Channel Myanmar

Wu Chunyi

Ban Drugs ( 2023 ) 5.9
Ban Drugs ( 2023 ) ဒါကတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေးမှာ တွဲဖက်ပါတနာကိုစတေးလိုက်ရတဲ့...... စခန်းမှူးကျန့်(၁၅)နှစ်ကြာပြီးနောက်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေးမှာ တွဲဖက်ပါတနာကိုဆုံးရှုံးလိုက်ရတဲ့....အဖွဲ့ခေါင်းဆောင်လု အဖေလို ပြည်သူအတွက်အသက်ပေးပြီး အာဇာနည်ဖြစ်ချင်တဲ့... ရဲအရာရှိလေးဝမ်သူတို့(၃)ယောက်ပူးပေါင်းပြီး (၁၅)နှစ်ကြာအောင် ဖမ်းမမိနိုင်ပဲ ဥပဒေပြင်ပကိုရောက်နေတဲ့ မြေနဂါး တိလုံကို အမိအရဖမ်းဆီးနိုင်ဖို့ကြိုးစားတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ပင်းဟိုင်မြို့မှာ မူးယစ်တိုက်ဖျက်ရေးစစ်ဆင်ရေးကြီးတစ်ခုလုပ်ခဲ့ပြီးနောက်မှာ မူးယစ်ဆေးရောင်းဝယ်မှုကြီးကြီးမားမားမရှိတော့ပါဘူး။ ဒါပေမယ့် (၁၅)နှစ်ကြာပြီးနောက်မှာ မူးယစ်ဆေးပမာဏများများရောင်းဝယ်တဲ့အမှုပြန်လည်ဖြစ်ပေါ်လာခဲ့ပါတယ်။ ပြစ်မှုကျူးလွန်ပြီးသေသွားတဲ့ သူကလွန်ခဲ့တဲ့(၁၅)နှစ်က မူးယဇ်ရာဇာတိလုံရဲ့ DNAနဲ့တော်တော်လေးကိုက်ညီနေတာကိုတွေ့လိုက်ရတဲ့ခါ ပင်ဟိုင်မြို့ရဲ့ မူးယစ်ဆေးလောကကြီးကပြန်လည်တစ်ဖန်အသက်ဝင်လာပါတော့တယ်။ လွန်ခဲ့တဲ့(၁၅)နှစ်ကအမှုနဲ့ဘယ်လိုများပတ်သက်နေမလဲ...... ဒီတစ်ခါမှာရော မူးယစ်တိုက်ဖျက်ရေးစစ်ဆင်ရေးအောင်မြင်နိုင်မလား...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Drama Runtime : 1h 39 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Ban Drugs ( 2023 )

Quick CounterAttack ( 2023 ) 5.8
Quick CounterAttack ( 2023 ) အင်တာနက်ခေတ်ကြီးမှာ အင်တာနက်ဒုစရိုက်မှုတွေလည်း များပြားလာတာ မဆန်းပါဘူး။ ဒုစရိုက်သမားတွေကြောင့် ဘဝပျက်ရတဲ့ လူတွေလည်း မနည်းပါဘူး။ ဒီရုပ်ရှင်လေးကတော့ ဒုစရိုက်မှုတွေကို သရုပ်ဖော်ထားတဲ့ အက်ရှင်ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။အာဖရိကမှာ လုံခြုံရေးအလုပ်လုပ်နေတဲ့ မာရွှိတုန်းဟာ သမီးဖြစ်သူ ပျေ ာက်သွားတဲ့ သတင်းကို ကြားသိခဲ့ရပါတယ်။ တရုတ်နိုင်ငံကိုပြန်ပြီး သူ့သမီးကို လိုက်ရှာတဲ့အချိန်မှာ ဒုစရိုက်ဂိုဏ်းကြီးတစ်ခုနဲ့ ဆက်နွယ်နေတာ သိလိုက်ရပါတယ်။ သမီးကို ကယ်ဆယ်ဖို့အတွက် မာရွှိတုန်းတစ်ယောက် အန္တရာယ်များစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။မိန်းကလေးတွေကို လိမ်လည်ပြီး ငွေချေးတာကနေ တစ်ဆင့် ဒုစရိုက်ဂိုဏ်းတွေရဲ့ လုပ်ငန်းလည်ပတ်ပုံအဆင့်ဆင့်ကို ရိုက်ပြထားတာဖြစ်ပြီး အက်ရှင်ကားပီပီ သွေးထွက်သံယိုများကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ မာရွှိတုန်းတစ်ယောက် သူ့သမီးကို ကယ်နိုင်ပါ့မလား...... ဒုစရိုက်ဂိုဏ်းကြီးကိုရော ရဲတပ်ဖွဲ့ကနေရော အပြတ်ရှင်းနိုင်ပါ့မလား...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 23 min Subtitle : Myanmar Subtitle ( Hardsub ) Translated ...
movie

