Channel Myanmar

Yue Sun

Super Daddy ( 2023 ) 5.9
Super Daddy ( 2023 ) ဝမ်ပေါင်ဆိုတဲ့ တီထွင်ပညာရှင်တစ်ဦးဟာ လမ်းမလျှောက်နိုင်တဲ့လူနာတွေအတွက် ရည်ရွယ်ပြီး အရိုးတုဝတ်စုံတစ်ခုထီထွင်ထားခဲ့ပါတယ်၊ ကံမကောင်းစွာနဲ့ သူရဲ့ဝတ်စုံအခိုးခံလိုက်ရလို ပြန်လိုက်ယူရင်း ဝမ်ကျစ်၊ မီရှီးတိုလင်မယားနဲ့ဆုံတွေ့ခဲ့ပါတယ်--------- သမီးလေး ရှောင်ခယ်ကိုအုပ်ထိန်းခွင့်ရဖို စတန့်အစားထိုးမင်းသားလုပ်ရင်း ငွေရှာနိုင်သမျှရှာနေတဲ့ -"ဝမ်ကျစ်" ဝမ်ကျစ်နဲ့ကွာရှင်းပြီးတဲ့နောက်မှာ ကျန်းရန်ဆိုတဲ့တီထွင်ပညာရှင် တစ်ယောက်နဲ့ယူထားပြီး သမီးလေးရှောင်ခယ်ရဲ့အုပ်ထိန်းခွင့်ကိုရထားတဲ့-"မီရှီး"ဝမ်ပေါင်တစ်ယောက်ဝတ်စုံပြန်ယူဖိုလာရင်း မတော်တဆ ဝမ်ကျစ်၊ မီရှီးတိုနဲ့ဆုံတွေ့မိတဲ့အခါ ဝတ်စုံကိုပြန်ယူလာနိုင်ပါ့မလား ဆိုတာကို ဟာသလေးတွေ‌နဲ့အတူ တင်ဆက်ပေးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Kyawt Encoded by LK
movie

Super Daddy ( 2023 )

I Like You More ( 2023 ) 5.9
I Like You More ( 2023 ) ရိုးရိုးလေးနဲ့ တသသတွေးနေရမဲ့ အချစ်ကားလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ရောခ်ဂီတအဖွဲ့တစ်ခုနဲ့ အောင်မြင်ဖို့ ကြိုးစားနေတဲ့ ဖန့်ခွေအန်းဟာ သူမရဲ့ ဂီတအိပ်မက်ကို လက်လျှော့လိုက်ရချိန်မှာပဲ သူမရဲ့အဖေ ဦးနှောက်သွေးကြောပြတ်ပြီး ဆေးရုံရောက်သွားခဲ့တဲ့ သတင်းကို ရခဲ့ပါတယ်။အဖိုးလက်ထပ်ကတည်းက အောင်မြင်ခဲ့တဲ့ စားသောက်ဆိုင်က ဒီလိုနဲ့ပဲ သူ့လက်ထဲကို ရောက်လာပါတော့တယ်။ မိသားစုလုပ်ငန်းဖြစ်သော်လဲ သူမမှာ ဟင်းချက်နည်းတွေကို မြင်သာမြင်ဖူးပြီး ကိုယ်တိုင်က မလုပ်တတ် မကိုင်တတ်ဖြစ်နေပါတယ်။တိုက်ဆိုင်စွာနဲ့ သူမတို့ စားသောက်ဆိုင်မှာ စားပြီး ဝမ်းလျှောသွားတာကြောင့် သူမက လျော်ကြေးမပေးနိုင်ပဲ အိမ်မှာ လက်ခံထားတဲ့ ကုန်းပေါင်ဆိုတဲ့ လူကြီးဟာ Michelin စားဖိုမှူးတစ်ယောက်ဖြစ်နေတာကို သိလိုက်ရတဲ့အခါ......သူတို့နှစ်ယောက် အတူတကွ စားသောက်ဆိုင်ရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ပါ့မလား ...... သူတို့ နှစ်ယောက်ကရော မတည့်အတူနေ ကနေ ချစ်မေတ္တာတွေက ဘယ်လို ပေါက်ဖွားလာမလဲ...... ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ ကြည့်ရှု ခံစားကြရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Romance Runtime : 1h ...
movie

