Channel Myanmar

Yang Xinming

The Lonely Warrior ( 2023 ) 6
The Lonely Warrior ( 2023 ) CMကနေ ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ မှုခင်းရဲဇာတ်ကားလေးပဲဖြစ်ပါတယ် Main cast တွေအနေနဲ့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Yi Zhen ,Chen Li တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီ း Steven Zhang ကလည်း ပါဝင်အားဖြည့်ပေးထားတာပါဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တစ်ယောက်ကို အဓမ္မပြုကျင့်ပြီးသတ်သွားခဲ့တာကနေ ဇာတ်လမ်းလေးကို အစတည်ထားပါတယ် မှုခင်းရဲတပ်ဖွဲ့(၃)က ခေါင်းဆောင်ချန်ဦးဆောင်တဲ့အဖွဲ့ဟာ အမှုကြီးတွေကို ကိုင်တွယ်ရာမှာ နာမည်ကြီးပါ ဒီအမှုကိုလည်း သူတို့အဖွဲ့ပဲကိုင်တွယ်စုံစမ်းနေစဉ်မှာ သူတို့သိလိုက်ရတာက ဒီအမှုက သာမန်သွေးရိုးသားရိုးမဟုတ်ဘဲ ကွင်းဆက်အဓမ္မပြုကျင့်လူသတ်မှုဖြစ်နေခဲ့တာပါပဲတရားခံကတော့ ဝမ်သာ့ယုံနဲ့ ဝမ်အော့ယုံ ညီအစ်ကိုနှစ်ယောက်ပါ တရားခံကိုသိရတဲ့အချိန်မှာ လိုက်လံဖမ်းဆီးခဲ့ပေမယ့် အစ်ကိုဖြစ်သူကိုပဲ ဖမ်းဆီးလို့ရခဲ့ပါတယ် အစ်ကိုဖြစ်သူဆီကနေ ညီဖြစ်သူရဲ့သတင်းကို စစ်ဆေးမေးမြန်းရာကနေ ခြေလွန်လက်လွန်တွေဖြစ်ပြီး တရားခံဝမ်သာ့ယုံ သေဆုံးသွားခဲ့ပါတယ် ခေါင်းဆောင်ချန်အပါအဝင် သူတို့အဖွဲ့(၃)က အဖွဲ့ဝင်တွေလည်း အသီးသီးထောင်ကျသွားခဲ့ပါတယ်ချန်ပင်းတစ်ယောက် ထောင်ကထွက်လာပြီးနောက်ပိုင်းမှာ လွတ်နေသေးတဲ့ တရားခံဝမ်အော့ယုံကို ဖမ်းမိဖို့အတွက် ဘယ်လိုတွေကြိုးစားကြမှာလဲ ဘယ်လိုအခက်ခဲတွေနဲ့ရင်ဆိုင်ရဦးမှာလဲ.... မှုခင်းရုပ်ရှင်တွေကို စိတ်ဝင်စားတဲ့ပရိတ်သတ်တွေအကြိုက်တွေ့စေနိုင်မယ့် ဒီဇာတ်ကားလေးကို CMကနေ ဘာသာပြန်တင်ဆက်ပေးထားမို့လို့ ကြည့်ရှုအားပေးကြပါဦးနော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action , Crime Runtime : 2h ...
movie

The Lonely Warrior ( 2023 )

