Channel Myanmar

Xosha Roquemore

First Time Female Director (2023)
First Time Female Director (2023) First Time Female Director (2023)Dark Comedy ပုံစံမျိုးကိုမှ သဘောကျတတ်တဲ့ ပရိတ်သတ်ကြီးအတွက် ၂၀၂၃ တုန်းကထွက်ထားတဲ့ First Time Female Director ဆိုတဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေကလဲ Brooklyn Nine Nine ထဲက Gina အဖြစ်သရုပ်ဆောင်ထားတဲ့ Chelsea Peretti ကအဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပါတယ်။ ဒါရိုက်တာအနေနဲ့လဲ သူပဲရိုက်ထားပြီးတော့ ဇာတ်ကားနာမည်အတိုင်း First Time Female Director ပါပဲ။ တမင်အခွက်ပြောင်ထားသလားတောင် မှတ်ရတယ်။ Dark Comedy ဆိုတဲ့အတိုင်း သူတို့နိုင်ငံကလူတွေကို ထေ့လုံးရွဲ့လုံးတွေနဲ့ ဟာသလုပ်ထားတာဆိုတော့ နဲနဲတော့ နားလည်ရခက်နေပါလိမ့်မယ် ဒါပေမဲ့ ရယ်ရပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ပြဇာတ်ရေးပြီးအလုပ်လုပ်နေတဲ့ ဆမ်တစ်ယောက် သူ့ရဲ့ ကုထုံးဆရာဝန်ကလဲ လက်လန်စရာ ဆေးစွဲဖူးတဲ့သူ ဒီလို တလွဲလူနာနဲ့ တလွဲကုထုံးဆရာ တွေ့ပြီး ဆွေးနွေးကြတယ်ပေါ့။ ပြဇာတ်ရေးဆရာမကနေ ရုတ်တရက်ကြီး သူ့ရှေ့က ဒါရိုက်တာတစ်ယောက်က သရုပ်ဆောင်တစ်ယောက်နဲ့ အိပ်လိုက်တဲ့အတွက် အထုတ်ခံလိုက်ရပြီး နေ့ချင်းညချင်း ပြဇာတ်ရေးဆရာမကနေ ကောက်ကာငင်ကာ ဒါရိုက်တာလုပ်ဖို့ကမ်းလှမ်းလာပါတယ်။ ဒီတလွဲလူနာနဲ့ ကုထုံးဆရာ နှစ်ယောက်ပေါင်း တိုင်ပင်ပြီး ဒါရိုက်တာအလုပ်ကို ...
movie

First Time Female Director (2023)

2023
Precious (2009) 7.3
Precious (2009)  အော်စကာဆု ၂ ခုကို ဆွတ်ခူးထားခဲ့ပြီး IMDb Rating 7.3 ထိ ရထားတဲ့ ဒီဇာတ်ကားဟာဆိုရင် Claireece Precious Jones ဆိုတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ရဲ့ အကြောင်း‌ပဲ ဖြစ်ပါတယ်။အဓိကဇာတ်ဆောင်ဖြစ်တဲ့ Precious ဟာ အဝလွန်တဲ့ လူမည်းတစ်ယောက်ဖြစ်ပြီး ကျောင်းတက်ပေမဲ့ ဘာစာမှမတတ်တဲ့ ကောင်မလေး၊ အသက် ၁၇ နှစ်အရွယ်မှာတင် Down's Syndrome ရှိတဲ့ ကလေးတစ်ယောက်မွေးထားပြီး ဒုတိယကိုယ်ဝန်ကို လွယ်ထားရတဲ့သူ ဖြစ်တယ်။ ဒုတိယကိုယ်ဝန်လွယ်ထားရတဲ့အချိန်မှာပဲ ကျောင်းက သူ့ကို လက်မခံနိုင်တော့တာကြောင့် ကျောင်းက အထုတ်ခံခဲ့ရပြန်တယ်။ အဲကိုယ်ဝန်ဟာ ဘယ်သူ့ကြောင့်လို့ ထင်ပါသလဲ။အဖေအရင်းဖြစ်သူဆီကပါ။ ငယ်ငယ်လေးကတည်းက အဖေအရင်းဖြစ်သူဆီမှာ အကြမ်းဖက်အနိုင်ကျင့်ခံခဲ့ရသလို အမေဖြစ်သူကိုယ်တိုင်ကလဲ သိရက်နဲ့ တားဆီးခြင်းမရှိတဲ့အပြင် သမီးဖြစ်သူကိုပါ သူ့ယောက်ျားကို ခိုးတယ်ဆိုပြီး မုန်းတီးနေခဲ့တယ်။ Precious ဟာ အကြမ်းဖက်ခံရမှုတွေကြားထဲမှာ ကိုယ့်ဘာသာပဲ Daydreaming လုပ်ပြီး ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်ခဲ့တယ်။ကျောင်းက ...
movie

