Channel Myanmar

Yue Dongfeng

The Tiger King Returns ( 2024 ) 5.8
The Tiger King Returns ( 2024 ) အခုတစ်ခေါက် CM ရဲ့ ပရိတ်သတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- တရုတ်နိုင်ငံရဲ့ စစ်ရေးရှုပ်ထွေးလှတဲ့ ခေတ်မှာ ဖြစ်ပါတယ်။ ကျားဖြူကို တောင်နတ်အဖြစ် ကိုးကွယ်တဲ့ ပိုင်ထိုရွာမှာ ကံကောင်းခြင်းချီးမြှင့်ဖို့ ဆုတောင်းတဲ့ပွဲမှာ ကျားဖြူတစ်ကောင် ရုတ်တရက်ရောက်လာပြီး ရွာသူရွာသားတွေကို တိုက်ခိုက်ပါတော့တယ်။အဲ့ဒါကြောင့် ရွာသူရွာသားတွေဟာ ပိုင်ထိုရွာက အတော်ဆုံး မုဆိုးဖြစ်သူ ချူကျန်းကို ကျားဖြူကို ဖမ်းဆီးသတ်ဖြတ်ဖို့ တောင်းဆိုကြပါတယ်။ ချူကျန်းတစ်ယောက် ကျားဖြူကို ဖမ်းဆီးနိုင်ပါ့မလား...... ကျားဖြူကြီးက ရွာသားတွေကို လိုက်လံသတ်ဖြတ်နေခြင်းရဲ့ နောက်ကွယ်မှာရော ဘယ်လို အကြောင်းရင်းမျိုးတွေရှိနေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ သဲထိတ်ရင်ဖို ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK  
movie

The Tiger King Returns ( 2024 )

Strange Things in Western Hunan ( 2024 ) 5.7
Strange Things in Western Hunan ( 2024 ) ဒါကတော့ တရုတ်ရိုးရာထူးဆန်းထွေလာ ရှေးဟောင်းသင်္ချိုင်းဖောက်ထွင်းတဲ့ စွန့်စားခန်းတွေနှစ်သက်တဲ့သူတွေအတွက်ကားကောင်းလေးပဲဖြစ်ပါတယ်။ ကွမ်းရှန်းဂိုဏ်းကသင်္ချိုင်းဖောက်ထွင်းသမားတစ်ယောက်ဖြစ်တဲ့ ဖုန်းလန်ချင်းဟာတစ်နေ့မှာ ချစ်သူနဲ့အတူစွန့်စားရင်း ချစ်သူကိုဆုံးရှုံးခဲ့ရတယ်။အဲဒါကြောင့်သင်္ချိုင်းဖောက်ထွင်းတဲ့အလုပ်ကိုမလုပ်တော့ပဲ ဇာတ်မြှုပ်ရင်း ဖုန်းရွှေဆရာတစ်ယောက်အဖြစ်နဲ့ပဲနေထိုင်နေခဲ့တယ်။ တစ်နေ့မှာတော့ ရွာတစ်ရွာမှာ ထူးဆန်းတဲ့ဖြစ်ရပ်ကြောင့် ရူးသွားတဲ့မိန်းမတစ်ယောက်ကိုအပနှင်ပြီးကုပေးဖို့အတွက် ရောက်လာခဲ့တယ်။ ထင်မှတ်မထားတာက ဒါတွေက သားရဲ့အသက်ကိုကယ်ချင်တဲ့ အဖိုးကြီးတစ်ယောက်ရဲ့လုပ်ရပ်တွေပဲဖြစ်နေတယ်။သားကိုကယ်ဖို့အတွက်ရှေးဟောင်းသင်္ချိုင်းကိုဖွင့်ပေးဖို့ အကြပ်ကိုင်တောင်းဆိုလာတဲ့အတွက် သူကရှေးဟောင်းသင်္ချိုင်းထဲကိုတစ်ဖန်ပြန်ဝင်ဖို့ဖြစ်လာခဲ့တယ်။ ဒဏ္ဍာရီထဲကလိုသေရာကပြန်ရှင်အောင်လုပ်နိုင်မယ်ဆေးဟာတကယ်ရှိနိုင်ပါ့မလား။ ထောင်ချောက်တွေအဆင့်ဆင့်နဲ့ရှေးဟောင်းသင်္ချိုင်းကပြန်ထွက်လာနိုင်ကြပါဦးမလား...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Adventure , Mystery Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Strange Things in Western Hunan ( 2024 )

Strange Things in Night Rain and Autumn Light ( 2024 ) 5.6
Strange Things in Night Rain and Autumn Light ( 2024 ) Horror ကြိုက်တတ်တဲ့သူတွေအတွက်အကြိုက်တွေ့မယ်ဇာတ်ကားလေးပါ။ ဇာတ်လမ်းလေးကတော့ ဟူနန်ဆီကို လွန်ခဲ့တဲ့(၅)နှစ်ကဆုံးသွားတဲ့အဖွားပို့လာတဲ့ စာတစ်စောင်ရောက်လာခဲ့တယ်။အဖွားဆုံးပြီးတာကို မမှတ်မိတော့တဲ့အမေက ဟူနန်ကိုရွာပြန်ပြီး အဖွားကိုစောင့်ရှောက်ဖို့လွှတ်လိုက်တာကနေစတင်ပါတယ်။ ရွာရောက်တော့ အဖွားအိမ်မှာပဲ ဟူနန်နဲ့သူငယ်ချင်းကအိမ်ကြတော့ အဖွားကမသေသေးတာကိုတွေ့ရတယ်။ အဖွားလက်တွေကနွေးနေပြီး နေ့ခင်းကတွေ့ခဲ့တယ်ရွာသားတွေကသင်္ချိုင်းဂူတွေအဖြစ်ပြောင်းသွားတာကိုတွေ့တော့ ဟူနန်ကနားမလည်နိုင်ဘူးဖြစ်သွားခဲ့တယ်။ ရွာသားတွေရဲ့အပြောအရ ရွာသားတွေက မြွေနတ်ကိုအမျက်ထွက်အောင်လုပ်ခဲ့လို့ မြွေနတ်အပြစ်ပေးတာကိုခံနေရတယ်လဲပြောကြပါတယ်။ တကယ်ပဲ အဖွားက တစ္ဆေလား ရွာသားတွေကတစ္ဆေလား...... ဟူနန်တို့ကိုလာကူညီတတ်တဲ့ မိန်းကလေးကရောဘယ်သူလဲ......စဉ်းစားစရာတွေအများကြီးပေးပြီး နောက်ပိုင်းပြန်ဖြည်သွားတာလဲ အကျိုးအကြောင်းသင့်တယ်လို့ပြောလို့ရပါတယ်။ သရဲကြောက်တတ်တဲ့သူတွေကတော့ ကြည့်ဖို့အဆင်မပြေလောက်ပါဘူး။Quality : WEB-DL 1080p , 720p Format : mp4 Genres :  Action, Horror Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By  Nu Mon Encoded by LK
movie

