Channel Myanmar

Yannick Choirat

School Society (L’école est à nous) (2022) 6.2
School Society (L’école est à nous) (2022) ဒီဇာတ်ကားလေးကတော့ နိုင်ငံအများစုမှာ ကျင့်သုံးနေတဲ့ ပညာရေးစနစ်နှင့် မိဘတွေ မှားယွင်းစွာ စွဲမြဲနေတဲ့ အကျင့်စရိုက်တွေကြောင့် အနာဂါတ်ခေါင်းဆောင်လေးတွေဖြစ်တဲ့ ကလေးငယ်လေးတွေ အညွန့်ချိုးခံနေရတဲ့အဖြစ်ကို မီးမောင်းထိုးရိုက်ကူးတင်ဆက်ထားတဲ့ ပြင်သစ်ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းမစ္စ ဗာဂျင်နီသီဗနုက အရင်က တက္ကသိုလ်မှာ အဆင့်မြင့်သင်္ချာဘာသာရပ်ကို သင်ကြားတဲ့ တက္ကသိုလ်ဆရာမ ဖြစ်ပေမယ့် သူ့အတန်းကကျောင်းသားတစ်ယောက်ဟာ ဖိအားများလွန်းပြီး သတ်သေသွားတာကြောင့် စိတ်ဒဏ်ရာရပြီး အလယ်တန်းကျောင်းလေးကို သာမာန်သင်္ချာဆရာမအဖြစ် ပြောင်းလာပါတော့တယ်။ဒီလိုနဲ့ သူမရောက်ပြီး မကြာပါဘူး၊ ဒီအလယ်တန်းကျောင်းလေးမှာ ပညာရေးဘုတ်အဖွဲ့က ရန်ပုံငွေကိုလျှော့ချလိုက်တဲ့ အတွက် ကလေးတွေကို အဓိကဘာသာရပ်တွေကလွဲပြီး တခြားဘာသာရပ်တွေကို လျှော့ချဖို့လုပ်တဲ့အခါမှာ ဆရာတွေရော ကျောင်းသားမိဘတွေပါ ကျောင်းမတက်ဘဲ ဆန္ဒပြပါတော့တယ်။ ဒါပေမဲ့ တချို့မိဘတွေက သူတို့သားသမီးက ဆန္ဒပြကာလအတွင်းမှာလည်း ကျောင်းတက်စေချင်တဲ့အတွက် ဒီကလေးအချို့ကို မစ္စသီဗနုနှင့် စက်မှုဆရာက ထိန်းရပါတော့တယ်၊ဒီအချိန်မှာ မစ္စသီဗနုအနေနဲ့ ကလေးတွေအတွက် မွန်းကြပ်စရာကောင်းတဲ့ ကျောင်းကြီးကို ကလေးတွေ လာချင်စိတ်ဖြစ်အောင် ဘယ်လိုသင်ကြားမလဲ၊ မိဘတွေရဲ့ လောင်းရိပ်တွေ ဆရာဝန်မှ ...
movie

School Society (L’école est à nous) (2022)

Angry Annie (2022) 6.8
Angry Annie (2022) Angry Annie (2022) =============== IMDb Rating - 6.8/10ဒီဇာတ်လမ်းကတော့ ပြင်သစ်နိုင်ငံရဲ့ 1970s ဝန်းကျင်လောက်က အမျိုးသမီးကိုယ်ဝန်ဖျက်ချနိုင်ခွင့် လှုပ်ရှားမှုအကြောင်းကို ရိုက် ကူးထားတာပါ။ ကိုယ်ဝန်ဖျက်ချတာကို တရားမဝင်လုပ်ထားတဲ့ ကာလမှာ အမျိုးသမီးတွေပူးပေါင်းပြီး လျှို့ဝှက်အဖွဲ့တွေဖွဲ့ရင်း ကိုယ်ဝန်ဖျက်ချဖို့ အကူအညီလိုနေတဲ့အမျိုးသမီးတွေကို စေတနာ ဝန်ထမ်းကူညီပေးကြတဲ့အကြောင်းပါ။ဒီဇာတ်လမ်းမှာ ကိုယ်ဝန်ယူပိုင်ခွင့်၊ ကိုယ်ဝန်ဖျက်ချနိုင်ခွင့်တွေနဲ့ပတ် သက်ပြီး အမျိုးသမီးတွေက ခင်ပွန်းသည်ရဲ့ဆုံးဖြတ်ချက်ကြောင့်မ ဟုတ်ဘဲ မိမိဆန္ဒနဲ့ဆုံးဖြတ်ပိုင်ခွင့်အတွက် တိုက်ပွဲဝင်ကြိုးပမ်းတာတွေနဲ့ အမျိုးသမီးတွေရဲ့စည်းလုံးမှုကို တွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ စက်ရုံမှာအလုပ်လုပ်နေတဲ့ ကလေးနှစ် ယောက်မိခင် Annie က သူ့မှာကိုယ်ဝန်ရလာတာကိုသိသွားတယ်။ Annie က နောက်ထပ်ကလေးမလိုချင်တာကြောင့် ကိုယ်ဝန်ဖျက်ပေးတဲ့ တရားမဝင် အဖွဲ့တစ်ဖွဲ့နဲ့တွေ့ဆုံပြီး ကိုယ်ဝန်ဖျက်ချခဲ့တယ်။ နောက်ပိုင်းမှာတော့ Annie တစ်ယောက် အဲဒီအဖွဲ့အစည်းနဲ့ချိတ်ဆက်ပြီး ဘယ်လိုခံစားချက်တွေရလာ မလဲ၊ အဲဒီအဖွဲ့အစည်းနဲ့ ပါဝင်ပတ်သက်မိတာက သူ့ဘဝကိုဘယ်လိုပြောင်း လဲသွားစေမလဲဆိုတာတွေကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုရ မှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(2.31 GB) / (937 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 59Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Thwal Htoo Zin Encoder..........SWM
movie

