ရခဲတဲ့ ဆံပင်တိုတိုနဲ့ ဟောင်ကောင်ရဲမေစုံထောက် ကွန်ဖူးဖိုက်တာတွေကို ဆိုလိုတာပါ...ဇာတ်ကားအများစုကို မီရှဲယိုနဲ့ Cynthia Khan တို့အဓိက သရုပ်ဆောင်ခဲ့ကြပါတယ်။ဂျက်မ Franchise အဖြစ် နာမည်ကြီးကြတာတော့ In The Line of Duty ဆိုတဲ့ဇာတ်ကားတွေပါပဲ။ဟောင်ကောင်ရဲ့ ရုပ်ရှင်ရွှေခေတ်မှာ နာမည်ကြီးခဲ့ကြတဲ့ မင်းသားမင်းသမီးအကုန်နီးပါး ဒီ Franchise ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ကြပါတယ်။၁၉၉၀ ခုနှစ်လောက်က ဇာတ်ကားတွေဆိုပေမယ့် အခုချိန်ထိ ခေတ်မီနေပြီး သွက်လက်တဲ့ Action တွေကို ခံစားရမှာပါ။ဂျက်ကီချန်းရဲ့ဇာတ်ကားတွေလိုပဲ Action,Comedy,Drama Theme တွေကို လှလှပပ ကူးသန်းချိတ်ဆက်ထားပါတယ်။ခုပထမဆုံးတင်ဆက်လိုက်တဲ့ Yes, Madam! (1985) ဇာတ်ကားကတော့ In The Line of Duty-2 သို့မဟုတ် Police Assassins 2 အဖြစ်လဲ ခေါ်ဆိုကြပါတယ်။မင်းသမီးမီရှဲယိုနဲ့ အမေရိကန်မင်းသမီး ...
movie
Yes, Madam! (1985) In the Line of Duty-2