Strange Things in Night Rain and Autumn Light ( 2024 )

The Legend of Detective Sleek Rat 5: Disaster of Xiao Yao Faction (2019) 5.8
The Legend of Detective Sleek Rat 5: Disaster of Xiao Yao Faction (2019) ဒါလေးကတော့ အပိုင်း (4) ရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၆ ကားရှိတာဖြစ်ပြီး အကုန်တင်ဆက်သွားမှာပါ အစအဆုံးတွေကို အောက်ကလင့်လေးကိုနိပ့်ပီးရှာလို့ရပါတယ်The Legend of Detective Sleek Rat – Channel Myanmarငြိမ်းချမ်းသာယာတဲ့ ချင့်ယန်ခရိုင်မှာ ရုတ်တရက် လူသတ်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ယန့်မင်းသားကြီးရဲ့ သားတော်မင်္ဂလာပွဲမှာ သတို့သမီးက မင်္ဂလာဦးညမှာ ထူးဆန်းစွာသေဆုံးသွားခဲ့ပါတယ်။ တရားခံက အဓမ္မကျင့်ခဲ့ပြီးမှ သတ်သွားခဲ့တာဖြစ်ပါတယ်။ ထူးဆန်းတာက သတို့သမီးဟာ သေဆုံးချိန်မှာ မျက်နှာက ပြုံးနေပြီး နာကျင်မှုမရှိသလို ပုံပေါက်နေပါတယ်။သူရဲကောင်းစုံထောက်ပိုင်ယွိထန်နဲ့ ကျန်ကျောင်းတို့ဟာ ရှောင်းယောင်ဂိုဏ်းမှလုပ်တယ်လို့ သံသယဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့ပါတော့တယ်။ အဲ့နောက်မှာတော့ လွန်ခဲ့တဲ့ ၁၅ နှစ်က လျှို့ဝှက်ချက်တွေ ပေါ်ထွက်လာပါတော့တယ်။လူသတ်တရားခံက ဘယ်သူဖြစ်မလဲ...... လွန်ခဲ့တဲ့ ၁၅ နှစ်က ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲ ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှု အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres ...
movie

The Legend of Detective Sleek Rat 5: Disaster of Xiao Yao Faction (2019)

The Legend of Detective Sleek Rat 4: Dreamlike Song (2018) 5.8
The Legend of Detective Sleek Rat 4: Dreamlike Song (2018) ဒါလေးကတော့ အပိုင်း (၃) ရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၆ ကားရှိတာဖြစ်ပြီး အကုန်တင်ဆက်သွားမှာပါ အစအဆုံးတွေကို အောက်ကလင့်လေးကိုနိပ့်ပီးရှာလို့ရပါတယ်The Legend of Detective Sleek Rat – Channel Myanmar" သူတောင်းစားဂိုဏ်းတိုက်ခိုက်ခံရတာနဲ့ နန်းမြို့ပြန်အရာရှိ တိုက်ခိုက်ခံရတဲ့အမှု့နှစ်ခုလုံးက လော့ယန်မြို့မှာဖြစ်ပွားခဲ့ပါတယ် ပြီးတော့အဲဒီနှစ်မှု့လုံးကလည်း ခိုင်းဖုန်းရုံး‌‌တော်ဆီရောက်လာတဲ့ သတင်းတွေအရဆို ဦးရီးတော်နင်နဲ့ ပတ်သတ်လို့နေပါတယ်"ဒီလိုနဲ့ ပေါင်လူကြီးမင်း ပေါင်တရားသူကြီးက ယုံကြည်ရတဲ့ သူ့ရဲ့လူယုံတွေဖြစ်တဲ့ သူရဲကောင်းပိုင် (သို့) ပိုင်ယွိထန်နဲ့ တော်ဝင်ကိုယ်ရံတော်ကျန်ကျောင်းကို ဦးရီးတော်နင်ရဲ့မွေးနေ့ပွဲကိုအခွင့်ကောင်းယူပြီး လော့ယန်ကိုသွားပြီးအမှုစစ်စေခဲ့ပါတယ် ။ဒါပေမဲ့ မမျှော်လင့်ထားဘဲ ပိုင်ယွိထန်တစ်ယောက် ဦးရီး‌တော်နင်လက်အောက်က ရွှယ့်မုန်အဖွဲ့အစည်းရဲ့ ခန်းမခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ထူပေါင်ကိုမတော်တဆသတ်မိသွားရာက...ရွယ့်မုန်အဖွဲ့အစည်းက ပိုင်ယွိထန်အပေါ်ဘယ်လိုအငြိုးအတေးထားကြမလဲ ၊ ဦးရီးတော်နင်ကရော လက်ပိုက်ကြည့်နေမလား.. ဒီနောက်ကွယ်မှာရော တစ်ယောက်ယောက်ရှိနေမလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Adventure , Mystery Runtime : 1h 28 min Subtitle ...
movie

The Legend of Detective Sleek Rat 4: Dreamlike Song (2018)

Fight Through The Yin-Yang House ( 2023 ) 5.7
Fight Through The Yin-Yang House ( 2023 ) ဒီတခေါက်မှာတော့ CM ရဲ့ ပရိသတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-မင်ကော်ခေတ်မှာ သင်္ချိုင်းဖုန်းရွှေကြည့်တဲ့ အယူတွေကို အလေးထားကြပါတယ်။ "ချမ်းသာဖို့နေအိမ်ကြည့်၊ ရာထူးတိုးဖို့ သင်္ချိုင်းကြည့်" ဆိုပြီး ပြောနေကြပါတယ်။ ဆရာယင်းယန်ရဲ့ တာဝန်ကတော့ နဂါးဂူတည်ရာကိုရှာပြီး နေအိမ်နဲ့ သင်္ချိုင်းအတွက် နေရာကောင်းတွေကို ရှာဖွေပေးဖို့ဖြစ်ပြီးတော့ လူအများရဲ့ လက်ခံခြင်းကို ခံရပါတယ်။မြေနတ်အမည်ရတဲ့ ကောယင်းယန်ဟာ လင်ရှန်းမြို့မှာ ကျေးဇူးရှင်ကျန့်ဝုန်းကို လာရောက်ရှာဖွေချိန်မှာပဲ လင်ရှန်းမြို့မှာ ဆန်းကြယ်တဲ့ ကြွက်အိမ်ထောင်ပြုပွဲတစ်ခု ရှိတာတွေ ဖုန်းရွှေနေရာကောင်းမှာရှိတဲ့ မိသားစုတစ်စု သေဆုံးရခြင်းအကြောင်းတွေကို ကြားသိခဲ့ရပါတယ်။ဖုန်းရွှေခိုးပြီး ချမ်းသာလာတဲ့ ညီအစ်ကို ၂ ယောက်ဟာ ၃ နှစ်တိတိ မိခင်အတွက် ဝမ်းနည်းမှုကို ပြသခဲ့ပါတယ်။ ဒါတွေက အစစ်တွေလား အတုအယောင်တွေလား...... သဲလွန်စအားလုံးဟာ ပုံပြင် ၃ ခုနဲ့ ဆက်နွယ်နေပါတယ်။အကျိုးနဲ့အကြောင်းဟာ သံသရာလည်နေပြီး နောက်ကွယ်က လျှို့ဝှက်ချက်တွေ ပေါ်ထွက်လာပါတယ်။ သရဲတစ္ဆေထက် ကြောက်ဖို့ကောင်းတဲ့ လူ့စိတ်ဆိုတဲ့အရာကို ဘယ်လို ဖော်ထုတ်ကြမလဲဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်ပြီး ကြည့်ရှုခံစားလိုက်ပါဦးနော်။ Quality : WEB-DL 1080p , 720p Format : ...
movie

