Channel Myanmar

Yasushi Fuchikami

Bad Lands (2023) 6.2
Bad Lands (2023)  Bad Land (2023) ရုပ်ရှင်ကားဟာ ဒီတလောကမှ ထွက်ရှိထားတဲ့ဂျပန် Crime Thriller ရုပ်ရှင်ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ဂျပန်တွေက သိတဲ့အတိုင်း တစ်ခုခုဆို ခံစားချက်ပြင်းပြင်းနဲ့ ရိုက်ပြတတ်တဲ့သူတွေဖို့ ဒီလိုဇာတ်ကားတွေက အရမ်းကြည့်ကောင်းနေမှာအသေအချာပါပဲ။ဇာတ်လမ်းကျောရိုးလေးကတော့ Neri နဲ့ Jo တို့ အမေတူအဖေကွဲမောင်နှမ ၂ ယောက်ရဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ Neri ဟာ လက်ရှိအချိန်မှာ အိုဆာကာမြို့က အသက်ကြီးသူတွေကို ပစ်မှတ်ထားလိမ်လည်တဲ့လူလိမ်ဂိုဏ်းတစ်ခုမှာ အလုပ်လုပ်နေပြီး သူ့မောင် ဖြစ်တဲ့ Jo ကတော့ထောင်ကထွက်လာတာ မကြာသေးပါဘူး။ အစ်မဖြစ်သူက မောင်ဖြစ်သူကိုသူ့အလုပ်ထဲ ဆွဲခေါ်ရင်း ဘယ်လိုပြဿနာတွေ ရင်ဆိုင်ရမလဲ ဘယ်လိုကံကြမ္မာမျိုး ဒီမောင်နှမ ၂ ယောက် ရင်ဆိုင်ရမလဲ။ ဒီလိုအခြေအနေတွေဖြစ်လာစေဖို့ အတိတ်က ဘယ်လိုဖြစ်ရပ်တွေ ရှိခဲ့ကြလဲ ၂ ယောက်သားစတာတွေကို ၂ နာရီကျော်ကြာပေမဲ့ ခဏလေးလို့ ခံစားစေရလောက်အောင်ကောင်းတဲ့ဇာတ်ကားထဲမှာ ကြည့်ရှုရမှာ ဖြစ်လို့ Japan ...
movie

Bad Lands (2023)

{18+} Fumiko’s Legs (2018) 5
{18+} Fumiko’s Legs (2018) ဒီကားကို ခေါင်းစဉ်တပ်ရရင် “စွဲလန်းကြသူများ”လို့ရေးလို့ရမယ်ထင်တယ်။ ဘာတွေများစွဲလန်းနေကြတာလဲဆိုတော့ ခြေထောက်တဲ့။ ဟုတ်ပါတယ်... စာပြန်ဖတ်မနေပါနဲ့ ခြေထောက်ကိုစွဲလန်းကြတာပါ။ ယောကျ်ားလေးတွေအများကြီး ချဉ်းကပ်တာကိုခံရတဲ့ | ဖူမီကိုက သူ့ခြေထောက်ကိုပဲ စွဲလန်းကြမှန်းသိတော့ တကယ်စိတ်ရှုပ်ခဲ့ရတာပေါ့...ဖူမီကိုက မိသားစုကံမကောင်းပါဘူး။ အမေကလည်း အမေကောင်းမပီသတဲ့အပြင် သူ့ခန္ဓာကိုယ်ကိုပါရောင်းစားဖို့ အမြဲလုပ်နေတာပါ။ ဒီလိုနဲ့ အသက် ၇၀ အရွယ်ရှိတဲ့ ဆူကာဂိုရှီအဘိုးအိုတစ်ဦးနဲ့ ဖူမီကို ဆုံမိပါတော့တယ်။ ဆူကာဂိုရှီက အနုပညာကိုရူးသွပ်ပြီး ဖူမီကိုရဲ့ခြေထောက်က | အနုပညာပဲဆိုပြီးချဉ်းကပ်ပါတော့တယ်။ ကင်ဆာရောဂါနဲ့မကြာခင်သေရတော့မှာမို့ သူ့ဘေးနားမှာ ခြေထောက်လေးနဲ့ပဲ ပြုစုပေးပါ... အမွေတွေအကုန်ပေးပါမယ်လို့ပြောတာနဲ့ ဖူမီကိုလည်း လက်ခံခဲ့ပါတယ်။ဒါပေမဲ့ ဆူကာဂိုရှီက ပိုပိုပြီးကျန်းမာလာတော့ ဖူမီကိုတစ်ယောက်လည်း ပိုပိုပြီးနေရခက်လာပါတယ်။ အိမ်ကြီးတစ်လုံးတည်းမှာ သေမလိုဖြစ်ပြီးမှ ကျန်းမာရေးဇွတ်ကောင်းနေတဲ့ ဆူကာဂိုရှီရယ် သူ့တူရယ် ဖူမီကိုရယ် သုံးယောက်စုံကြတဲ့အခါ ဘယ်လိုဆက်ဖြစ်မလဲ? ဆွဲဆောင်မှုရှိတဲ့ခြေထောက်တစ်စုံက လူတွေကို ဘယ်လောက်တောင် ရူးသွပ်သွားစေလဲဆိုတာ ကြည့်လိုက်ပါတော့နော်....(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ...
movie

