Channel Myanmar

Wyclef Jean

Be Cool (2005) 5.6
Be Cool (2005) ဂျွန်ထရာဗိုသာနဲ့ အူမာသာမန်းတို့လို ဝါရင့်တွေပါဝင်ထားတဲ့ဇာတ်ကားပါ။ငွေတိုးချေးပြီးရင် ဂိုဏ်းစတားဆန်ဆန် အကြွေးလိုက်တောင်းရတဲ့ အလုပ်ကို စိတ်ကုန်လို့ ရုပ်ရှင်လောကထဲဝင်ပြီး ထုတ်လုပ်သူလုပ်ခဲ့တဲ့ ချီလီပါးလ်မား (John Travolta) တစ်ယောက် ကြာလာတော့ ရုပ်ရှင်လုပ်ငန်းကို စိတ်ကုန်လာလို့ အလုပ်ဟောင်းဆီပဲပြန်သွားရမလား တွေးနေမိပါတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းကမှ "မရိုးသားတဲ့အလုပ်ကို ရိုးရိုးသားသားလုပ်နိုင်သေးလို့" ပါတဲ့။ဒါပေမဲ့ သူစိတ်ဝင်စားသွားတာက ဂီတလောကပါ။ တကယ်ပါရမီရှိတဲ့ အဆိုတော်ဖြစ်ချင်သူ လင်ဒါမွန်း ဆိုတဲ့ မိန်းမငယ်လေးတစ်ယောက်နဲ့ ဆုံလိုက်ရတဲ့အခါ သူ့ကိုကြယ်တစ်ပွင့်ဖြစ်တဲ့အထိ မြေတောင်မြှောက်ပေးဖို့ ချီလီ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ လင်ဒါ့မှာ တဖက်သတ်ချုပ်ဆိုခံထားရတဲ့ သဘောတူစာချုပ်က ရှိနေတယ်။ သူ့ကိုချုပ်ကိုင်ထားကြသူတွေက မန်နေဂျာလိုလို ထုတ်လုပ်သူလိုလိုနဲ့ ဂီတလောကမှာ ဖြတ်စားလျှပ်စားလုပ်နေတဲ့ သူတွေပေါ့။တဖက်မှာလည်း ချီလီ ရဲ့သူငယ်ချင်း လူရှုပ်တစ်ယောက်က ရုရှားမာဖီးယားတွေနဲ့ငြိလို့ ပစ်သတ်ခံလိုက်ရချိန်မှာ သူငယ်ချင်းရဲ့ဇနီး မုဆိုးမလှလှလေးက သူ့ရဲ့တေးသံသွင်းလုပ်ငန်းမှာ အကြွေးတွေဗရပွေနဲ့ ကျန်ရစ်ခဲ့ရှာတာကို ကူညီပေးဖို့ကလည်း ရှိနေသေးတယ်။အာဖရိကန်-အမေရိကန် (ဇာတ်ကားထဲမှာသူတို့ကို လူမည်းလို့ပြောရင် ပစ်မှာမို့လို့) ...
movie

Be Cool (2005)

Avicii: True Stories (2017) 8.6
Avicii: True Stories (2017) EDM ကို ပေါ်ပင်ဂီတ၊ အပေါစားဂီတတစ်ခုလို့မြင်နေကြတဲ့ မြန်မာဂီတချစ်ပရိသတ်တွေအတွက် ပကာသနအကင်းဆုံးနဲ့ ဘဝကိုအရိုးရှင်းဆုံးဖြတ်သန်းခဲ့ပြီး စောစီးစွာကြွေလွင့်သွားခဲ့ရတဲ့ ကမ္ဘာကျော် DJ တစ်ယောက်ဖြစ်တဲ့ Avicii အကြောင်း ရိုက်ကူးထားတဲ့ Avicii: True Stories ဆိုတဲ့ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။စတော့ဟုမ်းမြို့က ချာတိတ်လေးတစ်ယောက်ဟာ အသက် ၁၇ နှစ်အရွယ်မှာ FL Studios ဆိုတဲ့ Software လေးတစ်ခုကနေ အစပြုပြီး House Music နဲ့ Dance Music လောကမှာ အအောင်မြင်ဆုံးလူငယ်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့အသက်အရွယ်နဲ့ သူဖန်တီးခဲ့တဲ့ သီချင်းတွေဟာ မိုးနဲ့မြေလိုကွာခြားပြီး လူငယ်ပရိသတ်တွေရဲ့ ရင်ထဲကို Levels, Wake Me Up, The Nights စတဲ့ သီချင်းတွေကို အရောက်ပို့ပေးခဲ့သူပါ။ နာမည်ကျော် DJ သမားတွေဖြစ်တဲ့ Laidback Luke, David Guetta လိုလူမျိုးတွေကပါ သူ့ကို ပါရမီရှိပြီး ရိုးရှင်းတဲ့ ...
movie

Avicii: True Stories (2017)

2017