Fight Through The Yin-Yang House ( 2023 )

League of Gods: Zhou Destruction I (2023) 6
League of Gods: Zhou Destruction I (2023) ယခုတစ်ခေါက် CM က တရုတ်ဒဏ္ဍာရီဇာတ်လမ်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-နွီဝါးမယ်တော်နှင့် နတ်အပေါင်းတို့က နတ်ပိတ်အစီအစဉ်ကို စတင်ပြီး ရှ န်းခေတ်အုပ်ချုပ်ရေးကို ပြင်ဆင်ရန် စီစဉ်နေပါတယ်။ အမြီး ၉ ချောင်းမြေခွေးကို မိန်းမလှလေး သာကျီကိုယ်ထဲ ဝင်ပူးစေပြီး ဘုရင်ကို မြူဆွယ်စေပါတယ်။ကျို့ဝမ်တိရှင်းဟာ နတ်အမိန့်တော်ကို မနာခံပဲ ကောင်းကင်ကို ဆန့်ကျင်ဖို့ကြိုးစားပြီး ကျိုင်ရှင်းလုံကို ဆောက်ပြီး ကောင်းကင်တက်ပြီးတော့ နတ်ကို ဆန့်ကျင်ဖို့ လုပ်နေပါတယ်။ ခက်ခဲလှတဲ့ နေ့ရက်တွေမှာ ကျို့ဝမ်ဟာ တဖြည်းဖြည်းနဲ့ သာကျီအပေါ် မေတ္တာနက်နဲလာခဲ့ပြီး ရှန်းကုန်းပေါက်ရဲ့ ကုန်းချောမှုတွေကို နားယောင်ပြီး သစ္စာရှိအမတ်တွေကို သတ်ဖြတ်ခဲ့တယ်။ပီကန်းလည်း နှလုံးသားကို ထုတ်ပေးပြီး သစ္စာရှိကြောင်းထုတ်ဖော်ပြသခဲ့ပါတယ်။ ရှုပ်ထွေးမှုတွေကြားမှာ ပြည်သူတွေဒုက္ခတွင်းနက်ခဲ့ပါတယ်။ ကျန်းကျီယာဟာ အရပ် ၄ မျက်နှာက မြို့စားမင်းတွေနဲ့ ပူးပေါင်းပြီး ကျောင်းကောကို စစ်ထွက်ခဲ့ပါတယ်။ ကျို့ဝမ်နှင့် မြေခွေးမိစ္ဆာသာကျီတို့ အတူတကွ ကံကြမ္မာကို ဆန့်ကျင်ခဲ့ပါတယ်။လူသား၊ နတ်နှင့် မိစ္ဆာ လောက ၃ ပါးတို့ ပါဝင်နေတဲ့ စစ်ပွဲကြီးမှာ ဘယ်သူကအမှန် ဘယ်သူကအမှား ဘယ်သူကနိုင်ပြီး ဘယ်သူက ရှုံးမလဲဆိုတာကို ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်ရအောင်နော်။ Quality ...
movie

League of Gods: Zhou Destruction I (2023)

Judge Bao: Intrigues at Academy ( 2023 ) 6
Judge Bao: Intrigues at Academy ( 2023 ) ပေါင်ချိန်fanတွေအတွက်လူငယ်ပေါင်ချိန်ရုပ်ရှင်ကားလေး CM ကနေတင်ဆက်ပေးလိုက်ပါတယ်။ ပေါင်ချိန်တစ်ယောက်တရားသူကြီးမဖြစ်ခင် အရာရှိငယ်လေးဘဝကို အခြေခံပြီးရိုက်ထားတာဖြစ်ပါတယ်။ ဒီ အမှုကိုဖြေရှင်းပြီးမှကျားခေါင်းဓားစက်ကို ပေါင်ချိန်ရရှိလာတာပါ။နန်းတွင်းစာမေးပွဲကြီးကျင်းပခါနီးမှာ ကျောင်းသားတွေ တစ်ယောက်ပြီးတစ်ယောက် ထူးထူးဆန်းဆန်းသေသွားကြတယ်။ ထူးဆန်းတဲ့သေပုံတွေကြောင့် ငရဲမင်းကအသက်နှုတ်ယူသွားတာပါဆိုပြီး ကောလဟာလတွေ ထွက်လာပါတယ်။ ပေါင်ချိန်ရဲ့ ဆရာပြီးတဲ့ ကျောင်းအုပ်ဆရာကြီးကလဲပျောက်နေတာကြောင့် စုံစမ်းဖို့ရာ စာသင်ကျောင်းကိုပေါင်ချိန်နဲ့ကျန်ကျောင်းတို့ ရောက်လာခဲ့ကြပါတယ်။နှစ်ယောက်သားစုံစမ်းရင်းနဲ့ လူသတ်မှုက တဖြည်းဖြည်းအဖြစ်မှန်ပေါ်လာပြီး ပ ညာရှိစာမေးပွဲရဲ့နောက်ကွယ်မှာ ပိုလေးနက်တဲ့ နန်းတွင်းရေးရာတွေပါဝင်နေကြောင်းကိုသိလိုက်ရတဲ့အခါ…… Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Judge Bao: Intrigues at Academy ( 2023 )

