Channel Myanmar

Yoo Teo

Past Lives (2023) 8.4
Past Lives (2023) Past Lives (2023)~ IMDb - 8.4/10, Rotten Tomatoes - 97% ~သူ့အကြောင်းနဲ့သူ ကိုယ့်အကြောင်းနဲ့ကိုယ် လမ်းတစ်လမ်းမှာ လျှောက်ရင်းလှမ်းရင်း သူစိမ်းနှစ်ယောက် မတော်တဆ အင်္ကျီလက်ဖျားချင်း အဖျားချင်းခတ်မိရင်တောင် ဘဝအဆက်ဆက်က ရှေးရေစက်ရှိခဲ့လို့ပဲတဲ့။ ဒီလိုခတ်မိတာကိုက ဒီမမြင်ဖူးမကြုံဖူးခဲ့တဲ့ သူစိမ်းနှစ်ယောက်ကြား အတိတ်ဘဝတွေတုန်းက အကြောင်းကံပါစရာ တစ်စုံတရာရှိခဲ့ဖူးတာကြောင့်မို့ပဲတဲ့။ရထားတစ်စင်းပေါ် ဘေးချင်းကပ် ထိုင်ခဲ့ဖူးရုံ ရေစက်မျိုးပဲဖြစ်ဖြစ်...ငှက်ကလေးတစ်ကောင်နဲ့ အဲဒီငှက်ကလေး တစ်မနက်လောက် ဝင်နားဖူးခဲ့တဲ့ သစ်ကိုင်းကလေးရဲ့ ရေစက်မျိုးပဲဖြစ်ဖြစ်...တစ်ခုသောညမှာ အတူတူကြွေကျခဲ့ဖူးတဲ့ ကြယ်လေးနှစ်စင်း သစ်ရွက်ကလေးနှစ်ရွက်ပဲဖြစ်ဖြစ်...ဘယ်လိုရေစက်မျိုးပဲရှိခဲ့ရှိခဲ့ တစ်ခုသောဘဝမှာ ၂ဦးသောသူတို့ ၂သက်၂ချစ်၂ယောက်ကမ္ဘာတည်နိုင်ဖို့ သူတို့၂ဦးကြား ဘဝပေါင်း၈ထောင်စာ ရှေးရေစက်ပေါင်း၈ထောင်ရှိဖို့လိုတယ်တဲ့။သူလိုကိုယ်လိုဘဝပါပဲ။ တစ်စုံတရာကိုလည်း ရရှိဖူးလိမ့်မယ်။ တစ်စုံတရာကိုလည်း ဆုံးရှုံးဖူးလိမ့်မယ်။ တစ်နေရာရာမှာလည်း ဆုံဖူးခဲ့လိမ့်မယ်။ တစ်နေရာရာမှာလည်း ဝေးဖူးခဲ့လိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ လွမ်းဖူးလိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ နေသားကျသွားလိမ့်မယ်။ မေ့လောက်ပျောက်လောက်ရှိတဲ့အခါလည်း ဆန်းဆန်းပြားပြားပဲ လွမ်းဖူးလိမ့်မယ်။ အံ့ဩဖို့ကောင်းအောင် မေ့မရတဲ့နေ့ရက်တို့တွေ ...
movie

Past Lives (2023)

2023
4K HEVC
The Moment (2017) 6.6
The Moment (2017) ကျင်မ် အဖြစ် Toni Rakkaen ဖရောင် အဖြစ် Toey Jarinporn Joonkiat ကန် အဖြစ် Fluke Kan Kantathavorn ကင် အဖြစ် Yoo Teo သွန့် အဖြစ် Peach Pachara ကျီအပ် အဖြစ် Kao Supassaraဇာတ်လမ်းအကျဉ်းလူတိုင်းမှာ မလွှဲသာလို့လက်လွှတ်လိုက်ရပေမဲ့ မပြီးပြတ်နိုင်တဲ့ သံယောဇဉ်တွေ ၊ မဖြစ်သင့်လို့ မရွေးချယ်လိုက်ရတဲ့ ဆက်ဆံရေးတွေ ရှိကြတယ်ဒီဇာတ်ကားကလည်း လန်ဒန် ၊ ဆိုးလ် နဲ့ နယူးယောက်တို့မှာ ရှိနေတဲ့ စုံတွဲ သုံးတွဲရဲ့ အချစ်ဇာတ်လမ်းတွေကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်ကျောင်းတက်ဖို့ လန်ဒန်ကိုရောက်လာခဲ့တဲ့ ဖရောင်က တစ်ချိန်က အနေဝေးခဲ့လို့ လမ်းခွဲခဲ့တဲ့ ချစ်သူဟောင်း ကျင်မ်နဲ့ ပြန်လည်ဆုံတွေ့ခဲ့တယ်အချစ်ဟောင်းကို မမေ့နိုင်ပေမဲ့ ဖရောင့်မှာ ဆိုးလ်မြို့ထဲ အလုပ်ဝင်နေတဲ့ ချစ်သူ ကန်က ရှိနေခဲ့ပြီးပါပြီကန်ကလည်း ဆိုးလ်မှာ ဆိုဂျူရောင်းဝယ်ရေးပရောဂျက်အတွက် ဒါရိုက်တာဖြစ်တဲ့ မစ္စတာကင်နဲ့ အလုပ်တွေများနေခဲ့ပြီး ဖရောင့်နား ...
movie