{18+} Fumiko’s Legs (2018)

2018
Motherhood (2022)
Motherhood (2022) Motherhood (2022)"အမှောင်ထဲမှာ ကျွန်မရဲ့လက်တွေကို ဆုပ်ကိုင်ပေးထားတာ အမေရယ်ပါလို့ကျွန်မတွေးနေမိတာ.... ဘယ်လိုတောင် မျက်နှာပြောင်တိုက်တာပါလိမ့်နော်" (ဆာယာခါ)"ကျွန်မသူ့ကို အကြင်နာတွေ ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ ပျိုးထောင်လာခဲ့တာ သူသတ်သေတယ်ဆိုတာမဖြစ်နိုင်ဘူး" (စုယုကိ)"ပင်ကိုဓာတ်ခံ အမျိုးသမီးတစ်ယောက်ရဲ့ဗီဇလို့သတ်မှတ်နေကြပေမဲ့ 'မိခင်မေတ္တာ'ဆိုတာ ကျွန်မတို့မှာ မွေးကတည်းကပါလာတဲ့အရာမှမဟုတ်တာ"လောကကြီးမှာ ရင်နာစရာအကောင်းဆုံးအရာတွေထဲကတစ်ခုကတော့ ကိုယ့်ကိုမုန်းတီးနေတဲ့လူဆီက ချစ်ခြင်းမေတ္တာကိုမှ တမ်းတမိနေခြင်းပါပဲ။ ဒါပေမဲ့ ဝဋ်ကြွေးလို့ပဲဆိုရမလား မရနိုင်မှန်းသိနေတဲ့အရာကိုမှတမ်းတတတ်တဲ့ညဉ်ဆိုးပါလာတာလား မပြောတတ်ပေမဲ့ လူတော်တော်များများကတော့ ဒီလိုအခြေအနေကနေ ရုန်းထွက်ဖို့ကိုမဝံ့ရဲတတ်ကြပါဘူး။ဒီMotherhoodဆိုတဲ့ရုပ်ရှင်လေးမှာလည်း သမီးဖြစ်သူကိုမချစ်နိုင်တဲ့အမေ၊ ကိုယ့်ကိုမချစ်မှန်းသိသိကြီးနဲ့ အမေဖြစ်သူရဲ့ချစ်ခြင်းမေတ္တာကိုမှ တမ်းတနေတဲ့သမီးဖြစ်သူတို့နှစ်‌ယောက်ရဲ့ဇာတ်လမ်းလေးကို ရိုက်ကူးပြထားတာပါ။စုယုကိဟာ အမေကိုသိပ်ချစ်တဲ့မိန်းကလေးတစ်ယောက် အမေက ၁ ဆို ၂ မလုပ်တတ်တဲ့ အမေ့စကားဆိုရင် မြေဝယ်မျကနားထောင်တတ်တဲ့သူလေးပေါ့။ စုယုကိကတော့ တာဒိုကိုရိုကိုသဘောမကျပေမဲ့ အမေဖြစ်သူရဲ့စကားတစ်ခွန်းနဲ့ပဲ ကိုယ်နဲ့မလိုက်ဖက်မှန်းသိသိကြီးနဲ့ ဘေးလူတွေကလည်းတားဆီးနေပါရက်နဲ့ ဇွတ်လက်ထပ်လိုက်ပါတယ်။ ဒါပေမဲ့ တာဒိုကိုရိုတို့မိသားစုက တော်တော်လေးမွန်းကြပ်စရာကောင်းတဲ့မိသားစုဖြစ်တာကြောင့် ခင်ပွန်းဖြစ်သူတာဒိုကိုရိုဟာ စုယုကိကိုကြင်နာဖေးမရကောင်းမှန်းမသိပါဘူး။ ဒါပေမဲ့ စုယုကိကတော့ အမေ့မျက်နှာတစ်ကမ္ဘာနဲ့ ပျော်ရွှင်နေဆဲပါပဲ။ဒီလိုနဲ့ စုယုကိတစ်ယောက် ကိုယ်ဝန်ရှိလာချိန်မှာတော့ သူကိုယ်တိုင်မိခင်ဖြစ်ဖို့ ဖြစ်လာပါတော့တယ်။ တာဒိုကိုရိုနဲ့ အချစ်တွေ သံယောဇဉ်တွေမပါဘဲ ဝတ္တရားသက်သက် တည်ဆောက်ထားတဲ့ ဒီအိမ်ထောင်ရေးရဲ့အသီးအပွင့်ဖြစ်တဲ့ ဆာယာခါလေးကို စုယုကိတစ်ယောက် ဘယ်လိုမှမေတ္တာမပေးနိုင်ခဲ့ပါဘူး။ဒီလိုနဲ့ မီးလောင်မှုဖြစ်ပြီးတော့ အမေဖြစ်သူကိုဆုံးရှုံးလိုက်ရချိန်မှာတော့ စုယုကိနဲ့ဆာယာခါကြားမှာ ...
movie

