Channel Myanmar

Yamini Das

Babli Bouncer (2022) 6.7
Babli Bouncer (2022) Bobli Bouncer (2022)IMDb-6.5/10အိန္ဒိယမြို့အစွန်က ဘောက်ဆာရွာလေးမှာ လူငယ်တိုင်း ဘောက်ဆာလေ့ကျင့်ကျွမ်းကျင်ကြတယ် ဒီထဲကမှ ဘောက်ဆာဆရာရဲ့ သမီးဖြစ်တဲ့ ဘာဘလီကတော့ ရွာမှာ ဘောက်ဆာကျွမ်းကျင်တဲ့ မိန်းကလေး အတန်းပညာမှာအာရုံမစိုက်ခဲ့တာကြောင့် 10 တန်း တဖုန်းဖုန်းကျပြီး ကျောင်းထွက်ခဲ့ရပေမယ့် ဘောက်ဆာမှာတော့ အမျိုးသားထဲမှာတောင် သူ့ကိုနိုင်သူမရှိဘူး မင်္ဂလာဆောင်တစ်ခုမှာ ကျောင်းတုန်းကဆရာမနဲ့တွေ့ပြီး ဆရာမသားကို သဘောကျမိသွားရာကနေ သူ့ဘ၀မှာ အပြောင်းအလဲတွေ စဖြစ်တော့တာပဲ....ဒေလီက ညကလပ်တစ်ခုကိုလာတဲ့ မိန်းကလေးတွေ အန်တီကြီးတွေရဲ့ ရစ်ဒဏ်ညစ်ဒဏ်ကို အမျိုးသားဘောက်ဆာ‌၀န်ထမ်းတွေ ဖြေရှင်းဖို့ အခက်တွေ့ရာကနေ အမျိုးသမီး ဘောက်ဆာ၀န်ထမ်းတွေ ခန့်ဖို့ ဖြစ်လာခဲ့တယ်ပညာတတ် လူရည်သန့်လေးဗီရာ့ဂျ်က အမှီအခိုကင်းတဲ့ မိန်းကလေးသဘောကျတယ်ဆိုတာနဲ့ အမှီအခိုကင်း နေထိုင်ပြချင်လို့ ညကလပ်မှာ အမျိုးသမီး ဘောက်ဆာအလုပ်လျှောက်ရင်း ရခဲ့တယ်ဗီရာ့ဂ်ျရဲ့ ‌မွေးနေ့မှာ အမူးလွန်ပြီး ဖွင့်ပြောမိရာကနေ ဗီရာ့ဂ်ျဆီက ခါးခါးသီးသီး ငြင်းခံရလိုက်တဲ့အခါမှာတော့.....ပျော်ပျော်နေတတ်ပြီး ခေတ်လူငယ်တွေကြားအသုံးအနှုန်း အပြုအမူတစ်ခုမှမသိတဲ့ ရိုးသားတဲ့ တောသူမလေးနဲ့ပညာတတ် ဥစ္စာပေါ ရုပ်ချောလေးတို့ရဲ့ အချစ်ဇာတ်လမ်းက ရှေ့ဆက်နိုင်မှာလား ဒီလိုနဲ့ပဲ ဇာတ်သိမ်းသွားမလားဆိုတာကို ခံစားကြည့်ပါဦးအပန်းပြေကြည့်ချင်တဲ့ကားကောင်းလေး ရှာနေတဲ့ ပရိသတ်တွေအကြိုက်တွေ့မယ့် အချစ်ဇာတ်မြူးလေးပါ File size…2.45GB ...
movie

Babli Bouncer (2022)

2022
Ramprasad Ki Tehrvi (2021) 7.5
Ramprasad Ki Tehrvi (2021) IMDb Rating (7.5)Rotten Tomatoes (86%)ဒီဇာတ်ကားက ၂၀၁၉ မွမ်ဘိုင်းဖလင်ပွဲတော်မှာ ပြသခဲ့ပေမယ့်တကယ်ရုံတင်တာကတော့ ၂၀၂၁ ဇန်နဝါရီကမှ ရုံတင်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။Family Drama အမျိုးအစားဖြစ်ပြီး မင်းသား၊မင်းသမီးတွေရော ဇာတ်လမ်းနဲ့တင်ပြမှုပုံစံရောအဖက်ဖက်က ပြည့်စုံတာကြောင့် ဝေဖန်ရေးဆရာတွေရဲ့ချီးကျူးမှုရရှိခဲ့သလို နိုင်ငံတကာ Rating တွေလဲ ကောင်းပါတယ်။ဇာတ်လမ်းကတော့...ဖခင်ကြီး Ramprasad သေဆုံးသွားတဲ့အချိန်မှာ ဟိန္ဒူရိုးရာအခမ်းအနားနဲ့ ကောင်းမွန်စွာဆောင်ရွက်ကြဖို့မိသားစုတွေ ပြန်လည်တွေ့ဆုံကြပါတယ်...မိသားစုညီကိုမောင်နှမဆိုတာမျိုးက တစ်ခါတစ်လေ အဝေးကြီးနေပေမယ့် နီးစပ်နေသလိုတခါတလေလဲ အခန့်မသင့်တာနဲ့ မခေါ်မပြောနိုင်ဖြစ်တတ်ကြတာမျိုးပဲ...အရှေ့တိုင်းလို အိန္ဒိယလိုနိုင်ငံမျိုးမှာတော့ ပိုရှုပ်ထွေးတဲ့ဆက်နွယ်မှုတွေရှိတာပေါ့...မိသားစုကြီးကနေ ပညာစုံကြင်ယာစုံလို့ သီးသန့်အိမ်ထောင်ခွဲသွားကြပေမယ့်ကိုယ်ပိုင်မိသားစုတစ်ခုစီတိုင်းမှာလဲ ကိုယ်ပိုင်ဝေဒနာတွေက အသီးသီးရှိနေကြတာပဲ..။ဒီလို မိသားစုတွေကြားက ပြသနာလေးတွေကို အချိတ်အဆက်မိမိ တင်ပြထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဝါရင့်သရုပ်ဆောင်များစွာ သရုပ်ဆောင်သစ်များစွာပါဝင်ထားတဲ့အပြင်Haseen Dillruba ထဲက မင်းသား Vikrant Massey လဲပါဝင်ထားပါသေးတယ်။မိသားစုနဲ့အေးဆေးကြည့်ရှုဖို့သင့်တော်မယ့်ဇာတ်ကားပါ။  File size…(1.9 GB) / (999 MB) / (500 MB) Quality…WEB-DL 1080p / 720p / ...
movie