Quick CounterAttack ( 2023 )

The Case of the Four Demon Coffins ( 2023 ) 5.8
The Case of the Four Demon Coffins ( 2023 ) ယခုတစ်ခေါက် CM ရဲ့ ပရိသတ်တို့အတွက် သဲထိတ်ရင်ဖို မှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့-မင်ကော်ခေတ် ဝေးလံလှတဲ့ မြို့ငယ်လေးတစ်ခုမှာ ဖြစ်ပါတယ်။ မြို့က လူဆိုးထိန်း စန်းကိန်းနှင့် ချီးရှီတို့ဟာ အမိန့်အရ လူသတ်မှုတွေကို လိုက်လံစုံစမ်းရာ သံသယဖြစ်စရာ ကွင်းဆက် လူသတ်မှုကို စုံစမ်းမိသွားပါတယ်။အမှုတွေမှ တစ်ဆင့် လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ရန်ငြိုးဟောင်းတွေလည်း ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ အမှုကို အဆင့်ဆင့် လိုက်လံစုံစမ်းနေပေမဲ့ အမှုတွေက ပိုပြီးတော့ ထူးဆန်းလာနေပါတယ်။အမြဲတမ်းတည်ငြိမ်အေးချမ်းတဲ့ မြို့လေးမှာ အခုတော့ နတ်တွေ သရဲတွေနဲ့ ရှုပ်ထွေးနေတဲ့ အနံ့အသက်တွေနဲ့ ဖုံးလွမ်းနေပါတော့တယ်။ စန်းကိန်းတို့တစ်တွေ လူသတ်မှုရဲ့ တရားခံအစစ်ကို ရှာတွေ့နိုင်ပါ့မလား...... တရားခံကရော ဘယ်လိုအကြောင်းကြောင့် လူသတ်နေရတာလဲ...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Mystery , Drama Runtime : 1h 19 min Subtitle : Myanmar Subtitle ...
movie

The Case of the Four Demon Coffins ( 2023 )