I Like You More ( 2023 )

Ace Bodyguard ( 2023 ) 6
Ace Bodyguard ( 2023 ) ကိုယ်တိုင်က အရည်အချင်းသိပ်မရှိပေမဲ့ မတော်တဆ တိုက်ဆိုင်မှုများကြောင့် "လုံခြုံရေး"ရာထူးနေရာမှာ အောင်မြင်မှုတွေ ဆက်တိုက် ရရှိခဲ့သူ - ယောင်အာ့ကာသူ့ရဲ့ အောင်မြင်မှုတွေကြောင့် လုံခြုံရေးနယ်ပယ်မှာ နာမည်ရလာခဲ့ပြီး သူဌေးကြီး ကျန်းရှစ်ဟောင်ရဲ့ ကိုယ်ရံတော် တစ်ဦးဖြစ်လာခဲ့ပါတော့တယ် ။ တစ်နေ့မှာတော့ သူဌေးကြီး ကျန်းရှစ်ဟောက်ရဲ့ သမီးလိဆာနဲ့ အတူတူ အရေးကြီးစာချုပ်တွေ ၊ ငွေကြေးတွေကို လုံခြုံစွာနဲ့ ပို့ဆောင်ပေးဖို့ တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ် ။ဒါပေမဲ့လမ်းမှာမျက်နှာဖုံးတပ်ဆင်ထားတဲ့ လူတစ်စုနဲ့ထိပ်တိုက်တွေ့ဆုံပြီး လိဆာဟာ ပြန်ပေးဆွဲခံလိုက်ရကာအရေးကြီးစာရွက်စာတမ်းတွေဟာလဲ ပျောက်ဆုံးလို့သွားခဲ့ပါတော့တယ် ။ သက်တော်စောင့်တစ်ယောက်ကနေပြီး နေ့ခြင်းညခြင်းဆိုသလို အမှုရဲ့ သံသယအရှိဆုံး သူအဖြစ်ပြောင်းလဲသွားတဲ့ အခါမှာတော့ ....?❏ ယောင်အာ့ကာ တစ်ယောက် ဘယ်လိုတွေဖြေရှင်းသွားမလဲ? ❏ ကြားထဲမှာ ဘယ်လိုအရာတွေနဲ့ရင်ဆိုင်ကြုံတွေ့ပြီး အမှန်တရားကိုရော သူရှာဖွေနိုင်ပါ့မလား? ဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရှူလိုက်ရအောင်ပါနော် ။ ဟာသနှောကာ ရိုက်ကူးထားတဲ့ကားလေးဖြစ်တာမို့ ဘဝအမောတွေပြေစေမှာအမှန်ပါပဲ။ (Reviewed By Chit Mya Mya Hmwe) Quality : WEB-DL 1080p , 480p Format : mp4 Genres : Family , Drama Runtime ...
movie

Ace Bodyguard ( 2023 )

