Channel Myanmar

Yogita Bihani

The Kerala Story (2023) 7.1
The Kerala Story (2023) The Kerala Story (2023) " ကီရယ်လာဇာတ်လမ်းတစ်ပုဒ်" =============================================ချန်နယ်မြန်မာပရိသတ်တွေအတွက် ထွက်ရှိစဉ်က ငြင်းခုန်စရာတွေ တော်တော်လေးဖြစ်ခဲ့တဲ့ မင်းသမီး အာဒါရှရ်မာရဲ့ The Kerala Story ဆိုတဲ့ IMDb 7.1 ရထားတဲ့ မှုခင်းဒရာမာရုပ်ရှင်လေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။အကြမ်းဖက်မှုနဲ့ အာဖဂန်က ထောင်တစ်ခုမှာ အဖမ်းခံထားရတဲ့ ဖာတီမာဘာဆိုတဲ့ အိုင်းဆစ်အဖွဲ့ဝင်အမျိုးသမီးဟာ စစ်ကြောရေးလုပ်နေသူတွေကို သူ့ရဲ့ဘဝဇာတ်ကြောင်းကို ပြန်ပြောပြနေပါတယ်။သူဟာ ဖာတီမာဆိုတဲ့ အိုင်းစစ်အဖွဲ့ဝင် အစ္စလာမ်အစွန်းရောက်တစ်ယောက် ဖြစ်မလာခင်က ရှာလင်းနီဆိုတဲ့ ကီရယ်လာသူ ဟိန္ဒူအမျိုးသမီး ပညာတတ်တစ်ဦးဖြစ်ခဲ့ပါတယ်။သူဟာ အဲဒီလို ပညာတတ်တစ်ယောက်ကနေ ဘယ်လို လွဲမှားပြီး အမှားတွေကို ကိုယ်တိုင်ဝင်လုပ်တဲ့အထိ အိုင်းဆစ်အဖွဲ့ဝင် ဘယ်လိုဖြစ်လာခဲ့တာလဲဆိုတာ ဒီရုပ်ရှင်ထဲမှာ ပုံဖော်ပြထားတာပါ။ဒီ ၂၀၂၃ ခုနှစ်ထွက် The Kerala Story ဆိုတဲ့ ရုပ်ရှင်ဟာ အမှန်တရားတွေအပေါ် အခြေခံပြီး စိတ်ကူးပုံဖော်ဖန်တီးထားတဲ့ ဒါရိုက်တာ ဆူဒီပ်တိုဆန်ရဲ့ လက်ရာတစ်ခုပဲဖြစ်ပါတယ်။စနစ်တကျဖန်တီးထားတဲ့ ဝါဒမှိုင်းတွေက လူ့အတွေးအခေါ်တွေကို ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိနိုင်လဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ အနည်းအကျဉ်းမြင်ရမှာပါ...။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie

The Kerala Story (2023)

2023
Vikram Vedha (2022) 7.1
Vikram Vedha (2022) Vikram Vedha (2022)ကဲ ဒီကားကိုတော့ ထွေထွေထူးထူး ညွှန်းနေစရာမလိုဘူးထင်ပါတယ် သူ့အရင်ထွက်ထားတဲ့ တောင်ပိုင်းကားကလည်း အတော်ပေါက်ခဲ့တာဆိုတော့...။ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေဖြစ်ကြတဲ့ ရီသစ်ရိုရှန်းနဲ့ ဆေ့ဖ်အလီခန်းတို့က အဓိကပါဝင်အားပြိုင်ထားပေးကြပြီး မင်းသမီးရာဒီကားအာပ်တေးက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်...ဇာတ်လမ်းကတော့ ရဲနဲ့ ဂိုဏ်းစတားအားပြိုင်တဲ့ကား...။ဒါပေမဲ့ ဇာတ်လမ်းလေးက ဆန်းတယ်...။ဗစ်ကရမ်...။ သူဟာ ဖြောင့်မတ်တဲ့ ရဲအရာရှိတစ်ယောက်ဖြစ်ပြီး ရာဇဝတ်သားမြင်ရင် လက်ရွံ့တွန့်ဆုတ်မနေတတ်ဘဲ လက်ရဲဇက်ရဲနိုင်တဲ့ ဌာနဆိုင်ရာ အားကိုးရတဲ့ရဲတစ်ယောက်...။ဗေဒါး...။ သူဟာလည်း လက်ခနောင်းမြို့တခွင်မှာ ဒိတ်ဒိတ်ကြဲလူမိုက်ကြီးတစ်ယောက်ဖြစ်ပြီး ဘယ်သူမှမော်မကြည့်ရဲကြသလို မြို့နေပြည်သူတွေရဲ့ ချစ်ခြင်းကိုခံနေရတဲ့ ဂိုဏ်းစတားတစ်ယောက်...။လက်ခနောင်းမြို့နယ်အတွင်းက ဂိုဏ်းတွေအချင်းချင်း မသင့်မြတ်ကြရင်း သတ်ဖြတ်မှုတွေဖြစ်ပေါ်လာတော့ မြို့နေပြည်သူများဟာ အသက်အန္တရာယ်စိုးရိမ်နေရပါတယ်...ဒီတော့ ဒီဂိုဏ်းတွေကို ရှင်းပစ်ဖို့ ရဲဌာနကနေ အထူးတပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလိုက်တယ်..တပ်ဖွဲ့ရဲ့တာဝန်က ဒီရာဇဝတ်သားတွေကို လိုက်လံရှာဖွေသတ်ပစ်ဖို့ပဲအဲ့ဒီမှာပဲ ဗစ်ကရမ်နဲ့ ဗေဒါးဟာ ထိပ်တိုက်တွေ့ရဖို့ အကြောင်းဖန်လာပါတော့တယ်...ဆက်လက်ပြီး ဘယ်လိုတွေကြမ်းလာမယ့်အပြင် လှည့်ကွက်လေးတွေနဲ့ ကြည့်ရဦးမှာမို့ မပျင်းရစေမှာ အမှန်ပဲဖြစ်ပါတယ်...လူအယောက် 18Kလောက်က IMDb 7.1 vote ပေးထားတာဆိုတော့ ကြည့်လို့ကောင်းတဲ့ မှုခင်းအက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်နော်...။ File size…3.14GB  /  1.26GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor~Thaik San
movie