Precious (2009)

Family Switch (2023) 5.7
Family Switch (2023) Family Switch (2023)အခုလို ဒီဇင်ဘာအခါသမယလေးမှာ ခွီဖို့အတွက် မိသားစုဟာသကားတစ်ကားရောက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာဆိုရင် Wednesday ထဲမှာ "Enid Sinclair" အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး Emma Myers အပြင် မူလဘူထ Elektra ဖြစ်ခဲ့တဲ့ Jennifer Garner နဲ့ The Hangovers သုံးကားထဲမှာ Stu အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Ed Helms တို့ ပါဝင်ထားတာဖြစ်တဲ့အတွက် ကြည့်ရှုသူအားလုံးကို Entertain ဖြစ်စေမှာတော့ အမှန်ပါပဲ။ ခရစ္စမတ်ရာသီအလျောက် ခရစ္စမတ်ရဲ့ မြူးမြူးကြွကြွ Vibe လေးပါဝင်ထားတဲ့အပြင် ဒီ ၂၀၂၃ ခုနှစ်မှာ Netflix က ထုတ်ထားတဲ့ Family Genre ဇာတ်ကားတွေရဲ့ အကောင်းဆုံး ဇာတ်ကားတစ်ကားဖြစ်တာမို့ ကိုယ့်ရဲ့ Must Watch စာရင်းထဲထည့်ထားသင့်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~ဝေါလ်ကာမိသားစုဝင်တွေထဲမှာဆိုရင် အလုပ်လည်းကြိုးစား တစ်ချိန်ထဲမှာ ...
movie

Family Switch (2023)

2023
G.B.F. (2013) 5.9
G.B.F. (2013) G.B.F (2013) IMDb-5.9/10 ~Rotten tomatoes-80% 2013 တုန်းကထွက်ရှိခဲ့တဲ့ LGBTQA+++ လူငယ်ဆယ်ကျော်သက်အထက်တန်းကျောင်း ဟာသဇာတ်မြူးကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ တန်နာကရုပ်ပြစာအုပ်ဂိတယောက်ဖြစ်ပြီး သူတက်နေတဲ့North Gateway အထက်တန်းကျောင်းမှာသူသိတဲ့ ဂေးဆိုလို့ သူနဲ့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ဘရန့်နှစ်ယောက်ပဲရှိပါတယ်။သူတို့နှစ်ယောက်က ဂေးနေကြောင်းကို ဖွင့်ချမပြရသေးပဲအချိန်တခုကိုစောင့်နေကြတာပါ။ဒီအချိန်မှာပဲ ဂျီဘီအက်ဖ် (Gay Best Friend) ဆိုတဲ့ဂေးတယောက်ကို အခင်ဆုံးသူငယ်ချင်းအဖြစ်ထားတဲ့ကိစ္စကရေပန်းစားလာနေခဲ့ပြီး ဂေးမရှိသလောက်ကိုဖြစ်နေတဲ့North Gateway ကျောင်းမှာ နာမည်ကြီး တဲ့အုပ်စုကြီးသုံးခုရဲ့ခေါင်းဆောင်သုံးယောက်ဆီကိုပါ ရောက်လာပါတော့တယ်။ဘရန့်ကတော့ သူကဂေးနေကြောင်းပွင့်ချလိုက်ပြီးကျောင်းကပွဲမှာသူတို့နဲ့အတူတက်ဖို့အတွက်ခေါင်းဆောင်မလေး သုံးယောက်ကဝိုင်းလုတာကိုခံဖို့ စီစဉ်ထားတာပါ။ဒါပေမဲ့ မထင်မှတ်ပဲ ဂိုင်ဒါဆိုတဲ့ ဂေးတွေအချင်းချင်းဆက်သွယ်ဖို့သုံးတဲ့အက်ပ်ကနေတဆင့် တန်နာက ဂေးဆိုတာကို သိသွားကြပြီး ကျောင်းကပွဲမှာကွင်းဖြစ်ဖို့အတွက် အုပ်စု သုံးခုရဲ့ ခေါင်းဆောင်သုံးယောက်လုံးကတန်နာကို ဂျီဘီအက်ဖ်အနေနဲ့ အတင်းထားလိုက်ပါတော့တယ်။ဒီလိုနဲ့ တန်နာနဲ့ ဘရန့်တို့ သူငယ်ချင်းနှစ်ယောက်ကြားမှာတင်းမာသွားခဲ့ကြပြီး ကျောင်းကပွဲညကိုမရောက်ခင်ဘယ်လိုတွေဖြစ်ကြမလည်း ဘယ်သူတွေရောကျောင်းကပွဲရဲ့ ကင်းနဲ့ ကွင်းဖြစ်သွားမလည်းဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာပါ။လိင်ပိုင်းဆိုင်ရာအသုံးအနှုံးနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာကြောင့်ကလေးသူငယ်တွေတော့မကြည့်ရှုသင့်ပါဘူးဗျ။ File size…  1.90 GB /  938 ...
movie

