Channel Myanmar

Yoon Cha-Lee

Violent Night (2022)
Violent Night (2022) Dead Snow တို့ Hansel & Gretel: Witch Hunters တို့လို အက်ရှင်ဟာသတွေ ရိုက်ခဲ့တဲ့ ဒါရိုက်တာ Tommy Wirkola ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ မင်းသားကတော့ Stranger Things မှာ အားလုံးချစ်တဲ့ ရဲမှူးကြီး David Harbour ပါပဲ။ ရုပ်ရှင်ကတော့ ဟာသ အက်ရှင်အမျိုးအစားဖြစ်ပြီး အသတ်အဖြတ်တွေ ကြမ်းတာကိုတော့ သတိပေးထားချင်ပါတယ်။ဇာတ်လမ်းအကျဉ်းဆန်တာကလောက်ဟာ ဆန်တာမဖြစ်ခင်က အတိုက်အခိုက်အသတ်အဖြတ်ကြမ်းတဲ့ စစ်သည်တော်ကြီးဖြစ်ခဲ့ပါတယ်။ အများသိတဲ့မူရင်းဆန်တာပုံပြင်နဲ့တော့ မတူဘူးပေါ့။ အခုတော့ ဆန်တာကလောက်ဟာ နှစ်ပေါင်းများစွာ ခရစ္စမတ်လက်ဆောင်တွေပေးလာရင်း တဖြည်းဖြည်း လောဘကြီးလာ ပျက်စီးလာတဲ့ ကမ္ဘာကြီးနဲ့ သူ့အလုပ်ကို စိတ်ကုန်လာပါပြီ။ နို့နဲ့ကွတ်ကီးအစား အိမ်ထဲဝင်ရင် အရက်ပုလင်းရှာမော့တဲ့အဆင့်ဖြစ်နေပြီး ခရစ္စမတ်ရဲ့ ကောင်းခြင်းတွေကိုလည်းအယုံအကြည်မရှိတော့ပါဘူး။ ဒါပေမဲ့ တာဝန်အရ လိမ္မာတဲ့ကလေးစာရင်းမှာပါတဲ့ ကလေးမလေး ထရူဒီရဲ့အိမ်ကို လက်ဆောင်ပေးဖို့ ရောက်လာပါတယ်။ ထရူဒီရဲ့မိသားစုဟာ သန်းကြွယ်သူဌေး ...
movie

Violent Night (2022)