Channel Myanmar

Yashika Anand

Iruttu Araiyil Murattu Kuthu (2018) 5
Iruttu Araiyil Murattu Kuthu (2018) Iruttu Araiyil Murattu Kuthu (2018) "လာဆင်သရဲ" ========================================၂၀၁၈ က ထွက်ခဲ့တဲ့ တမီလ်စကားပြော သရဲဟာသ လူကြီးရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဗီရာနဲ့ ဗာဆူဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ရည်းစားကိုယ်စီနဲ့အတူ ဘန်ကောက်မှာ အိမ်ကြီးတစ်လုံးငှားကာ အပန်းဖြေခရီးထွက်လာခဲ့ကြပါတယ်။အခန့်မသင့်ချင်တော့ အဲဒီအိမ်ကြီးမှာ မကောင်းတဲ့ဝိညာဉ်တွေ ကိန်းအောင်းနေပြီး အဲဒီမှာရှိတဲ့ သရဲမတစ်ကောင်က ယောက်ျားလေးနှစ်ယောက်ကို ဘာညာဘာညာဖို့ကြိုးစားလာတဲ့အခါမှာတော့...။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.1GB / 1GB Quality…WEB DL 1080p /720p Format…mp4 Duration….1h 59min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Iruttu Araiyil Murattu Kuthu (2018)

2018
Odavum Mudiyadhu Oliyavum Mudiyadhu (2023) 6.5
Odavum Mudiyadhu Oliyavum Mudiyadhu (2023) Odavum Mudiyadhu Oliyavum Mudiyadhu (2023) သရဲခြောက်သောရုပ်ရှင်ရုံကြီး(function(f,b,n,j,x,e){})();အတည်ပေါက်ကားတွေ ကြည့်ရတာများပြီး ပေါ့ပေါ့ပါးပါး ရီမောချင်တဲ့ပရိသတ်တွေအတွက် တမီလ်ဟာသသရဲကားလေးကို တင်ဆက်ပေးချင်ပါတယ်ဟာသသရဲကားဆိုပေမဲ့ သရဲဆိုတဲ့အတိုင်း နဲနဲတော့ခြောက်မှာပါနော် အဲ့တော့ ကြောက်လဲကြောက်ခွီလဲခွီနဲ့ ပျော်စရာကြီးဖြစ်နေမှာပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ရုပ်ရှင်ရုံသရဲပါ အဆောင်ကနေခိုးထွက်လာတဲ့ကောင်မလေးတွေရယ် ကျောင်းလစ်ပြီး ရုပ်ရှင်လာကြည့်တဲ့ သောက်ကလေးတွေရယ် ရွာပြန်ဖို့ကားမရှိတော့လို့ ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်ရင်းအိပ်ကြမဲ့ ရုပ်ရှင်ရူးတောသားတွေရယ် လင်ငယ်နဲ့ရုပ်ရှင်ရုံမှာလာချိန်းတွေ့တဲ့အတွဲရယ် စသည်ဖြင့်လူတအုပ်ကြီးက အမှတ်မထင် ရုပ်ရှင်ဝင်ကြည့်ဖြစ်တဲ့အချိန် အဲ့ရုံက လူများစွာသေထားပြီး မကျွတ်လွတ်သေးတဲ့ သရဲများရှိနေတဲ့အချိန်….. အားလုံးအတွက် ပေါ့ပေါ့ပါးပါးနဲ့ ဘယာနကရသနဲ့အတူ ဟဒယရွှင်ဆေးလေးကို CM Bollywood Team မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.67GB / 763MB Quality…WEB DL 1080p / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team
movie

Odavum Mudiyadhu Oliyavum Mudiyadhu (2023)

