Channel Myanmar
Yoo Sun
The Uninvited (2003) 5.8
The Uninvited (2003) ဂျောင်ဝန်းတစ်ယောက် ရထားစီးလာရင်း နဲ့ ကလေးမနှစ်ယောက်ကို ဒီတိုင်းတွေ့လိုက်တယ်အစကတော့ သတိအမှတ်မဲ့နေရင်း ဂိတ်ရောက်တော့ ပုံမှန်အတိုင်းပဲ ဆင်းတာပေါ့နောက်နေ့သတင်းမှာ အဲ့ဒီကလေးမလေး နှစ်ယောက် ရထားပေါ်မှာအဆိပ်မိပြီးသေနေတယ်ဆိုတဲ့သတင်းပါလာခဲ့ပါလေရောအဲ့နေ့ကစပြီး ဂျောင်ဝန်းတစ်ယောက် စိတ်တွေခြောက်ခြားပြီး ကလေးမလေးတွေရဲ့ဝိဉာဉ်က သူ့နောက်ကိုလိုက်ပါလေတော့တယ်သူနဲ့ဘဝတူ ဝိဉာဉ်တွေကိုမြင်နိုင်တဲ့ ယွန်းလေးရဲ့အကူအညီနဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ကြိုးစားရင်း သူ့အတိတ်နဲ့ပက်သက်တာတွေကိုပါ သိရှိလာတဲ့အခါမှာတော့...။မင်းသမီး Jun Ji-Hyun ပါဝင်ထားတဲ့ကားလေးမို့ အားပေးကြပါဦးနော်( အညွှန်းရေးသားပြီး ဘာသာပြန်သူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် ) File size_(2.5GB)/(1GB) Quality_WebDL 1080p / 720p Format_mp4 Duration_02:07:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Shoon Thu Thu Chain
movie
The Uninvited (2003)
Moss (2010) 6,7
Moss (2010) နာမည်ကြီး Webtoon ကိုအခြေခံရိုက်ကူးထားပြီး အချိန်ကြာမြင့်ပေမယ့် ဇာတ်သိမ်းထိဆွဲခေါ်သွားမယ့် ဇာတ်လမ်းမျိုးကိုတင်ဆက်ပေးချင်ပါတယ်ဆိုးလ်မြို့ကြီးမှာနေရတာ ပျင်းရိနေတဲ့ ရူဟေးဂုဆီကို ရွာမှာဇာတ်မြှုပ်နေတဲ့ဖခင်သေဆုံးသွားကြောင်းဖုန်းဝင်လာခဲ့ပါတယ် ဒီလိုနဲ့ဖခင်ဈာပနပွဲဆီသွားခဲ့ပေမယ့် ရွာကလူတွေဟာ တစ်ခုခုကိုဖုံးကွယ်ထားကြောင်း ရှေ့နေဟောင်းရူဟေးဂုက တန်းသိခဲ့ပါတယ် မြို့ကလူစိမ်းဖြစ်လို့ရွာမှာလက်မခံချင်ကြတာမှန်းသူနားလည်ပေမယ့် ဖခင်အကြောင်းတွေကိုပါလျှို့ဝှက်ထားကြတဲ့ ဒီရွာကို သူသံသယဝင်လာတော့ ဆိုးလ်ကိုမပြန်တော့ဘဲ ရွာမှာပဲခေတ္တအခြေချလိုကြောင်းပြောပြလိုက်တဲ့အခါ ရွာကလူတွေဆက်ဆံပုံက ပိုပြီးဆိုးရွားလာခဲ့တယ်ထူးဆန်းတာက ရွာရဲ့ ရွာသူကြီးဆိုတဲ့လူကို အကုန်လုံးက နတ်ဘုရားလိုကိုးကွယ်နေကြတာပါပဲ ဒီရွာရဲ့ဖုံးကွယ်ထားတာတွေကိုတစ်စတစ်စစုံစမ်းသိရှိလာချိန်မှာတော့ ရူဟေးဂုတစ်ယောက်ဘာဆက်ဖြစ်မလဲ ရွာသူကြီးကရော ဘယ်သူလဲ.. ရူဟေးဂုဖခင်သေဆုံးမှုကရော သွေးရိုးသားရိုးဖြစ်နိုင်ပါ့မလားဆိုတာတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါရှင် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yunni ပါ )File Size__(2.5GB) / (1.1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.7/10 Format__mp4 Duration__02:45:00 Type__Crime, Drama, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Yunni Encoded by Naing Aung Latt
movie
Moss (2010)
Good morning (2022) 5.2
Good morning (2022) Good Morning (2022)မိဘမဲ့ဂေဟာမှာကြီးပြင်းခဲ့ရပြီး ပတ်ဝန်းကျင်ကလူတွေ သူငယ်ချင်းတွေရဲ့အနှိမ်ခံဖြစ်နေလို့ စိတ်ပင်ပန်းပြီး အမြဲကိုယ့်ကိုယ်ကိုသတ်သေဖို့ကြံစည်နေတဲ့ကျောင်းသူလေးဆူမီ...သမီးဖြစ်သူ ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားလို့ စိတ်ဆင်းရဲမှုကနေမလွတ်မြောက်နိုင်သေးတဲ့ နာတာရှည်​ဆေးရုံကသူနာပြုဆရာမဂျောင်...တစ်နေ့ ဆူမီလေးတံတားပေါ်ကနေခုန်ချမလို့လုပ်နေတုန်း သူနာပြုဆရာမဂျောင်နဲ့တွေ့သွားတဲ့အခါ...