Di Renjie and the Flying Demon Head ( 2020 ) 6
Di Renjie and the Flying Demon Head ( 2020 ) စုံထောက်သိုင်းကားတွေကို နှစ်သက်တဲ့ သူတွေအတွက် effect လှလှလေးတွေနဲ့ သဲထိတ်ရင်ဖိုဖြစ်စေမဲ့ စုံထောက်ကြီးဒီးရန်ကျယ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ဆုတောင်းပွဲတော်လုပ်နေစဉ်အချိန်တွင်းမှာ ကောင်းကင်ပေါ်မှ ခေါင်းပျံကြီးတစ်ခု ထွက်လာကာ နန်းတွင်းတပ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ ချက်ချင်းပဲ တစ်မြို့လုံးမှာ မိစ္ဆာတံခါးပွင့်ပြီဆိုပြီး သတင်းပြန့်သွားပါတော့တယ်။ ဒီးရန်ကျယ်နဲ့ ဟဲ့လျန်ထူရှိုးတို့ ပူးပေါင်းပြီး အမှုလိုက်ရာမှာ အခက်အခဲအများအပြားနဲ့ တွေ့ခဲ့ရပါတယ်။ ဒီးရန်ကျယ်တို့အဖွဲ့ဟာ လျှို့ဝှက်တဲ့ ပေမင်တစ္ဆေမြို့ကိုရောက်လာပြီး ပုန်းခိုတိုက်ခိုက်ခံရသဖြင့် အသက်ပေးရမလို ဖြစ်ခဲ့ပါသေးတယ်။လော့ယန်ကို ပြန်ရောက်ပြီးနောက် ကောင်းကင်ပေါ်မှာ မိစ္ဆာနိမိတ်ဆိုးတွေ ပြနေပြီး အန္တရာယ်အပြည့် ဖြစ်နေပါတယ်။ နောက် ၅ ရက်အကြာမှာ ကျောင်း ၇ ကျောင်းပွဲတော်ကို ပြုလုပ်တော့မှာဖြစ်လို့ အမှုကို ဖြေရှင်းနိုင်ဖို့ အလျင်လိုနေပါတယ်။ဒီးရန်ကျယ်တစ်ယောက် အမှုကို အချိန်မီ ဖြေရှင်းနိုင်ဖို့ ဘယ်လိုအန္တရာယ်တွေနဲ့ ကြုံတွေ့ရပြီး ဖြေရှင်းမလဲဆိုတာကို ရုပ်ရှင်လေးနဲ့အတူ သဲထိတ်ရင်ဖို ခံစားကြည့်ရှုလိုက်ပါနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar ...
movie

Di Renjie and the Flying Demon Head ( 2020 )

Giant Snake Incident at Yellow River ( 2023 ) 5.9
Giant Snake Incident at Yellow River ( 2023 ) " ဟွမ်မြစ်အတွင်းက ကြောက်မက်ဖွယ်ကောင်းလှတဲ့ လူသားစား မြွေကြီးရဲ့ ဒဏ္ဍာရီလေးတစ်ပုဒ် "ဟွမ်မြစ်ရဲ့နံဘေးမှာ ဆိတ်ငြိမ်အေးချမ်းတဲ့ ခေတ်လွန်ရွာလေးတစ်ရွာတည်ရှိပါတယ် ။ ဒီလိုအေးချမ်းလှတဲ့ ရွာလေးဆီကို ခေါင်းတလားကြီးတစ်လုံးနဲ့အတူ ကြောက်မက်ဖွယ်ကောင်းတဲ့ ဘေးအန္တရာယ်ကြီးက ရောက်ရှိလို့လာခဲ့ပါတော့တယ် ။ထူးဆန်းတဲ့ အရာတွေ မကြာခဏ ဖြစ်ပြီး လူတွေကလဲ တစ်ဦးပြီး တစ်ဦးပျောက်ဆုံးလို့ လာခဲ့ချေပါတယ် ။ ဒီဘေးအန္တရာယ်ကြီးကို ကျောက်မိသားစုကနေပြီး နှိမ်နင်းဖို့ သွားခဲ့ပေမဲ့ တစ်ဦးတစ်ယောက်မှ ပြန်လာခြင်းမရှိခဲ့ပါဘူး ။ ဒီကိစ္စဖြစ်ပြီး နှစ် ၂၀ ကြာတဲ့နောက်မှာ အလားတူ ကိစ္စရပ်မျိုး ပြန်လည်ဖြစ်ပျက်လာခဲ့သောအခါ...?ကျောက်အိမ်တော်ရဲ့ မျိုးဆက်ကို ဆက်လက် လက်ခံမဲ့ သခင်လေးကျောက်ပိုင်တစ်ယောက် ဒီမကောင်းဆိုးဝါးကြီးကို နှိမ်နင်းဖို့ ခရီးစတင်ထွက်ခဲ့ပါတော့တယ် ။ ဒီတော့ မြစ်ထဲက မကောင်းဆိုးဝါး မြွေကြီးကို နှိမ်နင်းနိုင်ပါ့မလား ? ဘယ်လိုမျိုး အန္တရာယ်တွေနဲ့ ကြုံတွေ့ရဦးမှာလဲ ? ဆိုတာ သခင်လေး ကျောက်ပိုင်ရဲ့ စွန့်စားရေး ခရီးစဥ်လေးကို အတူတူ စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုလိုက်ရအောင်ပါနော် ။ (Reviewed By Chit Mya Mya Hmwe) Quality : ...
movie

Giant Snake Incident at Yellow River ( 2023 )

Mr Illusion ( 2023 ) 6.1
Mr Illusion ( 2023 ) CM မှ အခုတစ်ခေါက် ဘာသာပြန်တင်ဆက်ပေးမဲ့ ကားလေးကတော့ Mr. Illusion ဆိုတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့-မင်ကော်ခေတ်မှာ ပုံရိပ်ယောင်ပညာဂိုဏ်းမှ ကပ်ဆိုးစိုက်ခဲ့ပါတယ်။ ရေဂိုဏ်းပုံရိပ်ယောင်ပညာရှင် ဖေကျင့်ကျစ်က ရတနာ ရှင်းယွင်တောင်ဝှေးကို လုဖို့အတွက် လူအများအပြားကို သတ်ခဲ့ပါတယ်။နောက်ဆုံးမှာ ထိုအချိန်က မီးဂိုဏ်းဂိုဏ်းချုပ်ဖြစ်သူ ဆရာခုန်းခုန်းက ပိတ်လှောင်ထားနိုင်ခဲ့ပါတယ်။ ထို့နောက် ဆရာခုန်းခုန်းက မိဘမဲ့ကလေး ကျိုးဖေးဖန်ကိုခေါ်ပြီး အရပ်လေးမျက်နှာခရီးထွက်ခဲ့ပါတယ်။နှစ် ၂၀ ကျော်ကြာပြီးနောက် ရေဂိုဏ်းမှ ကျန်ရစ်သူနဲ့ သစ်ဂိုဏ်းဂိုဏ်းချုပ်တို့က ဖေကျင့်ကျစ်ကို ကယ်တင်ခဲ့ပြီး ဂိုဏ်း ၅ ဂိုဏ်းကို ပြန်လည်အုပ်ချုပ်ဖို့ စီစဉ်ပါတော့တယ်။မီးဂိုဏ်းဂိုဏ်းချုပ် လော့ရှာဖေးနဲ့ တပည့်ကျိုဖေးဖန်၊ ချိုးချီတို့ အတူတကွ ပြန်လည်တိုက်ခိုက်ကြတဲ့အခါ...... ကြမ်းတမ်းယုတ်မာတဲ့ လူဆိုးတွေကို သူတို့ အနိုင်ရနိုင်ပါ့မလား ...... ကျိုဖေးဖန်ရဲ့ ဘဝကရော ဒီကပ်ဆိုးကြီးနဲ့ ဘယ်လို ဆက်နွယ်နေမလဲ ...... ဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲ အဖြေရှာလိုက်ရအောင်နော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : ...
movie

Mr Illusion ( 2023 )