Ramprasad Ki Tehrvi (2021)

Haseen Dillruba (2021) 5.2
Haseen Dillruba (2021) Haseen Dillruba(2021)အိမ်ထောင်ရေးဆိုတာ သိပ်ကိုပါးလွှာတဲ့အပ်ချည်မျှင်လေးတစ်ချောင်းလိုပဲ အပ်ပေါက်လေးထဲဝင်ဖို့ အရမ်းဂရုစိုက်ရတာ မဟုတ်ရင် အပ်ချည်မျှင်လေးက ကွဲသွားရောတဲ့ချစ်တဲ့မျက်စိနဲ့ကြည့်ရင် အရာရာလှတယ်လို့ပြောကြတယ်မဟုတ်လား အချစ်ဆိုတာ အပြစ်အနာအဆာတွေအားလုံးကို ပြည်ဖုံးကားချပေးနိုင်တဲ့ ခလုတ်တစ်ခုပါပဲ အဲ့လိုအချစ်တွေနဲ့ အခြေခံထားတဲ့အိမ်ထောင်ရေးဆိုတာကလည်း နွေးထွေးပြည့်စုံနေမယ်ဆိုတာ ပြောစရာတောင်မလိုပါဘူးဒါဆို အချစ်ကိုအခြေမခံထားတဲ့အိမ်ထောင်ရေးမျိုးဆိုရင်ရော????အမျိုးသမီးတွေရဲ့စိတ်ခံစားချက်က ခန့်မှန်းရခက်တယ်ဗျ ဒီဇာတ်ကားထဲက ရာနီကိုကြည့်ရင် ခင်ဗျားတို့သဘောပေါက်မှာပါ လွဲချော်မှုသေးသေးလေးကနေစခဲ့တဲ့ အရာတွေက ပြဿနာကြီးတစ်ခုဖြစ်လာခဲ့မယ်လို့ ရာနီလည်းမထင်ခဲ့သလို ခင်ပွန်းဖြစ်သူရက်ရှူးလည်း တွေးမိခဲ့မှာမဟုတ်ဘူး ဖြေရှင်းဖို့ကြိုးစားခဲ့တဲ့အချိန်မှာ အရာရာကနောက်ကျသွားခဲ့ပြီကိုး........ခံစားချက်တွေရှုပ်ထွေးနေတဲ့ အမျိုးသမီးတစ်ယောက်ဆီပေါ်လာတဲ့ ပြဿနာအလျှိုလျှိုက ဖြေရှင်းဖို့သိပ်ကိုခက်ခဲလွန်းတယ် အစကတည်းကလွဲမှားနေခဲ့တဲ့ ဆက်ဆံရေးတစ်ခုက ကောင်းသောအဆုံးသတ်နဲ့ ရှိနိုင်ပါ့မလား??အိန္ဒိယမှုခင်းဇာတ်ကားကောင်းစောင့်မျှော်နေတဲ့သူတွေအဖို့တော့ အကြိုက်တွေ့စေမယ့် အသစ်စက်စက်ရုပ်ရှင်ကားကောင်းတစ်ကောင်းလို့ ပြောချင်ပါတယ်ဗျအညွှန်းကတော့ Amelia ဖြစ်ပြီးတော့ဘာသာပြန်ထားတာကတော့ Amelia နဲ့ Thet Hnin Hsu တို့ပဲ ဖြစ်ကြပါတယ်။File size…2.3 GB and 1.5 GB Quality….WEB-DL 1080p and 720p Format…mp4 Duration….2h 15min Subtitle….Myanmar Subtitle (Hardsub) Translator ..... Amelia and Thet Hnin Hsu Encoder ..... August
movie

Haseen Dillruba (2021)

2021