Channel Myanmar

X Mayo

Please Don’t Destroy: The Treasure of Foggy Mountain (2023) 6.2
Please Don’t Destroy: The Treasure of Foggy Mountain (2023)  " Please Don't Destroy: The Treasure of Foggy Mountain "နာမည်ဖတ်ကြည့်ရင်တော့ အရှည်ကြီ: ဘာရေးလို့ရေးထားမှန်းခန့်မှန်းလို့မရဘူး။ ဒါပေမဲ့ ဇာတ်ကားကတော့ တိုတိုလေးနဲ့ တကယ်ကိုထိထိမိမိရှိတဲ့ ဟာသကား ဖြစ်ပါတယ်။နာမည်ကျော် TV show တစ်ခုဖြစ်တဲ့ Saturday night live ရဲ့ writers တွေဖြစ်တဲ့ John, Ben, Martin တို့ ၃ ယောက်က ဒီ ဇာတ်ကားထဲမှာလည်းကိုယ်တိုင် ပါဝင် ရေးသား သရုပ်ဆောင်ထားတာမို့ ဟာသတွေကကြည့်တဲ့သူတွေကို ရယ်မောစေမှာ အမှန်ပါပဲ။ သူတို့ချည်းပဲ မဟုတ်ပဲနာမည်ကျော် ဝါရင့်သရုပ်ဆောင် Conan O'Brien ကလည်း ပါဝင်သရုပ်ဆောင်ထားတာမို့ ပေါ့ပျက်ပျက် ဟာသကား မဟုတ်တာ အသေအချာပါပဲ..ဇာတ်လမ်းလေးကတော့ John, Ben, Martin တို့ သူငယ်ချင်း ၃ ယောက်ဟာငယ်ငယ်ကတည်းက ခင်လာပြီး ...
movie

Please Don’t Destroy: The Treasure of Foggy Mountain (2023)

The Blackening (2023) 6
The Blackening (2023) The Blackening (2023)လူဖြူလူမည်းခွဲခြားမှုဇာတ်လမ်းတွေကို ကြည့်ဖူးသလောက် များသောအားဖြင့်လေးနက်ကြတယ် ဇာတ်လမ်းအားဖြင့် ဟဲဗီးဖြစ်ကြတယ်။ ရုပ်ရှင်တွေထဲမှာလဲ ပုံသေကားကျသတ်မှတ်မှုတွေ ခွဲခြားမှုတွေရှိကြတယ်ပေါ့။ ဥပမာ လူသတ်ကားတွေမှာ အရင်ဆုံးသေသွားတာက လူမည်းဇာတ်ကောင်ပဲ။ လူဖြူတွေနောက်ဆုံးအသက်ရှင်ကျန်ဖို့ လူမည်းကအရင်စတေးပေးရသလိုပေါ့။ ဒါပေမဲ့ လူမည်းတွေကရောပြန်ခွဲခြားမှုမလုပ်ဘူးလားဆိုရင်လုပ်တာပဲ။ တစ်ခေတ်တစ်ခါကလူဖြူတွေလုပ်ခဲ့သလိုတော့မဟုတ်ပါဘူး။ မသိမသာခပ်ပါးပါးလေးတွေပေါ့။ ဥပမာ နစ်ဂါဆိုတဲ့စကားဆိုရင် အဖြူက အမည်းကိုခေါ်လို့မရဘူး ဒါပေမဲ့ အမည်းအမည်းအချင်းချင်းသုံးတယ် ပြီးတော့အမည်းကအဖြူကို နစ်ဂါလို့ပြန်ခေါ်ကြတယ်။ တစ်ခါတစ်ရံမှာလဲ ကိုယ်ကမရည်ရွယ်ဘဲ တခြားလူမျိုးကိုခွဲခြားမိတာတွေ ကိုယ့်အချင်းအချင်းမှာပဲ ပြန်ခွဲခြားမိတာတွေလဲရှိတတ်တာပဲ။ ဒီကားထဲတော့ အဲ့လိုအကြောင်းအရာတွေကို တစ်ကားလုံးခွီရင်းကြည့်ရမှာပါ။ အဲ့ဒါအပြင်သည်းထိတ်ရင်ဖိုလဲပါသေးတော့ တော်တော်ပြည့်စုံပြီပေါ့။ဇာတ်လမ်းအကျဥ်းပြောရရင် နစ်ဂါသူငယ်ချင်း၈ ယောက်ပေါ့ ဆယ်နှစ်ကြာမှပြန်ဆုံကြတယ်။ သည်းထိတ်ရင်ဖိုကားတွေထုံးစံအတိုင်း နေရာကောင်းကောင်းကိုမသွားကြဘဲ တောထဲကအိမ်လေးတစ်အိမ်ကိုရွေးလိုက်ကြရော။ အဲ့အိမ်ထဲကိုလဲရောက်တော့ သူတို့ဂိမ်းကစားရတယ်။ ဂိမ်းကလူမည်းနဲ့ပတ်သက်တဲ့အရာတွေကိုမေးပါလေရော။ အဲ့ဒါအပြင်ရုပ်ရှင်ကားတွေနဲ့လဲသက်ဆိုင်နေပါသေးတယ်။ ဥပမာ Friends စီးရီးထဲမှာပါဝင်ခဲ့တဲ့လူမည်းငါးယောက်နာမည်ကိုဖြေပါ။ အဖြေမှန်ရင်မှန် မမှန်ရင်သေပေါ့။ သူတို့လူမည်းစစ်မစစ်ကိုစမ်းနေသလိုပါပဲ။ ဒီဂိမ်းကို စီစဥ်နေတာကဘယ်သူဖြစ်မလဲ။ သူတို့ထဲကတစ်ယောက်ယောက်ပဲလား။ သူတို့ကိုအိမ်ဌားထားတဲ့လူဖြူတွေပဲလား။ ဘယ်သူတွေရောသတ်ခံရမလဲ။ရုပ်ရှင်တွေကြိုက်တဲ့ပရိသတ်ကြီးရော သူမေးတဲ့ရုပ်ရှင်နဲ့ပတ်သက်တဲ့မေးခွန်းတွေ ဘယ်လောက်ကိုဖြေနိုင်မလဲဆိုတာပါ ဝင်ဖြေကြည့်လိုက်ပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Comedy, Horror Quality…. 1080p | 720p File size… 1.1GB | 560MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar ...
movie

