Channel Myanmar

Ximena Lamadrid

BARDO, False Chronicle of a Handful of Truths (2022) 7.1
BARDO, False Chronicle of a Handful of Truths (2022) BARDO, False Chronicle of a Handful of Truths (2022)~ Directed by Alejandro González Iñárrituဒီကားက မက္ကဆီကန်ဒါရိုက်တာရိုက်တဲ့ မက္ကဆီကန်ကားစစ်စစ် ဘယ်လောက်စစ်လဲဆို ဒီတစ်ကားလုံး မက္ကဆီကန် လူမျိုးရေး၊ ဘာသာရေး၊ သမိုင်း ဒါတွေနဲ့ပဲ အခြေတည်ထားတယ်။ သို့ပေမဲ့လည်း ဒီကားရဲ့နာမည် Bardo ဆိုတဲ့ စကားလုံးက တကယ်ဆို ဗုဒ္ဓဘာသာကပဲလာတဲ့ စကားလုံး။ ပါဠိလိုဆို antarābhava (အန္တရဘဝ) စုတိနဲ့ ပဋိသန္ဓေအကြားက ဘဝပေါ့။ သေခြင်းရယ် တစ်ဖန်ပြန်လည်မွေးဖွားခြင်းရယ်ကြားက ကြားပိုင်းဘဝအကူးအပြောင်းကာလလို့ ပြောကြတယ်။ ဒါပေမဲ့ သူပြတဲ့ပုံစံကတော့ မူရင်းအယူအဆနဲ့ နည်းနည်းတော့ ကွဲလွဲနေမယ်ထင်ပါတယ်။ဒီကားကို စစဖွင့်ချင်းမှာတော့ Alejandro က ခင်ဗျားကို တော်တော်လေး အူကြောင်ကြောင်နိုင်သလို စိတ်ကူးယဉ်ဆန်လွန်းတဲ့ ဇာတ်ဝင်ခန်းတွေကို ဟိုကူးဒီကူးနဲ့ ပြနေလိမ့်မယ်။ အဲဒီလိုပြနေတဲ့အခန်းတွေက စိတ်ကူးယဉ်ဆန်လွန်းပေမဲ့လည်း အမှန်တရားတစ်စိတ်တစ်ဒေသ ...
movie

BARDO, False Chronicle of a Handful of Truths (2022)

2022
On the Rocks(2020) 7.0
On the Rocks(2020) On The Rocks (2020) အညွှန်း ****************************** IMDb Rating ........ 7.0/10 Rotten Tomatoes ........ 86%ဒီဇာတ်ကားကတော့ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်လမ်းတွေကို ကြိုက်တတ်တဲ့သူတွေအတွက် မဟုတ်ပါဘူး....ဘာဖြစ်လို့လဲဆိုတော့ ပြင်ပလက်တွေ့ဘ၀မှာ တကယ်ဖြစ်ပျက်နေတဲ့ ပြဿနာလေးတွေကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့အတွက်ကြောင့်ပါပဲဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင် "မင်းရဲ့နှလုံးသားကို ဘယ်ကောင်လေးကိုမှ မပေးနဲ့"....."တကယ်လို့ လက်ထပ်ပြီးသွားရင်တောင် ငါ့သမီးကအဖေ့အပိုင်ပဲ" လို့ သမီးဖြစ်သူကို ငယ်စဉ်ထဲကပြောထားတဲ့.... အချစ်ကြီးလွန်းတဲ့ ဖခင်တစ်ယောက် ရှိပါတယ်....ဒီလိုနဲ့အချိန်တန်တော့ သမီးဖြစ်သူ လော်ရာ ဟာ အိမ်ထောင်ကျပြီး သမီးလေးနှစ်ယောက်မွေးပါတယ်…တစ်နေ့မှာ ယောက်ျားဖြစ်သူက သူ့အပေါ်ဂရုစိုက်မှုတွေ နည်းလာပြီး ခြေလှမ်းတွေပျက်နေတယ်လို့ ခံစားရတဲ့အခါ...လော်ရာ ဟာ သူမအဖေကို အကြောင်းစုံရင်ဖွင့်တိုင်ပင်ပါတော့တယ်....ဒီလိုနဲ့ပဲ ချစ်ရတဲ့သမီးဖြစ်သူရဲ့ အိမ်ထောင်ရေး အခက်အခဲပြေလည်စေဖို့ ဖခင်ဖြစ်သူဟာ ၀င်ရောက်ပြီး စီစဉ်သူ လုပ်ပါတော့တယ်....ထပ်ပြီးပြောရမယ်ဆိုရင် ဒီဇာတ်ကားကငြိမ့်ငြိမ့်လေးနဲ့ ရသပေးတဲ့ ပုံစံမျိုးပါ....လက်တွေ့ဆန်တဲ့ဇာတ်လမ်း ဖြစ်တဲ့အတွက်ကြောင့် တစ်ကားလုံး အဓိဇာတ်ဆောင်နေရာရောက်သွားသလို ခံစားကြရမှာပါ.... နာမည်ကြီးသရုပ်ဆောင်တွေကိုယ်တိုင် ပါ၀င်ထားတဲ့ ဇာတ်လမ်းကောင်းဖြစ်တဲ့အတွက် ခံစားကြည့်ကြပါဦး....ဇာတ်လမ်းအညွှန်းနဲ့ ...
movie

On the Rocks(2020)