Channel Myanmar

Xu Juncong

I’m Professional ( 2024 ) 5.8
I’m Professional ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေကိုပေါ့ပေါ့ပါးပါးလေးနဲ့ ရယ်မောစဖွယ်ဖြစ်စေမယ့် I'm professional ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်ဇာတ်လမ်းကတော့ ဖူကွေ့ဆိုတဲ့လူကတော့ ကိုယ့်ကိုယ်သရုပ်ဆောင်ပညာမှာထူးချွန်လှပြီလို့ အထင်ကြီးနေတဲ့လူတစ်ယောက်ပေါ့။ ဒါပေမဲ့လုပ်လိုက်တိုင်းအလွဲလွဲအချော်ချော်နဲ့ဖြစ်နေခဲ့တယ်။တစ်နေ့မှာတော့ သူ့သူငယ်ချင်းရဲ့ဂျင်းထည့်တာကိုခံခဲ့ရပြီး ထိုင်းကိုအလည်အပတ်ရောက်သွားခဲ့တယ်။ အဲ့အချိန်မှာတော့ ထိုင်းမှာစိုးမိုးခြယ်လှယ်နေတဲ့ဂေါင်ကြီးက ရတနာရှိတဲ့မြေပုံကိုအရယူခဲ့တယ်။အဲ့မြေပုံကိုအရယူဖို့ ကြိုးစားနေတဲ့လူတွေလူဆိုးဂိုဏ်းနဲ့ ထိပ်တိုက်တိုးခဲ့ပေမဲ့ ဖူကွေ့ကတော့ အကုန်လုံးကိုရိုက်ကွင်းနေရာ သရုပ်ဆောင်လို့ ထင်နေပြီးတော့ သူ့သရုပ်ဆောင်စွမ်းရည်ကို ထုတ်သုံးပြခဲ့တာပေါ့။ ဒီလိုနဲ့ပဲအလွဲလွဲအချော်ချော်တွေနဲ့ ဘယ်လိုတွေရှေ့ဆက်ကြမလဲ။ဘယ်လိုတွေဆက်ဖြစ်လာမလဲစတဲ့ ဟာသပြက်လုံးတွေနဲ့အတူတူစိတ်လက်ပေါ့ပါးသွားစေမယ့် ဇာတ်ကားလေးတစ်ကားဖြစ်တာကြောင့် အတူတူကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK  
movie

I’m Professional ( 2024 )

Easy Money ( 2023 ) 5.7
Easy Money ( 2023 ) ငွေတုငွေစစ်အရှုပ်တော်ပုံ ဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အခြေခံလူတန်းစားတစ်ယောက်ဖြစ်တဲ့ ချောင်ရှီချင့်ဟာ တစ်နေကုန်ကံဆိုးနေခဲ့ပါတယ်။ စိတ်ညစ်ညစ်နဲ့တံတားအောက်ကိုသွားတဲ့အချိန်မှာ ပိုက်ဆံသေတ္တာတစ်ခုကိုကောက်တွေ့ရပါတယ်။သူကဒီပိုက်ဆံသေတ္တာကိုရဲလက်အပ်ရမလား ဘာလုပ်ရမလဲတွေဝေနေတဲ့အချိန်မှာ...... လင်ကြီးဆီကပိုက်ဆံတွေကိုခိုးပြီး ပိုက်ဆံအတုနဲ့လဲဖို့ကြိုးစားနေတဲ့စုံတွဲတစ်တွဲနဲ့ မထင်မှတ်ပဲ လက်ဆွဲသေတ္တာချင်လွဲသွားခဲ့တယ်။ တကယ်တော့ ချောင်ရှီချင့်လက်ထဲကပိုက်ဆံသေတ္တာက ရိုက်ကူးရေးသုံးတဲ့ပိုက်ဆံအတုတွေပါ။ ခိုးလာတဲ့ပိုက်ဆံကအတုတွေဖြစ်သွားတော့ စုံတွဲကခေါင်းမီးတောက်တော့တာပဲ။ ဒီလိုနဲ့ ချောင်ရှီချင့်ကငွေတုဆိုပြီးရဲလက်ကိုအပ်ဖို့ကြိုးစားတဲ့ ပိုက်ဆံတွေနဲ့ရွာလည်နေတော့တာပါပဲ။ ပေါ့ပေါ့ပါးပါး စိတ်အပန်းဖြေချင်တဲ့အခါမှာ သေချာပေါက်ကြည့်သင့်တဲ့ အခွီကားလေးတစ်ကားပါပဲ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 1h 14 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Easy Money ( 2023 )