Strange Talk About Heishiling ( 2022 ) 5.9
Strange Talk About Heishiling ( 2022 ) အားလုံးပဲ သိုင်းကားတွေအချစ်ကားတွေ မှုခင်းကားတွေပဲကြည့်ပြီး ရိုးအီနေကြလောက်ရောပေါ့ ဒီတစ်ခါတော့ CMကနေသရဲကားကောင်းကောင်းလေးကို တင်ဆက်ပေးသွားမှာပါပဟေဠိပေါင်းစုံ စကားပုံပေါင်းစုံနဲ့ ဟယ်ရှီလင်မြိုကလေး ပိုပြီး လူသိများတာက တော့ ဟယ်ရှီလင်မြိုရဲ့နာကြည်းချက်မြစ်ပါပဲ အဲ့မြစ်နာမည်ဘယ်လိုဖြစ်ပေါ်လာရလဲဆိုရင် အငြိုးအာဃာတ မကျေနပ်ချက် နာကြည်းချက်တွေနဲ့ သေဆုံးရသူတွေဟာ မကျွတ်မလွတ်ဘဲ အဲ့မြစ်မှာသရဲတစ္ဆေသွားဖြစ်ကြလိုပါပဲလတိုင်းရဲ့၁၅ရက်နေ့မြောက်ရောက်ရင် မှော်ဆရာတွေဟာ အဲ့မြစ်ကိုသွားပြီးဝိဉာဥ်ဆင့်ခေါ်ကာ လူပြန်ဝင်စားဖို အာဃာတတွေလွှတ်ချဖို လုပ် ဆောင်ပေးရပါတယ် မလုပ်ဆောင်ပေးနိုင်ဘဲ စိတ်ဆိုးအောင်လုပ်မိရင်တော့ ဟယ်ရှီလင်တစ်ရွာလုံး ဘေးဒုက္ခဆိုးကြီးကျရောက်ပြီး လူတွေသေကြေကြရမှာပါဒီဇာတ်လမ်းထဲမှာလည်းအစပြုထားတာက ရွှအခေါင်းဆိုင်ကအလုပ်သမား ကျိုးလော့ဟန်ပျောက်ဆုံးရာကနေစတင်ခဲ့တာပါ သူက လျိုအိမ်တော်ကလူနှစ်ယောက်သေဆုံးချိန်ရှိသောလူ သူမိန်းမသေဆုံးပြီးပျောက်သွားသောလူဖြစ်တာကြောင့် စုံထောက်လျိုကဒီကိစ္စကိုစုံစမ်းဖို ဟယ်ရှီလင်ရွာရောက်လာပါတော့တယ်အယုံအကြည်မရှိတဲ့လူက ဘယ်လိုဖြစ်ရပ်ဆန်းတွေ ကြုံတွေ့ရမလဲ? တကယ့်တရားခံကရော ဘယ်သူလဲ? ဒီကိစ္စကိုရော ကိုင်တွယ်နိုင်ပါ့မလား?ဆိုတာ ဇာတ်လမ်းလေးထဲ ရင်တဖိုဖိုနဲ့ ကြည့်ကြရအောင်နော် [ Reviewed By Kong Hou ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Mystery Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded ...
movie

Strange Talk About Heishiling ( 2022 )

Demon Catcher 2 ( 2022 ) 6.1
Demon Catcher 2 ( 2022 ) တရုတ်ပြည်သူ့ သမ္မတနိုင်ငံအချိန်ကာလမှာ ထူးဆန်းတဲ့ မျိုးနွယ်ကနေပြီးတော့ မွေးဖွားလာခဲ့တဲ့ သူရဲကောင်းဆရာကြီးကွမ်း ဆိုတဲ့သူတစ်ယောက်ရှိခဲ့ပါတယ် သူဟာ ရက်စက်ယုတ်မာလှတဲ့ အပြစ်လုပ်သူတွေကို ရွံရှာမုန်းတီးနေသူတစ်ဦးပါတရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၁၇ နှစ်အချိန် စစ်ပွဲတွေကလဲ မရပ်မနားတမ်းဖြစ်ပေါ်နေပြီးတော့ ပြည်သူတွေအများစုကလဲ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရပါတယ် အဲဒီအချိန်မှာ ဆရာကွမ်းရဲ့ တပည့်ဖြစ်သူ ယဲ့ဖေးဟာ ခေါင်းတလားဆိုင်ဖွင့်ထားပြီး ဒုက္ခသည်စခန်းက ပြည်သူ့အလောင်းတွေကို ကောက်ပေး သိမ်းပေးတဲ့ အလုပ်ကိုလဲ လုပ်ပေးပါသေးတယ် ဒါပေမဲ့လို့ ကံကြမ္မာကသူ့ကို မျက်နှာသာမပေးခဲ့ပါဘူးတစ်နေ့မှာတော့ သူရောင်းတဲ့ ခေါင်းတလားအတွင်းမှာ လူသေအလောင်းတွေ့တာကြောင့် လူသတ်ပြီး အလောင်းဖျောက်မှုနဲ့ အဖမ်းခံလိုက်ရပါတော့တယ် အဲဒီအချိန်ကနေစပြီး တပည့်ဖြစ်သူရဲ့ လုပ်ကြံခံရမှု အမှန်တရားကို ရှာဖွေဖို့အတွက် ဆရာကြီးကွမ်းဟာ အစွမ်းကုန်ကြိုးစားလာခဲ့တဲ့ အချိန်မှာတော့ ...?❏ ဒီလုပ်ကြံခံရမှု နောက်ကွယ်မှာ ဘယ်လိုထူးဆန်း ထိန့်လန့်ဖွယ်ရာတွေနဲ့ တွေ့ရှိရမလဲ ? ❏ ခေါင်းတလားအတွင်းက အလောင်းရဲ့ ဇာတ်ကြောင်းတွေကရော ဘာတွေများဖြစ်နေမလဲ ❏ ဆရာကြီးကွမ်းတစ်ယောက် တပည့်ဖြစ်သူရဲ့ အမှန်တရားကို ရှာဖွေပေးနိုင်ပါ့မလား ❏ ဒီအမှုအပြင် တစ်ခြားသော ထူးဆန်း ထိန့်လန့်ဖွယ်ရာ အမှုတွေကိုရော ရင်ဆိုင်လာရတဲ့အခါ သူတို့တွေ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုလိုက်ရအောင်လားရှင် [Reviewed By ...
movie

Demon Catcher 2 ( 2022 )