Vikram Vedha (2022)

2022
AK vs AK(2020) 7.2
AK vs AK(2020) AK vs AK(2020)အညွှန်း*******************ဒီဇာတ်ကားကတော့ IMDb rating 7.2 ရရှိထားတဲ့ Drama/Thriller အမျိုးအစားBollywood ဇာတ်ကား တစ်ကားဖြစ်ပါတယ်။တကယ့်နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့Anil Kapoor ,Anurag Kashyap,Sonam Kapoorအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်....ဇာတ်လမ်းအညွှန်း အနူရား(ဂ်)ဆိုတာ တက်သစ်စ ဒါရိုက်တာလေး... သူဟာ ဇာတ်ညွှန်းကောင်းကောင်းရှိလို့နာမည်ကြီး  မင်းသား အနေး(လ်)ကို သူ့ရဲ့ဇာတ်ကားတစ်ကား မှာ သ‌ရုပ်ဆောင်ပေးဖို့ ကမ်းလှမ်းခဲ့တယ်...မင်းသားက ဒါရိုက်တာပေါက်စဆိုတော့ ငြင်းလိုက်တယ်....မင်းသားရဲ့အငြင်းတစ်ချက်က ဘာမဟုတ်ပေမဲ့ အနူရားလို ဒါရိုက်တာပေါက်စအဖို့အတော်ဆုံးရှုံးမှုတွေများပါတယ်...ဒီလိုနဲ့အချိန်(၁၅)နှစ်ခန့်ကြာတော့ ပြောင်းလဲမှုတွေအတော်ကြီးလာတယ်..အနူရားဟာ နာမည်ကြီးဒါရိုက်တာဖြစ်လာသလို အနေးလည်းအသက်အရွယ်ကြောင့် အဘိုးတွေ ဉီးလေးတွေနေရာမှာပဲသရုပ်ဆောင်ရင်း အကျဘက်ကိုရောက်နေတယ်... ဒီလိုနဲ့ ဒါရိုက်တာနဲ့မင်းသားကိုတိုက်တိုက်ဆိုင်ဆိုင် TVအစီအစဉ်တစ်ခုကနေLiveလွှင့်ရင်း အင်တာဗျူးဖြစ်ကြတယ်..သူတို့(၂)ယောက်ပြန်ဆုံတဲ့အချိန်မှာ ဟိုးတစ်ချိန်က သူ့ကိုအကျနာအောင်လုပ်ခဲ့တဲ့မင်းသားအပေါ်ဒါရိုက်တာရဲ့ ဒေါသတွေဟာ ပုံကျလာတယ်...တစ်နိုင်ငံလုံးဝိုင်းကြည့်နေတဲ့ TVအစီအစဉ်မှာ မင်းသားကို မျက်နှာရေနဲ့ပက်ခဲ့တယ်...အိန္ဒိယရဲ့ ရုပ်သံတွေ သတင်းစားတွေ ဂျာနယ်တွေဟာ ဒါရိုက်တာရဲ့ ရိုင်းစိုင်းကြမ်းတမ်းမှုတွေကို မျက်နှာဖုံးကြီးတပ်ပြီးဆော်ကြပါတယ်...အဲ့ဒီနောက်မှာတော့ ပြဿနာမျိုးစုံတက်ပါတော့တယ်...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့...ခံစားကြည့်ကြပါဉီး... ဘာသာပြန်သူကတော့ Thaik San ပဲ ဖြစ်ပါတယ်....File Size : ...
movie

AK vs AK(2020)

HEVC 1080p 5.1