G.B.F. (2013)

2013
Who Invited Charlie? (2023)
Who Invited Charlie? (2023) Who invited Charlie? (2023)တွေ့ဆုံမှုတိုင်းက တိုက်ဆိုင်မှုကြောင့်လား။ နှစ်ပေါင်းများစွာရှာနေတဲ့လူတစ်ယောက်ကို ပြန်တွေ့တဲ့အချိန်ဟာ ကိုယ်ရှာနေလို့မဟုတ်ဘဲ ကံတရားဆိုတဲ့ဇာတ်ဆရာအလိုကျ တွေ့တာလား။ဖစ်လ်ဟာ အကျပိုင်းကိုရောက်နေတဲ့ Fund manager တစ်ယောက်ပေါ့။ မိန်းမဖြစ်သူနဲ့လည်း ဆက်ဆံရေးအဖုအထစ်လေးတွေဖြစ်နေပြီး သားဖြစ်သူကလည်း Separation Anxietyဖြစ်နေတော့ ဖလန်းဖလန်းထတဲ့ ၁၆ နှစ်သားအရွယ်လို့ မထင်ရလောက်အောင် အခန်းအောင်း Introvertလေးတစ်ယောက်ပါ။ အိမ်တွင်းရေးရှုပ်ထွေးတတ်တဲ့ ဘီးကြဲတွေရဲ့ထုံးစံအတိုင်း ဖစ်လ်တစ်ယောက်အပြင်မှာ စကီလေးတစ်ယောက်နဲ့ထားထားပေမဲ့ စကီလေးနဲ့ပါ ပြဿနာဖြစ်နေချိန်မှာ ကံဆိုးမသွားရာ မိုးလိုက်ရွာပါတော့တယ်။ အဲဒါကတော့ သူတစ်ချိန်က အဆက်အသွယ်ဖြတ်ခဲ့တဲ့ချာလီနဲ့မှ တည့်တည့်တိုးခြင်းပါပဲ။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလိုပဲ ဖစ်လ်တစ်ယောက် ချာလီကိုမြင်တာနဲ့ အကြီးအကျယ်ဖြတ်ချပြီးပြေးဖို့ကြံတာပေါ့။ ကိုဗစ် outbreakနဲ့ဘာနဲ့ Hamptonsမှာ စတေးရှောင်ဖို့ဖြစ်လာတော့ ဖစ်လ်တစ်ယောက် ချာလီကိုမေ့မေ့ပျောက်ပျောက်ပါပဲ။ ဒါပေမဲ့ ချာလီက Hamptonsက သူ့ရဲ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ချလာချိန်မှာတော့....ဖစ်လ်တစ်‌ယောက် ချာလီကိုဘာလို့သရဲမြင်သလို ကြောက်လန့်နေရတာလဲ။ ချာလီကရော ဖစ်လ်ကိုဘာလို့အသည်းအသန်လိုက်ရှာနေခဲ့ရတာလဲ။ ပြဿနာအားလုံးရဲ့အရင်းခံဖြစ်တဲ့ တချိန်ကဇာတ်လမ်းလေးတွေရှိခဲ့တဲ့ချာလီက နဂိုထဲက အိမ်တွင်းပြဿနာတွေများနေတဲ့ ဖစ်လ်မိသားစုအပေါ် ဘယ်လိုသက်ရောက်မှုဖြစ်လာစေမလဲဆိုတာ အားလုံးအတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. ...
movie

Who Invited Charlie? (2023)

