Channel Myanmar

Yurike Prastica

Rumah Masa Depan (2023) 7.2
Rumah Masa Depan (2023)  အင်ဒိုနီးရှား မိသားစုDrama ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ဆူကရီတို့မိသားစုဟာ ဂျာကာတာမှာစားသောက်ဆိုင်လေးတွေဖွင့်ထားပြီး ဆူကရီရဲ့အမျိုးသမီးဖြစ်သူဆွာတီကလည်း ဆုရထားတဲ့ ရှက်ဖ်တစ်ယောက်ဖြစ်တဲ့အပြင်YouTube​r တစ်ယောက်လည်းဖြစ်ပါတယ် ဆွာတီရဲ့YouTube​ channel ကလည်းထင်သလောက် viewersမတက်လာတဲ့အပြင် ဆူကရီဖွင့်ထားတဲ့ဆိုင်တွေမှာလည်းအခက်အခဲလေးတွေကြုံနေရပါတယ်အဲဒီအပြင်ကိုမှ​ ဆူကရီရဲ့အဖေဖြစ်သူကလည်းရုတ်တရက်ကြီးဆုံးပါးသွားလို့ ဆူကရီတို့တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်ပြီးရွာကိုချက်ချင်းပြန်ရပါတော့တယ် ရောက်ရောက်ခြင်းဆောက်နဲ့ထွင်းဆိုသလိုအမေဖြစ်သူနဲ့မိန်းမဖြစ်သူတို့ကလည်း ပြဿနာတွေတက်ကြတော့အဖေဖြစ်သူကိုမြေချပြီးတာနဲ့ပြန်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်နောက်ရက်ပြန်ဖို့အတွက်လမ်းတစ်ဝက်မရောက်ခင်မှာဘဲ​ဖုန်းတစ်ကောလ်ဝင်လာရာကနေ သူတို့လည်းမပြန်ဖြစ်တော့ဘဲရွာမှာဆက်နေဖို့အကြောင်းဖန်လာကာ ဆူကရီတစ်ယောက်ဘာတွေရင်ဆိုင်ရမလဲ အမေနဲ့မိန်းမကကောဘာတွေဆက်ဖြစ်ကြမလဲဆိုတာကတော့​ဆက်ကြည့်လိုက်ရအောင်ပါ File size…1.47GB / 703MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg
movie

Rumah Masa Depan (2023)

Suzzanna: Kliwon Friday Night (2023) 5.8
Suzzanna: Kliwon Friday Night (2023) Suzzanna Kilwon Friday Night 2023CM ပရိသတ်ကြီးအတွက် ခုတစ်ခါတင်ဆက်ပေးချင်တာကတော့ ငယ်ငယ်တုန်းက ကြည့်နေကျ မလေးရှားစုန်းဇာတ်ကားတွေလိုမျိုး အောက်လမ်းပညာတွေ စုန်းကဝေတွေအကြောင်း ပါဝင်တဲ့ အင်ဒိုသရဲကားလေးပဲ ဖြစ်ပါတယ်ဆူဇနာနဲ့ ဆူရာဟာအရမ်းချစ်မြတ်နိုးကြတဲ့ စုံတွဲလေးပါ မကြာခင်မှာလက်ထပ်ဖို့လည်း ရည်ရွယ်ထားပြီး စေ့စပ်ပြီးကြပါပြီ ဒါပေမဲ့ ဘဝဆိုတာ ကိုယ်စီမံသလိုဖြစ်မလာပဲ လောင်းကစားမက်တဲ့ ဆူဇနာရဲ့အဖေကြောင့် ဆူဇနာဟာ ရွာသူဌေး ရာဒန်ရဲ့အကြွေးနဲ့သိမ်း မယားငယ်လုပ်ခြင်းကို ခံလိုက်ရပါတော့တယ် ဒါကိုပဲ မယားကြီးဖြစ်သူက မကျေနပ်လို့ အောက်လမ်းနဲ့ပြုစားတဲ့ ဘာတွေဖြစ်လာမလဲ ဆူဇနာကိုဆုံးရှုံးလိုက်ရပေမယ့် အချစ်မပြယ်သေးတဲ့ ဆူရာကရော ဘာတွေဆက်လုပ်မလဲဆိုတာ ရင်နာနာနဲ့ မျက်ရည်လဲဝဲ ကြောက်လဲကြောက်ရင်း ကြည့်ရှုရမှာမို့ ဒီလိုမျိုး ဖျော်ဖြေမှုအသားပေး ငယ်ဘဝအမှတ်တရ စုန်းသရဲကားတွေကြိုက်တဲ့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ထားတာကတော့ Sai Thurein Lynn ပဲဖြစ်ပါတယ်Genre..... Drama, Fantasy, Horror Quality…. 1080p | 720p File size… 1.6GB | 841MB Format… mp4 Duration…. 2h 12min Subtitle…. Myanmar ...
movie

Suzzanna: Kliwon Friday Night (2023)