Murloc ( 2022 ) 5.9
Murloc ( 2022 ) လူတစ်ပိုင်းငါးတစ်ပိုင်း ရေသူမျိုးတွေဆိုတာပင်လယ်ရေနက်ပိုင်းမှာ ကျင်လည်ကျက်စားကြသူတွေပါ။ ပင်လယ်ရဲ့ဂေဟစနစ်ချို့ယွင်းလာမှုကြောင့် ​နေရာပြောင်းရွှေ့လာရင်း ရေတိမ်ပိုင်းကိုရောက်ရှိလာပါတယ်။ ရေတိမ်ပိုင်းကိုရောက်လာတဲ့ရေသူတွေဟာ ငါးဖမ်းလှေတွေကိုဒုက္ခပေးတဲ့ကြောက်စရာအန္တရာယ်ဆိုးကြီးဖြစ်လာပါတော့တယ်။ လှေပေါ်ရှိလူအကုန်ကိုကိုက်သတ်ပစ်တဲ့အထိ ရေသူတွေဟာအင်အားကြီးနေခဲ့ပါတယ်။ဒါပေမဲ့လည်း လူသားတွေလောက်ဉာဏ်များတဲ့သတ္တဝါမရှိတာကြောင့် အင်အားကြီးမားတဲ့ရေသူဟာလည်း အဖမ်းခံရ​ပြီးအစမ်းသပ်ခံဘဝကိုရောက်ရတာလည်းရှိပါတယ်။ဟန်ဟောက် ဟာပင်လယ်ဆိပ်ကမ်းမှာအလုပ်လုပ်တဲ့သူဖြစ်ပြီး အ​ဖေတစ်ခုသားတစ်ခုဘဝနဲ့ စကားမပြောတတ်တဲ့သားလေးကိုစောင့်ရှောက်နေသူပါ။ တစ်နေ့မှာ အကြွေးလိုက်တောင်းရင်း ရေသူကိုတင်ထားတဲ့ကားကိုမောင်းမိလျက်သားဖြစ်သွားပါတယ်။ လမ်းမှာမတော်တဆမှုဖြစ်ပြီး ကားလည်းမှောက် လူလည်းသတိမေ့သွားခဲ့ရာက ပြန်နိုးလာတဲ့အခါ ဘယ်နေရာကိုရောက်နေမှန်းမသိတဲ့အပြင် သားလေးကပါဘေးမှာမရှိတဲ့အခါ။ အဲ့အချိန်မှာ သားလေးကတော့ ရေသူကိုစမ်းသပ်တဲ့ လျို့ဝှက်ဓာတ်ခွဲခန်းထဲမှာပိတ်မိနေခဲ့ပါတယ်။ ဖြစ်ချင်တော့ ဓာတ်ခွဲခန်းထဲကရေသူဟာလည်း မတော်တဆတစ်ခုဖြစ်တုန်း ထွက်ပြေးသွားခဲ့ပါတယ်။သားဖြစ်သူကိုရှာဖွေကယ်တင်ဖို့ကြိုးစားရင်း မထင်မှတ်ထားတဲ့အဖြစ်တွေကြုံလာရတဲ့အခါ... ဟန်ဟောက်တစ်ယောက် ရေသူအန္တရာယ်ကိုကျော်လွှားနိုင်ပြီး သားဖြစ်သူကိုကယ်တင်နိုင်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာမို့ သတ္တဝါဆန်းတွေနဲ့တိုက်ခိုက်ရတဲဇာတ်လမ်းတွေကို ​ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တို့အတွက် လက်မလွှတ်တမ်းကြည့်ရှုနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Action Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Murloc ( 2022 )

The Desert Dragon ( 2021 ) 5.9
The Desert Dragon ( 2021 ) ထန်မင်းဆက် နောက်ဆုံးအုပ်ချုပ်သည့် ခေတ်ကာလအချိန်...., ခွန်းလွင် တောင်ထိပ်မှာရှိတဲ့ ခွန်းဝူအဆောင်တော်မှ အကြီးအကဲ ဟွမ်ဖူ ဟာ နတ်ဆိုးဂိုဏ်းသားတွေ နဂါးရဲ့သွေးကြောကို ဖျက်ဆီးနေပြီလို့ ခံစားမိတဲ့အတွက်ကြောင့် တပည့်တွေကိုခေါ်ဆောင်ပြီး နှစ်တစ်ထောင်သက်တမ်းရှိတဲ့ သစ်ပင်နတ်ဆိုးကို တိုက်ခိုက်ဖို့ဦးဆောင်ခဲ့ပါတယ်သစ်ပင်နတ်ဆိုးဟာ ရွှမ်းယင်ပုလဲကို စုပ်ယူပြီးတဲ့နောက်မှာ သူတို့ရဲ့ ခွန်းဝူနန်းဆောင်တော်ကို ဖျက်ဆီးတိုက်ခိုက်မှာစိုးရိမ်တာကြောင့် အကြီးအကဲဟွမ်ဖူဟာ ဖေးလျို လမ်းစဥ်ကိုအသက်သွင်းပြီး ဆန့်ကျင်ခဲ့ပါတော့တယ် အဲဒီနောက်မှာတော့ ဂိုဏ်းရဲ့တပည့်တွေဖြစ်ကြတဲ့ ရွှင်ထူနဲ့ ချူလင်အာ တို့ကို ရွှမ်းယင်ပုလဲမရရှိခင်မှာ သစ်ပင်နတ်ဆိုးကို ​ချေမှုန်းဖို့ ဖန်ရှစ်မြို့တော်ကိုစေလွှတ်ခဲ့ပါတယ် အဲဒီခရီးလမ်းမှာပဲ ရွှင်ထူနဲ့ ချူလင်အာ တို့ဟာ ကလေကချေကောင်လေး လီယွမ်ကျီးနဲ့ တွေ့ဆုံဖို့ ကံကြမ္မာဖန်လာခဲ့ပါတော့တယ် ဒီတော့သူတို့တွေဟာ နတ်ဆိုးတွေကို နှိမ်နင်းတားဆီးဖို့ လမ်းကြောင်းမှာ အတူတူရင်ဆိုင်လာကြရင်း -❐ ဘာတွေဆက်ပြီးဖြစ်ကြမှာလဲ? ❐ ရင်ဆိုင်ရ/စတေးရမှုတွေ ရှိလာတဲ့အခါမှာရော သူတို့တွေဘယ်လိုကျော်ဖြတ်ကြမလဲ ? ❐ နတ်ဆိုးတွေရဲ့ ဒဏ်ကို အလူးအလဲခံနေရတဲ့ အပြစ်မဲ့ပြည်သူတွေကိုရော ကယ်တင်နိုင်ပါ့မလား ? ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် Action, Historical နဲ့ Fantasy အမျိုးအစားလေးတွေကို ကြိုက်နှစ်သက်တဲ့သူတွေအနေနဲ့ကတော့ ဒီကားလေးက အကြိုက်တွေ့စေမှာအမှန်ပါပဲရှင် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p ...
movie

The Desert Dragon ( 2021 )

