Channel Myanmar

Yu Ha-jun

Beastie Boys (2008) 5.6
Beastie Boys (2008) Beastie Boys (2008)မိန်းမတွေကို အရက်ငှဲ့ပေး၊ ဖျော်ဖြေပေးရတဲ့ အရက်ဆိုင်က အတော်ဆုံးလို့ သတင်းကြီးတဲ့ host ကတော့ ဆွန်းဝူပဲ ဖြစ်ပါတယ်။ ဆွန်းဝူက ဒီအလုပ်ကို အချောင်ရ ခုံမင်လို့ စတင်လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ အလုပ်လက်မဲ့ ဖြစ်နေချိန် အစ်မဖြစ်သူရဲ့ ရည်းစား ဂျယ်ဟျွန်း မိတ်ဆက်ပေးတဲ့ အလုပ် night life က ခေါင်းတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဂျယ်ဟျွန်းကလည်း အဲဒီအလုပ်ကို လုပ်ကိုင်နေသူဖြစ်ပြီး ဆွန်းဝူရဲ့ အစ်မကလည်း တခြားအရက်ဆိုင်က စားပွဲထိုးမလေးပဲ ဖြစ်ပါတယ်။ ဒီအလုပ်ကို တစ်သက်လုံး လုပ်သွားဖို့ စိတ်ကူးမရှိတဲ့ ဆွန်းဝူက Night Life က ကောင်မလေးကို ချစ်မိခဲ့ပါတယ်။ အဲဒီကောင်မလေးနဲ့ တစ်သက်တာ အတူတူနေဖို့အထိ စိတ်ကူးရှိခဲ့တဲ့ ဆွန်းဝူတစ်ယောက် ရည်းစားက ရိုးရိုး အရက်ငှဲ့ပေးတဲ့ မိန်းကလေးမဟုတ်ဘဲ ယောက်ျားတွေနဲ့ အိပ်ပေးရတဲ့ အလုပ်လုပ်နေရမှန်း သိသွားတဲ့အခါ... တူညီတဲ့အလုပ် မတူညီတဲ့ ဘဝခံယူချက်နဲ့ ယောက်ျားနှစ်ယောက်ရဲ့ အတ္တတွေကို နှိုင်းယှဥ်ရိုက်ကူးထားပြီး တောင်ကိုရီးယား night ...
movie

Beastie Boys (2008)

2008
My Love, My Bride (2014) 6.3
My Love, My Bride (2014) [Unicode]My Love My Bride 2014အထူးမိတ်ဆက်ပေးစရာ မလိုတဲ့ K Drama မင်းသားနဲ့ မင်းသမီး Jo JungSuk နဲ့ Shin MinAh တို့ရဲ့ လက်တွေ့ဆန်ဆန် အိမ်ထောင်ရေးဘဝ အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။တွေ့ဆုံကြ... သမီးရည်းစားဘဝချစ်ကြိုက်ကြ... နောက်တော့ လက်ထပ်လိုက်ကြ...ဒီလိုနဲ့ မတူညီတော့တဲ့ ချစ်သူနှစ်ယောက်ကြားက ချစ်ခြင်းတရားတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။အကျဉ်းချုပ် ပြောပြရရင် တက္ကသိုလ်ကျောင်းသားဘဝမှာ ချစ်ကြိုက်ခဲ့ကြတဲ့ ဂန်ယောင်မင်းနဲ့မီယောင်းတို့ဟာ လက်ထပ်ခဲ့ကြပြီး ညားခါစ ဇနီးမောင်နှံဘဝ အခြေအနေမှာ သာယာကြည်နူးခဲ့ကြသလောက် တဖြည်းဖြည်း အချိန်တွေကုန်ဆုံးလာတဲ့အခါ နှစ်ယောက်ကြားက အိမ်ထောင်ရေး ပြသနာများကို ရင်ဆိုင်လာရပြီး ခါးသီးလာခဲ့ကြပါတယ်။ဒါပေမယ့် အဲ့လို အခက်အခဲတွေ နားမလည်မှုတွေကြား မပြေလည်မှုကြားကနေ သူတို့နှစ်ယောက်ကြားမှာ အချစ်ဆိုတာကို တဖြည်းဖြည်း နားလည်လာခဲ့ရလို နားလည်မှု နွေးထွေးမှု ကြင်နာမှု သစ္စာရှိမှုတွေနဲ့ အိမ်ထောင်ရေးကို ဘယ်လိုရှေ့ဆက် အဆုံးသတ်သွားမယ်ဆိုတာကို လက်တွေ့ဆန်ဆန် ခံစားသက်ဝင်ရမှာပါ။( ...
movie

My Love, My Bride (2014)

The Restless (2006) 6.2
The Restless (2006) တော်ဝင်မိသားစုတွေဟာ ကိုယ်ကျင့်တရားပျက်စီးလာပြီး တိုင်းပြည်ဟာပျက်ယွင်းလာခဲ့တဲ့ မင်းဆက်ရဲ့နောက်ဆုံးအချိန်ကို ရောက်လာခဲ့တယ် မင်းကျင့်တရားပျက်ယွင်းလာတာနဲ့အမျှတရားမျှတမှုမရှိတော့ဘဲ တိုင်းပြည်ကပျက်ဆီးလာသလို ပုန်ကန်မှုတွေလဲ ပေါ်ပေါက်ခဲ့တယ် မကောင်းဆိုးဝါးတွေလဲဝင်ရောက်လာခဲ့တယ် တော်ဝင်မိစ္ဆာဖမ်းတဲ့အဖွဲ့ဟာ ပြည်သူတွေအတွက်တော်လှန်ပုန်ကန်ခဲ့ပေမယ့် အာဏာရူးတို့ထုံးစံအတိုင်းအပြတ်ရှင်းခဲ့ပြီးတဲ့နောက်မှာ..... သူတို့အယူအဆအရတော့လူသေပြီးရင် ကြားခံဘုံမှာ ၄၉ ရက်ကြာနေပြီး လူပြန်ဝင်စားရင်ဝင်စား ဒါမှမဟုတ် နိဗ္ဗာန်ဘုံကိုလဲသွားနိုင်တယ် ဒီကြားခံဘုံကို တော်ဝင်မိစ္ဆာအဖွဲ့ကတဦးထဲသောကျန်ခဲ့တဲ့သူရောက်သွားတဲ့အခါ လူ့ဘ၀ကနားကျည်းချက်တွေနဲ့ ကမ္ဘာကြီးကိုပြင်ဖို့ကြိုးစားခဲ့တဲ့ တချိန်ကတော်ဝင်မိစ္ဆာနှိမ်နင်းရေး ကလူရောဘာဖြစ်သွားမလဲ..... အချစ် အလွမ်း ရသစုံပေးနိုင်တဲ့ ဇာတ်ကားကောင်းတခုဖြစ်တယ်ဆိုတာတော့ညွှန်းပါရစေ File Size         : 750 MB Quality           : Blu ray 720P Running Time : 1hr 45 minute Format           : Mp4 Genre             : Action, Adventure,Drama Encoder         : Joker.phs (ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ ကိုမြန်မာကြီးပဲ ဖြစ်ပါတယ်)
movie

The Restless (2006)

2006