The Moment (2017)

Decision to Leave (2022) 7.6
Decision to Leave (2022) Decision to Leave ( 2022) ----------------------- ဒီရုပ်ရှင် နာမည်စထွက်ကတည်းက ပတ်ချန်းဝုရိုက်ပြီး Lust Cautionတစ်ကားနဲ့တင် ဆင်ဆာစပယ်ရှယ်မိထားတဲ့ ထျန်းဝေက အဓိကသရုပ်ဆောင်ထားတာမို တော်တော်လေး မျှော်နေခဲ့တာပါ။ ထျန်းဝေမှာလည်း သရုပ်ဆောင်သာကောင်းတယ် တရုတ်ပြည်ကမကြည်တာမို ပိုင်ကန်ရဲ့ long daysတို အန်းလီရဲ့ Lust cautionတိုကလွဲ ဘာကားမှကောင်းကောင်းများများမရှိလှဘူးမလား။ နောက် ဆရာပတ်ကတော့ သိကြတဲ့အတိုင်း Old Boyကားနဲ့ လျှမ်းလျှမ်းတောက်ခဲ့ပြီး အနောက်ကမ္ဘာကပါ ပြန်ရိုက်ရသလို တောင်ကိုရီးယားဒါရိုက်တာတွေထဲ သူ့ကိုကြိုက်တဲ့သူလည်းတော်တော်များပါတယ်။ ရိုက်သမျှကားအကုန်လည်း ရှယ်တွေချည်းပဲကိုး၊ပ တ်ချန်းဝုဟာ တောင်ကိုရီးယားရုပ်ရှင်လိုင်းမှာ လီချန်းဒုံပြီးရင် ကျွန်တော့်အတွက်တော့ ကားအသစ်အထွက်စေချင်ဆုံး ဒါရိုက်တာပါပဲ။ ဆရာကြီးလီကတော့ ထွက်မလာပေမဲ့ ပတ်ချန်းဝုကတော့ ထွက်လာပါပြီ ဒီရုပ်ရှင်ကိုလည်း အင်္ဂလိပ်စာဖိုင်မထွက်သေးတာကြောင့် ဇာတ်လမ်းတော့ သေချာမကြည့်ရသေးပေမဲ့ စီနီမာတိုဂရပ်ဖီတွေပတ်ကြည့်ထားတာတော့ အကုန်အပျံစားတွေချည်းပါပဲ။ စီနီမာတွေကိုချည်း ထိုင်ကြည့်နေရင်တောင် ပျင်းစရာကိုမရှိပါဘူး။ ပတ်ချန်းဝုရဲ့ အရည်အသွေးမကျဘဲ ပတ်ချန်းဝုကားပီပီသသနဲ့ထွက်လာတယ်ပြောရပါမယ်။ ဇာတ်အိမ်ကိုတော့ သေချာမကြည့်ရသေးဘူးပေါ့။ ...
movie

Decision to Leave (2022)

2022
Seoul Searching (2015) 7
Seoul Searching (2015) Seoul Searching (2015) ဇာတ်လမ်းအညွှန်းစစ်ဘေးရှောင်ရင်း နိုင်ငံအသီးသီးမှာကြီးပြင်းကြတဲ့ ကိုရီးယားလူငယ် ဆယ်ကျော်သက်တွေကို အမိမြေနဲ့ မစိမ်းအောင် ကိုရီးယားယဉ်ကျေးမှုအကြောင်း သင်ယူလို့ရအောင် ၁၉၈၀ခုနှစ်ကစပြီး ကိုရီးယားမှာ နွေရာသီပိတ်ရက်စခန်းကို စတင်ဖွဲ့စည်းခဲ့ပါတယ်။Seoul Searching ကတော့ ၁၉၈၆ခုနှစ် နွေရာသီပိတ်ရက်စခန်းမှာ တွေ့ကြတဲ့ လူငယ်လေးတွေအကြောင်းကို ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။လူငယ်တစ်​ယောက်ချင်းစီရဲ့ မတူညီတဲ့ဇာတ်ကြောင်းတွေ၊ အချစ်ဇာတ်လမ်းလေးတွေ ဝေဝေဆာဆာနဲ့အပြင် လူငယ်လေး​တွေ ဒီစခန်းကို ပြီးဆုံးတဲ့အထိ နေနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ရအောင်နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ ChitThe ပါ) File Size          :  1.8GB, 746MB & 395MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format      ...
movie