Robot No. 8 ( 2023 ) 5.7
Robot No. 8 ( 2023 ) CM ကနေဒီတစ်ခါစုံထောက်ဇာတ်လမ်းတွဲတွေကမှ အက်ရှင်ဇာတ်ကားလေးတစ်ကားလေးဖြစ်တဲ့ Robot No8 ဇာတ်ကားလေးပဲဖြစ်ပါတယ်။ယနေ့ခေတ်နည်းပညာတိုးတက်လာတဲ့အချိန်စက်ရုပ်တွေ တီထွင်လာတဲ့ခေတ်မှာ အကျိုးအပြစ်ဆိုတာရှိလာတတ်ကြတာပေါ့။ ဇာတ်လမ်းလေးထဲမှာ စက်ရုပ်ကိုသုတေသနလုပ်တဲ့ စင်တာတစ်ခုမှာ လောရှောင်တန်လို့ပါမောက္ခက ကမ္ဘာအပြင်ဘက်ကနေစီလီကွမ် အခြေခံထားတဲ့ ဇီဝရုပ်ဖြစ်တစ်ခုကိုတွေ့ရှိခဲ့ပြီးသူ့ကို စက်ရုပ်ကိုယ်ထဲသွင်းဖို့ကြိုးစားတယ်။သူ့ကို စက်နှလုံးသားလို့ခေါ်ပြီးသူသာလူ့ခန္ဓာကိုယ်ထဲ ရောက်သွားရင်ရက်စက်ကြမ်းကြုတ်ပြီး အထိန်းအကွပ်မဲ့သွားတဲ့ လူသားအဖြစ်ပြောင်းလဲသွားမှာဖြစ်တယ်။ တစ်ရက်ကျတော့ ချန်နန်ဆိုတဲ့ မိန်းကလေးဟာ လောရှောင်တန်ကိုတစ်ဖက်သတ်ကြိုက်နေပြီး အဲ့ဒီ့ စက်နှလုံးသားကိုသူ့ခန္ဓာကိုယ်ထဲ ထည့်သွင်းစမ်းသပ်ဖို့ ကြိုးစားတဲ့အချိန်မှာတကယ်ပဲ အထိန်းအကွပ်မဲ့ပြီး လူတွေကိုရက်ရက်စက်စက် သတ်ဖြတ်တဲ့လူသားအဖြစ် ပြောင်းလဲသွားတဲ့အချိန် ရှောင်ခယ်ဆိုတဲ့လောရှောင်တန်ပါမောက္ခရဲ့ သမီးရှေ့မှာ သူ့အဖေအသတ်ခံရတာကို မြင်သွားခဲ့တာပေါ့။အဲ့အချိန်မှာသူ့အဖေကိုယ်တိုင် လုပ်ထားတဲ့ ပါးဟောက်ဆိုတဲ့ စက်ရုပ်လေးကနိုးထလာပြီး သူ့သမီးနဲ့သူ့အဖေသူငယ်ချင်းကို လိုက်လံကာကွယ်ပေးသလို အသိဉာဏ်မဲ့သွားတဲ့ စက်ရုပ်တွေတိုက်ခိုက်မှုကနေလည်း ကာကွယ်ပေးတယ်။ ကဲဒီတော့ဒီစက်ရုပ်သုတေသန စင်တာတစ်ခုလုံးမှာ အသိဉာဏ်မဲ့နေတဲ့စက်ရုပ်တွေကြားက ဒီပါးဟောက်စက်ရုပ်ဘယ်လိုဖြစ်ပြီး အသိဉာဏ်အပြည့်အဝရှိနေတာလဲ။ လောရှောင်တန်ပါမောက္ခကကော ဘာရည်ရွယ်ချက်နဲ့များဒီစက်ရုပ်ကို ထွင်ထားခဲ့တာလဲ။ အချစ်ကနေအမုန်းအဖြစ်ပြောင်းလဲသွားတဲ့ ချန်နန်တစ်ယောက်ဘယ်လိုတွေလိုက်တိုက်ခိုက်နေမလဲ။ အသိဉာဏ်မဲ့စက်ရုပ်တွေကို ဘယ်လိုအဆုံးသတ်ရှင်းပစ်မလဲစတဲ့ စိတ်ဝင်စားစရာကောင်းစရာတွေကိုကြည့်ရူလိုက်ရအောင်။ဒီဇာတ်ကားလေးကတော့ အချစ်အမုန်းခံစားချက်ရှိတဲ့လူသားနှလုံးသားကို တုပပြီးစက်ရုပ်ကိုယ်ထဲထည့်ဖို့တီထွင်ဖန်တီးနေကြတဲ့ ယနေ့ခေတ် နည်းပညာလောကရဲ့ဖြစ်တည်လာမယ့်ဆိုးကျိုးတွေကို မီးမှောင်းထိုးပြသွားတာဖြစ်သည့်အတွက်ကြည့်ရူသင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Science Fiction , Adventure Runtime : 1h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK
movie

Robot No. 8 ( 2023 )