2023
Sila Nodigalil (2023) 8.2
Sila Nodigalil (2023) Sila Nodigalil (2023)IMDb - 8.2/10 ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် သည်းထိတ်ရင်ဖိုဒရာမာဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပလတ်စတစ်ဆာဂျရီဆရာဝန်ရာ့ဂျ်တစ်ယောက်ကတော့ မိန်းမရှိရက်သားနဲ့ ကောင်မလေးတွေနဲ့ရှုပ်တဲ့နေရာမှာတော့ ဆရာတစ်ဆူပါပဲ။ တစ်နေ့မှာတော့ မာယာဆိုတဲ့ ကောင်မလေးနဲ့ စားသောက်ဆိုင်တစ်ခုမှာ ဒိတ်ရင်းကနေ စတန့်ထွင် ဆေးတွေပါသုံးရင်းနဲ့ အရှိန်တွေလွန်ပြီး ရာ့ဂျ်အိမ်အထိပါ ရောက်လာကြပါတော့တယ်။ဒီလိုနဲ့ အချစ်နယ်ကျွံနေကြတဲ့အချိန်မှာပဲ ရာ့ဂျ်မိန်းမ မယ်ဒါက ပြန်လာမယ်ဖုန်းဆက်တဲ့အခါမှာ ခိုးစားကြတဲ့သူတွေရဲ့ ထုံးစံအတိုင်း မာယာ့ကို ပြန်ခိုင်းရင်း ရာ့ဂျ်တစ်ယောက် သူတို့ရှုပ်ထားတာတွေ ရှင်းပါတော့တယ်။ဒီလိုနဲ့ ရှင်းပြီးသွားတဲ့နောက်မှာ မာယာဟာ မပြန်သေးဘဲ မီးဖိုချောင်ထောင့်လေးမှာ ငုတ်တုတ်လေးအိပ်နေတာကို တွေ့သွားတဲ့ ရာ့ဂျ်ဟာ ဇွတ်ပြန်ခိုင်းဖို့ လုပ်ရင်းနဲ့ပဲ မာယာဟာ အိပ်နေတာမဟုတ်ဘဲ ဆေးလွန်ပြီး သေဆုံးသွားကြောင်းကို ရာ့ဂျ်တစ်ယောက်သိလိုက်ရပါတော့တယ်။ အဲဒီမှာပဲ အိမ်ကို အချိန်မရွေး ပြန်လာတော့မဲ့ မိန်းမမသိအောင် မာယာရဲ့အလောင်းကို ဘယ်လိုဖုံးဖိထားမလဲ …… မယ်ဒါကရော ဒီကိစ္စကို ရှာတွေ့သွားမှာလား …… ရာ့ဂျ်တစ်ယောက် အလောင်းတစ်ခုနဲ့ ဘာတွေဆက်ဖြစ်သွားဦးမလဲ ……ဆိုတာတွေကို သည်းထိတ်ရင်ဖိုဆန်ဆန် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ ...
movie

Sila Nodigalil (2023)

2023
The Legend(2022) 5.0
The Legend(2022) The Legend (2022) Action, Drama, Romance IMDb 5.1/10 (7.6K)အခုတစ်ခါမှာတော့ တမီလ်ဇာတ်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးပါတော့မယ်။ဆာရာဗနန်ဆိုတဲ့ သိပ္ပံပညာရှင်လေးဟာ ကမ္ဘာသိ လူသိရှင်ကြား ဂုဏ်သတင်းကျော်ဇောတဲ့ သိပ္ပံပညာရှင်လေးတစ်ယောက်ဖြစ်ပြီး နိုင်ငံတကာက လိုချင်နေတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သို့သော်ငြားလည်း သူဟာ အဲ့ဒါတွေကို ပဓါနမထားဘဲ သူ့ရပ်ရွာလေးကောင်းစားဖို့နဲ့ ဇာတိမြေကလူတွေ ပညာတတ်ကြီးတွေဖြစ်စေဖို့ ဆန္ဒပြုနေခဲ့ပါတယ်။တစ်ဖက်မှာလည်း လူတွေကို ဘေးဥပါဒ်ဖြစ်စေတဲ့ ဆေးဝါးတွေတီထွင်ပြီး ကမ္ဘာမီးလောင် သားကောင်ချနင်းမယ့် ငွေတဘို့တည်းသာကြည့်ကြတဲ့ အရင်းရှင်လူတန်းစားတွေက ရှိနေပါတယ်။ဒီလိုနဲ့ ပြည်သူ့ဘက်တော်သားလေးက အဖျက်သမားတွေကို တွန်းလှန်ဖို့ဖြစ်လာတဲ့အခါမှာတော့...။ File size…3.75GB  / 1.9GB Quality…1080p True WEB DL /720p Format…mp4 Duration….2h 41m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Sai Thu Rein & Nyein Aye
movie

The Legend(2022)