The Butler (2013) 7.2
The Butler (2013) 2013 ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Butler ဇာတ်ကားလေးကတော့ ဆုတွေအများအပြားရခဲ့ပြီးတော့ IMDB 7.2 အထိရခဲ့တဲ့ အမေရိကန်သမိုင်းနောက်ခံ ဒရမ်မာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းလေးကတော့ ၁၉၂၀ခုနှစ်မှာ လူမည်းအိမ်ဖော်တွေကနေ မွေးဖွားလာခဲ့တဲ့ Cecil Gaines တစ်ယောက် ဟာ အဖေဖြစ်သူအသတ်ခံရပြီးတဲ့နောက် လူငယ်ဘဝမှာတင်တစ်နယ်တစ်ကျေးကိုထွက်လာခဲ့တဲ့ လူမည်းလေးတစ်ယောက် ဖြစ်လာခဲ့ပါတယ် အဖိနှိပ်ခံလူမည်းအိမ်စေအဖြစ်ကနေ အိမ်ဖြူတော်အိမ်တော်ထိန်းကြီးအနေနဲ့ သမ္မတအဆက်ဆက်ကို တာဝန်ထမ်းဆောင်နေစဥ် အတောအတွင်း ကြုံခဲ့ရတဲ့ လူမျိုးရေးအကြောင်းအရာတွေ သမိုင်းအဖြစ်အပျက်တွေကို သူ့ရဲ့ရှု့ထောင့် သူ့ရဲ့ခံစားချက်တွေနဲ့ လိုက်လံကြည့်ရှု့ရမယ်ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ ၁၉၅၀​​​ပြည့်လွန်နှစ်တွေအတွင်းမှာ လူမည်းတွေဘယ်လို အဖိနှိပ်ခံရတယ် သူတို့အခွင့်အရေးကို ဘယ်လိုတောင်းယူကြရသလဲဆိုတာကိုလည်း ရှု့ထောင့်အမျိုးမျိုးကနေ တွေ့မြင်ရမယ့်ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ဆိုတော့ကာ သူ့ဘဝကိုဘယ်လို​​ဖြတ်သန်းရတယ် ဘယ်လိုကျော်ဖြတ်ခဲ့ရတယ်ဆိုတာကို ခံစားချက်အမျိုးမျိုးနဲ့ ရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှုအားပေးကြပါဦးFile size…(1.47GB)  / (790MB) / (459MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:33:00 Genre...Biography / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

The Butler (2013)

Space Jam: A New Legacy (2021) 4.1
Space Jam: A New Legacy (2021) Space Jam : A New Legacy (2021)ဘတ်စ်ကတ်ဘောသမား လဘရွန်ဂျိမ်းစ်တို့ မိုက်ကယ်ဘီ ဂျော်ဒန်တို့နဲ့War Machine မင်းသားကြီး သရုပ်ဆောင်ထားတဲ့ Space Jam ထွက်လာပါပြီ။ဇာတ်လမ်းကတော့ ကျွန်တော်တို့ အကြိုက်ဆုံးရုပ်ရှင်တွေကို ဖျက်ဆီး (အဲလေ) ဖန်တီးနေကျ ရုပ်ရှင် စတူဒီယိုတစ်ခုဖြစ်တဲ့ ဝန်းနားဘရားသား ကုမ္ပဏီကကွန်ပြူတာအယ်ဂိုရသမ်တစ်ခုကို ဖန်တီးလိုက်ပါတယ်။အဲဒီအယ်ဂိုရသမ်က လူအသိဉာဏ်ရှိပြီး သူ့ကို မလေးမစားပြောလိုက်တဲ့ လက်ဘရွန်တို့ ဘတ်စ်ကတ်ဘော သားအဖကို မကျေနပ်တာကြောင့် ကွန်ပြူတာထဲမှာ ချုပ်နှောင်ထားလိုက်ပါတယ်။ပြီးတော့ သူနဲ့ ဘက်စ်ကတ်ဘောနိုင်အောင်ဆေ့ာမှ ပြန်လွှတ်မယ်လို့ ပြောတဲ့အခါ လက်ဘရွန်တစ်ယောက် ဝန်းနားဘရားသား ကာတွန်းလောကထဲက ဇာတ်ကောင်တွေအားလုံးထဲကနေ သူ့ကိုကူညီမယ့်သူကိုလိုက်ရှာပြီး ကွန်ပြူတာ အယ်ဂိုရသမ်ကို ရင်ဆိုင်ဖို့ကြိုးစားရပါတော့တယ်...ဘာသာပြန်ထားကတော့ CM ပဲ ဖြစ်ပါတယ်။File size…2 GB and 1.2 GB and 680 MB Quality….WEB-DL 1080p and 720p and 480p Format…mp4 Duration….1h 55min Subtitle….Myanmar Subtitle ...
movie