I Like You More ( 2023 ) 5.9
I Like You More ( 2023 ) ရိုးရိုးလေးနဲ့ တသသတွေးနေရမဲ့ အချစ်ကားလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ရောခ်ဂီတအဖွဲ့တစ်ခုနဲ့ အောင်မြင်ဖို့ ကြိုးစားနေတဲ့ ဖန့်ခွေအန်းဟာ သူမရဲ့ ဂီတအိပ်မက်ကို လက်လျှော့လိုက်ရချိန်မှာပဲ သူမရဲ့အဖေ ဦးနှောက်သွေးကြောပြတ်ပြီး ဆေးရုံရောက်သွားခဲ့တဲ့ သတင်းကို ရခဲ့ပါတယ်။အဖိုးလက်ထပ်ကတည်းက အောင်မြင်ခဲ့တဲ့ စားသောက်ဆိုင်က ဒီလိုနဲ့ပဲ သူ့လက်ထဲကို ရောက်လာပါတော့တယ်။ မိသားစုလုပ်ငန်းဖြစ်သော်လဲ သူမမှာ ဟင်းချက်နည်းတွေကို မြင်သာမြင်ဖူးပြီး ကိုယ်တိုင်က မလုပ်တတ် မကိုင်တတ်ဖြစ်နေပါတယ်။တိုက်ဆိုင်စွာနဲ့ သူမတို့ စားသောက်ဆိုင်မှာ စားပြီး ဝမ်းလျှောသွားတာကြောင့် သူမက လျော်ကြေးမပေးနိုင်ပဲ အိမ်မှာ လက်ခံထားတဲ့ ကုန်းပေါင်ဆိုတဲ့ လူကြီးဟာ Michelin စားဖိုမှူးတစ်ယောက်ဖြစ်နေတာကို သိလိုက်ရတဲ့အခါ......သူတို့နှစ်ယောက် အတူတကွ စားသောက်ဆိုင်ရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ပါ့မလား ...... သူတို့ နှစ်ယောက်ကရော မတည့်အတူနေ ကနေ ချစ်မေတ္တာတွေက ဘယ်လို ပေါက်ဖွားလာမလဲ...... ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ ကြည့်ရှု ခံစားကြရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Romance Runtime : 1h ...
movie

I Like You More ( 2023 )

Nice View (2022) 6.7
Nice View (2022)   "ဘာလုပ်လုပ် တင့်တယ်"ဆိုတဲ့စကားက ဂျင်​ဟောင်ဆို​တဲ့ လူငယ်နဲ့လားလားမှပင် မသက်ဆိုင်ဟုဆိုရမည်။ အထက်တန်း​ကျောင်းသားဘဝကတည်းက မိတဆိုးဖြစ်ခဲ့သည့် ဂျင်​ဟောင်ကို အ​​ဖေဖြစ်သူပါ ပစ်ထားခဲ့တာ​ကြောင့် ​​ကျောင်းထွက်ကာ ဖုန်းပြုပြင်​ရေးဆိုင်ဖွင့်ပြီး ရောဂါသည်ညီမ​နဲ့အတူ ဘဝကို ရုန်းကန်ရှင်သန်နေသူပါ။​ရောဂါသည် ညီမ​လေးက ​မွေးရာပါနှလုံး​ရောဂါ​ကြောင့် ခွဲစိတ်မှုကို မဖြစ်မ​နေလုပ်ရမယ့်အချိန် ​ ငွေအင်မတန်လိုလာတဲ့ ဂျင်​ဟောင်ဟာ သူတတ်ကျွမ်းတဲ့ ဖုန်းပြုပြင်ပညာနဲ့ အခက်အခဲများစွာကို ရင်ဆိုင် ​ကျော်ဖြတ်ရင်း လိုအပ်​နေတဲ့ ခွဲစိတ်စရိတ်ကို ဘယ်လိုရှာ​ဖွေမလဲ။ လောကဓံတွေ၊ အနိမ့်အမြင့် အတက်အကျ​တွေက ဘယ်လိုပုံစံမျိုး​ပေါ်လာကြမလဲ၊ ဒါ​တွေကို ​မောင်နှမ၂​ယောက် ဘယ်လိုကြံ့ကြံ့ခိုင် ရင်ဆိုင်သွားမလဲဆိုတာ ကြည့်ရှုရမှာပါ။ဇာတ်​​ကြောင်းကို ဖတ်မိလိုက်ရင် ဇာတ်ကားရဲ့ အရသာအ​တော်​ကို လျော့သွားနိုင်တယ်လို့ ယူဆမိလို့ အများကြီးမညွှန်းဆို​တော့ပါဘူး။ IMDbမှာ 6.7, MyDramaListမှာ 8.3အထိ ရထားပြီး ၂၀၂၂ခုနှစ် ပြည်တွင်းရုံဝင်​ငွေအ​ကောင်းဆုံး ထိပ်ဆုံး၁၀ကားထဲမှာ ကန်​ဒေါ်လာ ၂၂၁သန်းနဲ့ ရပ်တည်​နေပါတယ်။ ဒီ stats​တွေက အလကားရခဲ့တာမဟုတ်​​ကြောင်း ဒီ​Dramaဇာတ်ကားက ​သေချာ​လေးပုံ​ဖော်ရိုက်ကူးထားပါတယ်။ တစ်ခါတ​လေ မဲပြာပုဆိုးဇာတ်တွေကပဲ ရိုးရိုး​​လေးနဲ့ လှပ​နေတတ်တာ မဟုတ်ပါလား။ ...
movie

Nice View (2022)