Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Xola Dukuza
Prime (2023)
တစ်ခါတစ်လေကျရင် ကိုယ့်ဘ၀မှာတကယ်တမ်း အရေးကြီးတဲ့အရာတွေကိုမေ့ထားပြီး မကောင်းတဲ့ အရေးမပါတဲ့အရာတွေနောက်ကိုလိုက်မိနေတဲ့ အခိုက်အတန့်တွေဆိုတာလူတိုင်းမှာရှိတတ်ပါတယ်။ကိုယ့်စိတ်ဆန္ဒအလျောက် လုပ်မိတဲ့အရာတွေရှိသလိုသွေးဆောင်ဖြားယောင်းမှုတွေကြောင့်လည်း လမ်းမှားရောက်သွားတတ်ကြပါတယ်။အဲ့ဒီလိုလမ်းမှားကနေအချိန်မှီပြန်လည်ပြင်ဆင်ပြီး လမ်းမှန်ကိုပြန်မလျှောက်နိုင်ရင်ဆုံးရှုံးနစ်နာမှုတွေတစ်ခုမဟုတ်တစ်ခုတော့ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။အခုတင်ဆက်ပေးမဲ့ Prime ဆိုတဲ့ဇာတ်ကားထဲမှာလည်းမာရီရက်စ်ဆိုတဲ့ လူတစ်ယောက်ကအလုပ်မှာအောင်မြင်ပြီးအချစ်ရေးမှာလည်း ငါးနှစ်တာလက်တွဲလာတဲ့အရမ်းချစ်ရတဲ့ချစ်သူတစ်ယောက်ရှိပြီး သူ့အဖေဆုံးသွားတဲ့သတင်းကိုကြားလိုက်ရတဲ့အခါမှာတော့ သူ့ဘ၀ကြီးကတစ်ဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။တကယ်တမ်းမရှိတဲ့ အရာတွေကိုမြင်နေရပြီး သတိပြန်ဝင်လာတဲ့အချိန်မှာ ကြားထဲက ကာလတွေမှာ ဘာတွေလုပ်ခဲ့တယ်ဆိုတာကိုမသိဘဲ အချိန်တွေကျော်ခွနေပါတော့တယ်။သူအဓိကမြင်တဲ့အရာကတော့ သေဆုံးသွားတဲ့ သူ့အမေရဲ့ပုံရိပ်တွေကိုဖြစ်ပြီး သူ့အမေကသူ့အဖေကြောင့် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့အတွက် သူ့အဖေဆုံးသွားတာကိုကြားလိုက်ရတဲ့အခါမှာ အဲ့လိုပုံရိပ်တွေကို စမြင်လာရတာဖြစ်ပါတယ်။ဒါပေမယ့်အဲ့ဒီအရာတွေကိုသူကိုယ်တိုင်က စွဲလမ်းနေပြီး လက်တွေ့ဘ၀ကိုပါလာထိခိုက်စေတဲ့အခါမှာတော့ မာရီရက်စ်တစ်ယောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုကြည့်ရမဲ့ ဒရာမာ သည်းထိတ်ရင်ဖိုဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.38 GB / 514 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 34m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Prime (2023)