Five Elements Secret Art ( 2022 ) 6.2
Five Elements Secret Art ( 2022 ) CM ချစ်ပရိသတ်တွေအတွက် သိုင်းကားကောင်းလေးမိတ်ဆက်ပေးလိုက်ပါတယ်... ဒီကားလေးက လွန်လေပြီးသော နှစ်ပေါင်းများစွာက ရှေးလူကြီးတွေက ရေမီးသစ်သား မြေ သတ္တု ဆိုတဲ့ ဒြပ်စင် ၅ မျိုးကို ဖော်စပ်ခဲ့ပြီး ဒီ ဒြပ်စင် ၅ ပါးရဲ့ အရှင်သခင်တွေက လောက ဘေးကင်းဖို့ကို ထိန်းသိမ်းဖို့ တာဝန်အသီးသီးယူဖို့ ကြံရွယ်ခဲ့တယ်...ဒါပေမယ့် ဒီရတနာအကြောင်းသိတဲ့ မသမာသူတွေက ဒီဒြပ်စင် ၅ပါးကို လက်ထဲအရယူပြီး လောကကို အုပ်စိုးဖို့ကြံခဲ့တယ်...ဒီလိုနဲ့ အာဏာနဲ့ ဂုဏ်၊ ကြွယ်ဝချမ်းသာမှုက အရေးကြီးတယ်လို့ ထင်ထားတဲ့ ဟင်းရွက်သည်လေး ယန်ရိကျင်းတစ်ယောက် သတ္တုအရှင်သခင်ဖြစ်လာခဲ့ချိန်မှာတော့... လောကရဲ့ တကယ့်တန်ဖိုးရှိတဲ့အရာကို ဆုံးရှုံးခဲ့ရပါတယ်... ဒါကြောင့်လည်း အချိန်ခရီးသွားချိန်မှာ သူဘာကိုပြောင်းလဲနိုင်မယ်ဆိုတာလည်း စိတ်ဝင်စားစရာပါပဲ...ကဲ ဒြပ်စင် ၅ ပါးကို ဘယ်လို ကာကွယ်ကြမယ်... ရိကျင်းဆုံးရှုံးသွားတာက ဘာလဲ.... အချိန်ခရီးသွားပြီး ဘာပြောင်းလဲနိုင်မလဲ.... ဇာတ်ကားလေးကြည့်လိုက်တော့နော်..... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure , Fantasy Runtime : 1h 26min Subtitle : Myanmar Subtitle ( Hardsub ...
movie

Five Elements Secret Art ( 2022 )

Tomb Empty Coffin (2020) 6.3
Tomb Empty Coffin (2020) Tomb Empty Coffin (2021) ==================== IMDb Rating - 6.3/10လူငယ်ပေါင်ချိန်ကို ဇာတ်လမ်းတွဲတွေပဲကြည့်ရတာရိုးနေရင် အပြောင်းအလဲလေးဖြစ်သွားအောင် ရုပ်ရှင်လေးပြောင်းကြည့် ရအောင်။ပေါင်ချိန်ဆိုတော့ အမှုလိုက်ပြီပေါ့နော်။ ဒါပေမဲ့ သူလိုက်မယ့်အမှုက တော်ရုံတန်ရုံခေါင်းစားတာမျိုးမဟုတ်ဘဲနဲ့ ဘဘာဝလွန်ဖြစ်ရပ်တွေပါ ပါတတ်တာ ပေါင်ချိန်ရဲ့ထုံးစံလိုဖြစ်နေပါပြီ။ အခုလည်း အမှုက သေရာ ကနေပြန်ရှင်လာတဲ့လူသတ်သမားတဲ့။ ဘယ်လိုဖော်ထုတ်မလဲ ဆက် ကြည့်လိုက်ပါဦးနော်။ ။ဇာတ်လမ်းအကျဉ်းကတော့ ပေါင်ချိန်က သူ့ဆရာဖြစ်တဲ့ သမားတော်ဟူ ဆုံးသွားလို့ ကုန်းအန်းပြည်နယ်ကို ခွင့်ရက်ရှည်ယူပြီး ဆရာ့အုတ်ဂူကို သွားကန်တော့မလို့ပါ။ ဒါပေမဲ့ အဲ့ဒီကုန်းအန်းပြည်နယ်မှာ မိန်းကလေး ငယ်တွေ ပျောက်ဆုံးနေပြီး သူ့ဆရာအလောင်းလည်း ပျောက်နေပါတယ်။ လူတွေပြောကြတာကတော့ သေရာကနေပြန်ရှင်လာပြီး လူတွေကိုလိုက် သတ်၊ မျက်နှာအရေပြားတွေကို ဓါးနဲ့ဆွဲခွာထားပါတယ်တဲ့။ အဲ့ဒီတော့ ဆရာ့အုတ်ဂူကိုကန်တော့ဖို့လာရင်းနဲ့ သေရာကနေပြန်ရှင်လာတဲ့ အမှုအပြင် တခြားပဟေဠိတွေကိုပါ တစ်ခုပြီးတစ်ခု ဘယ်လိုဖြေရှင်းသွား မလဲဆိုတာ ဆက်ကြည့်လိုက်ပါတော့ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.27 GB) / (572 MB) Quality............WebRip 1080p / 720p Duration.........1Hr 29mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Drama Translator.......Jo Jo ...
movie

Tomb Empty Coffin (2020)

2020
The Flower and the Empress ( 2019 ) 6.1
The Flower and the Empress ( 2019 ) The Flower And The Empress (2019) ဆိုတဲ့ကားလေးကို CM ချစ် ပရိသတ်တွေအတွက်ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဒီကားလေးကတော့ ဘုရင်မအုပ်ချုပ်ချိန် မ ဝါဒကြီးစိုးချိန်ကာလကို နောက်ခံထားရိုက်ကူးပြထားတာပါ... ဒီကားလေးမှာ ဘုရင်မကြီးရဲ့ အချစ်ရဆုံးနဲ့ အားအထားရဆုံး တတိယမင်းသမီးလေး လန်ရှီဟာ ဒေသခံတစ်ခုကို စုန်းမနက်ဂိုဏ်းက ကယ်တင်ပေးရာကနေ... ဒေသခံ ဇာတ်နိမ့်အမျိုးသားတစ်ဦးကို သတိထားမိခဲ့ရာကနေ စစ်သူကြီးဆိုတဲ့ရာထူးကို အမျိုးသမီးမဟုတ်ဘဲ အမျိုးသားတစ်ယောက်သာ တာဝန်ထမ်းဆောင်ရင် ဘယ်လိုဖြစ်မလဲလို့ စတင်တွေးမိခဲ့တယ်...တစ်ဖက်မှာလဲ မြင်မြင်ချင်းအချစ်လို့ဆိုရမလား. ဒုက္ခရောက်နေချိန်မြင်လိုက်ရတဲ့ ကောက်ရိုးမျှင်လေးကြောင့်လို့ပဲဆိုရမလား... တတိယမင်းသမီးကယ်တင်ခံခဲ့ရတဲ့ ချောင်ရှန်းတစ်ယောက်ဟာ တတိယမင်းသမီးရှိတာ မြို့တော်ကို ချက်ချင်းဆိုလို တတိယမင်းသမီးရဲ့မြင်းနောက်က တောက်လျှောက်လိုက်သွားခဲ့သလို...လေ့ကျင့်ရေးကျောင်းက ရွေးချယ်ခံရတဲ့ အမျိုးသားတွေက မင်းမျိုးနွယ်တွေကို ခစားခွင့်ရှိမယ်ဆိုတာကို သိထားတာကြောင့် ဒီကျောင်းဝင်ခွင့်ရဖို့ပါကြိုးစားခဲ့ပြီး တင်းယွမ်ဆိုတဲ့ ပထမတန်းစား ခစားသူအဖြစ် အရွေးခံရပြီးနောက် ချောင်ရှန်းတစ်ယောက် သူ့နှလုံးသားထဲကတတိယမင်းသမီးလေးကို ဆုံဖို့ နန်းတော်ကို ခစားဝင်ခွင့်ရခဲ့တယ်...ကဲ သူတို့ တကယ်ဆုံမှာလား... ဆုံပြီးရင်ရော ဒီလို ဝါဒကြီးစိုးနေတဲ့လောကကြီးမှာ သူတို့အချစ်ဇာတ်လမ်းရော ဖြောင့်ဖြူးပါ့မလားဆိုတာ ဒီဇာတ်လမ်းလေးဒေါင်းကြည့်လိုက်နော်~  Qualty : WEB-DL 1080p , 480p Format : mp4 Genres : Action , Romance Runtime : 1h 18min Subtitle : Myanmar Subtitle ( hardsub ) Translated by Chu ...
movie