Space Jam: A New Legacy (2021)

2021
Brian Banks(2018) 6.5
Brian Banks(2018) Brian Banks(2018)အညွှန်း**********************IMDb....6.5(zawgyi)ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်ဘောလုံးသမားတစ်ဦးဖြစ်တဲ့ ဘရိုင်ယန်ကိသ်ဘန့်စ်ရဲ့ ဖြစ်ရပ်မှန်ကိုယ်ရေးအတ္ထုပတ္တိအကြာင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် ဘရိုင်ယန်ဟာ ငယ်စဉ်ကတည်းက အမေရိကန်ဘောလုံးကစားတာကို အရမ်းဝါသနာပါခဲ့သူဖြစ်ပြီး ထူးချွန်တဲ့ကစားသမားတစ်ဦးလဲဖြစ်ခဲ့ပါတယ်...NFLကပရိုအသင်းတစ်သင်းဖြစ်တဲ့ USCကတောင် ခေါ်ယူတဲ့အထိနီးစပ်ခဲ့တာပါ...ဒါပေမယ့်ငယ်ရွယ်တဲ့အချိန်မှာ ကံကြမ္မာရဲ့ လှည့်စားမှုတစ်ခုကြောင့် ဘရိုင်ယန်ရဲ့ဘဝအိမ်မက်တွေ ပျောက်ဆုံးခဲ့ရတယ်...အကြောင်းကတော့သူ့ကိုအမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားသူတစ်ဦးအဖြစ် တရားစွဲဆိုခြင်းခံလိုက်ရပါတယ်.. ဒါကြောင့်ပဲ သူဝါသနာထုံတဲ့ အားကစားကို ဆက်လက်ကစားခွင့်မရခဲ့တော့ပါဘူး...ဒါပေမယ့် ဘရိုင်ယန်ဟာလက်လျှော့ခြင်းမရှိခဲ့ဘဲ သူမကျူးလွန်ခဲ့တဲ့ ဒီနာမည်အမည်းစက်ဆိုးကြီးကို ချေဖျက်ဖို့ဘယ်လိုရှေ့ဆက်တိုက်ပွဲဝင်သွားမလဲဆိုတာကိုတော့...ဒီကားက စိတ်ဝင်စားစရာဖြစ်ရပ်မှန် ဖြစ်တဲ့အပြင် ဘရိုင်ယန်ရဲ့ လှုပ်ရှားရုန်းကန်ပုံတွေကို လေးစားစရာတွေ့မြင်ရသလို တစ်ချို့အရာတွေကျပြန်တော့ လည်း တကယ့်ကို သံဝေဂရစရာတွေပါပဲ... ခံစားကြည့်ကြပါဦး...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်....(unicode)ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်ဘောလုံးသမားတစ်ဦးဖြစ်တဲ့ ဘရိုင်ယန်ကိသ်ဘန့်စ်ရဲ့ ဖြစ်ရပ်မှန်ကိုယ်ရေးအတ္ထုပတ္တိအကြာင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် ဘရိုင်ယန်ဟာ ငယ်စဉ်ကတည်းက အမေရိကန်ဘောလုံးကစားတာကို အရမ်းဝါသနာပါခဲ့သူဖြစ်ပြီး ထူးချွန်တဲ့ကစားသမားတစ်ဦးလဲဖြစ်ခဲ့ပါတယ်...NFLကပရိုအသင်းတစ်သင်းဖြစ်တဲ့ USCကတောင် ခေါ်ယူတဲ့အထိနီးစပ်ခဲ့တာပါ...ဒါပေမယ့်ငယ်ရွယ်တဲ့အချိန်မှာ ကံကြမ္မာရဲ့ လှည့်စားမှုတစ်ခုကြောင့် ဘရိုင်ယန်ရဲ့ဘဝအိမ်မက်တွေ ပျောက်ဆုံးခဲ့ရတယ်...အကြောင်းကတော့သူ့ကိုအမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားသူတစ်ဦးအဖြစ် တရားစွဲဆိုခြင်းခံလိုက်ရပါတယ်.. ဒါကြောင့်ပဲ သူဝါသနာထုံတဲ့ အားကစားကို ဆက်လက်ကစားခွင့်မရခဲ့တော့ပါဘူး...ဒါပေမယ့် ဘရိုင်ယန်ဟာလက်လျှော့ခြင်းမရှိခဲ့ဘဲ သူမကျူးလွန်ခဲ့တဲ့ ဒီနာမည်အမည်းစက်ဆိုးကြီးကို ချေဖျက်ဖို့ဘယ်လိုရှေ့ဆက်တိုက်ပွဲဝင်သွားမလဲဆိုတာကိုတော့...ဒီကားက စိတ်ဝင်စားစရာဖြစ်ရပ်မှန် ဖြစ်တဲ့အပြင် ဘရိုင်ယန်ရဲ့ လှုပ်ရှားရုန်းကန်ပုံတွေကို လေးစားစရာတွေ့မြင်ရသလို တစ်ချို့အရာတွေကျပြန်တော့ လည်း တကယ့်ကို သံဝေဂရစရာတွေပါပဲ... ခံစားကြည့်ကြပါဦး...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်....File Size : ...
movie

