Channel Myanmar

Yolanthe Cabau

The Wonder Weeks(2023)
The Wonder Weeks(2023) The Wonder Weeks(2023)************************ဒီဇာတ်ကားလေးကတော့ မွေးခါစဘေဘီလေးတွေကို မေမေ၊ဖေဖေတို့ကအစွမ်းကုန်ဘယ်လိုထိန်းကျောင်းကြမလဲမြင်တွေ့ရမယ့်ကားလေးပါ။ များသောအားဖြင့် ကလေးယူမယ် ကိုယ်ဝန်ဆောင်မယ်ဆိုရင်သာ ကြိုတင်ပြင်ဆင်လေ့ရှိကြပေမယ့် ကလေးမွေးပြီးနောက်ပိုင်းကြုံရမယ့်အရာတွေကို ကြိုတင်မှန်းမထားနိုင်သလို ပြင်ဆင်ထားဖို့ကလည်းခက်ခဲပါတယ်။ ဥပမာ ညဖက်ကလေးထထငိုလို့ အိပ်မရတာမျိုး၊ ကလေးက မဆော့မကစားဖြစ်နေတာဘာဖြစ်မှန်းမသိရတာမျိုးပေါ့။ မိမိကလေးက နေကောင်းလား၊ အစားဝင်လား၊ ဒီအရွယ်မှာ ပုံမှန်ပဲလား၊ တစ်ခုခုဖြစ်နေပြီလားနဲ့ မေမေဖေဖေတို့က ပူပန်ကြမှာအမှန်ပါပဲ။ ဒီအကြောင်းအရာတွေကို ဇာတ်လမ်းလေးထဲမှာ မိသားစုသုံးစုနဲ့ ပုံဖော်ရိုက်ကူးထားပါတယ်။ ပထမမိသားစုက မေမေက အရမ်းအစိုးအရိမ်ကြီး စည်းစနစ်ကျလွန်းပါတယ်။ အိပ်တာစားတာကအစ အချိန်ဇယားအတိုင်းလုပ်လွန်းတော့ မီးမီးလေးက အဝလွန်လာရော၊ဒါကိုဘယ်လိုကျော်ဖြတ်ကြမလဲ။ ဒုတိယမိသားစုကျတော့ ဓလေ့မတူကြတာဗျ။ ဖေဖေ့ဘက်က ဓလေ့တစ်ခု မေမေ့ဘက်ကဓလေ့တစ်ခုနဲ့ဗျာများရင်း ဗရုတ်သုတ်ခလေးတွေဖြစ်ကြတာပေါ့။ တတိယမိသားစုကျတော့ မေမေနှစ်ယောက် ဖေဖေတစ်ယောက်ဗျ။ ဖေဖေက ဗရုတ်ကခပ်ကျကျ မေမေတစ်ယောက်က တစ်ယူသန်နဲ့ဗျ။ ကဲ ဒီမိသားစုလေးတွေရဲဘဝက ကလေးကိုယ်စီထိန်းကျောင်းရင်းဘယ်လိုရှေ့ဆက်ကြမလဲဆိုတာ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ။File Size : (1.6GB) and (725MB) Quality : WEB-DL.1080P, 720p Format…mp4 Duration…01:30:00 Genre : Comedy ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded ...
movie

The Wonder Weeks(2023)

Just Say Yes (2022) 4.5
Just Say Yes (2022) Just Say Yes (2022) ===============လမ်းခွဲခံရဖူးတဲ့သူတွေ ရှိကြမှာပါ။ တချို့တွေက မက်ဆေ့ချ်တစ်စောင်နဲ့ လမ်းခွဲခံရမယ်။ တချို့ကတော့ ဖုန်းထဲမှာပဲ လမ်းခွဲခံရမယ်။ တချို့ကတော့ လူကိုယ်တိုင် စသည်ဖြင့် မျိုးစုံပဲပေါ့။ဒီဇာတ်လမ်းထဲက လော့တာဆိုတဲ့ producerမလေးကတော့ တီဗီမှာ တိုက် ရိုက်ထုတ်လွှင့်နေတုန်းမှာပဲ သူနဲ့စေ့စပ်ထားတဲ့ ချစ်သူဆီက လမ်းခွဲစကား ပြောခံလိုက်ရပါသတဲ့။ ဒီလိုမျိုး တိုင်းသိပြည်သိ ဘဲပစ်ခံလိုက်ရလို့ ကြေကွဲ လူငယ်လေးဖြစ်နေတဲ့လော့တာက သူ့လိုမျိုး producerတစ်ယောက်ဖြစ်တဲ့ ခရစ်နဲ့အတူ သူ့ဘဲပြန်လာအောင် လုပ်ဖို့ စီစဉ်ကြပါတော့တယ်။ဒီလိုစီစဉ်ရင်းမှာပဲ လော့တာတစ်ယောက် ဘာတွေကြုံတွေ့ရမလဲ ကောင်း တာတွေဖြစ်လာမလား အဆိုးတွေနဲ့ပဲတွေ့ရမလားဆိုတာကို ရိုက်ကူးထားတဲ့ ပေါ့ပေါ့ပါးပါး Comedy, Romance ကားလေးကို ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ် ပါတယ်)File Size..........(1.85 GB) / (753 MB) / (461 MB) Quality............WEB-DL 1080p / 720p / 480P Duration.........1Hr 37Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......EL Encoder..........SWM
movie