သူတို့နှစ်​ယောက် နာတာရှည်​ဆေးရုံမှာ ဘယ်လိုလူ​တွေနဲ့တွေ့ပြီး ဘယ်လိုကိစ္စတွေဆက်ဖြစ်လာမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါနော်...ဒီဇာတ်ကားလေးကြည့်ပြီးရင် ကိုယ်ပိုင်ဆိုင်ထားတဲ့ဘဝဟာဘယ်လောက်အဖိုးတန်လဲဆိုတာ သိရှိသွားမှာပါ♡EVE ဇာတ်လမ်းတွဲထဲက ဆိုရာ အဖြစ်ပါဝင်ထားတဲ့ မင်းသမီးကြီး Yoo Sun ပါဝင်တာမို့ ရုပ်ရှင်ကားကောင်း တစ်ကောင်းဆိုတာကတော့ အာမခံနိုင်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ YeRi ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… 1.4GB | 676MB | 293MB Format… mp4 Duration…. 1h 57min Subtitle…. Myanmar Subtitle (Hardsub) Translator ..... YeRi Encoder ..... August
movie
Good morning (2022)
2022
The Chosen: Forbidden Cave (2015) 5.5
The Chosen: Forbidden Cave (2015) The Chosen: Forbidden Cave (2015)ဒဏ္ဍာရီအဆိုတွေ ရှိခဲ့တဲ့ တားမြစ်ထားရလောက်တဲ့ထိ ကြောက်စရာကောင်းတဲ့ မြွေလိုဏ်ဂူတစ်ခု...အဲ့ဒီဂူထဲက အငြိုးကြီးတဲ့မကောင်းဆိုးဝါးတစ်ကောင်ဟာ မျိုးရိုးစဉ်ဆက်အလိုက် ရွေးချယ်ထားသူ နတ်ဆရာမျိုးရိုးမှာ ကူးပြောင်းလာရင်းဂင်ဂွန်းဂျူဆိုတဲ့ အမျိုးသမီးဆီရောက်လာတဲ့အခါ ဂွန်းဂျူက လက်ခံဖို့ ငြင်းဆန်လိုက်တဲ့အခါမှာတော့မိသားစုမှာ ကံဆိုးမှုတွေကြုံတွေ့ပြီး နောက်ဆုံး သမီးဖြစ်သူဆီ မကောင်းဆိုးဝါးက ကူးပြောင်းသွားတဲ့အခါ...ကူညီပေးမယ့် စိတ်ရောဂါဆရာဝန်ဖြစ်ရုံသာမက ဝိဉာဉ်လောကကိုပါ သိကျွမ်းတဲ့ ပါမောက္ခ ရှင်းဂျင်မြောင်နဲ့အတူ သူတို့အခက်အခဲကို ကျော်ဖြတ်သွားနိုင်မလားဆိုတာ ကြည့်ရှုလိုက်ကြရအောင်ပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ )File Size__(1GB) Quality__720p IMDb Rating__5.5/10 Format__mp4 Duration__01:46:00 Type__Horror , Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Hay Mann Thitsar Encoded by Naing Aung Latt
movie
The Chosen: Forbidden Cave (2015)
Gabi (2012) 5.9
Gabi (2012) Gabi - Russian Coffee (2012)"Russian Coffee ''ဆိုတဲ့ ဝတ္တုကို ပြန်လည်ရိုက်ကူးထားတဲ့ ၁၉ရာစုနှောင်းပိုင်း ကိုရီးယားမှာ ကော်ဖီ ဆိုတာ စတင်အခြေချလာတဲ့ ကာလနောက်ခံနဲ့အတူ ရုရှားနဲ့ကိုရီယားအပါအဝင် location အတော်များများ ပြောင်းရိုက်ထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်သရုပ်ဆောင်တွေကတော့ ထူးပြောပြစရာမလိုတော့တဲ့ Joo Jin Moနဲ့ တမိုးအောက်တယောက် ချောင်းဆောဂျင် (Kim So-yeon)ဖြစ်တာမို့ ကြည့်ဖို့ တန်နေပါပြီဇာတ်လမ်းအကျဉ်းပြောပြရရင်အီလီရီချဲ့နဲ့တန်ယာ နှစ်ယောက်ဟာ ငယ်ငယ်တည်းကအတူကြီးပြင်းလာပြီး သိပ်ချစ်ကြတဲ့ချစ်သူတွေပေါ့သူတို့က ဥရောပ ကုန်သည်တွေဆီက ကော်ဖီစေ့တွေကို ဓားပြတိုက်ပြီး မင်းမျိုးနွယ်တွေဆီ ပြန်ရောင်းချတဲ့အလုပ်ကို လုပ်ရင်း တနေ့ ရုရှားစစ်သားတွေဆီ မိသွားပြီး အသတ်ခံရတော့မယ့်ဆဲဆဲမှာ ဂျပန်ဘက်က ကယ်ဆယ်လိုက်ပါတော့တယ်သူတို့နှစ်ယောက်ရဲ့ အရည်အချင်းကို အသုံးချပြီး ဂျပန်တွေဘက်က ရုရှားနဲ့ ဂျိုဆွန်းနှစ်နိုင်ငံကြား ဆက်သွယ်မှုတွေကို သိရဖို့ အကြပ်ကိုင် ပြီး သူလျှိုလုပ်ခိုင်းလာတဲ့အခါ...ဘုရင့်လူယုံတော်အဖြစ်နဲ့ ဂါဘီဖျော်ဆက်သဖို့ တန်ယာဟာ ဂျိုဆွန်းနန်းတွင်းထဲ ဝင်ခဲ့ရပြီး ...
