Channel Myanmar

Yong You

Fearless ( 2022 ) 5.9
Fearless ( 2022 ) Fearless ဆိုတဲ့ဒီဇာတ်ကားလေးကတော့ သတင်းထောက်တစ်ယောက်ဟာ အရင်းရှင်တွေရဲ့ စတော့ရှယ်ယာတွေကိုလိမ်လည်ပြဒါန်းပြီး ပြည်သူတွေကိုလိမ်လည်တဲ့အမှုကို အကြောက်တရားမရှိ ဖော်ထုတ်တဲ့အကြောင်းကို တင်ဆက်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ယွီလိဟာ ထက်မြက်ပြီးအမှန်တရားဘက်ကရပ်နေတဲ့ အယ်ဒီတာတစ်ယောက်ဖြစ်ပါတယ်။ သူဟာနိုင်ငံတကာရှယ်ယာကုမ္ပဏီတစ်ခုရဲ့ တင်ပို့ကုန်အချက်အလက်တွေကို လိမ်လည်ထားတယ်ဆိုတာ သံသယရှိနေပြီး အဲဒီအကြောင်းကို မဂ္ဂဇင်းမှာထုတ်ဝေခဲ့ပါတယ်။သူ့ရဲ့ဆောင်းပါးထုတ်ဝေပြီးနောက်ပိုင်း ကုမ္ပဏီဟာရှယ်ယာတွေ ထိုးကျသွားခဲ့ပြီး သန်းပေါင်းများစွာအရှုံးပေါ်ခဲ့ရတယ်။ အဲဒါကြောင့် ကုမ္ပဏီရဲ့တာဝန်ခံက ယွီလိကို ငွေနဲ့အရင်ချည်းကပ်ခဲ့ပေမယ့် မရခဲ့ပါဘူး။ အဲဒါကြောင့် ယွီလိကိုပြန်ပေးဆွဲ အကြမ်းဖက်အကြပ်ကိုင်တာတွေလုပ်လာပါတယ်။ တရားဥပဒေစိုးမိုးတဲ့တိုင်းပြည်တစ်ခုမှ မင်းမဲ့တိုင်းပြည်လိုပြုမူနေတဲ့ အရင်းရှင်တွေကို ဘယ်လိုကြိုးစားပြီးတွန်းလှန်နိုင်မလဲ...... အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ပြီးနောက်မှာ တရားဥပဒေကမတရားမှုကိုဘယ်လိုအနိုင်ယူသွားလဲဆိုတာကို ဖော်ပြထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime Runtime : 1h 52 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Fearless ( 2022 )