Channel Myanmar

Yuko Oshima

Pale Moon (2014) 6.9
Pale Moon (2014) Pale Moon (2014)လက်ရှိမှာ ဒီကားကို Pale Moon နာမည်နဲ့ပဲ ကိုရီးယားဇာတ်လမ်းတွဲ ပြန်ရိုက်ထားပြီး ဇာတ်လမ်းက ကောင်းသလို ဒီလိုဇာတ်‌တွေနဲ့လိုက်ဖက်တဲ့ Sky Castle တို့ Mineတို့ Nobody Knows တို့ထဲက နာမည်ရ မင်းသမီးကြီး Kim Seo-Hyungက ပါ၀င်ထားတာမို့ ကေဒရာမာ ဖန်တွေကြား နာမည်ရသင့်သလောက်တော့ ရမယ် ထင်ပါတယ်။Pale Moonရုပ်ရှင်ရဲ့ ဇာတ်ကြောင်းဟာ ထူးခြားတယ် ။ မထင်မှတ်ထားတဲ့ အကွေ့တွေရှိတယ်။ ရက်စက်ခြင်းနဲ့ သမားရိုးကျခြင်းအကြောင်း ကူးလူးဆန်ခတ်နေတယ်လို့ပဲ ပြောချင်ပါတယ်။ ပွိုင့်ဟာ ဘာလဲတော့ ဝေဝါးကောင်းဝေဝါးလာနိုင်ပေမဲ့ ဒါကလည်း ဒီဇာတ်လမ်းရဲ့ အရသာပဲလို့ပြောရပါမယ်။ဘာလို့ဆို ဒီဇာတ်လမ်းမှာ ဇာတ်ကောင်က ရိုးရိုးအေးအေးနေတဲ့ အိမ်ရှင်မ။ ဘဏ်မှာ အချိန်ပိုင်းလုပ်ရာက အချိန်ပြည့်၀န်ထမ်းဖြစ်လာပြီး အရေးကြီးဖောက်သည်တွေရဲ့ အိမ်ထိ ငွေတိုက်စာချုပ်ရောင်းတဲ့ အလုပ်ကို လုပ်ရတယ်။ ဒီလိုနဲ့ မထင်မှတ်ထားတာတွေ ကြုံလာရပြီး စစချင်း ကောင်းတဲ့ရည်ရွယ်ချက်နဲ့လို့ ကိုယ့်ကိုယ်လှည့်စားရင်း ငွေတိုက်စာချုပ်ဖိုးငွေတွေကို လိမ်ရင်း ငွေရှိခြင်းရဲ့ အတုအယောင် ...
movie

Pale Moon (2014)

2014
To Be Killed by a High School Girl (2022) 5.5
To Be Killed by a High School Girl (2022) To be killed by a High School Girl (2022)ဒီဂျပန်ကားက တော်တော်လေးစားတယ်။ ဇာတ်အိမ်တည်ထားက သူ့နာမည်အတိုင်းပဲ အထက်တန်းကျောင်းတစ်ကျောင်းမှာ။ ဒါပေမဲ့ သူက စိတ်ပညာနဲ့ သဘာဝလွန်ကို သမပြီး မှုခင်းဒရာမာလိုလို ပြသွားတယ်။ ဒီကားရဲ့ အဓိကဇာတ်လိုက်က အထက်တန်းကျောင်းတစ်ကျောင်းက သမိုင်းဆရာ။ သူက သမိုင်းဆရာဆိုပေမဲ့ အစက စိတ်ပညာသင်ယူနေရင်းကနေ အကြောင်းတစ်ခုကြောင့် အထက်တန်းကျောင်းမှာ ဆရာဝန်လုပ်တဲ့လူ။ဆန်းတာက သူ့ရဲ့ စိတ္တဇပဲ။ ထူးထူးဆန်းဆန်းပဲ သူက သူ့ကို သတ်တာခံချင်တဲ့ရောဂါရှိနေတယ်။ ဒါပေမဲ့ တွေ့ကရာလူသတ်တာခံချင်တာမျိုးတော့မဟုတ်ဘူး။ အတိအကျဆို ၁၇နှစ်အရွယ် အထက်တန်းကျောင်းသူလေး သတ်တာ ခံချင်တာ။ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ ဒီလိုသတ်တာမှာ ပလိန်းကြီးသတ်တာလည်းမခံချင်ဘူး။ သူက ပြန်ရုန်းကန် ပြန်လွတ်အောင်လုပ်ဦးမယ်။ ဒါကိုမှ ဟိုကမရမကသတ်ရမယ့် အခြေအနေကို လိုချင်တာ။ သူ့လို လူကြီးကို ကလေးမလေးက သတ်ဖို့တော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ဒါကြောင့်မို့ သူရွေးထားတဲ့ပစ်မှတ်က Personality တွေ ကွဲနေတဲ့ အထက်တန်းကျောင်းသူလေး။ သူ့ချည်းဆိုရင်တော့ ဒီကောင်မလေးက ...
movie

To Be Killed by a High School Girl (2022)

