Channel Myanmar

Yelena Solovey

We Own the Night(2007)
We Own the Night(2007)  ဘဝကို ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းလာတဲ့ နယူးယောက်မှ နာမည်ကြီး အဒ်ကာဘီဘားကိုကြီးကြပ်ရသူ ဘော်ဘီဂရင်း။ကောင်မလေးဖြစ်သူ အမန်ဒါနဲ့ နေ့ရက်တိုင်းအချိန်းဖြုန်း၊ လည်ပင်းဖက်ပေါင်းတဲ့ဘော်ဒါဖြစ်တဲ့ ဂျန်ဘိုတို့နဲ့ ပါတီလုပ်လိုက်ပျောက်လိုက်ပါးလိုက်နဲ့နေလာခဲ့သည်။ထို့အပြင် ဘားပိုင်ရှင်ဖြစ်သူ ရုရှားလူမျိုးမစ္စတာဘူရှိုင်းရာ့ဗ်နဲ့လည်း မိသားစုလိုမျိုး ဆက်ဆံရေးကောင်းမွန်ပြီး သူကလည်း ဘော်ဘီရဲ့လုပ်ရည်ကိုင်ရည်ကိုသဘောကျသည်။လုပ်ငန်းတိုးချဲဖို့ကြံစည်နေသော ဘူရှိုင်းရာ့ဗ်နှင့် နဂိုကတည်းက ဘားကို မန်ဟတ်တန်ဘက်အထိထိုးဖောက်ချင်နေသော ဘော်ဘီ။ အရာရာအဆင်ပြေသလိုလိုရှိနေစဉ်မှာပင် ဘော်ဘီ့ဆီမမျှော်လင့်တာတွေဖြစ်လာသည်။တကယ်တော့သူ့နာမည်အရင်းက ဘော်ဘီဂရင်းမဟုတ်ဘဲ အရင်မျိုးရိုးနာမည်မှာ အဖေဖြစ်သူမြို့တော်ရဲ့ရဲချုပ်ညွှန်ကြားရေးမှူးနဲ့ အစ်ကိုဖြစ်သူ ရဲအရာရှိတို့အတိုင်း ရူဇင်စကီဖြစ်လေသည်။သူ့အစ်ကိုမှာ မူးယစ်ဆေးဝါးနှိပ်နင်းရေးမှာတာဝန်ယူရစဉ် ရုရှားမူးယစ်ရာဇာတစ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့တော့သည်။ ထိုအဖွဲ့က သူ့အစ်ကိုဖြစ်သူကိုလုပ်ကြံခဲ့ပြီး သူ့အဖေကိုပါကြံစည်နေတာကို သူ သိသွားတဲ့အခါ ရဲဌာနနဲ့ပူးပေါင်းပြီး မူးယစ်ဆေးဝါးမှုကို သူကိုယ်တိုင် ဘယ်လိုပေါ်အောင်လုပ်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။File size…(1.9GB)  / (`981GB) / (741.04MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:57:00 Genre...  Drama / Crime / ...
movie

We Own the Night(2007)

