Channel Myanmar

Xian Lim

Sa Muli (2023)
Sa Muli (2023) Sa Muli(2023)ဘဝဆက်တိုင်း ပေါင်းဖက်ပါရစေဆိုတာ ချစ်ကြသူတိုင်းဆုတောင်းကြတဲ့ စကား ဒါပေမဲ့ ဖူးစာနက္ခတ်နဲ့ ကံကြမ္မာမျက်နှာသာပေးဖို့လည်း လိုအပ်သေးတာပဲလေ၁၉၉၀ ပထမဘဝမှာအရမ်းချစ်ကြတဲ့ ဗစ်တာနဲ့ အော်ရိုရာတို့စုံတွဲ ၊ ၁၉၉၅ဒုတိယဘဝမှာ နီကိုးလက်စ်နဲ့ ဘယ်လင်ဆိုတဲ့ ချစ်ကြသူနှစ်ဦး ဒီနှစ်ဘဝလုံးမှာ ကောင်မလေးကသေသွားရပြီး ကောင်လေးတစ်ယောက်တည်း ရင်ကွဲကျန်ခဲ့ရတယ်၂၀၂၀ မှာ ဗစ်တာနဲ့ နီကိုးလက်စ်ပြန်ဝင်စားတဲ့ ပယ်ပဲ သူ့ရဲ့အတိတ်ဘဝနှစ်ခုကိုပြန်မှတ်မိပြီးတဲ့နောက် အော်ရိုရာနဲ့ ဘယ်လင်ကနေပြန်မွေးဖွားလာမဲ့ ချစ်သူလေးကို လိုက်ရှာရင်း အတိတ်ဘဝအကြောင်းကိုဝတ္ထုရေးချလိုက်ပြီ း နာမည်ရစာရေးဆရာတစ်ယောက်ဖြစ်လာပါတယ် အတိတ်ဘဝနှစ်ခုမှာ သူ့မျက်စိရှေ့မှာပဲသေဆုံးသွားတဲ့ ချစ်ရသူကိုမကယ်နိုင်ခဲ့တာကြောင့် ဒီဘဝမှာလည်း သေကွဲကွဲရမှာအရမ်းကို စိုးရိမ်နေတာပေါ့ ဒီဘဝမှာသူဆုံတွေ့ခဲ့ရတဲ့ ချစ်သူလေးကတော့ အရက်ဆေးလိပ်တွေသောက် သေချင်သေပါစေဆိုပြီး ဘဝကိုပေတေနေတဲ့ ဂျစ်ကန်ကန်ကောင်မလေးဖြစ်နေပါတယ် အတိတ်ဘဝလိုဖြစ်မှာစိုးရိမ်လွန်းနေတဲ့ ကောင်လေးနဲ့ ဘာကိုမှစိုးရိမ်မနေတဲ့ ဂျစ်ကန်ကန်ကောင်မလေးတို့ ဆုံတွေ့တဲ့အချိန်မှာ ကောင်မလေးကအတိတ်အကြောင်းသိမနေပါဘူး ဒီလိုနဲ့ပယ်ပဲကသူတို့ အရင်ဘဝတွေကဆုံတွေ့ခဲ့တဲ့နေရာတွေကို ခေါ်သွားပြီးအတိတ်ကိုပြန်သတိရလာအောင် ကြိုးစားပါတော့တယ်...မျက်စိအောက်ကအပျောက်မခံနိုင်လောက်အောင် စိုးရိမ်နေတဲ့ကောင်လေးနဲ့ ဘာမှစဉ်းစားမနေဘဲ ရောက်ချင်ရာရောက်ဆိုပြီးပါလာတဲ့ကောင်မလေးတို့ရဲ့ အတိတ်ဘဝရှာဖွေရေးခရီးစဉ်ဟာ ချစ်ကြည်နူးဟာသမြောက်ဖွယ်လေးမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ Aditi ~ Zwe ~ Moon တို့ပဲဖြစ်ပါတယ်) File size…2.06GB / 904MB Quality…1080p  ...
movie

Sa Muli (2023)

