Channel Myanmar

Yu Xiaobin

Deep Sea Rescue ( 2023 ) 5.9
Deep Sea Rescue ( 2023 ) နည်းပညာတွေတိုးတက်လာတာနှစ်တွေကြာလာပြီဆိုပေ့မယ် ကမ္ဘာကြီးကိုလူတွေဟာလေ့လာလို့မကုန်နိုင်သေးပါဘူး။ ဆန်းကြယ်တဲ့ရေအောက်ကမ္ဘာအကြောင်းကို Sci-fi လေးတွေ ကြိုက်သူတွေအတွက် သည်းထိတ်ရင်ဖိုsurvival ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင်တော့……ပင်လယ်ရေနက်ထဲက Hydrothermal zoneမှာရှိတဲ့သတ္တု၊ဒြပ်ထုတွေရှာဖွေလေ့လာဖို့ စူးစမ်းသူအမှတ်ဆိုတဲ့ ရေငုပ်သင်္ဘောလေးဟာ ပင်လယ်ရေနက်ထဲကို ငုပ်ဆင်းလာတဲ့အချိန်မှာ မထင်မှတ်တဲ့ ပင်လယ်အောက်ခြေမြေဆီလွှာ အပြောင်းအလဲကြောင့် ရေငုပ်သင်္ဘောဟာ ပင်လယ်အောက်ရေတံခွန်ထဲကျသွားပြီး သင်္ဘောပျက်ကကြိုးတွေနဲ့ ငြိနေတာကြောင့် ရေပြင်ပေါ်ပြန်မတက်နိုင်ဖြစ်သွားပါတယ်။သူတို့အတွက်တစ်ခုထဲသောရွေးချယ်စရာက ကယ်ဆယ်ရေးအဖွဲ့ကိုစောင့်ဖို့ပါပဲ…… ရေငုပ်သင်္ဘောထဲမှာလူလေးယောက်အတွက် အောက်စီဂျင်အကန့်အသတ်၊ လျှပ်စစ်ဓာတ်အားအကန့်အသတ်တွေရှိတာကြောင့် အသက်ရှူတိုင်း စက္ကန့်တိုင်းဟာတန်ဖိုးကြီးပြီး အရေးကြီးလာတဲ့အခါ …… Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK
movie

Deep Sea Rescue ( 2023 )