Channel Myanmar

Yang Yanduo

The Winners 2020 6.5
The Winners 2020 Winner 2020 အခုလို ကိုဗစ်ကာလမှာ ပျင်းနေကြပြီလား။အပျင်းပြေအောင် ဆန်းလည်းဆန်း ၊ ရယ်စရာလဲကောင်းတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါ့မယ်။ Comedy အမျိုးအစားဖြစ်ပြီး Chinese IMDBအရ Rating 6.8ရထားတဲ့ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ ရထားတဲ့ ratingနဲ့အညီ နောက်ဆုံးအထိ ရယ်လဲရယ်ရသလို မြုပ်ကွက်တွေကလဲ တကယ်အံသြစရာကောင်းပါတယ်။ အဓိကလူက ယန်ဂျင်။ ဂျင်ဆိုတဲ့ စကားလုံးက တာဝန်သိတတ်မှု၊ အလေးအနက်ထားမှုနဲ့ အသေးစိတ်ကျမှုဆိုပြီ အဓိပ္ပါယ်ရတယ်။ ဒီလိုပါပဲ ယန်ဂျင်တစ်ယောက်ဟာလဲ နာမည်နဲ့အတူ တာဝန်ကျေပွန််တယ်။ လုပ်ထုံးလုပ်နည်းအတိုင်း တသွေမတိမ်းသွားတယ်၊ စည်းစနစ်ကျတယ်။ အဲ့လိုလူတစ်ယောက်ဖြစ်တဲ့ ယန်ဂျင်ဟာ တစ်ရက်မှာ စစ်ရေးလေ့ကျင့်မှုတစ်ခုမှာ ဓားပြနေရာသရုပ်ဆောင်ဖို့ အကြောင်းဖန်လာပါလေရော။ ယန်ဂျင်က ဘဏ်ဝန်ထမ်းတစ်ယောက်၊ စစ်ရေးလေ့ကျင်မှုက ဘယ်လိုလဲဆိုရင် တကယ်ဘဏ်ကို ဓားပြအတိုက်ခံရသလိုမျိုး လေ့ကျင့်ရတာ။ ယန်ဂျင်ရဲ့ ဇာတ်ဆောင်နေရာက.... ဓားပြ။ ဘယ်အရာမဆို အသေးစိတ်ကျတတ်တဲ့ ယန်ဂျင််ကတော့ ထုံးစံအတိုင်း ဓားပြတိုက်ဖို့ အစီအစဥ်တွေဆွဲ၊ အကြံတွေထုတ်၊ လေ့ကျင့်ခန်းတွေ လုပ်တာပေါ့လေ။ ရဲတွေကတော့ ဒီတိုင်းပြီးသွားမှာပဲ ဆိုပြီး ...
movie

The Winners 2020

2020