2023
Bahay na Pula (2022)
Bahay na Pula (2022) Bahay Na Pula (2022)Bahay na Pula သို့မဟုတ် အိမ်နီကြီး ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်အင်ပါယာစစ်တပ် ဖိလစ်ပိုင်နိုင်ငံကို ကျူးကျော်စဥ် အစုလိုက်အပြုံလိုက် လူသတ်မှုတွေ၊ မုဒိမ်းကျင့်မှုတွေ ကျူးလွန်ခဲ့တဲ့နေရာပါ။ ဂျပန်စစ်တပ်ဟာ နီးစပ်ရာက ယောကျ်ားမှန်သမျှ ကောင်လေးတွေပါမချန် သတ်ဖြတ်ခဲ့ပြီး မိန်းကလေးပေါင်း ၁၀၀ ကျော်ကို လိင်ကျွန်အဖြစ် အိမ်အနီထဲမှာ ချုပ်နှောင်ပြီး အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့ပါတယ်။ဒါကတော့ အပြင်က သမိုင်းကြောင်းပါ။ ဒီဇာတ်လမ်းဟာလည်း အဲအိမ်နီကို အခြေခံပြီးတော့ ဇာတ်အိမ်တည်ထားတာပါ။ ရက်ဖီနဲ့ ဂျိမ်းဆိုတဲ့ လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ ဘိုးဘွားပိုင် အိမ်ကိုရောင်းချပြီး ဖြိုချနိုင်ဖို့ ထိုအိမ်ဆီကို ရောက်လာကြပါတယ်။ အဆိုပါအိမ်ကို အစ်ဆင်းဆိုတဲ့ မိန်းမကြီးတစ်ယောက်က စောင့်ရှောက်ပေး နေတာပါ။ အိမ်ကို ရောက်လာပြီး လင်မယားနှစ်ယောက်ကြား မပြေလည်မှုတွေဖြစ်လာပါတော့တယ်။ ထိုအိမ်ကို ရောင်းချဖို့လုပ်ထားပေမယ့် အစိုးရကတော့ သမိုင်းဝင်နေရာဖြစ်တာကြောင့် ဖြိုချခွင့်မပြုနိုင်ဘူးဆိုပြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ရောင်းချခွင့်ကို ပိတ်ပင်လိုက်ပါတယ်။ အဲဒါကြောင့် ဂျိမ်း တစ်ယောက် အိမ်ကိုရောင်းချနိုင်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။ တစ်ဖက်မှာလည်း ရက်ဖီ ဟာလည်း ငွေရေးကြေးရေး ...
movie

Bahay na Pula (2022)

YORME: The Isko Domagoso Story (2021) 5
YORME: The Isko Domagoso Story (2021) Yorme : The Issko Domagoso Story(2022)=================================YORME :The Isko Domagoso Story (2021)ဒီတစ်ခါမှာလည်း Documentary ဇာတ်ကားကောင်းလေးကို ကြိုက်နှစ်သက်ကြတဲ့Channel Myanmar ပရိသတ်ကြီးအတွက် အတ္ထုပ္ပတ္တိဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားလေးကတော့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ဝန်ရဲ့ ဘဝကို ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။အဓိကဇာတ်ဆောင်ကတော့ မြန်မာပရိသတ်တွေနဲ့လည်း မစိမ်းလှသူပါ။၂၀၁၈ ခုနှစ်က မြန်မာမှာကျင်းပခဲ့တဲ့ Miss Grand International Miss ပြိုင်ပွဲမှာပါ လာရောက်ပြီး host လုပ်ပေးခဲ့တဲ့ နာမည်ကြီးမင်းသားချော Xian Lim ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပြီး အခြား အနုပညာရှင်တွေလည်း ပါဝင်အားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတော့ဆင်းရဲသားရပ်ကွက်မှာ ကြီးပြင်းခဲ့တဲ့ ကလေးတစ်ယောက်ဟာ အမှိုက်ကောက်၊ အမှိုက်ရှာရင်း အမှိုက်ပုံကြားမှာပဲ နေခဲ့ရပါတယ်။ဒါပေမဲ့ ပညာလိုလားတဲ့ ၊ သင်ယူချင်စိတ်ပြင်းပြတဲ့ အများအကျိုးကို သယ်ပိုးလိုတဲ့ ဒီကလေးလေးဟာ တောက်မယ့်မီးခဲ တရဲရဲဆိုသလို နွံထဲက ကြာပန်းလိုပဲ နေရာစုံမှာ အောင်မြင်ခဲ့ပါတယ်။ဒါပေမဲ့ လွယ်လွယ်နဲ့တော့ ရခဲ့တာမဟုတ်ပါဘူး။ ဘဝဇာတ်ခုံအဖုံဖုံမှာ ကပြအသုံးတော်ခံရင်း လှိုင်းတံပိုးထန် ကြမ်းတမ်းတဲ့သူ့ဘဝမှာ ဘယ်လိုဖြစ်ပြီး နိုင်ငံ့အကြီးအကဲတစ်ယောက် ဖြစ်လာသလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းရုံတင်မက..... အတုယူထိုက်တဲ့ Real-life ...
movie