Motherhood (2022)

Erased (2016)
Erased (2016)  အခုတစ်ခါတော့ ၂၀၁၆ ခုနှစ်ကထွက်ထားတဲ့ ဂျပန် manga ကိုပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် တလေကလေးကထွက်ထားတဲ့Erased ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ ဒီကားက ကျောရိုးချင်းဆင်ပြီးတော့manga ပရိတ်သတ်တွေ အနေနဲ့ကတော့ ဒီကားကို သိပြီးသားဖြစ်မှာပါဘာလို့ဆိုတော့ဒီကားက Erased ဆိုတဲ့ အန်နီမေးရှင်းကားကို ပဲLive Action အဖြစ် အသက်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကိုတော့ တော်တော်များများ ရင်းနှီးပြီးသားဖြစ်မှာပါဇာတ်လမ်း အကျဉ်းလေးကတော့ ဆာတိုရု ဟာ သူ့မှာ အနာဂါတ်အချိန်ပိုင်းလေးကိုကြိုမြင်နိုင်နေတဲ့ သဘာဝလွန် စွမ်းအားကို ရရှိထားသူဖြစ်ပြီး သူဟာဒီ အစွမ်းကြောင့်ပဲ အန္တရာယ်တစ်တစ်ခုခု ဖြစ်ခါနီးဆို ကြိုတင်သိရှိပြီးကယ်တင်ပေးလေ့ရှိပါတယ် ဒါပေမဲ့ တစ်နေ့မှာ သူကိုယ်တိုင်ပါဝင်နေတဲ့မတော်တဆမှုတစ်ခုဖြစ်လာပြီးတော့ ဒီမတော်တဆမှုမှာ သားကောင်ကိုကကယ်တင်ပေးနိုင်မှာလး ပြီးတော့ ဒီမတော်တဆမှုကနေ တဆင့် ဘာတွေကိုပါဆက်လက် ဖော်ထုတ်သွားနိုင်မှာလဲဆိုတာတွေကို တော့ ပရိတ်သတ်ကြီးကဆက်လက်ကြည့်ကြရမှာပါQty - Bluray 710pDuration - 1hr 40minGern - Fantasy/ ActionnTranslator - Yamin Mya PwintEncoder - Kyaw ...
movie

Erased (2016)