Billiards King ( 2023 ) 5.9
Billiards King ( 2023 ) ရုပ်ရှင်အမျိုးအစားအတိုင်း ဟာသ‌နှောပြီး ဘိလိယက်အားကစားလောကရဲ့ အခြေခံသဘောတရားတွေကို တစ်ဝကြီးကြည့်ရှုရမဲ့ - Billiard's King_ဘိလိယက်ဘုရင်မဏ္ဍိုင်‎(东北球王)ရွာတစ်ရွာက အခြေခံလူတန်းစားတစ်ယောက်ဖြစ်ပြီး ဝါသနာတစ်ခုနဲ့ ဘိလိယက်ကိုခုံမင်တဲ့ -ကျိုးသာ့ဖားသူ့ရဲ့အိမ်မက်ကတော့ မြို့ကိုတက်ပြီး "တရုတ်ဘိလိယက် ကမ္ဘာ့အဆင့်မြင့်စိန်ခေါ်ပွဲစဉ်"မှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရပြီး ချန်ပီယံဖြစ်‌ဖို့ပဲ ဖြစ်ပါတယ် ဒါပေမဲ့မိခင်ဖြစ်သူဟာ ကျိုးသာ့ဖားကို အတင်းလက်ထပ်ပေးဖို့ စီစဉ်ပါတော့တယ်၊ ဒီလိုနဲ့ ကျိုးသာ့ဖားဟာ ရွာကနေထွက်သွားပြီး အိမ်မက်တွေဆီကိုအရောက်လှမ်းဖို့လုပ်တဲ့အခါ。。。∆ရွာမှာရိုးရှင်းစွာဘဝကိုဖြတ်သန်းနေတဲ့သူတစ်ယောက် ရပ်ခြားမြေခြားမှာ ဘယ်လို စိန်ခေါ်မှာတွေကိုရင်ဆိုင်ရမလဲ ဝါသနာနဲ့အလုပ်မှာရော ဘယ်လိုကွဲပြားမှုတွေရှိတာကို သူသိလိုက်ရမလဲ ? ပြိုင်ပွဲအတွက်ကြိုးစားရင်း သိကျွမ်းရတဲ့မိန်းမလှလေးဟောင်ယွင်နဲ့သူ့ကြားက အဆုံးသတ်ဟာရော ဘယ်လိုဇာတ်လမ်းမျိုးနဲ့ ဇာတ်သိမ်းလိမ့်မလဲ...?∆ချန်ပီယံဆုကိုရော အနိုင်ယူနိုင်ပါ့မလား?ဒီလိုဟာသနှောပြီးပေါ့ပေါ့ပါးပါးရုပ်ရှင်လေးဖြစ်တာမို့ ပိတ်ရက်မှာအနားယူရင်း ကြည့်ရှုနိုင်အောင်တင်ဆက်ပေးလိုက်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Clytie Encoded by LK
movie

Billiards King ( 2023 )

Drug Hunting Operation ( 2021 ) 6.1
Drug Hunting Operation ( 2021 ) ဒီဇာတ်ကားလေးဟာဆိုရင် တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ ဖြစ်ရပ်မှန် ကွမ်တုန်း မူးယစ်ဆေးဝါး အမှုတစ်ခုဖြစ်တဲ့ "GG Project" ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်လူငယ်ရဲတပ်ဖွဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဝမ်ရှင်း / ခေါင်းဆောင် လီကွမ်းဖုန်းတို့နဲ့အတူတူ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များဟာ မူးယစ်ဆေးဝါး နှိမ်နှင်းရေး တိုက်ပွဲတစ်ခုကို အသေအကျေ ဝင်ရောက်ခဲ့ပုံတွေကို ပုံဖော်ပြထားတဲ့ ကားလေးဆိုရင်လဲ မမှားပါဘူး နိုင်ငံတကာ မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖောက်မှု အမှုတစ်ခုကို စစ်ဆေးဖို့အတွက် ဆောင်ရွက်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ရဲ့ ပုံရိပ်တွေ / လက်တွေ့ကျကျ စေ့စပ်မှုတွေနဲ့ တာဝန်ကို ထမ်းဆောင်ခဲ့ကြတဲ့ ပုံရိပ်တွေ ကိုလဲ ရိုက်ပြထားပါသေးတယ်ဒါ့အပြင် ပစ်ခတ်မှုတွေ ရန်ပွဲတွေ ဖောက်ခွဲမှုတွေကြားက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မြင်ကွင်းများကို မီးမောင်းထိုး ရိုက်ကူးထားတဲ့ ကားလေးဖြစ်တာမို့ Action ကားတွေ ကြိုက်နှစ်သက်တဲ့ သူတွေ အနေနဲ့ကတော့ ဒီကားလေးကိုကြိုက်နှစ်သက်မိမှာအမှန်ပါပဲရှင် အဲ့တော့ အခုပဲ ကြည့်ရှုလိုက်ရအောင်ပါနော် [ Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : ...
movie