The Morning After ( 2018 ) 5.8
The Morning After ( 2018 ) ဟာသရုပ်ရှင်တွေကို ကြိုက်တဲ့ ပရိသတ်တွေအတွက် နာမည်ကြီး လူရွှင်တော် တွေနဲ့ ရိုက်ကူးထားတဲ့ ဟာသကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-နှစ် ၃၀ ကျော် ငါးရောင်းခဲ့သူ ဦးလေးယာ၊ ငါးပြတိုက်ကြီးတစ်ခုမှ လင်းပိုင်လေ့ကျင့်သူ အားလဲ့နှင့် ငါးပြတိုက်လုံခြုံရေး တုကျစ်ကော်တို့ဟာအလုပ်ကြောင့် ခင်မင်သွားကြပါတယ်။ သူတို့ဟာ ဘဝကို ကြိုးစားဖြတ်သန်းနေပေမဲ့လဲ အချစ်ရေးတော့ကံမကောင်းကြပါဘူးတစ်နေ့မှာ သူတို့ ၃ ယောက် စုပြီး စိတ်ညစ်ညစ်နဲ့ အရက်သောက်ကြပါတယ်။ မူးနေကြပြီး ဘာမှ မသိတော့တဲ့ အချိန်မှ ာ ကားတစ်စီးက ငါးပြတိုက်ကို ရောက်လာခဲ့ပါတယ်။ မူးနေတဲ့ ဦးလေးယာဟာ ပစ္စည်းစာရင်းပေါ်မှာ လက်မှတ်ထိုးခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့ ငါးပြတိုက်ထဲက နာမည်ကြီးလင်းပိုင်ပေါင်ပေါင်ကို သူတို့ ၃ ယောက် နိုင်ငံခြားသို့ရောင်းလိုက်ကြောင်း သိလိုက်ရပါတယ်။ ဒီကိစ္စကြောင့် သူတို့ ၃ ယောက်ဟာ လင်းပိုင်ကို ခိုးရောင်းခဲ့တဲ့ တရားခံတွေ ဖြစ်သွားပါတော့တယ်။သူတို့ ၃ ယောက် လင်းပိုင်ကို ပြန်ရှာတဲ့ လမ်းတစ်လျှောက်မှာ ကြုံတွေ့ရမယ့် အလွှဲတွေကို ကြည့်ရှုရယ်မောပြီး ဘဝအမောတွေကို ဖြေဖျောက်ကြရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : ...
movie

The Morning After ( 2018 )

Big Joy Event ( 2023 ) 5.9
Big Joy Event ( 2023 ) အခုတစ်ခေါက် CM က Big Joy Event ဆိုတဲ့ ဟာသကားလေး တစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ကားပြင်ဆရာလီတကျွင်းနဲ့ လက်သည်းအလှပြင်သူ လျိုမိန်တို့ ချစ်သူနှစ်ယောက်ဟာ စေ့စပ်ပွဲနေ့မှာ မင်္ဂလာပွဲနေ့ကို သတ်မှတ်ခဲ့ကြတယ်။ တစ်ချိန်တည်းမှာပဲ လီတကျွင်းဟာ ယောက္ခထီးကြီးဖြစ်သူ လျိုခဲ့ကျန်ရဲ့ စိန်ခေါ်မှုကြီး တစ်ရပ်ကို လက်ခံခဲ့ရတယ်။ တင်တောင်းငွေ ၅ သိန်းတဲ့။လီတကျွင်းအတွက်တော့ နှစ်ဝက်အတွင်း ၅ သိန်းရဖို့က မဖြစ်နိုင်တဲ့ တာဝန်ကြီးတစ်ခုပါ။ ထိုနောက် လီတကျွင်းနဲ့ လျိုမိန်တို့ပူးပေါင်းပြီး လျိုခဲ့ကျန်ကို တိုက်စစ်ဆင်ပါတော့တယ်။လူငယ် နှစ်ယောက်က ရှေးဟောင်း အတွေးအခေါ်တွေကို ဘယ်လို ကျော်ဖြတ်ကြမလဲ...... သူတိုနှစ်ယောက် မင်္ဂလာပွဲကို အောင်မြင်စွားကျင်းပနိုင်ပါမလား...... ဆိုတာကို ဇာတ်လမ်းလေးနဲ့အတူ ရယ်မောကြည့်ရှုကြရအောင်နော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Romance Runtime : 1h 27 min Subtitle : Myanmar ...
movie