YORME: The Isko Domagoso Story (2021)

2021
Love the Way U Lie (2020) 7.2
Love the Way U Lie (2020) လေးလပိုင်းလောက်ကရုံတင်ခဲ့တဲ့ ဖိလစ်ပိုင်ရုပ်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Netflix ကလည်းပြန်ဝယ်ပြီးပြသခဲ့တဲ့ရုပ်ရှင်ပါ Summary- ယော်ျားကို ဝမ်းမနည်းပဲရှေ့ဆက်စေချင်တဲ့ ဆာရာဆိုတဲ့ ဝိညာဥ်က သူ့ယော်ျားကိုဆက်သွယ်လို့ မရပါဘူး။ တစ်မြို့လုံးက ဆာရာ့အသံမကြားရဘူး။ ကွီရာပိုမှာ စတေစီဆိုတော့အကြားအမြင် ဆရာမတစ်ယောက်ရှိပါတယ်။ ဖြစ်ချင်တော့ စတေစီကပဲ ဆာရာ့အသံကိုကြားရပါတယ်။ ကြားရတာလည်း သူတို့နှစ်​ယောက်ကြားမှာ အကြောင်းအရာလေးတွေရှိလို့ပါ ယော်ျားကို တစ်ယောက်တည်းအထီးကျန်ကျန်မနေတော့ဘဲ ရှေ့ဆက်စေချင်တဲ့ ဆာရာ၊ နေသန်ကို အချစ်သစ်တွေ့စေချင်တဲ့ဆာရာ။ ဆာရာ့ယော်ျားနေသန်ကို ရှေ့ဆက်နိုင်ဖို့ကူညီရင်း စတေစီနဲ့နေသန်ကြားက အချစ်ဇာတ်လမ်းလေးကိုတွေ့ရမှာပါ ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းပါတယ် ဇာတ်အိမ်အပြောင်းအလဲတွေမရှိပါဘဲ ဒီအတိုင်းရုပ်ရှင်တစ်ကားကို စီးမျောပြီးကြည့်နေရင်း သဘောကျမိတဲ့ဇာတ်ကားတစ်ပါးပါ။ သူတို့တွေကြားက အချစ်ကအတော်soft ဖြစ်ပါတယ်။ ဖိလစ်ပိုင်က မနီလာမြို့ရဲ့ ကွီရာပိုတံထားနဲ့ အဆောက်အအုံတွေ၊ လှပတဲ့နေရာလေးတွေ ဒီရုပ်ရှင်မှာမြင်ရမှာပါ   File Size - 1gb Quality - web-rip 1080p Subtitle -  burmese Translator - DoDo Encoder - Thit San Khant
movie

Love the Way U Lie (2020)