The Lost City of Z (2017) 6.6
The Lost City of Z (2017) The Lost City of Z (2017) IMDb - 6.6/10____Rotten - 86%  လောလောလတ်လတ်ပူပူနွေးနွေးထွက်ထားတဲ့ရုံတင်ကားလေးတကားမိတ်ဆက်ပေးချင်ပါတယ်။နာမည်ကြီးမင်းသားတွေဖြစ်တဲ့Robert Pattinson, Charlie Junnamတို့အပြင် ကျွန်တော်တို့ရဲ့Spider ManလေးTom Hollandလည်းပါဝင်တဲ့Advanture/Dramaကားလေးတကားဖြစ်ပါတယ်။ဒီကားလေးဟာ၂၀ရာစုနှစ်အစောပိုင်း၁၉၀၆ခုနှစ်ဗြိတိသျှစူးစမ်းရှာဖွေသူတဦးဖြစ်တဲ့Percy Fawcettဆိုတဲ့သူရဲ့တကယ့်အဖြစ်အပျက်ကိုရိုက်ကူးထားခြင်းဖြစ်ပါတယ်။Percy Fawcettဆိုတာကဗြိသျှတပ်မတော်ကအရာရှိတဦးဖြစ်တဲ့အပြင်ရှေးဟောင်းသုတေတနပညာရှင်၊ပထဝီပညာရှင်တဦးဖြစ်ပါတယ်။၁၈၆၇ခုနှစ်ဖွားအင်္ဂလန်နိုင်ငံသားတဦးပါ။သူ့ဖခင်ဖြစ်သူဟာလည်းRoyal Geographical Society(RGS)အဖွဲ့ဝင်တဦးဖြစ်ပါတယ်။နောက်ပိုင်းသူဟာလည်းအဲဒီအဖွဲ့ဝင်ဖြစ်လာခဲ့ပြီးတောင်အေမေရိကတိုက် အမေဇုံဒေသကိုနိုင်ငံရေးကိစ္စကြားဝင်စေ့စပ်မှုတခုအတွက်စေလွှတ်ခြင်းခံရသူဖြစ်ပါတယ်။အဲဒီမှာနယ်မြေတိုင်းတာမှုတွေစစ်တမ်းကောက်ရင်းအမှတ်မထင်တောကြီးမျက်မည်းထဲမှာရှေးလူ့အသုံးအဆောင်ပစ္စည်းတွေကိုတွေ့ရှိခဲ့ပါတယ်။အဲဒီကစပြီးအဲဒီဒေသမှာပျောက်ဆုံးကွယ်ပျောက်နေတဲ့သူကိုယ်တိုင်Zလို့နာမည်ပေးထားတဲ့ရှေးဟောင်းမြို့ကြီးတမြို့ရှိလိမ့်မယ်လို့ယုံကြည်ခဲ့ပါတယ်။သူဟာ၁၉၀၆ခုနှစ်ကနေ ၁၉၂၄ခုနှစ်အတွင်းစူးစမ်းရှာဖွေမှု၇ကြိမ်တိုင်တိုင်ကြိုးစားခဲ့ပါတယ်။တျောက်လျောက်သူလိုချက်တဲ့ရည်မှန်းချက်မအောင်မြင်ခဲ့ပေမယ့်သူလုံးဝစိတ်မပျက်ခဲ့ပါဘူး။ဒါပေမယ့်သက်သေအထောက်အထားတွေတော့ပြနိုင်ခဲ့ပါတယ်။နောက်ဆုံးတခေါက်၁၉၂၅ခုနှစ်မှာသူ့သားဖြစ်သူJack Percy Fawcettနဲ့အတူတူသွားခဲ့ပြီးတဲ့နောက်မှာတော့သတင်းအစအနပျောက်သွားပါတယ်။သူတို့ကိုအဲဒီအချိန်ကစပြီးနောက်ထပ်မတွေ့ရတော့ပါဘူး။အဲဒီကိစ္စဟာပဟေဠိတခုလိုဖြစ်နေခဲ့ပါတယ်။သူတို့အဲဒီမြို့ကိုတွေ့ခဲ့ကြသလား။ဘာတွေဖြစ်ခဲ့ကြလဲဆိုတာတော့သူတို့ကိုယ်တိုင်ပဲသိနိုင်မှာပါ။ဒီကားလေးဟာလည်း၁၉၀၅ခုနှစ်ကနေစပြီးသူ့ရဲ့ကြိုးစားခဲ့မှုတွေအမေဇုံလိုတောကြီးမျက်မည်းထဲမှာအန္တာရာယ်အမျိုးမျိုးရဲ့ကြားရုန်းကန်ခဲ့ရမှုတွေကိုရိုက်ပြထားတဲ့ကားကောင်းလေးတကားဖြစ်ပါတယ်။လူတယောက်ရဲ့ဇွဲလုံလ၊အဲဒီခေတ်အခါကရူးသွပ်မှုတွေစွန့်စားမှုတွေကိုမြင်တွေ့ရမှာပါ။တကယ့်ဖြစ်ရပ်မှန်ဇာတ်ကားအနေနဲ့ဇာတ်ရှိန်အေးအေးလေးနဲ့ဆွဲခေါ်သွားမယ့်ကားလေးဖြစ်ပါတယ်။အေးအေးဆေးဆေးနားနားနေနေကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်။Ratingအနေနဲ့လည်း  6.6/10 ထိရထားတဲ့ကားလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်)   File Size : (853 MB) Quality : 720p Bluray Running Time : 2hr 21minutes Format : Mp4 Genre : Biography, Drama, History Translated By Thura Zarni Aung Encode By Thanhtike Zaw
movie

The Lost City of Z (2017)

2017