Channel Myanmar

Yanna McIntosh

Humane (2024) 5.5
Humane (2024)  Humane ဟာ ၂၀၂၄ ခုနှစ် ဧပြီလ ၂၆ ရက်မှာအသစ်ထွက်ရှိထားတဲ့ Horror, Thriller ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Caitlin Cronenberg ကရိုက်ကူးပေးထားပြီး Jay Baruchel ၊ Emily Hampshire နဲ့Sebastian Chacon တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။သည်းထိတ်ရင်ဖိုဇာတ်လမ်းကိုမှ မိသားစု Drama အမျိုးအစားပါပေါင်းစပ်ပါဝင်နေပြီး ဇာတ်ကောင်တွေဟာ ကိုယ်တိုင်အသက်ရှင်ခွင့်ရဖို့အတွက် တစ်ကိုယ်ကောင်းဆန်ပြီးသတ်ဖြတ်ကြပုံတွေကိုရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း***************ကမ္ဘာကြီးက ဂေဟဗေဒဆိုင်ရာပျက်ကပ်နဲ့ကြုံတွေ့လာရတာကြောင့်ကမ္ဘာခေါင်းဆောင်တွေဟာ ကမ္ဘာမြေရဲ့လူဦးရေကိုလျှော့ချဖို့သဘောတူညီချက်တစ်ရပ်ပြုလုပ်ခဲ့ကြပါတယ်။ဒီသဘောတူညီချက်အရ နိုင်ငံတိုင်းဟာ သတ်မှတ်ထားတဲ့အချိန်ကာလအတွင်းမှာ သတ်မှတ်ထားတဲ့လူဦးရေလျှော့ချမှုကိုပြည့်မီအောင်လုပ်ဆောင်ကြရမှာပါ။ ဒီအတွက်နိုင်ငံသားတွေက မိမိတို့ဆန္ဒအလျောက်ဇီဝိန်ခြွေခံဖို့ လာရောက်စာရင်းပေးကြရမှာဖြစ်ပြီး စာရင်းပေးသူတိုင်းကိုလည်းဆုငွေပြန်လည်ပေးအပ်မှာဖြစ်ပါတယ်။ ဂုဏ်သိက္ခာကြီးမားပြီးချမ်းသာကြွယ်ဝတဲ့ယော့ခ်မိသားစုဝင်တွေဟာ စာရင်းပေးတာကသူတို့နဲ့မသက်ဆိုင်တဲ့အရာတစ်ခုလိုခံယူထားခဲ့ပေမယ့်အငြိမ်းစားသတင်းတင်ဆက်သူဖြစ်တဲ့ ဖခင်ကြီးမစ္စတာယော့ခ်ကရုတ်တရက်စာရင်းပေးခဲ့ပါတယ်။ သားသမီးတွေကိုကြိုတင်မပြောဘဲဇီဝိန်ခြွေမယ့်ဝန်ထမ်းတွေရောက်လာမယ့်အချိန်မှာမှသားသမီးတွေကိုနောက်ဆုံးညစာအတူစားဖို့ဖိတ်ရင်းပြောပြခဲ့ပြီးတဲ့နောက်မထင်မှတ်ထားတာတွေဖြစ်လာခဲ့ပါတော့တယ်။ File size…1.15GB / 507MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Humane (2024)

The Sentinel(2006) 6.1
The Sentinel(2006) ဒီဇာတ်ကားက ဂန္ဓ၀င်မင်းသားကြီး Michael Douglas ရဲ့ဇာတ်ကားလေးပါ။ ပိထ်ဂါရစ်ဆန် နဲ့ ဘရက်ကင်ရစ်ခ်ျ တို့ဟာ သမ္မတ လုံခြုံရေးတပ်ဖွဲ့မှာ တာ၀န်ထမ်းဆောင်လာခဲ့တာ နှစ်ပေါင်းများစွာရှိနေပါပြီ။ သူတို့နှစ်ယောက်ဟာ ခင်မင်တာကြာပြီဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပေမယ့် ပုဂ္ဂိုလ်ရေးကိစ္စကြောင့် စိတ်၀မ်းကွဲနေကြတဲ့သူတွေဖြစ်ပါတယ်။ တစ်ရက်မှာတော့ လုံခြုံရေးအဖွဲ့ရဲ့ အဖွဲ့၀င်တစ်ဦးဟာ သမ္မတကိုလုပ်ကြံဖို့စီစဉ်‌နေတာသိလိုက်ရတော့ လုံခြုံရေးအဖွဲ့တစ်ခုလုံး သို့လော သို့လော ဖြစ်ကုန်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံမရတော့တဲ့အနေအထားကြောင့် မုသားဖော်စက်နဲ့ တစ်ဦးချင်းစစ်ဆေးရာမှာ ပိထ် လိမ်နေတယ်လို့သိလိုက်ရပါတယ်။ ဒါပေမယ့် ပိထ်ကအဖမ်းမခံဘဲ အကွက်ချခံရကြောင်းပြောပြီး တရားခံအစစ်ကိုရှာဖို့ကြိုးစားပါတော့တယ်။ ပိထ်ဟာ သူပြောသလို အကွက်ချခံရတာလား ကိုယ်တိုင်ကပဲလုပ်ကြံရေးသမားဖြစ်နေတာလား.... File size…1.69GB / 708.9MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie

The Sentinel(2006)