Runaway God of Wealth 3 ( 2022 ) 6
Runaway God of Wealth 3 ( 2022 ) အားလုံးအတွက် ဘဝအမောပြေဖို့ ဟာသကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်... တရုတ်လူမျိုးတွေရဲ့ ဥစ္စာနတ်မင်း ငွေနတ်မင်းကို ကြားဖူးကြမယ်ထင်ပါရဲ့... အခုကားလေးကတော့ ဥစ္စာနတ်မင်းနဲ့ ဆက်စပ်တဲ့ ဇာတ်ကားလေးပေါ့...ဥစ္စာနတ်မင်းကြီးတစ်ယောက် နတ်ဘုံနတ်နန်းမှာ မွေးနေ့ပွဲကြီးကျင်းပချိန်မှာ နိုင်ငံခြား ဥစ္စာနတ်မင်းတို့က လာနှောင့်ယှက်တဲ့အပြင် ဥစ္စာနတ်နန်းကို ကာကွယ်နေတဲ့ ရှန်ကူ (နတ်အရိုး) ပျောက်သွားပြီး လူ့ပြည်က ရေစက်ရှိသူတစ်ဦးဆီရောက်သွားခဲ့တယ်...တစ်ချိန်တည်းမှာပဲ အလုပ်မလုပ်ဘဲ တစ်နေ့တစ်နေ့ ချမ်းသာဖို့ ဥစ္စာနတ်မင်းကိုပဲ တောင်းဆိုနေတဲ့ ဝမ်ကျားချန်တစ်ယောက်လည်း ဥစ္စာနတ်မင်းကို တောင့်တနေခဲ့တာပေါ့လေ... အားလုံးခန့်မှန်းတဲ့အတိုင်းပဲ ဝမ်ကျားချန်ဟာ ရှန်ကူနဲ့ ရေစက်ရှိသူဖြစ်နေပြီး... ဝမ်ကျားချန်ကလည်း ဥစ္စာနတ်မင်းကို ငွေပေးမှ ရှန်ကူပေးမယ်.. ဥစ္စာနတ်မင်းကလည်း လူ့ပြည်ရောက်တော့ အစွမ်းကမသုံးနိုင်နဲ့... တိုင်းတစ်ပါးက ဥစ္စာနတ််မင်းတွေကလည်း တစ်ဖက်လှည့်နဲ့ ရှန်ကူကိုရဖို့ ကြိုးစားပြန်တော့...ကဲ ရှန်ကူကို ဘယ်သူပိုင်နိုင်မလဲ... ဘယ်လို ရယ်သံတွေကြားမှာ စိတ်ဝင်စားစရာ ဇာတ်ကွက်တွေနဲ့ တွေ့မြင်ရမယ်ဆိုတာတော့ ဇာတ်ကားလေးကြည့်ရင်းနဲ့ ရယ်မောရင်း ဘဝအမောဖြေလိုက်ကြပါတော့... [ Reviewed By Chu Chu ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , ...
movie

Runaway God of Wealth 3 ( 2022 )

Goodbye I ( 2022 ) 6
Goodbye I ( 2022 ) CM Chinese Fanလေးတွေအတွက် ဆန်းဆန်းပြားပြားခမ်းနားကြီးကျယ်တဲ့ အသုဘတစ်ခုဖြစ်လာအောင်စီမံတဲ့ဇာတ်ကားလေးတစ်ပုဒ်တင်ဆက်ပေးလိုက်ပါတယ်။ဖန့်တမင်ပိုင်ဟာတုံးပေမှာအဖြူရောင်လုပ်ငန်း(သုဘရာဇာလုပ်ငန်း) လုပ်ငန်းလုပ်ကိုင်တဲ့သူတစ်ယောက်ဖြစ်တယ်။ သူများနဲ့မတူတာက ထောင်ကထွက်လာတဲ့သူတွေကိုအလုပ်အကိုင်ပေးလက်ခံပေးခဲ့တယ်။တစ်နေ့မှာတော့ နျိုရင့်လန်ဆိုတဲ့လူတစ်ယောက်ရောက်ချလာပြီး အသုဘတစ်ခုအတွက် ယွမ်သိန်း၃၀သုံးမယ်လို့ဆိုပါတယ်။ ဖန့်တမင်ပိုင်တို့အဖွဲ့ကအရမ်းကိုအံ့ဩခဲ့ရတာပေါ့.....ဒီလိုနဲ့အသုဘအခမ်းအနားပြင်ဆင်နေတဲ့အချိန်မှာ ကျောက်တမင်ပိုင်နဲ့နျိုရင့်လန်က သူတို့နှစ်ယောက်ကြားက ရေစက်ဟာဒီလောက်ပဲမဟုတ်ဘူးဆိုတာသိလိုက်ရတယ်...... သူတို့နှစ်ယောက်ကြားမှာရောဘယ်လိုဆက်စပ်မှုတွေရှိနေသေးလဲ...... ယွမ်သိန်း၃၀တန်အသုဘအခမ်းအနားကြီးဟာဘယ်လိုဖြစ်လာမလဲ......ဒီဇာတ်ကားလေးရဲ့အတွဲ ၂ ကြည့်မယ်ဆိုရင် အောက်ကလင့်မှာဝင်ကြည့်ပါGoodbye 2 ( 2023 ) – Channel Myanmar [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Family , Drama Runtime : 1h 52 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK  
movie