2022
Nota (2018) 6.4
Nota (2018) NOTA (2018) Reviewဝန်ကြီးချုပ်ကြီး ဗာစူဒေ့ဟာ ပြည်သူလူထုက အားပေးထောက်ခံတဲ့ ပါတီခေါင်းဆောင်တစ်ယောက်ပါ။တစ်နေ့မှာ သူ့ရဲ့ အဂတိလိုက်စားမှုများပေါ်လာခဲ့ပြီး တရားစွဲဆိုခံခဲ့ရပါတယ်။ လက်ရှိရာထူးကနေနှုတ်ထွက်မှဖြစ်တော့မယ့် အခြေအနေမှာ ဗာစူဒေ့ဟာ သားဖြစ်သူ ဗာရွန်ကို သူ့ရဲ့ ဝန်ကြီးချုပ်နေရာမှာ ယာယီခန့်အပ်ဖို့ အစီစဉ်ရေးဆွဲခဲ့ပါတယ်။သူ့အဖေရဲ့အမှုကိစ္စတွေပြီးတဲ့ထိ ယာယီဝန်ကြီးချုပ်အနေနဲ့ နေပေးရမယ့် ဗာရွန်ဟာ ဗီဒီယိုဂိမ်းဒီဇိုင်းရေးဆွဲသူတစ်ယောက်ပါ။မိမိဝါသနာနဲ့ ဝင်ရမယ့် ရာထူးနေရာ ကိုက်ညီမှုမရှိတဲ့အပြင် နိုင်ငံရေးအသိပညာလုံးဝမရှိတဲ့ ဗာရွန်တစ်ယောက် သူ့အဖေပြန်လာမယ့်အချိန်ထိ ဝန်ကြီးချုပ်ရာထူးကို ဘယ်လိုဆက်ထိန်းသွားမှာလဲ?စီစဉ်ထားတဲ့အတိုင်းကိစ္စတွေက မဖြစ်မြောက်လာတဲ့အခါ ဗာရွန်တစ်ယောက် နိုင်ငံရေးကိစ္စတွေမှာ ဟန်ပြမဟုတ်ဘဲ ကိုယ်တိုင် ပါဝင်လာခဲ့ရပါတော့တယ်။နိုင်ငံရေးကမရိုးရှင်းတဲ့အပြင် ဖုံးကွယ်ထားတဲ့အမှန်တရားတွေကို ဗာရွန်သိရှိလာတဲ့အချိန်မှာတော့ .....ဘာဆက်ဖြစ်မလဲသိချင်ရင် ဇာတ်လမ်းလေးကို ကိုယ်တိုင်ဆက်လက်ခံစားကြည့်လိုက်ပါ။ဖြစ်လေ့ဖြစ်ထရှိတဲ့ နိုင်ငံရေးအခြေအနေတွေကို တိတိကျကျရိုက်ကူးပြထားတာကတော့ ဒီကားရဲ့ အဓိကအားသာချက်ပါပဲ။ဒါကြောင့် လှည့်ကွက်ပေါင်းများစွာနဲ့ ဇာတ်အိမ်တည်ထားတဲ့ အက်ရှင်ကားတွေကို သဘောကျတဲ့ကြည့်ရှုသူတွေအတွက် ဒီကားလေးကို ကြည့်ရှုခံစားကြဖို့ အကြံပြုပေးလိုက်ပါတယ်နော်။  Translate and Review by Shwe Poe EainEncoded By : YKQuality :1080p WEB-HD ...
movie

Nota (2018)

2018
Mookuthi Amman(2020) 6.6
Mookuthi Amman(2020) Mookuthi Amman(2020)နေရာတိုင်းလိုလိုမဟုတ်ပေမယ့် ဘာသာရေးကိုခုတုံးလုပ်ပြီး အကျိုးစီးပွားရှာနေကြတဲ့ဘိုးတော်တုဘိုးတော်လိမ်တွေဆိုတာ အများကြီးရှိကြပါတယ်..အထူးသဖြင့်အိန္ဒိယလိုနိုင်ငံမျိုးတွေမှာဆိုရင် ဒုနဲ့ဒေးပါ...ပိုဆိုးတာကသူတို့ဆီမှာ ကိုးကွယ်စရာနတ်ဘုရားက အများကြီးရှိတဲ့အတွက် ဘိုးတော်တုတွေအတွက်ပိုပြီးဂွင်ဖန်လို့တောင်ကောင်းပါတယ်.. အဲ့ဒီလိုဘိုးတော်တု ဘိုးတော်လိမ်တွေကို ကိုးကွယ်ယုံကြည်ရင်လူတွေ လမ်းလွှဲလိုက်ကြလို့ ငွေတွေမလိုအပ်ဘဲကုန်ကြသလိုတခြားဆိုးကျိုးများစွာလည်းရှိလေတော့ တကယ့်နတ်ဘုရားတစ်ပါးက ဒီဖြစ်စဉ်ကြီးကိုကြည့်မနေနိုင်တော့ပါဘူး..ဒါ့ကြောင့် လူ့ပြည်ကို ပညာပေးဖို့ ဆင်းသက်လာခဲ့ပါတော့တယ်... တစ်ကယ့်နတ်ဘုရားဆင်းသက်လာပြီးနောက်ပိုင်းမှာ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုတော့...ဒီဇာတ်ကားနင်းကန်ရယ်ရသလို တော်တော်လည်း ပညာလေးပေးတဲ့ကားဖြစ်တာမို့ Indiaကားကောင်းကြိုက်သူတိုလက်မလွှတ်သင့်ပါကြောင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwe Zan Aungပဲဖြစ်ပါတယ်...File Size :(1.04GB) and (377MB) Quality : WEB-DL 720p Format…mp4 Duration…02:15:00 Genre : Comedy, Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Zwe Zan Aung Encoded by Phyo Pyae
movie