Seoul Searching (2015)

New Year Blues (2021) 6.8
New Year Blues (2021) New Year Blues(2021)​လောကကြီးမှာ လူရယ်လို့ဖြစ်လာရင် ချစ်ဖူးကြမှာပါပဲအသက်အရွယ်အပိုင်းအခြား နေထိုင်ပုံတွေအရချစ်ပုံချစ်နည်းတွေ မတူညီကောင်း မတူညီနိုင်ပေမယ့်ကျွန်တော်တို့အားလုံးက အချစ်ကိုခံစားဖူးကြပါတယ်ဆိုတော့ဗျာ .....ပြောရရင် relationship တစ်ခု တည်ဆောက်ဖို့ဆိုတာ ထင်သလောက်မလွယ်ဘူးဗျအစကတော့ နှစ်ယောက်သားချစ်လို့ လက်တွဲခဲ့ကြတယ်ဆိုပေမယ့်အချိန်ကြာလာတာနဲ့အမျှ ဖြစ်လာမယ့်ပြသနာ​တွေ​ကိုနှစ်ယောက်လုံးဖြေရှင်းနိုင်ဖို့လည်း လိုသေးတယ်သူ့ဖက်ကအမြင် ကိုယ့်ဖက်ကအမြင် နှစ်ယောက်စလုံးက နားလည်မှုတွေယူနိုင်မှသာရေရှည်တည်မြဲတဲ့ relationship တစ်ခုဖြစ်လာမှာအချိန်တွေအကြာကြီး တွဲလာခဲ့တဲ့သူကကိုယ့်အတွက် right person မဟုတ်ပေမယ့်တစ်ဒင်္ဂလေး ဆုံလိုက်ရတဲ့သူကကိုယ်နဲ့တစ်သားတည်းဖြစ်တဲ့ ခံစားချက်မျိုးပေးနိုင်တဲ့သူလည်း ဖြစ်နိုင်တာပဲလေဒီရုပ်ရှင်ထဲမှာတော့ မတူညီတဲ့ career တွေ .....မတူညီတဲ့ဘဝပုံစံတွေနဲ့ရှိနေကြတဲ့ အတွဲ ၄ တွဲအကြောင်းကို ရိုက်ပြထားတယ်သရုပ်ဆောင်ထားတဲ့သူတွေကလည်း ကောင်းလားမကောင်းလားဆိုတာပိုစတာကြည့်ရုံနဲ့ ညွှန်းစရာတောင်မလိုလောက်ဘူးလို့ ထင်ပါတယ်ဒီကားက ကိုးရီးယားအချစ်ဇာတ်လမ်းတွေထဲမှာ ကွဲထွက်နေတဲ့ကားလို့ ပြောလို့ရတယ်ဗျCinematography လှတယ် .....မတူညီတဲ့ အတွဲ ၄ တွဲရဲ့ plot တွေက ရိုးရိုးရှင်းရှင်းလေးနဲ့အဆုံးထိစိတ်ဝင်စားအောင်ဆွဲခေါ်သွားမှာတော်တော်လေးကို sweet ဖြစ်ပြီး .....Heartwarming ဖြစ်စေတဲ့ ဇာတ်ကားကောင်းတစ်ကားပါပြီးတော့ ရိုက်ကွင်းရိုက်ကွက်တွေလည်း တော်တော်လေးကိုလှတယ်စုံတွဲတွေဆိုရင်တော့ အတူကြည့်ကြပါ ...
movie

New Year Blues (2021)

