Channel Myanmar

Yordan Bikov

The Way Back (2010) 7.3
The Way Back (2010)  ဒီရုပ်ရှင်ကို ဒါရိုက်တာ Peter Weirက နာမည်ကြီး ဝတ္ထု The Way Backရဲ့ စာရေးဆရာ ပိုလန်လူမျိုး reporter Slavomir Rawicz ရဲ့ကိုယ်တွေ့ဖြစ်ရပ်ကိုမှ နောက်ခံဇာတ်ကောင်တွေထပ်ထည့်ပြီး ရိုက်ကူးထားတာပါ။ Jim Sturgess, Colin Farrell, Ed Harris နဲ့ Saoirse Ronan တို့လို နာမည်ကြီးတွေ ဦးဆောင်ပါဝင်ထားပါတယ်။ Oscar nominationကို Best makeup နဲ့ဝင်ခဲ့ပေမယ့် The Wolfmanကို ရှုံးသွားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ပိုလန်နိုင်ငံကို ဆိုဗီယက်ကျူးကျော်ထားစဥ်မှာ စစ်အရာရှိငယ် Janusz Wieszczekက ဖမ်းဆီးထိန်းသိမ်းခံရပါတယ်။ဆိုဗီယက်တွေက သူ့ရဲ့အမျိုးသမီးကိုပါ ခေါ်ယူရိုက်နှက်စစ်ဆေးပြီး Januszကို စပိုင်လို့ အမည်တပ်ကာ နိုင်ငံရေးအကျဥ်းသားတွေကို ဖမ်းဆီးပြီး အလုပ်ကြမ်းအတင်းခိုင်းစေတဲ့ စနစ်ဖြစ်တဲ့ Gulagကိုကျင့်သုံးနေတဲ့ Siberiaက campတစ်ခုဆီပို့လိုက်ပါတယ်။ ရာသီဥတုက အင်မတန်အေးပြီး ဆိုးလွန်းတဲ့အထဲ အလုပ်ကြမ်းတွေမနားလုပ်ရပါတယ်။နှင်းကိုက်ဒဏ် ...
movie

The Way Back (2010)

Stonehearst Asylum (2014) 6.8
Stonehearst Asylum (2014) Stone Hearst Asylum (2014) IMDb - 6.8/10_____Rotten - 54%    ဒီဇာတ်ကားကတော့ IMDb rating 6.8/10 ရရှိထားပြီး ဇာတ်လမ်းဇာတ်ကွက် ဆင်ထားပုံကတော့ ဇာတ်လမ်းဇာတ်ကွက်ကောင်းပါတယ်ဆိုတဲ့ ကုလားကားတွေကို သနားတယ်လို့တောင်ပြောလို့ရတဲ့ဇာတ်ကားပါ။ ဇာတ်ကားတကားလုံး လျှိုကွက်တွေနဲ့ ပြည့်နှက်နေပြီး ဇာတ်လမ်းကို အစအဆုံး ကြည့်မှသာ ဇာတ်လမ်းသဘောတရားကို သိရှိနိုင်မှာပါ။ ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင် Eliza Graves နေရာမှာမင်းသမီး Kate Beckinsale ကသရုပ်ဆောင်ထားပြီးတော့ အဓိက မင်းသား ဒေါက်တာEdward Newgate နေရာမှာ မင်းသား Jim Sturgess ကပီပီပြင်ပြင်သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားကိုမှာ သဘောကျတာကတော့ တကားလုံးကို အရူးတွေနဲ့ဘဲဇာတ်လမ်းဆင်ရိုက်ကူးထားတာကိုပါ။ ဒီဇာတ်ကားဟာ Golden Reel Award မှာ Best Sound Editing Award ကိုရရှိထားလို့ အသံကျယ်ကျယ်လေးနဲ့ကြည့်ရှုကြည့်ကြပါလို့ အကြံပြုခြင်ပါတယ်။    Oxford တက္ကသိုလ်ရှိ ဆေးပညာဆွေးနွေးပွဲတခုမှာ စိတ်ရောဂါတမျိုးကို ဆွေးနွေးကြရာမှ စိတ်ဝေဒနာရှင် တွေကို လက်တွေ့စမ်းသပ်ပြသခဲ့ရာမှ စိတ်ဝေဒနာရှင် Eliza Graves ကို မင်းသား ...
movie

Stonehearst Asylum (2014)

2014