Angry Annie (2022)

2022
You Will Not Have My Hate / Vous Naurez Pas Ma Haine (2022) 6.2
You Will Not Have My Hate / Vous Naurez Pas Ma Haine (2022)  အန်တိုနီလယ်ရီမှာ မိန်းမနှင့် သားတစ်ယောက်ရှိပြီးတော့ ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးကို ပိုင်ဆိုင်ထားရသူပါ။ တစ်နေ့မှာတော့ သူ့မိန်းမဟာ သူငယ်ချင်းဖြစ်သူနဲ့ ကာတာကလန်ကွင်းမှာ ကျင်းပတဲ့ရှိုးပွဲတစ်ခုကို သွားရောက်ခဲ့တဲ့အခါမှာ အဆိုပါရှိုးပွဲကို အကြမ်းဖက်သမားတွေက ဝင်ရောက်စီးနင်းပြီး အစုလိုက်အပြုံလိုက် သေနတ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်တဲ့နေရာမှာ သေဆုံးသွားခဲ့ပါတော့တယ်။ သူ့ချစ်ရတဲ့ဇနီးသည်သေဆုံးသွားမှန်းသိရတဲ့အခါမှာ အန်တိုနီတို့ သားအဖနှစ်ယောက် ဇနီးသည်ရဲ့သေဆုံးမှုကို လက်ခံနိုင်ဖို့ ဘယ်လိုကြိုးစားရုန်းကန်ကြမလဲ ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။File size…(1.3 GB)/(743 MB)Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre...Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo
movie

You Will Not Have My Hate / Vous Naurez Pas Ma Haine (2022)

Rust and Bone(2012) 7.4
Rust and Bone(2012) Rust and Bone(2012)================= လက်ဝှေ့သမားဟောင်း အလီဟာ ကြုံရာကျပန်းလုပ်ကိုင်ရင်းအလုပ်ရှာဖို့ရည်ရွယ်ချက်နဲ့ အစ်မဖြစ်သူအိမ်ကို သားလေးလက်ကိုဆွဲပြီး ရောက်လာပါတယ်။ ကလပ်တစ်ခုမှာဂိတ်စောင့် အနေနဲ့လုပ်ကိုင်ရင်း စတပ်ဖ်ဖနီဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ဆုံခဲ့တယ်။တစ်နေ့တော့စတပ်ဖ်ဖနီတစ်ယောက် အလုပ်ကမတော်တဆမှုကြောင့်ထိခိုက်သွားချိန် အလီ နဲ့ပြန်ဆက်သွယ်မိသွားတယ် အလီ ဟာလည်းအလုပ်ကအသိတစ်ယောက်ဆက်သွယ်ပေးမှုနဲ့ လက်ဝှေ့ပွဲတွေကိုစတပ်ဖ်ဖနီကိုခေါ်သွားပြီး ထိုးဖြစ်တယ်။ကြုံရာအလုပ်ကို လုပ်ကိုင်ရင်းမိသားစုဝမ်းရေးကို ဖြေရှင်းနေတဲ့အလီ နဲ့ မတော်တဆမှုကြောင့်စိတ်ဓာတ်ကျနေတဲ့ စတပ်ဖ်ဖနီတို့ဘဝအခက်အခဲတွေကိုကျော်ဖြတ်ကြပုံ အလီ တို့သားအဖနှစ်ယောက်ရဲ့သံယောဇဉ်တွေနဲ့ ကံကြမ္မာရဲ့ကျီစားပုံ တို့ကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ File size…2.07GB / 823MB Quality…WEB-DL 1080p 5.1CH/ 720p Format…mp4 Duration….2h Genre .....  Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eunice
movie

Rust and Bone(2012)