Just Say Yes (2022)

2022
Vacation Home Nightmare(2023)
Vacation Home Nightmare(2023) ဒန်နီအယ်နဲ့ သူမရဲ့သူငယ်ချင်းနှစ်ယောက်က ကွာရှင်းပြတ်စဲခြင်းကိုအောင်ပွဲခံဖို့ အပန်းဖြေအိမ်ကို ရောက်လာခဲ့ကြတယ်။ တကယ်တော့ သူတို့ဌားရမ်းခဲ့တဲ့အပန်းဖြေအိမ်က အပြင်ပန်းကကြည့်ရင်အေးချမ်းသလောက် တကယ်တမ်းမှာလုံးဝအန္တရာယ်မကင်းပါဘူး။ ဇနီးပစ်ခံရတဲ့အတိတ်တစ်ခုကနေရုန်းမထွက်နိုင်တဲ့လူသတ်သမားရဲ့ ပိုင်နက်ဖြစ်နေတာပေါ့။အိမ်ထောင်ရေးပြိုကွဲသွားတဲ့ အမျိုးသမီးအချို့က စိတ်သစ်လူသစ်ဖြစ်အောင် ထိုအပန်းဖြေအိမ်ကို လာရောက်အနားယူလေ့ရှိကြတယ်။ လူသတ်သမားကလည်း သူ့ဇနီးဟောင်းအပေါ်မှာထားတဲ့ အငြိုးတွေကို အပန်းဖြေအိမ်ကိုလာကြတဲ့အမျိုးသမီးတွေအပေါ်ပုံချပြီး ပစ်မှတ်ထားသတ်ပစ်လေ့ရှိတယ်။ ဒီလိုနဲ့ ဒန်နီအယ်ရဲ့အလှည့်ရောက်လာခဲ့တယ်။Vacation Home Nightmare ဇာတ်ကားထဲမှာ သာမန် သူလိုကိုယ်လိုလူတွေကြားထဲက လူတစ်ယောက်က လူသတ်သမားဖြစ်နေတာကိုပဲ realityဆန်ဆန် ရိုက်ပြထားပါတယ်။ မမျှော်လင့်ထားတဲ့သေခြင်းတရားနဲ့ နေ့မြင်ညပျောက်တတ်တဲ့သဘောတွေ တော်တော်လေးပါပါတယ်။ Horrorဆန်ပြီးကြောက်ဖို့ကောင်းတဲ့ကားမျိုးမဟုတ်ပဲ realityဆန်တဲ့ဇာတ်ကားတစ်ကားမျိုးပါပဲ။ ဒန်နီအယ်ကလည်း ထိုလူသတ်သမားရဲ့ပစ်မှတ်ဖြစ်လာတဲ့အခါ သူမဆီကျရောက်လာတဲ့ ကပ်ဆိုးကို ကျော်လွှားနိုင်သွားမလား။ ဒါမှမဟုတ် လူသတ်သမားရဲ့သားကောင်တွေထဲကတစ်ယောက်ပဲဖြစ်သွားမလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုလို့ရပါပြီ။File size…(1.31GB)  / (724MB) / (391MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:45:00 Genre...Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Vacation Home Nightmare(2023)

F*ck Love Too (2022)
F*ck Love Too (2022) F*ck Love (2022) ====================== Comedy, Roamanceအချစ်ကို ရုပ်ရှင်၊စာပေ။ဂီတတွေမှာ ပုံစံမျိုးစံနဲ့ဖော်ပြခဲ့ကြတာပါပဲ။ဒီကားလေးမှာတော့ ရင့်ကျက်ပြီး သက်လတ်ပိုင်းအရွယ် သူငယ်ချင်းအမျိုးသမီး ၃ ယောက်ဟာ အချစ်ဆိုတဲ့အရာကို စိတ်ကူးယဉ်ဆန်မှုတစ်ခုပဲလို့ ယူဆထားကြပါတယ်။ဒီလိုခံယူချက်တွေတူနေပေမယ့် သူတိူ့မှာ အိမ်ထောင်ကွဲထားတဲ့သူ၊ Single Mom နဲ့ လက်ထပ်တော့မယ်သူ ဆိုပြီး သူတို့ ၃ ယောက်ရဲ့ အချစ်ရေးဟာလည်း မျိုးစုံဖြစ်လို့နေပါတယ်။သူတို့က လိုက်မရှာပေမယ့် အချစ်က သူတို့ကိုရှာတွေ့သွားတဲ့အခါမှာတော့ ဒီမမကြီး ၃ ယောက်ရဲ့ ဘဝမှာ ဘာတွေများပြောင်းလဲသွားမလဲဆိုတာကို ကြည့်ရှုရမှာပါနာမည်ကြီး Sex and The City ကားလိုမျိုး အရမ်းရယ်နေရတဲ့ ကားဖြစ်ပြီး "အချစ်" ဆိုတဲ့အဓိပ္ပာယ်ကိုလည်း ပါးပါးလေးပုတ်ပြထားပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)Genre.....Comedy, Romance Quality….1080p | 720p| 480p File size… 1.43GB | 774MB | 283MB Format…mp4 Duration….1h 32min Subtitle….Myanmar Subtitle (Hardsub) Translator ..... ...
movie

F*ck Love Too (2022)

2022