2022
To Be Killed by a High School Girl (2022)
To Be Killed by a High School Girl (2022) To be killed by a high school girl (2022)Dissociative Identity Disorder ဆိုတာကို တော်တော်များများ ရင်းနှီးကြမယ်လို့ထင်ပါတယ်။မကြားဖူးသေးတဲ့သူတွေအတွက်ပြောရရင်တော့ ဒီ (DID) လို့ခေါ်တဲ့စိတ်ရောဂါဟာ လူတစ်ယောက်တည်းမှာတင် အမူအကျင့်စရိုက်တွေ အနည်းဆုံးနှစ်မျိုးနဲ့ အထက်ရှိနေတတ်တာမျိုးပါ။ လူတစ်ကိုယ် စိတ်အမျိုးမျိုးနဲ့ပေါ့။ဥပမာပြောရရင် အသက် ၁၀ နှစ်အရွယ်ကလေးမလေး မှာနောက်ထပ်စိတ်ကိုယ်ခွဲ ၂ ယောက်ရှိတယ်ဆိုပါစို့။ အဲကိုယ်ခွဲနှစ်ယောက်က မူလလူနဲ့အကျင့်စရိုက်အားဖြင့်လုံးဝဆန့်ကျင့်ဘက်ဖြစ်နေတာမျိုးပါ။ တစ်ယောက်ကကြမ်းကြမ်းတမ်းတမ်း မာဖီးယားဖြစ်နေပြီး နောက်တစ်ယောက်က အကသင်ဆရာမဖြစ်ချင်ဖြစ်နေနိုင်တာမျိုးပေါ့။ဒီ Disorder ကကိုယ့်မသိစိတ်ကနေ ပေါက်ပွားလာတဲ့ personality တွေဖြစ်တာနဲ့အညီ ကိုယ့်ရဲ့အတိတ်ကနာကျင်မှုတွေ မဖြစ်နိုင်တဲ့ဆန္ဒတွေအပေါ်မူတည်ပြီး သူတို့တွေကမတူညီတဲ့အသက်အရွယ်တွေ၊ gender တွေ၊ mindset တွေလည်းရှိကြပါသေးတယ်။DID ဖြစ်နေတဲ့သူတွေဟာ ထိတ်လန့်မှုတစ်ခုခုကြောင့် personality ပြောင်းသွားတဲ့အခါ သူတို့ကိုယ်ခွဲတွေရဲ့လုပ်ဆောင်ချက်တွေကို သတိပြန်ရလာရင်မမှတ်မိကြတော့တာများပါတယ်။တနည်းအားဖြင့် ကိုယ်ခွဲကလူသတ်လိုက်ပေမယ့် မူလကိုယ်က ဘာမှမသိတာမျိုးပါ။ (မြင်သာအောင်ပြောရရင် Marvel ရဲ့ Moon Knight နဲ့ကိုရီးယားဒရာမာ Kill Me Heal Me တို့ထဲက အဓိကဇာတ်ကောင်တွေလိုပေါ့။)ဘာလို့ဒါတွေပြောနေရတာလဲဆိုတော့ အခုဒီကားထဲမှာပါတဲ့ဇာတ်ကောင်ကလည်းအဲလိုစိတ်ရောဂါဖြစ်နေလို့ပါ။ ဇာတ်ကားနာမည်ကြီးကြည့်ပြီး ...
movie

To Be Killed by a High School Girl (2022)

2022
We Couldn’t Become Adults (2021) 6.5
We Couldn’t Become Adults (2021) We Couldn't Become Adults (2021) ~ IMDb - 6.5/10, Rotten Tomatoes - 67% ~ မရင့်ကျက်ခြင်းများအကြောင်းအလွမ်းသစ်တို့ အဆင့်ဆင့်မြင့်မျောနေသော တိမ်စိုင်တို့ မျောကာလွင့်ကာနေကြ၏။ အချို့တိမ်တို့က ရေခိုးရေငွေ့တို့ကို ထုပ်ပိုးသိမ်းဆည်းထားကြပြီး အချို့တိမ်တို့က အတိတ်မြစ်တို့ကို ထုပ်ပိုးသိမ်းဆည်း ထားကြသည်။ တိမ်ညိုကာမိုးသော မိုးနေ့များတွင် ရွာသွန်းဖြိုးတတ်သော ထိုတိမ်တိုက်တို့ကို မနေ့ကကောင်မလေးနဲ့ အတူ ကျွန်တော် ထားခဲ့လိုက်ချင်ပါသည်။ အတိတ်ကို ထူးထွေစွာ တမ်းတမက်မောမနေတော့ခြင်းသည်လည်း ရင့်ကျက်လာခြင်း၏ ဂုဏ်သတ္တိများထဲမှ တစ်ခုဟု ဆိုကြသည်သာ။မရှိတော့ပြီထင်ရသော တစ်ပိုင်းတစ်စ မှတ်ဉာဏ်ဟောင်းများ ငွေ့ရည်ဖွဲ့လာချိန်တွင် အတိတ်တို့သည် အတိတ်မဟုတ်တော့ပြီ။ ဟောင်းနွမ်းခဲ့ပြီထင်ရသော ရုတ်တရက်အသစ်ဖြစ်သွားတတ်သည့် မှတ်ဉာဏ်များထဲတွင် လွန်လေခဲ့ပြီးသော မနက်ဖြန်တစ်ခုတုန်းကလိုပင် သူမသည် ကျွန်တော့်ဘေး ရှိနေခဲ့သည်ပင်။"ပြန်တွေ့ကြဦးမယ်နော်"လို့ သူမပြောခဲ့ချိန်သည် ကျွန်တော်တို့ချင်း နောက်ဆုံးဆုံတွေ့ကြချိန် ဖြစ်လာလိမ့်မည့်ကြောင်း ကျွန်တော်မသိခဲ့ပါ။ အနှစ်၂၀ကျော်အချိန်သည် အရာရာကို တိုက်စားခဲ့လေပြီ။ ကျွန်တော်တို့ ...
movie

We Couldn’t Become Adults (2021)

2021