Drug Hunting Operation ( 2021 )

Reincarnation Land ( 2022 ) 5.8
Reincarnation Land ( 2022 ) Reincarnation Landဆိုတဲ့ ဇာတ်ကားကိုတော့ 2021ထဲမှာထွက်ထားတဲ့LuoYang seriesလေးကို ကြည့်ရှုရင်းနှီးပြီးသား ပရိသတ်တို့အတွက်ဒီmovieလေးကိုကြည့်ဖို့ recommendပေးချင်ပါတယ်ဒီဇာတ်ကားကတော့ လော့ယန်မြို့မှာဖြစ်ပွားခဲ့တဲ့မှုခင်းတစ်ခုကိုအခြေခံပြီး ရိုက်ကူးပြသသွားတာဖြစ်ပါတယ်ပုလျန်ကျင်မြို့လို့ခေါ်တဲ့ မြေအောက်ထဲမှာရှိနေတဲ့ လူတွေရှုံ့ချခြင်းခံရတဲ့မြို့ငယ်လေးမှာ လူလိမ်မလေးဆိုပြီး နာမည်ပြောင်ရထားတဲ့ကောင်မလေးတစ်ယောက်ကနေ ဒီပုံပြင်လေးကစတင်ခဲ့တာပါပုလျန်ကျင်မြို့က ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့မရတဲ့အကျည်းထောင်လို့ပြောရင်မမှားပါဘူးဒါပေမဲ့ လူလိမ်မလေးက သူတို့နတ်တစ်ပါးလိုယုံကြည်ကိုးကွယ်တဲ့တစ္ဆေဘုရင်ကို အလုပ်တွေလုပ်ပေးရာမှဒီပုလျန်ကျင်မြို့ကထွက်ခွာနိုင်ပြီး လော့ယန်မြို့ထဲကိုရောက်လာတာပါလော့ယန်မြို့ဆိုတာလည်း အဆင့်တန်းမြင့်တဲ့လူတန်းစားတွေနဲ့နေထိုင်နိုင်ပြီးစည်းစိမ်ဥစ္စာကြွယ်ဝချမ်းသာတဲ့မြို့လို့ တင်စားရင်လည်းမမှားပါဘူးချင်းချင်းလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ရော သူ့အဖေရဲ့မှုခင်းအတွက်သက်သေရှာဖို့အတွက် ပုလျန်ကျင်မြို့ထဲကိုရောက်လာပါတယ်ဒါပေမဲ့ ထူးဆန်းတာက သူတို့ ၂ယောက်ရဲ့ရုပ်ကတစ်ထပ်တည်းကျပြီး မတ္တူကူးထားသလိုဆင်နေတာပါအဲ့တော့ ‌၂ယောက်လုံးကရော တွေ့ဆုံခွင့်ရှိမလားပုလျန်ကျင်မြို့နဲ့ လော့ယန်မြို့မှာ ဘာအမှု‌တွေဆင်ဖြစ်မလဲလော့ယန်မြို့က ချင်းချင်းနဲ့ ပုလျန်ကျင်မြို့က လူလိမ်မလေးတို့ကဘယ်လိုတော်စပ်နေမလဲဆိုတာကိုတော့ ဒီရုပ်ရှင်လေးမှာပဲဆက်လက်ကြည့်ရှုပေးကြပါ  Quality : WEB-DL 1080p Format : mp4 Duration : 1h 23min Genres : Drama Subtitle : Myanmar Subtitle ( Hardsub ) Translated by Yunn Myat Noe Khaing Encoded by ...
movie

Reincarnation Land ( 2022 )