2021
Pawn
Pawn Pawn(2020) အညွှန်း ငွေချေးလုပ်ငန်းကိုလုပ်ကိုင်တဲ့ လူနှစ်ယောက်က အမျိုးသမီးတစ်ယောက်ဆီကနေပြီး ချေးထားတဲ့ငွေကို ပြန်တောင်း ဖို့သွားကြတဲ့အခါ ထိုအမျိုးသမီးကချေးထားတဲ့ ငွေကို ပြန်မဆပ်နိုင်တာကြောင့် သူ့ရဲ့သမီးလေးကို အပေါင်အဖြစ်ခေါ် ယူလာခဲ့ပါတယ်။ ကလေးရဲ့ မိခင်က တရားမဝင်နေထိုင်တဲ့သူဖြစ်တာကြောင့် မိမိနေရပ်ကို ပြန်ပို့ခံရပြီး ကလေးကိုတော့ ငွေချေးလုပ်ငန်းလုပ်တဲ့သူတွေဆီ ထားခဲ့ရပါတော့တယ်။ ကလေးကိုသမီးအဖြစ်မွေးခဲ့တဲ့ လူနှစ်ယောက်နဲ့ သံယောဇဥ် တွယ်ပြီးတော့ အတူတူနေထိုင်သွားကြရတဲ့ မိသားစုချစ်ခြင်းမေတ္တာပြ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ သရုပ်ဆောင်အနေနဲ့က ဆွန်းဒုံအီ ဟာဂျီဝန် နဲ့ ကင်ဂျယ်ဟွာတို့က သရုပ်ဆောင်ထားပါတယ်။ Translated by : Kim Khin Hana Encoded by : Thit San Khant
movie

Pawn

2020
Black Money(2019) 6.5
Black Money(2019) Black Money(2019)2019 က ထွက်ရှိထားတဲ့ Black Money ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်ကို အခြေခံရို်က်ကူးထားတာ ဖြစ်ပြီး တောင်ကိုရီးယား အရာရှိတစ်ချို့ရဲ့ အကျင့်ပျက် ခြစားမှုတွေကိုလည်း ဖော်ပြထားပါတယ်....ရန်မင်ယော့ဟာ ဆိုးလ်ဗဟို အမှုစစ်ရုံးရဲ့ အမှုစစ်တစ်ယောက်ဖြစ်ပါတယ်....တစ်နေ့တော့ ဘတ်ဆူယောင်းဆိုတဲ့ကောင်မလေးဟာ ကိုယ့်ကိုကိုယ်သတ်သေသွားတယ်...သတ်မသေခင်မှာ အမှုစစ်ဘတ်ဆူယောင်းဟာ သူမကို လိင်ပိုငး်ဆိုင်ရာအကြမ်းဖက်တယ်လို့ဆွေမျိုးတွေကိုစာပို့ခဲ့တယ်...ဒီစွပ်စွဲကြောင့် အမှုစစ်ရန်မင်ယော့ဟာ အစွပ်စွဲခံရပါတော့တယ်...နောက်ပိုင်းသူဟာ ဒီကိစ္စမှာ ကျူးလွန်ခဲ့ခြင်းမရှိကြောင်းကိုသက်သေပြဖို့ကြိုးစားတဲ့အခါမှာဒီသတ်သေမှုဟာ ထင်သလောက်မရိုးရှင်းတဲ့အပြင် ပြဿနာပေါင်းစုံရဲ့ဇာစ်မြစ်ဖြစ်ကြောင်းသိလာရတဲ့အခါမှာတော့....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်...File Size : (900 MB) and (547 MB) Quality : Blu-Ray 720p Format…mp4 Duration…01:55:00 Genre : Crime , Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Han Thu Aye Encoded by ...
movie

Black Money(2019)

Vertigo(2019) 6.5
Vertigo(2019) Vertigo(2019)အညွှန်း*********************** 2019 တုန်းက ထွက်ရှိထားတဲ့ Vertigo ဆိုတဲ့ Movie လေးကို တင်ဆက်ပေးပါမယ်..  ဆောယောင်းဟာ  graphic designer တစ်ယောက်ဖြစ်ပါတယ်.. ဒါပေမယ့် သူမက company ရဲ့ စာချုပ်အလုပ်သမားတစ်ယောက်ပါ ... စာချုပ်အလုပ်သမားတွေရဲ့ အခက်ခဲတွေအတိုင်း နောက်တစ်နှစ် စာချုပ်ထပ်ချုပ်ပြီး အလုပ်လုပ်ခွင့်ရဖို့ ကြိုးစားရပါတယ်.. မိသားစုပြဿနာအချို့လည်းရှိနေတဲ့ ကောင်မလေးတစ်ယောက်ပေါ့.. ဒီလိုကောင်မလေးဟာ  Company ရဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်တဲ့ အဖွဲ့ခေါင်းဆောင်  လီဂျင်ဆူနဲ့ ဇာတ်လမ်းလေးဖြစ်ဖို့ အကြောင်းဖန်လာပါတော့တယ်... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး... File Size : (900 MB) and (352 MB)Quality : FHDRip 720pFormat…mp4Duration…01:30:00Genre : Romance, DramaSubtitle : Myanmar Subtitle (Hard Sub)Translated by Han Thu AyeEncoded by Phyo Pyae
movie

Vertigo(2019)