The Flower and the Empress ( 2019 )

Uncle Nine:  The Curious Case of the Ancient Coffin ( 2021 ) 6
Uncle Nine: The Curious Case of the Ancient Coffin ( 2021 ) တရုတ်တစ္ဆေ ခုန်စွခုန်စွ ဖုတ်ကောင်ကားသစ်လေးလာပါပြီဇာတ်လမ်းအကျဉ်းကတော့ဦးလေး၉ဟာ ဘိုးဘေးလုပ်ငန်းဖြစ်တဲ့ဖုန်းရွှေဆရာအလုပ်ကိုမလုပ်ပဲ ဆေးဆရာအဖြစ်အသက်မွေးဝမ်းကျောင်းနေပါတယ်။နေကြတ်တဲ့နေ့တစ်နေ့ အပုပ်ချိန်မှာ ရှေးဟောင်းအလောင်းစာပိုးကောင်တွေထကြွပြီးအခေါင်းစောင့်မြွေကြီးကလဲ လူတွေကိုထွက်စားနေပါတယ်။ဦးလေး၉နဲ့တပည့်တွေဟာ ဖုတ်ကောင်အုပ်စုတိုက်ခိုက်ခြင်းကိုခံရပြီးမြို့ငယ်လေးမှာကံဆိုးစွာ မကောင်းတဲ့ဖြစ်ရပ်တွေတစ်ခုပြီးတစ်ခုဖြစ်လာပါတယ်။ထူးဆန်းတဲ့သေဆုံးမှုတွေကြောင့်ရဲအရာရှိတွေနဲ့ ဦးလေး၉ နဲ့အတူအမှုကိုအပြင်းအထန်စစ်ဆေးကြပါတယ်။နစ်နာသူပြည်သူတွေရဲ့ကိုယ်ပေါ်မှာအလောင်းဆိပ်မိနေပါတယ်။ဦးလေး ၉ ဟာ တိတ်တဆိတ်စုံစမ်းရင်း ဂျပန်တွေရဲ့ဆေးကုသဖို့ဖိတ်ကြားမှုကိုခံရပြီး ဂျပန်တပ်သားတွေရဲ့သင်္ချိုင်းဖောက်တဲ့အကြံအစည်ကိုသိသွားတော့ ဂျပန်တွေရဲ့ကွပ်မျက်ခံရလုဆဲဆဲအခြေနေကိုရောက်သွားပါတယ်။ဓားသွားပေါ်ကအခြေအနေမှာရောက်နေတဲ့ ဦးလေး၉ ဟာဘယ်လိုအသက်လွတ်အောင်လုပ်ပြီး တစ္ဆေနှိမ်နင်းကာနိုင်ငံရတနာတွေကိုဘယ်လိုစောင့်ရှောက်မလဲ။ပြီးတော့ ဂျပန်သင်္ချိုင်းဖောက်ထွင်းအဖွဲ့ကရောဘာတွေနဲ့ပတ်သက်နေမလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်။ဟောင်ကောင်ကား Mr Vampire (၁၉၈၅) ပုံစံအတိုင်းပဲဟာသလေးတွေနှောပြီးပြန်ရိုက်ထားတာဖြစ်တဲ့အတွက် ငယ်ဘဝကိုပြန်အမှတ်ရသွားမှာသေချာပါတယ်။ပေါ့ပေါ့ပါးပါး ဖုတ်ကောင်ကားလေးကိုအားပေးကြပါဦးနော်။  Quality : WEB-DL 1080p Format : mp4 Genres : Action , Mystery , Fantasy During : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon Encoded by LK  
movie

Uncle Nine: The Curious Case of the Ancient Coffin ( 2021 )

Nanquan-The Rise of Heroes ( 2021 ) 7.3
Nanquan-The Rise of Heroes ( 2021 ) ဒီ ဇာတ်လမ်းရဲ့ အဓိက...ဇာတ်လမ်းက တရုတ်ပြည်ကို အနောက်တိုင်းသားတွေကဘိန်းနဲ့ ဖျက်စီးစပြုတဲ့အချိန်ကိုအသားပေးရိုက်ထားတာ အနောက်တိုင်းသားက ဘာလို့ဒီလိုခြယ်လှယ်လို့ရလဲဆိုတော့ အကျင့်ပျက်ခြစားတဲ့စိတ်ဓာတ်ပိုင်တဲ့သူတွေက မင်းအမှုထမ်းလုပ်နေလို့ပေါ့...ဒါပေမယ့် တကယ်ဆို ကိုယ်ခံပညာ ကွန်ဖူးသိုင်းအစွမ်းထက်တဲ့ပညာရှင်တွေစုဝေးနေပြီး ဒါကိုသိသိကြီးနဲ့ ပြန်ချဖို့ မကြိုးစားကြဘူး...အကြောင်းကတော့ ကိုယ်ခံပညာနဲ့ သေနတ်ကို မယှဉ်နိုင်ဘူးထင်လို့ပေါ့...ဇာတ်လိုက်မင်းသား လုယွမ်ပါးကတော့ မဟုတ်ဘူး ကိုယ်ခံပညာနဲ့ သေနတ် လက်နက်ကိုမယှဉ်နိုင်စရာအကြောင်းမရှိဘူး... ကြိုးစားကြည့်ရမယ်ဆိုတဲ့ စိတ်ကိုအရင်းခံတိုက်လိုက်တော့... သူလည်း မအောင်မြင်သေးပါဘူး...အကြိမ်ကြိမ်လဲကျပြီးမှ ထနိုင်တာကတော့ ဇာတ်လမ်းတိုင်းရဲ့ မြှုပ်ကွက်ပါပဲ...ဆက်လက်ခံစားကြည့်ရှုပါCheck my site Quality : HDRip 1080pFormat: mp4During : 1h 44minSubtitle : Myanmar Subtitle ( hardsub )Translated By Chu ChuEncoded By LK
movie

Nanquan-The Rise of Heroes ( 2021 )