Mookuthi Amman(2020)

Dhuruvangal Pathinaaru(2016) 8.5
Dhuruvangal Pathinaaru(2016) Dhuruvangal Pathinaaru(2016) IMDb.....8.5 အငြိမ်းစားစုံထောက်ရဲအရာရှိတစ်ဦးကို တပည့်ဟောင်းတစ်ဦးက ဖုန်းဆက်တယ်... ဆရာရေ ကျွန်တော့်သားရဲလုပ်ချင်နေတာဗျာ...အဲ့ဒါ ကျွန်တော်က ရဲထဲကိုမ၀င်စေချင်ဘူး... အဲ့ဒါ ဆရာလည်းသိတဲ့အတိုင်း စုံထောက်ဘ၀က ခက်ခဲပင်ပန်းတာတွေရှိတော့ ကျွန်တော့်သား ဆရာ့ဆီလာရင် ဆရာကြုံခဲ့ရတဲ့ အခက်အခဲတွေမှန်သမျှကိုပြောပြလိုက်ပါ... ဒါမှ ဒီကောင်စိတ်ပျက်သွားမှာ.....ကျွန်တော့်သားကိုဆရာ့ဆီကို လွှတ်လိုက်မယ်ဆိုပြီး ဖုန်းချသွားတယ်... အငြိမ်းစားရဲအရာရှိက တပည့်ရဲ့သားကို ရဲဘ၀က ခက်ခဲပင်ပန်းကြောင်းကိုပြောဖို့စောင့်နေတယ်... သူကိုယ်တိုင်ကလည်း ဂျိုင်းထောက်တစ်ဘက်နဲ့.... ဒီလိုနဲ့ ခင်ဗျားဟာ လူငယ်တစ်ယောက်နဲ့ သက်ကြီးပိုင်းရဲစုံထောက်အငြိမ်းစားတစ်ယောက် မြက်ခင်းပြင်မှာ စကားပြောနေတဲ့ အခန်းကို စစချင်း ၇မိနစ်လောက်မှာတွေ့လိမ့်မယ်... သူတို့(၂)ယောက်ဟာ အမှူကိစ္စတွေအကြောင်းကိုဆွေးနွေးနေကြတယ်..... တကယ့်ရှုတ်ထွေးတဲ့အမှုတွေကို သူတို့ဆွေးနွေးနေကြသလို ဖြစ်ခဲ့တဲ့ အမှုတွေကိုလည်း  Replay ပြန်ပြတယ်..တကယ့်ကို တိတိကျ အချိန်တွေနေရာတွေနဲ့.... ခင်ဗျား ဒီအခန်းတွေကို ဂရုတစ်စိုက်ကြည့်ဖို့လိုတယ်... အခန်းတိုင်းကို မျက်ခြည်မပြတ်မှတ်သားဖို့သင့်သလို တစ်ချို့နေရာတွေမှာဆို ရှေ့ကိုပြန်ကြည့်သင့်ရင် ကြည့်လိုက်ပါ.... ဇာတ်လမ်းက တကယ့်ကို ခပ်သွက်သွက်နဲ့ သွားနေတာ..အီနေတဲ့အခန်းကိုမပါဘူး.... ဒီစုံထောက်ကားက ခင်ဗျားကြည့်ဖူးသမျှထဲမှာ အတော်ကောင်းတဲ့စာရင်းဝင်နေလိမ့်မယ်... ဇာတ်လမ်းချိတ်ဆက်ပုံတွေ...ရိုက်ထားတာတွေ..သရုပ်ဆောင်တာတွေ... တခြားကုလားကားတွေလို မျက်နှာတစ်ခုကို လေးဘက်လေးတန်ပတ်ရိုက်တာတွေမပါသလို ကတဲ့ သီချင်းတစ်ပုဒ်မှကိုမပါ ပါဘူး.....ဇာတ်လမ်းက တကယ့်ကို ခပ်သွက်သွက် နောက်တစ်ခုပြောချင်တာက  အေးအေးဆေးဆေးဖြစ်တဲ့အချိန်မှကြည့်ပါ... ကုန်ကုန်ပြောရရင် ခင်ဗျားတို့ရဲ့ မျက်တောင်ခတ်ချိန်ကိုတောင် အချိတ်ဆွဲမခတ်ပါနဲ့... ကျွန်တော်ပြောတာမလွန်ကြောင်း ဇာတ်လမ်းအစ ၁၅မိနစ်လောက်မှာတင်သဘောပေါက်သွားလိမ့်မယ်... စပွိုင်လာမလုပ်သင့်ဆုံး ရဲစုံထောက်ကားမို့ ဒီလောက်ပဲပြောပါရစေ... ဘာသာပြန်သူကတော့ Zwel Zan ...
movie


2016