Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Xuân Trường
7.7
Song Lang (2018)
Song Lang (2018)80 ခုနှစ်လောက်က အပြင်အဆင်တွေကို သဘောကျသူတွေအတွက် 2018ကထွက်ရှိထားတဲ့ Song Langဆိုတဲ့ ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီရုပ်ရှင်လေးဟာ 80ခုနှစ် operaပြဇာတ်ကိုအခြေခဲရိုက်ကူးထားတဲ့ လူငယ်နှစ်ယောက်ကြားက Bromanceလည်းမဟုတ် brotherhoodကိုလည်း နည်းနည်းအရောင်ဆိုးချင်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။မိုးကြိုးသွားဒုန်းဟေ့ဆိုတာနဲ့ တစ်မြို့လုံးက ရွံကြောက်ရတဲ့ အကြွေးသိမ်းတဲ့လူတစ်ယောက်၊ အကြွေးလာသိမ်းပြီဆိုရင် ရက်ရက်စက်စက်နည်းလမ်းမျိုးစုံနဲ့ မသိမ်းနိုင်တဲ့အကြွေးမရှိလို့ နာမည်ကြီးတဲ့အထိ ရက်စက်တတ်သူတစ်ယောက်ပေါ့။ ဒါပေမဲ့ ရက်စက်ခက်ထန်တဲ့မျက်နှာဖုံးအောက်မှာ ဒဏ်ရာအပြည့်နဲ့ နူးညံ့တဲ့နှလုံးသားရှိတာကိုတော့ လူတွေကမသိကြပါဘူး။ ဒီလိုနဲ့တစ်နေ့ ပြဇာတ်အဖွဲ့မှာ အကြွေးသိမ်းဖို့သွားရင်းနဲ့ လင်ဖုန်ဆိုတဲ့လူငယ်လေးနဲ့ဆုံဖို့ ဖြစ်လာပါတော့တယ်။လင်ဖုန်က ငယ်ငယ်ထဲက operaပြဇာတ်ကိုရူးသွပ်ခဲ့သူတစ်ယောက်၊ စင်မြင့်ထက်မှာ ပရိသတ်ရဲ့အာရုံကိုဖမ်းစားနိုင်သူဖြစ်ပေမဲ့လည်း လက်တွေ့မှာ စကားနည်းပြီး တစ်ကိုယ်တည်းနေတတ်တဲ့ အထီးကျန်နေသူတစ်ယောက်ပါ။ အချစ်ဆိုတဲ့အရာနဲ့ မထိတွေ့ရသေးတဲ့ ရေခဲနှလုံးသားပိုင်ရှင်လေးဆိုရင်လည်း မမှားပါဘူး။ ဒီလို မတူညီတဲ့ကမ္ဘာကလူနှစ်ယောက် အကြွေးကိုအရင်းတည်လို့ ဆုံစည်းဖို့ ဖြစ်လာတဲ့အခါ...အပေါ်ယံမှာ မျက်နှာဖုံးတပ်ထားပေမဲ့ အတွင်းကစိတ်ဒဏ်ရာကိုယ်စီနဲ့ သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုနှောင်ကြိုးတွေဖြစ်ပေါ်လာမလဲဆိုတာ အားလုံးအတူတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... BL, Drama, Romance Quality…. 1080p ...
movie
Song Lang (2018)
2018
7.8
Butterfly House (2019)
တကယ်လို့သင့်မိဘတွေကသာ ဂေးတစ်ယောက်ဖြစ်နေမယ်ဆိုရင်? Netflix မှာပြခဲ့ဖူးတဲ့ ဗီယက်နမ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအညွှန်း-ဟွမ်ဆိုတဲ့ကောင်လေးက ဟန်နွိုင်းသူတစ်ယောက်နဲ့ကြိုက်မိပါတယ်။ တစ်နေရာနဲ့တစ်နေရာဝေးကြတယ်ဆိုတော့ ဟွမ်မိ့ဘတွေကသဘောတူပေမယ့် ဟန်နွိုင်းသူဘက်က နေရာကွာဝေးတာကြောင့်ရော၊ရှေးရိုးစွဲအမြင်တွေကြောင့် သဘောမတူချင်ပါဘူး။ ဟွမ့်အဖေနဲ့ဟွမ့်ကိုစောင့်ရှောက်လာတဲ့အမေကဂေးဖြစ်ပြီး ဟမ်တို့က ဂေးဘားထောင်ထားပါတယ် ဟိုဘက်က ရှေးရိုးစွဲတဲ့မိဘတွေကြောင့် ဟွမ်က ကြီးလာတဲ့အထိစောင့်ရှောက်လာတဲ့ဂေးအမေကို ဖုံးကွယ်ခဲ့ပါတယ်။ လူငယ်တွေရဲ့အချစ်ရေးကိုဦးတည်ထားပေမယ့် LGBT ကိုအသားပေးရိုက်ထားတဲ့ကားလေးပါ။ ဂေးနေရာမှာ သရုပ်ဆောင်ထားတဲ့သူတွေရဲ့ သရုပ်ဆောင်ကောင်းတာကြောင့် ဇာတ်လမ်းကို စီးမျောသွားပြီး သူတို့နေရာမှာ ခဏတဖြုတ်ပဲဖြစ်ဖြစ် နားလည်ခံစားမိပါတယ်။ သူတို့ကြားက သံယောဇဥ်က စိတ်ဝင်စားစရာကောင်းပါတယ်။ တကယ်တမ်းဂေးတွေ သူတို့အလုပ်မှာအရမ်းကြိုးစားပြီး respect ရှိတာတွေ နေရာတစ်နေရာမှာ ကိုယ့်ကိုကိုယ်ရဲ့ဖြစ်တည်မှုကို အားလုံးနဲ့ဆန့်ကျင်ပြီး ရပ်တည်နိုင်ခဲ့တာတွေက သူ့ဟာနဲ့သူတော့ အံသြစရာကောင်းပါတယ်။ ဒီကားထဲမှာ သားကိုစောင့်ရှောက်နေတဲ့ဂေးအမေတစ်ယောက်ကို မြင်ရမှာပါ File Size - 1.1 gb Quality - web-dl 1080p Subtitle - burmese Translator - DoDo Encoder - Thit San Khant
movie
Butterfly House (2019)
209