Channel Myanmar

Yasmin Riley

Enola Holmes 2(2022) 6.6
Enola Holmes 2(2022) နက်ဖလစ်ရဲ့ နာမည်ကြီး စုံထောက်ကားဖြစ်တဲ့ အနိုလာဟုမ်းစ် ရုပ်ရှင်ရဲ့ ဒုတိယမြောက်ကားထွက်လာပါပြီ။ မူရင်းသရုပ်ဆောင်တွေပဲ ပြန်လည်ပါဝင်ထားပါတယ်။ ဟင်နရီ ကာဗယ်က ရှားလော့ခ်ဟုမ်းစ်အဖြစ် ပါဝင်ထားပြီး Stranger Things ထဲက အချစ်တော်လေး မီလီ ဘော်ဘီ ဘရောင်းကတော့ ရှားလော့ခ်ဟုမ်းစ်ရဲ့ ညီမ အနိုလာဟုမ်းအဖြစ် ပါဝင်ထားပါတယ်။ သူတို့ရဲ့ အစ်ကိုကြီး မိုက်ခရော့ဖ်တော့ ပြန်မပါတော့ပေမဲ့ လော့ဒ် တုစ်ဘူရီနဲ့ အနိုလာတို့ရဲ့အချစ်ဇာတ်လမ်းကိုတော့ ဆက်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်း ================အနိုလာဟုမ်းစ်ရာ မိခင်ပျောက်ရှာပုံတော်အမှုကိုဖြေရှင်းအပြီးမှာ တုစ်ဘူရီအမှုကိုပါ ဖြေရှင်းနိုင်ခဲ့ပြီး ကွန်ဖီးဒန့်လယ်ဗယ်ဆိုးဟိုက်သွားတာမို့ ကိုယ်ပိုင်စုံထောက်လုပ်ငန်းတစ်ခု တည်ထောင်လိုက်ပါတော့တယ်။ ဒါပေမဲ့ မိန်းမငယ်လေးတစ်ယောက်ကို ဘယ်သူမှ ယုံကြည်ပြီး အလုပ်မအပ်တော့တာကြောင့် ခွက်ခွက်လန်အောင်ရှုံးပြီး ရုံးခန်းကိုပိတ်ဖို့စီစဉ်လိုက်ရပါတော့တယ်။အဲဒီအချိန်မှာပဲ မီးခြစ်ဆံစက်ရုံအလုပ်သမ ‌ကောင်မလေးတစ်ယောက်က ပျောက်ဆုံးနေတဲ့ သူ့အစ်မကို ရှာပေးဖို့ အမှုလာအပ်ပါတော့တယ်။ ဒါပေမဲ့ အနိုလာဟုမ်းစ်တစ်ယောက် လူပျောက်ရှာရင်းနဲ့ ဒါဟာ သာမန်အမှုမဟုတ်ဘဲ ကြီးမားတဲ့ မသမာမှုကြီးတွေ၊ လာဘ်စားမှုတွေ၊လူသတ်မှုတွေပါ ရောယှက်နေတာကိုတွေ့သွားပြီး အန္တရာယ်တွေနဲ့ ရင်ဆိုင်လာရတဲ့အခါ.... File size…1.9GB / 800MB Quality…1080p NF WEB DL  / 720p Format…mp4 Duration….2h 9m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr.Anderson
movie

Enola Holmes 2(2022)

2022
Black Widow(2021) 7.5
Black Widow(2021) Black Widow(2021)အညွှန်း************************IMDb...7.5(HEVC.1080P.5.1CHရပါပြီနော်...)ဘလက်ဝစ်ဒိုးအဖြစ် စကားလက် ဂျိုဟန်ဆန်နောက်ဆုံးသရုပ်ဆောင်တဲ့ ရုပ်ရှင်ကြီး ရပါပြီ။ဒီဇာတ်လမ်းကိုတော့ Civil War အပြီး ကာလမှာ တည်ဆောက်ထားတာပါ။ဆိုကိုဗီယားသဘောတူညီချက်ကို ချိုးဖောက်လို့ အဗန်ဂျာတွေ ပြိုကွဲပီးလိုက်ဖမ်းခံနေရပါတယ်။ကပ် နဲ့ နာတာရှာကတာ့ ဝရမ်းပြေးတွေပေါ့။ အဲဒီအချိန်မတိုင်ခင် Age of Ultron ရုပ်ရှင်မှာတုန်းက နာတာရှာရဲ့အတိတ်ကို ဖြတ်ခနဲ မြင်လိုက်ရသေးတယ်မဟုတ်လား။ လူသတ်သမား သူလျှိုတွေကို လေ့ကျင့်ပေးတဲ့ခန်းဆောင်နီဆိုတဲ့ အဖွဲ့အစည်းတစ်ခုပေါ့။ အခုရုပ်ရှင်မှာတော့ အဲဒီခန်းဆောင်နီနဲ့ ပတ်သက်တဲ့အတိတ်တွေကနောက်က လိုက်လာပြီး သူ့လိုပဲ ဝစ်ဒိုးတွေ အများကြီးနဲ့ ရင်ဆိုင်ရတော့မှာပါ။နောက်ပြီးတော့ ဘလက်ဝစ်ဒိုး အသစ်ဖြစ်လာမယ့်သူလည်း ပါသလို နောင်လာမယ့်ရုပ်ရှင်တွေနဲ့ ဆက်စပ်လို့ရမှာတွေကို ပြသွားပါတယ်။ ထုံးစံအတိုင်း စာတန်းထိုးပြီးရင် အပိုပါတဲ့တစ်ခန်းကိုကြည့်ဖို့တော့ မမေ့နဲ့ပေါ့ဗျာ....  File Size : (2.1 GB) ...
movie

Black Widow(2021)

HEVC 1080p 5.1