movie
Gabi (2012)
The Culprit(2019) 6.0
The Culprit(2019) The Culprit(2019)ယူဂျောင်းဆိုတဲ့ အမျိုးသမီးတစ်ယောက် အသတ်ခံရတဲ့ မှုခင်းဖြစ်ပွားခဲ့ပါတယ် ....ရဲတွေရဲ့ စုံစမ်းမှုအပြီး သဲလွန်စတွေအရ တရားခံဟာ သူမခင်ပွန်းရဲ့ သူငယ်ချင်း ဖြစ်သူ ဂျွန်ဆောင်းလို့ညွှန်ပြနေတယ်...ဒါပေမယ့် ဂျွန်ဆောင်းရဲ့ ဇနီးကလည်း သူ့ယောက်ျားက တရားခံ မဟုတ်ဘူးလို့ အခိုင်မာပြောနေပြန်ပါတယ် ...ဂျွန်ဆောင်းရဲ့ဇနီးက သူမယောင်္ကျားဖြစ်သူတရားခံမဟုတ်ဘူးလို့ထင်တဲ့အပြင် တရားခံအစစ်ဟာဘယ်သူလဲဆိုတာကိုရဲတွေကိုပြောခဲ့တယ်...ဒီအမှုရဲ့တရားခံဟာလွယ်ကူသလိုလိုနဲ့တဖြည်းဖြည်းရှုတ်ထွေးလာတဲ့အခါမှာတော့....တရားခံအစစ်ဟာ ဘယ်သူလဲ. ...ဘာကြောင့်သတ်ခဲ့တာလဲ...တရားခံအစစ်ကိုရောအမှားအယွင်းမရှိ ဖမ်းဆီးနိုင်ပါ့မလား...ခံစားကြည့်ကြပါဉီး....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်....File Size : (850 MB) and (313MB) Quality : FHDRip 720p Format…mp4 Duration…01:40:00 Genre : Crime, Thriller , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Han Thu Aye Encoded by Phyo Pyae
movie
The Culprit(2019)
My First Client(2019) 7.1
My First Client(2019) My First Client(2019)မိသားစုလေး စုံစုံညီညီနဲ့ သာယာတဲ့အနာဂတ်ကို စိတ်ကူးယဉ်လို့ ကောင်းဆဲမှာပဲအမေဆုံးသွားလေရဲ့...အဖေနဲ့ ကလေး(၂)ယောက်ပဲကျန်ခဲ့ပါတယ်...မုဆိုးဖို အဖြစ်ကျန်ခဲ့တဲ့ ဖခင်ဟာ ကလေး(၂)ယောက်အတွက်ပဲလား သူ့အတွက်အထီးကျန်ခြင်းတွေဖြေဖျောက်ပဲလား နောက်အိမ်ထောင်ပြုလိုက်ပါတယ်...ဒီလိုအိမ်ထောင်ပြုလိုက်ပြီး အမေသစ်လေးအိမ်ပေါ်ရောက်လာတဲ့အချိန်မှာတော့...ဒီကားက ဖြစ်လေ့ဖြစ်ထရှိတဲ့မိသားစုအကြောင်းတွေရိုက်ထားတယ်ဆိုပေမဲ့ကလေးတွေရဲ့ခံစားချက်ကိုအသားပေးပြီး ခံစားနားလည်လွယ်အောင်အကောင်းဆုံးရိုက်ပြထားတာပါ...ဇာတ်လမ်းကရိုးရှင်းတယ်လို့ထင်ရပေမဲ့ တင်ဆက်ပုံနဲ့ ကလေးတွေရဲ့စိတ်ထားနဲ့လူကြီးတွေရဲ့ ဆက်ဆံပုံတွေကို တကယ့်ကိုရသမြောက်စွာပုံဖော်ထားတာပါ..ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Phyu Zaw ပဲဖြစ်ပါတယ်....File Size : (980 MB) and (380 MB) Quality :WEB-DL  720p Format…mp4 Duration…01:54:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Phyu Zaw Encoded by Phyo Pyae 
movie
My First Client(2019)
The Divine Move 2: The Wrathful(2019) 6.5
movie