2023
Perjanjian Gaib (2023) 8.4
Perjanjian Gaib (2023) Perjanjian Gaib 2023 (သို့) ငွေနောက်လိုက်လူမိုက်များ IMDb-8.4/10 ညဆို စောင်ခေါင်းမြီးခြုံပြီး သရဲကားလေးကြည့်ရမှဇိမ်ရှိသူတွေအတွက် 2023ထွက် အင်ဒိုသရဲကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီ။ အင်ဒိုသရဲကားတွေ နောက်ပိုင်းမှာ အဆင့်မြင့်လာပြီး ratingကောင်းလာကြပြီဆိုတော့ ဒီကားလေးလည်း ဘယ်လိုလာမလဲဆိုတာ ရှုစားကြပါဦး။ အန်ဒရီနဲ့ဝတီတို့လင်မယားဟာ စိတ်တူကိုယ်တူရှိတဲ့လင်မယားနှစ်ယောက်ပီပီ ဖြတ်လမ်းနည်းနဲ့ချမ်းသာချင်တာကအစတူညီပြီး ချမ်းသာဖို့ဆို သင်္ချိုင်းသွားပြီး အုတ်ဂူပေါ်ဆုတောင်းဖို့ပါ ဝန်မလေးသူတွေပါ။ခိုးဖို့လည်း လက်ယဉ်နေလေးတော့ အလောင်းဆီကပိုက်ဆံအိတ်အနှိုက်ကောင်းပြီး အန်ဒရီတစ်ယောက် ရင်ခွဲရုံသန့်ရှင်းရေးအလုပ်ကပါ ပြုတ်သွားပါတော့တယ်။ အိမ်လခကမပေးနိုင် အလုပ်ကပြုတ်နဲ့ လမ်းဘေးရောက်တော့မယ့်လင်မယားနှစ်ယောက် တိုက်တိုက်ဆိုင်ဆိုင်ပဲ ထူးထူးဆန်းဆန်းလခအရမ်းများနေတဲ့ အဘွားအိုကိုစောင့်ရှောက်ပေးရမယ့်အလုပ်ကို မျက်စိကျပြီး အလုပ်လျှောက်ဖို့သွားရာက အိမ်ကြီးတစ်လုံး‌ဆီ ရောက်လာတဲ့အခါ တိုက်တိုက်ဆိုင်ဆိုင်ပဲ စောင့်ရှောက်ပေးရမယ့်အဘွားကြီးကလည်း သူတို့စနက်မကင်းစွာနဲ့ ရုတ်တရက်ဆုံးသွားတဲ့အပြင် လက်စလက်နကလည်းရှိကြတဲ့လင်မယားနှစ်ယောက် ဗီဇလေးတွေပေါ်လာပြီး အိမ်ကတန်ဖိုးရှိတာတွေခိုးပြီးထွက်ပြေးကြဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။အဲဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ရအောင်ပါ။ (အညွှန်းကို Alexမှရေးသားပြီး ဘာသာပြန်ကတော့ ToMo ~ Yunni ~ Alexတို့ပဲဖြစ်ပါတယ်) File size…611MB Quality…720p WEB DL Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ToMo ~ Yunni ~ Alex
movie

Perjanjian Gaib (2023)

2023
Hello Ghost (2023) 6.5
Hello Ghost (2023) Hello Ghos (2023)လူတွေက ဘယ်လိုအချိန်မျိုး‌တွေမှာ အထီးအကျန်ဆုံးလို့ ထင်ပါသလဲ။ အားလပ်ရက်တွေ နှစ်သစ်ကူးတွေ ခရစ်စမတ်နေ့တွေမှာ လူတွေက အထီးကျန်လွန်းတာကြောင့် သေကြောင်းကြံစည်ဖို့ဆုံးဖြတ်ကြပါတယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်လိုက် ကရက်စနာက မိဘမဲ့တစ်ကောင်ကြွက်လူငယ်တစ်ယောက်။ သူက အထီးကျန်တဲ့ဝေဒနာကိုလည်း အလူးအလဲခံစားနေရရှာတယ်။ ရည်းစားရဲ့ဖြတ်တာလည်းခံရတဲ့အပြင် အလုပ်လည်းထုတ်ခံလိုက်ရတာကြောင့် ကရက်စနာတစ်ယောက်မချိတဲ့အဆုံး သေကြောင်းကြံစည်ပါပြီ။ လည်ပင်းကိုကြိုးကွင်းစွပ်သေဖို့ကြိုးစားကြည့်တယ်။ မအောင်မြင်ခဲ့ဘူး။ ပိုးသတ်ဆေးတွေသောက်တယ်။ မသေပြန်ဘူး။ နောက်ဆုံး ပါရာစီတမောတွေသောက် ရေကူးကန်ထဲခုန်ချလိုက်တော့မှ... မသေဘဲ ဆေးရုံရောက်သွားပါတယ်။ ဆေးရုံကုတင်မှာပြန်နိုးလာတဲ့အချိန် တစ်ခုခုတော့လွဲနေခဲ့တယ်။ ကရက်စနာက သရဲတွေကို ‌မြင်နေရတာပါပဲ။ သွေးသံရဲရဲနဲ့ သရဲတွေကိုမြင်ရတဲ့စွမ်းရည်ရှိပြီး အဲ့သရဲတွေသေဆုံးရတဲ့အကြောင်းအရင်းကို စုံထောက်လုပ် အမှုမှန်ဖော်ရတဲ့ဇာတ်လမ်းမျိုးမဟုတ်ပါဘူး။ ကရက်စနာက သရဲလေးကောင်ကိုသာ မြင်ရတာဖြစ်ပြီး အဲ့သရဲတွေက ကရက်စနာအိမ်ကို လိုက်နေပါတော့တယ်။ အဲ့သရဲတွေက ဘာကိစ္စကြောင့် ကရက်စနာကိုနှောင့်ယှက်နေရသလဲ သူတို့က‌ရောအချိန်တန်ရင်ပျောက်ကွယ်သွားမှာလားဆိုတာကို ကြည်နူးစရာဒီဇာတ်ကားလေးထဲမှာကြည့်ရှူရမှာဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. 1080p | 720p File size… 1.2GB | 545MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Jane Encoder ..... Aaron
movie

Hello Ghost (2023)

2023