The Blackening (2023)

2023
Finding ‘Ohana (2021) 6.2
Finding ‘Ohana (2021) Finding Ohana (2021)စွန့်စားတဲ့ ဇာတ်လမ်းတွေကို ကြိုက်တတ်ပါသလား? ရတနာရှာဖွေရေး ဇာတ်လမ်းတွေကို ကြိုက်တတ်ပါသလား?Netflix ကနေ ထုတ်လွှင့်ထားတဲ့ အသစ်စက်စက် ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။စွန့်စားရတာကို ကြိုက်တတ်တဲ့ ဖီလီ ဆိုတဲ့ ကောင်မလေးက သူ့အဖိုးဆီက မုခ်စ်ရဲ့စွန့်စားခန်းတွေကို ဖတ်ပြီးတဲ့နောက်မှာ စပိန်ရတနာတွေကို ရှာဖွေဖို့ သူ့ရဲ့မောင်နှမတွေနဲ့အတူ ကြိုးပမ်းပါတော့တယ်။သူတို့ရဲ့စွန့်စားခန်းတွေကတော့ ...... ပြောလိုက်ရင် ပေါ့သွားမှာမို့ အများကြီး မပြောပြတော့ပါဘူး။ရတနာသိုက်ရှာဖွေရေးကားတွေရဲ့ထုံးစံအတိုင်း ဘာဖြစ်မလဲ ဆိုတာကို ဟာဝိုင်အီကျွန်းရဲ့ အလှအပတွေနဲ့ အတူတူ အသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရမှာပါ။IMDb - 6.2/10 ရထားတဲ့ ဇာတ်ကားအသစ်စက်စက်လေးမို့ ကြည့်ဖြစ်အောင် ကြည့်ကြစေချင်ပါတယ်။File size…1.7 GB and 700MB Quality….WEB-DL 1080p and 720p Format…mp4 Duration…. 2hr 3min Subtitle….Myanmar Subtitle (Hardsub) Translator ..... Shoon Thu Thu Chain, Shin Jinni, Thet Hnin Hsu, Dolly Encoder ...
movie

Finding ‘Ohana (2021)

2021
The Farewell (2019) 8.0
The Farewell (2019) ဒီတစ်ခါCMပရိသတ်ကြီးကိုကား​ကောင်း​လေးတစ်ကားနဲ့မိတ်ဆက်​ပေးပါရ​စေဒီဇာတ်ကား​လေးက​တော့တရုတ်ဒရမ်မာကား​ကောင်း​လေးတစ်ကားပါကင်ဆာ​ရောဂါခံစား​နေရတဲ့အဖွားဖြစ်သူကို အသိမ​ပေးဘဲနဲ့မိသားစု​​တွေကဖုံးကွယ်ထားကြတာ​ပေါ့ နိုင်နိုင်ဆိုတဲ့အဖွားဟာတရုတ်ပြည်မှာသူ့ညီမရယ် သူ့တူမမိသားစု​တွေနဲ့​နေထိုင်တယသူမရဲ့သားနှစ်​ယောက်မှာ အ​မေရိကားနဲ့ ဂျပန်ကို​ပြောင်း​ရွေ့​နေထိုင်ခဲ့တာ​ပေါ့သူတို့ရဲ့အ​မေကင်ဆာ​​ရောဂါကိုခံစား​နေတာသိတဲ့အတွက်​ကြောင့်​တွေ့ဆုံဖို့လုပ်ခဲ့ကြတာ​ပေါ့အကုန်လုံးပြန်လာကြရင်သူတို့အ​မေ​ ရောဂါရှိ​နေတာကိုအရိပ်မိ​သွားမှာဆိုးလို့အဖွားကြီးရဲ့​မြေးမင်္ဂလာ​ဆောင်​ကြောင့်လာခဲ့ကြတယ်ဆိုပြီးလိမ်ညာခဲ့တာ​ပေါ့ ​အဖွားကြီးမှာသူအရမ်းချစ်ရတဲ့​​မြေးမ​လေး တစ်​ယောက်လည်းရှိတာ​ပေါ့​ ​မြေးမ​လေးဘီလီက​တော့သူ့အဖွားရဲ့​ရောဂါအ​ကြောင်းကို​ပေးသိ​စေချင်တဲ့သူ​ပေါ့ ​နောက်ပိုင်းမှာဇာတ်လမ်း​လေးကဘယ်လိုမျိုး​လေးဆက်သွားမလဲဆိုတာဆက်လက်ကြည့်ရှု့ကြည့်လိုက်ပါအဖွား​တွေကိုအရမ်းချစ်တဲ့သူ​တွေဆိုရင် ရင်ထဲထိမယ့်ဇာတ်ကား​လေးတစ်ကားပါ File Size : ( 936 MB , 354 MB)Quality :  WEB-DL 720pRunning Time : 1 hr 40 minFormat : Mp4Genre : Comedy , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by Hsu LeiEncoded by Moe Myint Lwin  
movie

The Farewell (2019)

2019