Goodbye I ( 2022 )

The Demon Hunter (2022) 4.2
The Demon Hunter (2022) The Demon Hunter (2022)၂၀၂၂ ခုနှစ်ကတော့ တရုတ်ကားလေးတွေ နည်းနည်းပြန်ဦးမော့လာတဲ့နှစ်လို့ထင်မိပါတယ် ။ အရင်ကြည့်နေကျလို မိတ်ကပ်အဖွေးသားတွေ CGI အထူးပြုလုပ်ချက်တွေအများကြီးနဲ့ ထိုင်ရာမထသရုပ်ဆောင်ချက်တွေ သိပ်မပါတော့ဘဲ သဘာဝဆန်လာတယ်လို့မြင်မိတဲ့ နောက်ထပ်ကားကောင်းလေးတစ်ကားထွက်လာပါပြီ။The Demon Hunter ဆိုတဲ့နာမည်အတိုင်း မကောင်းဆိုးဝါးဖမ်းပွဲလေးပေါ့။ မကောင်းဆိုးဝါးအများကြီးမပါပါဘူး.. ချောချောလေးတစ်ယောက်တည်းပါ။ အဲ့ဒီတစ်ယောက်တည်းကပဲ အစီအစဉ်တွေအကုန်ချထားပြီး လုံယွမ်တိုင်းပြည်ကြီးတစ်ခုလုံးကို ပျက်ဆီးသွားအောင်လုပ်ပါတော့တယ်။လုံယွမ်ပြည်ကြီးမှာ ကျိုင်းကောင်ကပ်ဆိုးတွေရော ဝမ်းရောဂါကပ်ဘေးတွေပါဖြစ်နေရတဲ့အထဲ မင်းကြီးကပါ နဂါးအဖြစ်ပြောင်းလဲသွားပြီး အဝေးကိုပျံထွက်သွားပါတယ်။ ပြည်သူတွေအတွက် လုပ်ပေးမယ့်ဆုတောင်းပွဲကလည်း နောက်သုံးရက်နေရင်စပါပြီ။ ဒီလိုမျိုးမူမမှန်တဲ့ပျောက်ဆုံးမှုတွေနဲ့ မိုးကောင်းကင်ကအပြစ်ပေးတဲ့ကပ်ဆိုးတွေကို စုံစမ်းစစ်ဆေးဖို့ နက္ခတ်ဌာနမှစစ်ဆေးရေးမှူး ပိုင်ယိထုန် နဲ့ မင်းကြီးအပေါ်ကိုသစ္စာစောင့်သိတဲ့ လင်လုံတို့ တာဝန်ယူလိုက်တဲ့အခါမှာတော့......အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။Genre.....Thriller, Drama, Fantasy Quality….WEB-DL 1080p and 720p File size…1.2GB, 763MB, 244MB Format…mp4 Duration….1h 19min Subtitle….Myanmar Subtitle (Hardsub) Translator ..... JoJoVa Encoder ..... August
movie

The Demon Hunter (2022)

2022