Big Joy Event ( 2023 )

Our New Life ( 2021 ) 6.1
Our New Life ( 2021 ) လူ့ဘဝဆိုတာ အနိမ့်အမြင့်အတက်အကျတွေရှိသလို အသက်၁၀၀မနေရသော်လည်း အမှု ၁၀၀ မကကြုံတွေ့ရတတ်ပါတယ်။ သာမန်ဘဝဖြတ်သန်းမှုတွေဟာ ရုပ်ရှင်မဆန်ပေမယ့် စိတ်ဝင်စားစရာတွေတော့ရှိနေကြပါတယ်။ ဒါဆိုရင် သာမန်လူတွေရဲ့ သာမန်ဘဝဖြတ်သန်းမှုတွေ ပြဿနာတွေအကြောင်းကို ရိုက်ကူးထားတဲ့ လက်တွေ့ဆန်တဲ့ဒီရုပ်ရှင်ကို ခံစားကြည့်လိုက်ကြရအောင်။မတူညီတဲ့ဇာတ်လမ်း၅ပုဒ်ကိုကြည့်ရှုရမှာဖြစ်ပြီး တစ်ခုစီဟာလည်း လောကမှာကြုံတွေ့ရတတ်တဲ့ပြဿနာတွေကို မီးမောင်းထိုးပြနေပြီး၊ စိတ်နှလုံးကိုနွေးထွေးစေတဲ့ အကြောင်းအရာများလည်းပါဝင်နေပါတယ်။အသက်အရွယ်အသီးသီး အလွှာအသီးသီးက လူတွေရဲ့ရုန်းကန်မှု ကြိုးစားမှု ပျော်ရွှင်မှုကိုရှာဖွေကြပုံ ဘဝနေထိုင်မှုပုံစံ တွေကိုကြည့်ရှုရင်း ပုံမှန်ဆန်စွာ ပြဿနာတွေကိုဖြေရှင်းကြပုံကို စိတ်ဝင်စားဖွယ် ငြိမ့်ငြိမ့်ညောင်းညောင်းကြည့်ရှုရမှာမို့ လူ့ဘဝ လူ့သဘာဝအကြောင်းကို ခံစားကြည့်ရှုချင်သူတွေအတွက် အေးအေးဆေးဆေးအပန်းဖြေကြည့်ရှုနိုင်မယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ [ Reviewed By Yin Wai Phyo ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama Runtime : 2h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Our New Life ( 2021 )

Once Upon a Time in the Northeast ( 2022 ) 6.2
Once Upon a Time in the Northeast ( 2022 ) ❐ ဒီဇာတ်ကားလေးဟာဆိုရင် ၁၉၉၀ ခုနှစ်အတွင်း တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း​မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဇာတ်လမ်းလေး​ကိုရေသားဖော်ပြထားတဲ့ Kong Ergou ရဲ့ "The Past in Northeast China" ဝတ္ထုကို အခြေခံရိုက်ကူးထားသော ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်ရှင်၁၉၉၀ ပြည့်နှစ်ဝန်းကျင် မိုးများသည်းထန်စွာ ရွာသွန်းနေချိန်..., ကျောက်ဟုန်ပင်းဆိုသူဟာ ယန်တယုံဆိုတဲ့ လူတစ်ယောက်ကို ကားနဲ့မတော်တဆတိုက်မိပြီး ထွက်ခွာလာခဲ့ပါတယ် ၂ နှစ်လောက်ကြာပြီးတဲ့နောက်မှာတော့ ကျောက်ဟုန်ပင်းဟာ ဇာတိမြေဆီကိုပြန်လာခဲ့ပါတယ် တစ်ဖက်မှာလဲ ဖခင်က ကားတိုက်ခံတဲ့ဒဏ်ရာကြောင့် ဒုက္ခတဖြစ်နေသည့်အတွက် ယန်တယုံရဲ့တစ်ဦးသော သားဖြစ်သူ ၁၀ နှစ်သားအရွယ်ရှောင်လုံဟာ သူတို့နယ်မြေရဲ့ လူမိုက်တစ်ယောက်ထံမှာ အလုပ်ဝင်လုပ်ရင်း အခက်အခဲပေါင်းများစွာ/အနိုင်ကျင့်ခံမှုပေါင်းများစွာကိုခံစားရပါတော့တယ် ဒ ါတွေအားလုံးကို မျက်မြင်ကိုယ်တွေ့ကြုံတွေ့ပြီး သူ့ကိုယ်သူအပြစ်ရှိသလိုခံစားနေရတဲ့ ကျောက်ဟုန်ပင်းဟာ အရာအားလုံးအရင်လိုပြန်ဖြစ်ရေး/ အေးချမ်းတဲ့နေ့ရက်တွေကို ပြန်လည်ရရှိစေရေးအတွက် နောက်မဆုတ်တမ်း ကြိုးစားခဲ့ရင်းကနေ ပြဿနာကြီးတစ်ခုဖြစ်ပွားလာခဲ့တဲ့အခါ....?❐ ဘာတွေဆက်ဖြစ်ပြီး ဘယ်လိုမျိုးရင်ဆိုင်မှုတွေနဲ့ ကြုံတွေ့ကြရမှာလဲ?❐ လူတစ်ယောက်ဖြစ်လာရင် အသိစိတ်ရှိပြီး လိပ်ပြာလုံလုံနဲ့ နေနိုင်ရမယ်လို့ မှတ်ယူထားတဲ့ ကျောက်ဟုန်ပင်းတစ်ယောက် အတိတ်ကဖြစ်ခဲ့တဲ့ အမှားတွေကိုပြန်လည်ပြင်ဆင်နိုင်ပါ့မလား...? ဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ရအောင်လားရှင် ဒီဇာတ်ကားထဲမှာဆိုရင် ညီအစ်ကိုတွေကြားထဲက သံယောဇဥ်/ မိတ်ဆွေတွေရဲ့ သံယောဇဥ် အစရှိတဲ့ သံယောဇဥ်နက်ရှိုင်းပုံတွေကို ဦးစားပေးဖော်ပြထားတာမို့ ကြည့်ရှုသူတွေအတွက် ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းခံစားစေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် [Reviewed By Chit Mya ...
movie

