Channel Myanmar

Yoshiki Urayama

Love Life (2022)
Love Life (2022)  ဒီဇာတ်ကားကတော့ ဂျပန်နဲ့ ပြင်သစ် ပူးပေါင်းရိုက်ကူးထားတဲ့ ၂နာရီကျော်ကြာမြင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပြီး ဒါရိုက်တာ Koji Fukadaက ရိုက်ကူးထားတာဖြစ်ပါတယ်။Love lifeလို့အမည်ရတဲ့ ၁၉၉၁မှာထွက်ရှိခဲ့တဲ့ ဂျပန်သီချင်းကို ဇာတ်လမ်းကျောရိုးအဖြစ် ပုံဖော်ထားတာဖြစ်​ပြီး အဓိကကတော့ "တအဲကို"နဲ့ "ဂျိရို"ရဲ့ အချစ် နဲ့ ဘဝအကြောင်း ဖြစ်ပါတယ်။ 79th Venice International Film Festivalမှာ ပွဲဦးထွက်ပြသခဲ့တာဖြစ်ပြီးတော့ Hochi Film awardအတွက် nominationတွေလည်း ဝင်ခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။လူတွေရဲ့ ဘဝထဲမှာ ဘယ်တုန်းကမှ ရောက်မလာခဲ့သင့်တဲ့သူဆိုတာကို တစ်ကွေ့မှာတော့ ကြုံရလေ့ ရှိပါတယ်။ "တအဲကို"ဆိုတဲ့ အမျိုးသမီးရဲ့ ယောက်ျားဖြစ်သူက "ဂျိရို"လို့ခေါ်ပြီး သူတို့မှာ သားလေးတစ်ယောက်လည်း ရှိပါတယ်။ သားဖြစ်သူ "ခေးတ"က တအဲကိုရဲ့ အရင်ယောက်ျားနဲ့ရခဲ့တဲ့ကလေး ဖြစ်ပေမဲ့ ယောက်ျားဖြစ်သူက သားအရင်းလိုချစ်ပြီး ပျော်စရာကောင်းတဲ့ မိသားစုလေးဖြစ်ခဲ့ပါတယ်။တအဲကိုက တစ်ခုလပ်ဖြစ်ခဲ့တာမို့ ယောက်ျားရဲ့မိဘတွေက သဘောမတူခဲ့ပါဘူး။ တစ်နေ့မှာတော့ ယောက္ခထီးဖြစ်သူရဲ့မွေးနေ့ကို ...
movie

Love Life (2022)