2020
Unforgettable (2019) 8.1
Unforgettable (2019) Unforgettable(2019)(unicode)ဒီတစ်ခါမှာ​တော့ IMDb rating 8.1 ထိ ရရှိထားတဲ့ ဖိလစ်ပိုင်ကား​လေးတစ်ကားနဲ့ မိတ်ဆက်​ပေးချင်ပါတယ်။ဂျက်စမင်တို့ညီအစ်မ​တွေဟာ မိဘ​တွေဆုံးပါးသွားတဲ့ အချိန်တည်းက အဘွားဖြစ်သူလက်ထဲမှာ ကြီးပြင်းလာခဲ့ရတာဖြစ်ပါတယ်။ ​မွေးချင်းသုံး​ယောက်ရှိတဲ့ ဂျက်စမင်တို့မှာ သူ့အစ်မနှစ်​ယောက်က အိမ်​ထောင်ကျသွားတာမို့ သူတစ်​ယောက်သာ အဘွားလုပ်သူနဲ့ နယ်မြို့​လေးမှာ ကျန်​နေခဲ့ရပါတယ်။ တစ်​နေ့ အဘွားဖြစ်သူမှာ တီဘီ​ရောဂါရှိလာ​တော့ ​အဖျားကူးမှာစိုးတဲ့အတွက် သူ့ကို နယ်မြို့​လေးက​နေ အစ်မ​​တွေရှိရာ မနီလာမြို့ကို ပို့လိုက်ပါ​တော့တယ်။မနီလာ​ရောက်တဲ့ ဂျက်စမင်ဟာ ​ခွေး​လေးတစ်​ကောင်​မွေးစားလိုက်ပြီး ဟက်ပီး(happy)လို့အမည် ​ပေးခဲ့ပါတယ်။ အ​ကြောင်းက​တော့ သူ့အဘွားငယ်စဥ်က ​မွေးခဲ့တဲ့​ခွေး​လေးနာမည်ကလည်း ဟက်ပီး ဖြစ်လို့ပါပဲ။တစ်ရက်မှာတော့ ​ရောဂါမသက်သာတဲ့ သူတို့အဘွားကို ပြန်သွားကြည့်ရဖို့ ဖြစ်လာပါတယ်။ ဒါ​ပေမယ့် သူ့အစ်မ​တွေက ဂျက်စမင်ကို ​ရောဂါကူးမှာစိုးလိူ့ လိုက်ခွင့်လုံး၀မ​ပေးပါဘူး။ဒါနဲ့ပဲ အဘွားကိုချစ်တဲ့ ဂျက်စမင်တစ်​​ယောက် သူ့​ခွေး​လေး ဟက်ပီးနဲ့အတူ နယ်မြို့​လေးကို ခိုးပြန်ဖို့ ကြိုးစားရပါ​တော့တယ်။ရိုးသားပြီး သနားတတ်လွန်းတဲ့ ဂျက်စမင်တစ်​ယောက် လမ်းမှာ ဘယ်လိူအခက်အခဲ​တွေ ကြုံရမလဲ???? ပြီး​တော့ ဘယ်လိုလူ​တွေနဲ့ ကြုံရမလဲ???? သူ့​ခွေး​လေးကို ​ခေါ်လာတဲ့ ...
movie

Unforgettable (2019)

Miss Granny (2018) 8.0
Miss Granny (2018) Miss Granny (2018)_____IMDb - 8.0/10   ဒီတစ်ခေါက် Channel Myanmar ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းကတော့ "Miss Granny" ဆိုတဲ့ ဖိလစ်ပိုင်ဇာတ်လမ်းပဲဖြစ်ပါတယ်...ဖိလစ်ပိုင်ဇာတ်လမ်းကြိုက်တဲ့ ပရိတ်သတ်တွေအတွက်တော့ လက်လွှတ်မခံသင့်တဲ့ ဇာတ်လမ်းပါ...ဒီဇာတ်လမ်းက 2014 မှာထွက်ခဲ့တဲ့ ကိုးရီးယားဇာတ်လမ်း "Miss Granny 2014" ကို အခြေခံရိုက်ကူးထားခြင်းဖြစ်ပါတယ်..ဇာတ်အိမ်ကောင်းပြီး တခဲနက်အောင်မြင်ခဲ့တာကြောင့် Chinese Version "20 Once Again"ဆိုပြီးတော့ 2015 မှာ ထွက်ရှိခဲ့ပါသေးတယ်...ဒီလောက် ကောင်းတဲ့ ဇာတ်လမ်းကို ဖိလစ်ပိုင်နာမည်ကျော် မင်းသားမင်းသမီးတွေရဲ့ သရုပ်ဆောင်မှုတွေနဲ့ ကြည့်ရှုရမှာပါအညွှန်း - ဖေလီဆိုတဲ့ အသက် ၇၀ ကျော်အမျိုးသမီးပါ...ဆံပင်ဖြူ သွားကျိုးပြီး ပါးရေနားရေတွေ တွန့်ကာ ခြေထောက်တွေလည်း မကောင်းတော့တဲ့ အရွယ်ပါ...ဖေလီမှာ သူဂုဏ်ယူရတဲ့ ဂုဏ်ထူးဆောင် သားလေးတစ်ယောက်ရှိပါတယ်...သူဟာ သူ့သားလေးက ဘယ်လောက်တော်ကြောင်း ဘယ်မှာ ပါမောက္ခဆိုပြီး တွေ့တဲ့သူတိုင်းကို အမြဲ ဂုဏ်ယူပြောဆိုတတ်ပါတယ်...အချိန်တန် ...
movie