Once Upon a Time in the Northeast ( 2022 )

Nice View (2022) 6.7
Nice View (2022)   "ဘာလုပ်လုပ် တင့်တယ်"ဆိုတဲ့စကားက ဂျင်​ဟောင်ဆို​တဲ့ လူငယ်နဲ့လားလားမှပင် မသက်ဆိုင်ဟုဆိုရမည်။ အထက်တန်း​ကျောင်းသားဘဝကတည်းက မိတဆိုးဖြစ်ခဲ့သည့် ဂျင်​ဟောင်ကို အ​​ဖေဖြစ်သူပါ ပစ်ထားခဲ့တာ​ကြောင့် ​​ကျောင်းထွက်ကာ ဖုန်းပြုပြင်​ရေးဆိုင်ဖွင့်ပြီး ရောဂါသည်ညီမ​နဲ့အတူ ဘဝကို ရုန်းကန်ရှင်သန်နေသူပါ။​ရောဂါသည် ညီမ​လေးက ​မွေးရာပါနှလုံး​ရောဂါ​ကြောင့် ခွဲစိတ်မှုကို မဖြစ်မ​နေလုပ်ရမယ့်အချိန် ​ ငွေအင်မတန်လိုလာတဲ့ ဂျင်​ဟောင်ဟာ သူတတ်ကျွမ်းတဲ့ ဖုန်းပြုပြင်ပညာနဲ့ အခက်အခဲများစွာကို ရင်ဆိုင် ​ကျော်ဖြတ်ရင်း လိုအပ်​နေတဲ့ ခွဲစိတ်စရိတ်ကို ဘယ်လိုရှာ​ဖွေမလဲ။ လောကဓံတွေ၊ အနိမ့်အမြင့် အတက်အကျ​တွေက ဘယ်လိုပုံစံမျိုး​ပေါ်လာကြမလဲ၊ ဒါ​တွေကို ​မောင်နှမ၂​ယောက် ဘယ်လိုကြံ့ကြံ့ခိုင် ရင်ဆိုင်သွားမလဲဆိုတာ ကြည့်ရှုရမှာပါ။ဇာတ်​​ကြောင်းကို ဖတ်မိလိုက်ရင် ဇာတ်ကားရဲ့ အရသာအ​တော်​ကို လျော့သွားနိုင်တယ်လို့ ယူဆမိလို့ အများကြီးမညွှန်းဆို​တော့ပါဘူး။ IMDbမှာ 6.7, MyDramaListမှာ 8.3အထိ ရထားပြီး ၂၀၂၂ခုနှစ် ပြည်တွင်းရုံဝင်​ငွေအ​ကောင်းဆုံး ထိပ်ဆုံး၁၀ကားထဲမှာ ကန်​ဒေါ်လာ ၂၂၁သန်းနဲ့ ရပ်တည်​နေပါတယ်။ ဒီ stats​တွေက အလကားရခဲ့တာမဟုတ်​​ကြောင်း ဒီ​Dramaဇာတ်ကားက ​သေချာ​လေးပုံ​ဖော်ရိုက်ကူးထားပါတယ်။ တစ်ခါတ​လေ မဲပြာပုဆိုးဇာတ်တွေကပဲ ရိုးရိုး​​လေးနဲ့ လှပ​နေတတ်တာ မဟုတ်ပါလား။ ...
movie