Brian Banks(2018)

2018
The Disaster Artist (2017) 7.4
The Disaster Artist (2017) The Disaster Artist (2017) IMDb - 7.4/10_____Rotten - 91% နိုင်ငံတိုင်းမှာ ရုပ်ရှင်လောကတိုင်းမှာ ပေါကားဆိုတာရှိစမြဲပါ။ပေါတဲ့ခံယူချက်ကတော့ တူကြမှာမဟုတ်ပါဘူး။သရုပ်ဆောင်မကောင်းလို့၊ ဇာတ်အိမ်မကောင်းလို့၊ ကိုယ့်အနုပညာကို ပရိသတ်မြင်လာအောင်မချပြနိုင်လို့ပေါကားဖြစ်သွားကြတာတွေရှိသလို သူများနဲ့မတူအောင် ရိုက်ရာကနေ ပေါသွားတာမျိုး၊ ပိုက်ဆံရရင်ပြီးရော ပရိသတ်ကိုနားလည်ပါးရိုက်လုပ်နေတဲ့ ပေါကားတွေလဲ ဒုနဲ့ဒေးပါပဲ။ဒီ Disaster Artist ဆိုတဲ့ရုပ်ရှင်ကားကတော့၂၀၀၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကမ္ဘာ့အဆိုးဆုံးရုပ်ရှင်၊ အပေါဆုံးရုပ်ရှင်ဆိုတဲ့ ဂုဏ်ပုဒ်တွေရယူထားနိုင်တဲ့ The Room ဇာတ်ကားရဲ့ပဲ့ကိုင်ရှင် Tommy Wiseau အကြောင်းကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ဘယ်ကလာတယ်၊ အသက်ဘယ်နှနှစ်လဲ၊ ဘယ်မှာမွေးတာလဲ၊ ပိုက်ဆံတွေဘယ်လိုရလာသလဲဆိုတဲ့ နောက်ကြောင်းရာဇဝင် ဘာဆိုဘာမှမသိရတဲ့ Tommy Wiseau နဲ့ သရုပ်ဆောင်ဖြစ်ရရင်၊ အောင်မြင်ရရင် ကျေနပ်ပါပြီဆိုတဲ့ Greg။သူတို့နှစ်ယောက် လော့အိန်ဂျလိစ်ရဲ့လမ်းမထက်မှာ အိပ်မက်ကိုယ်စီမက်ခဲ့ကြတယ်။တစ်ယောက်ကိုတစ်ယောက် အားပေးဖို့၊ ကိုယ့်အိပ်မက်ကို ဘယ်တော့မှလက်မလျှော့ဖို့ ကတိပေးခဲ့ကြတယ်။ဟောလိဝုဒ်မှာ နေရာတစ်နေရာရလာဖို့ အမျိုးစုံကြိုးစားခဲ့ပေမယ့် ဟောလိဝုဒ်က သူတို့ကိုငြင်းပယ်လာတဲ့အခါ.....သူတို့နှစ်ယောက်မှာ ကမ္ဘာ့အဆိုးဆုံးရုပ်ရှင်တစ်ကားဖြစ်လာဖို့ ကမ္ဘာ့အကောင်းဆုံးအကြံတစ်ခုထွက်လာကြပါတယ်။အဲ့ဒါကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ...
movie

The Disaster Artist (2017)

2017