Channel Myanmar

Xinlin He

Wolf Hiding ( 2023 ) 6.1
Wolf Hiding ( 2023 ) ဒီတစ်ခါမှာတော့ CMကနေတရုတ်ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Nick Cheung ,Ethan Juan, Darren Wang တို့ကအဓိကသရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနေထိုင်ကြတဲ့မြို့ကြီးတစ်မြို့မှာ ဟုန်ထိုက်လုပ်ငန်းစုက ဂုဏ် အရှိန်အဟုန်ကြီးမားလျက်ရှိပြီး အဲ့ဒီလုပ်ငန်းစုရဲ့ ဥက္ကဌက မြို့ရဲ့ဝန်ကြီးအဖြစ်ဝင်ရောက်ရွေးချယ်ခံဖို့ ပြင်ဆင်နေခဲ့ပါတယ် တစ်ဖက်မှာလည်း သူ့ရဲ့ဥက္ကဌရာထူးကို သူ့လက်အောက်က လူတစ်ယောက်စီ လွှဲပြောင်းပေးတော့မှာပဲဖြစ်ပါတယ် ဒါပေမယ့် ရာထူးလွှဲပြောင်းပေးတဲ့ပွဲနေ့မှာပဲ အမှတ်မထင်ထားတဲ့ ပြဿနာမျိုးစုံကြုံခဲ့ရပါတော့တယ်အဲ့ဒီအမှတ်မထင်ထားတဲ့ပြဿနာကနေအစချီပြီးတော့ သာယာလှပနေတဲ့မြို့ကို ဆေးရောင်ဆိုးကြတဲ့ လူတစ်စုရဲ့ မကောင်းမှုတွေကလည်း တစ်စပြီးတစ်စ ပေါ်လာခဲ့ပါတယ် နှစ်ပေါင်းများစွာ အမြစ်တည်ခဲ့တဲ့ လူကုန်ကူးမှု ကိုယ်တွင်းအင်္ဂါအရောင်းအဝယ်ဈေးကွက်အစရှိတဲ့မကောင်းမှုတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေက ဘယ်သူတွေဖြစ်မှာလဲမကောင်းမှုပြုသူတို့ရဲ့ ဇာတ်သိမ်းကတော့ အားလုံးသိပြီးသားဇာတ်သိမ်းမျိုးပေမယ့် ဒီဇာတ်ကားရဲ့ Plot twist ကြီးကအရမ်းမိုက်ပြီး အက်ရှင်ကားကောင်းတစ်ကားဖြစ်တာမို့လို့ တရုတ်ကားပရိတ်သတ်တွေအနေနဲ့ကြည့်ရှုဖို့ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်နော်... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 47 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kyawt Encoded ...
movie

Wolf Hiding ( 2023 )

The Rescue ( 2023 ) 5.7
The Rescue ( 2023 ) သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲဒုက္ခတွေကနေ ကယ်ဆယ်တဲ့အကြောင်း ပုံဖော်ထားတဲ့ Survival ဇာတ်ကားလေးပါ။ တောင်လမ်းတစ်ခုမှာ ဘတ်စ်ကားတစ်စင်းဖြတ်သွားတဲ့အချိန် မြေပြိုတဲ့အတွက် ဘတ်စ်ကားကချောက်နက်ထဲကိုပြုတ်ကျသွားခဲ့ပါတယ်။ကံကောင်းခြင်းတော့ မိုင်းတွင်းဝမှာပိတ်နေတဲ့နွယ်တွေပေါ်ကျသွားတာကြောင့် ဘတ်စ်ကားကမပေါက်ကွဲပဲ အထဲကလူတွေလဲအသက်ရှင်ကျန်နေပါတယ်။ အသက်ဘေးကလွတ်မြောက်ခဲ့ပေမယ့် သူတို့ဆီကိုစိန်ခေါ်မှုတွေကရောက်လာပါပြီ။ အသက်ဘေးနဲ့ကြုံလာတဲ့အခါ လူ့ရဲ့သဘာဝတွေ ဗီဇတွေဟာ ဘွင်းဘွင်းကြီးပေါ်လာတတ်တယ်မဟုတ်လား..... ဒီစွန့်ပစ်မိုင်းအတွင်းကနေလွတ်မြောက်အောင် သူတို့ကြိုးစားပြီးလွတ်မြောက်နိုင်ပါ့မလား ....... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 9 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Rescue ( 2023 )

Eliminate Evil: Speedsters ( 2023 ) 6
Eliminate Evil: Speedsters ( 2023 ) ဒီနေ့မှာတော့ CM က ပရိတ်သတ်ကြီးကို ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ။ ဒီဇာတ်ကားလေးဟာဆိုရင် ပြည်သူတွေရဲ့ လုံခြုံမှုအတွက် ကိုယ်ကျိုးစွန့်ကာ ကာကွယ်ပေးခဲ့ကြတဲ့ လင်ယန် ဦးဆောင်သော အထူးရဲတပ်ဖွဲ့အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။၂၀၀၄ ခုနှစ် တရုတ်နိုင်ငံအတွင်းမှာ ဓားပြတိုက် လုယက်မှုတွေနဲ့အတူ ရက်စက်စွာသတ်ဖြတ်မှုတွေကိုလဲ တွေ့ကြုံနေရပါတယ်။ ဒါပေမဲ့ကျူးလွန်သွားတဲ့တရားခံဟာ ခြေရာခံဖို့ခက်ခဲလွန်းသည့်အတွက်ကြောင့် ဖမ်းဆီးဖို့အတွက် မဖြစ်နိုင်ခဲ့ပါဘူး ။ တစ်နေ့မှာ လင်ယန် ဦးဆောင်တဲ့ အထူးတပ်ဖွဲ့ဟာ တရားခံကို ဖမ်းဆီးနေစဥ်အတွင်း ဖမ်းမိခါနီးလက်မတင်လေးအလိုမှာ လွတ်မြောက်သွားခဲ့တာကြောင့် လင်ယန်တစ်ယောက် ယူကျုံးမရဖြစ်ကာ အပြစ်ရှိသလို ခံစားနေခဲ့ရရှာပါတော့တယ် ။ဒီလိုနဲ့ ကိုယ့်လက်ထဲကနေလွတ်မြောက်သွားတဲ့ ဒုစရိုက် တရားခံကို ပြန်လည်ဖမ်းဆီးဖို့အတွက် အသစ်တစ်ဖန် အစီအစဥ်ဆွဲကာ အမှုကို လိုက်ခဲ့ရမှာတော့ ....?❏ တကယ့်တရားခံအစစ်အမှန်ကို သူတို့တွေ့ရှိနိုင်ပါ့မလား ? ❏ သတ်ဖြတ်မှုတွေ လုယက်ခံရသူတွေ အစရှိတဲ့ နစ်နာသူတွေအတွက် တရားမျှတမှူရော သူတို့တွေရှာဖွေပေးနိုင်ပါ့မလား ? ❏ အသက်စွန့်လွှတ် ပေးဆပ်မှုတွေပါ ကြုံလာရာတဲ့အခါမှာတော့ သူတို့အဖွဲ့ဘယ်လိုတွေရင်ဆိုင်ကြမလဲဆိုတာ ? ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : ...
movie

Eliminate Evil: Speedsters ( 2023 )