Nice View (2022)

Hi,Mon (2021) 7.0
Hi,Mon (2021) IMDb 7.0 အထိ ရရှိထားတဲ့ဇာတ်ကားကောင်းလေးပါဒီကားလေးကတော့ ဟာသကားလေးပေါ့သို့ပေမယ့် ခံစားတတ်တဲ့နှလုံးသားရှိရင်မျက်ရည်တွေနဲ့ ရယ်ကြရမယ့်ကားလေးပါဒီကားလေးက ဖြစ်ရပ်မှန်ကိုအခြေခံတာထက်ပိုတယ်.ဘာလို့လဲဆိုတော့ ဒီကားလေးကဒါရိုက်တာရဲ့ မပြီးမြောက်ခဲ့တဲ့ ဆန္ဒကိုမှန်းဆပုံဖော်ရိုက်ကူးတဲ့ကားမလို့ပါ...ဒီကားလေးထဲ သေသွားခဲ့တဲ့ သူချစ်ရတဲ့ခွေးလေး...အမေ့ကိုပြောချင်ခဲ့တဲ့စကားတွေနဲ့နောက်ဆုံး မပေးဖြစ်ခဲ့တဲ့ အနွေးထည်လေးကိုပါထည့်ပြီး ရိုက်ကူးခဲ့တာပါဇာတ်လမ်းအကျဉ်းကိုပြောပြရရင်...ငယ်ငယ်တုန်းက ကျောင်းမှာ ချီးပါချလို့အမေ့မှာအရှက်ကွဲရစာမတော် အမှတ်မကောင်းလို့ ကိုယ်နဲ့အတူဆရာမဆူတာခံရတဲ့အမေသူ့မိတ်ဆွေ အသိုင်းအဝိုင်းတွေကြားသားသမီးချင်းဂုဏ်ပြိုင်ရင်မျက်နှာငယ်ရတဲ့အမေဒီလိုအမေနဲ့ အတူစက်ဘီးစီးရင်းမတော်တဆဖြစ်တာတောင်အမေကဆေးရုံပေါ်မှာနောက်ဆုံးအချိန်ကိုစောင့်နေရချိန်ကိုယ်ကဘာမှမလုပ်ပေးနိုင်ဘဲ သေမှာကိုထိုင်ကြည့်နေရတဲ့ ကောင်မလေးတစ်ယောက်...ဆေးရုံမှာလူနာစောင့်ရင်း တီဗီကကြေညာသံတွေနောက်လိုက်ရင်း ၁၉၈၁ ခုနှစ်အမေအပျိုအချိန်ကို ရောက်သွားခဲ့တယ်...အဖက်ဖက်က ကြိုးစားရင်း အမေ့ဘဝကိုပိုကောင်းအောင် ကြိုးစားပေး....အမေ့ပျော်အောင် ကြိုးစားပေးရင်း...နောက်ဆုံး အမေမွေးတာ ငါမဟုတ်ရင်အမေ့ဘဝပိုသာယာမလားလို့ တွေးမိပြီးတခြားသူနဲ့အောင်သွယ်ပေးတဲ့အထိ ကြိုးစားနေတဲ့ ရှောင်လင်...အတိတ်ကိုပြင်ဖို့ကြိုးစားတာ အောင်မြင်မလားကြားထဲ ဘာတွေဖြစ်မလဲ နောက်ပြီးသူမသိတဲ့တခြားဘာကိစ္စတွေရှိဦးမှာလဲဆိုတာဇာတ်လမ်းလေးကိုကြည့်ရင်း ခံစားကြည့်လိုက်ပါ  Quality :  WEB-DL 1080p Format : mp4 Duration : 2h 8min Genres : Comedy , Drama , Fantasy Subtitle : Myanmar Subtitle ( Hardsub ...
movie

Hi,Mon (2021)