Miss Granny (2018)

2018
Dear Other Self (2017) 6.6
Dear Other Self (2017)  ကျွန်မတို့ဘဝမှာ တစ်ခါတစ်ရံ ငါသာဒီလိုမလုပ်ခဲ့ရင် ဘာဖြစ်နေမှာလဲ အဲ့ဒီတုန်းကသာဟိုလိုရွေးခဲ့မိရင် ခုချိန်တော့ ဘယ်လိုတွေဖြစ်နေမှာ အစရှိသည်ဖြင့်ကိုယ့်ဘဝနောက်ကြောင်းကိုပြန်သုံးသပ်ရင်းကြိတ်မနိုင်ခဲမရ(သို့)ကျေနပ်နေရမယ့်အခိုက်အတန့်တွေ ကြုံခဲ့ဖူးကြမှာပါအကြောင်းသေးသေးလေးတစ်ခုကနေ အပြောင်းအလဲအများကြီးထိဦးတည်သွားနိုင်တာမဟုတ်လား…ဒါကို ဖိလစ်ပိုင်ဇာတ်လမ်းလေးကစိတ်ဝင်စားဖွယ်ပုံဖော်ပေးထားပါတယ်…ဘက်ကီဟာသာမန်ကုမ္ပဏီဝန်ထမ်းလေးတစ်ဦးပါတစ်နေ့မှာတော့ ကုမ္ပဏီအတွက်အရေးကြီးတဲ့စာတမ်းတွေပြင်ဆင်နေတဲ့အချိန် ဘေးအိမ်ကသောင်းကျန်းနေတဲ့ကာရာအိုကေသံတွေကြောင့်အိပ်ရေးပျက်ခဲ့ရပါတယ်မနက်ကျကော်ဖီဆိုင်အဝင်မှာလက်တော့ပေါ်ကော်ဖီခွက်မှောက်ကျပြီး ဘက်ကီပြင်ဆင်ထားသမျှအချက်အလက်အားလုံးပျက်စီးသွားပါတော့တယ်…ညကအိပ်ရေးပျက်ရာကနေ နောက်ဆုံးကုမ္ပဏီကနေတောင်အလုပ်ထွက်လိုက်ရတဲ့အထိပါပဲ...အလုပ်ထွက်ပြီးဘက်ကီတစ်ယောက်မိသားစုကိုထားခဲ့ပြီးကမ္ဘာပတ်ခရီးထွက်ဖို့ပြင်ပါတော့တယ်…ဒီနေရာမှာစဉ်းစားစရာက တကယ်လို့များသာ အခြားတစ်ဖက်ကဘက်ကီဟာ အဲ့ဒီညမှာအိပ်ရေးမပျက်ခဲ့ဘဲ အလုပ်မှာအောင်မြင်မှုရှိသွားခဲ့မယ်…မိသားစုကိုပိုအချိန်ပေးဂရုစိုက်မိခဲ့မယ်ဆိုရင်ရော…ဘက်ကီ့ဘဝဘယ်လိုတွေများဆက်ဖြစ်မှာလဲ?အိပ်ရေးပျက်ခဲ့ရတဲ့ဘက်ကီလည်းခရီးတွေထွက်ပြီး ဘယ်လိုတွေများဆက်ဖြစ်မှာလဲ?သင်တို့သာ ရွေးချယ်ခွင့်ရခဲ့ရင်ရော ဘယ်လိုဘဝမျိုးကိုရွေးချယ်မှာလဲဆိုတာတွေကို…ဘဝနှစ်ခု အပြိုင်ယှဉ်ပြပြီးတင်ဆက်ထားတဲ့စိတ်ဝင်စားစရာဖိလစ်ပိုင်ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်ကတော့ မေသဇင်မြင့်ပါ) File Size : (700 MB) and (380 MB) Quality : Webrip Running Time : 1hr 50minutes Format : Mp4 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by May Thazin Myint Encode by Thanhtike Zaw
movie

Dear Other Self (2017)

2017