Channel Myanmar

Yvette Tucker

The Curious Case of Benjamin Button (2008)
The Curious Case of Benjamin Button (2008)  အချိန်တွေသာ နောက်ပြန်လည်သွားခဲ့ရင် အဲဒီဖြစ်စဉ်ရဲ့နောက်ဆက်တွဲတွေက လူတွေရဲ့ဘဝကို ဘယ်လိုအကျိုးသက်ရောက်မှု‌တွေရှိစေမလဲ။ နာရီလက်တံတွေ ဆန့်ကျင်ဘက်လည်ပတ်ကုန်မလား။ အနောက်အရပ်က နေထွက်ပြီး အရှေ့အရပ်မှာ နေဝင်သွားမလား။ ကမ္ဘာကြီး ပြောင်းပြန်လည်သွားမလား။ လူသားတွေရဲ့ဘ‌ဝတွေ ကမောက်ကမဖြစ်ကုန်မလား။ အသက်‌တွေကြီးရာကနေ တဖြည်းဖြည်းငယ်ကုန်မလား။ အချိန်ရဲ့ရက်စက်မှုတွေကို ဘယ်လိုလူမျိုးကမှ အနိုင်မယူနိုင်၊ ‌မကျော်လွှားနိုင်။ဇာတ်လမ်းအကျဉ်း- ဘန်ဂျမင်ဘက်တွန်ဆိုတဲ့ကောင်လေးဟာ အသက် ၈၀ အရွယ်အဘိုးကြီးတစ်ယောက်ရဲ့ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့အတူ မွေးဖွားလာတယ်။ သူ့အမေကလည်း သူ့ကိုမီးဖွားပြီးချိန်မှာပဲ ဆုံးပါးသွားခဲ့တယ်။ ဒါနဲ့ သူ့အဖေ သောမတ်ဘက်တွန်က ဒီလို အဘိုးကြီးခန္ဓာကိုယ်နဲ့ကောင်လေးကို မကောင်းဆိုးဝါးအထင်နဲ့ ဘိုးဘွားဂေဟာမှာ သွားပစ်ထားခဲ့တယ်။ အဲဒီဂေဟာက အမျိုးသမီးက ကလေးကိုတွေ့သွားပြီး မွေးစားဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ဒီကောင်လေးကို ဘယ်သူကမှ ကြာကြာခံမယ်လို့မထင်ကြဘူး။ ဒါပေမဲ့ ဘန်ဂျမင်ဟာ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာတာနဲ့အမျှ အသက်ကြီးရာကနေ တဖြည်းဖြည်းချင်း နုပျိုလာခဲ့တယ်။ဒီဇာတ်ကားဟာ ဟောင်းပေမဲ့ ရွှေလို့ပြောလို့ရတဲ့ဇာတ်ကားတစ်ကားဖြစ်တယ်။ ဇာတ်လမ်းဟာ အချိန်အားဖြင့် ၃ နာရီနီးပါးကြာမြင့်ပြီး ဝတ္ထုရှည်တစ်ပုဒ်ကို ...
movie

The Curious Case of Benjamin Button (2008)

Palm Trees and Power Lines (2022) 6.5
Palm Trees and Power Lines (2022) Palms tree and Power Line (2022)Rotten Tomatoes 90%, IMDb Rating 6.7 ရရှိထားတဲ့ ၂၀၂၂ ခုနှစ်ထွက် ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။၁၈+ကားလိုမျိုးမဟုတ်ပေမယ့် မိသားစုနဲ့အတူ မကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ ပါဝင်ကြောင်း ကြိုပြီး သတိပေးလိုက်ချင်ပါတယ်။လီယာဟာ အိမ်ထောင်ကွဲနေတဲ့ အမေဖြစ်သူနဲ့ အတူနေထိုင်တဲ အထက်တန်းကျောင်းသူတစ်ယောက်ပါ။ အမေဖြစ်သူရဲ့ ရည်းစားများမှု ပြဿနာကြောင့် အိမ်မှာနေထိုင်ရတာလည်း အဆင်မပြေလှဘူးဖြစ်နေပါတယ်။ ဒီလိုနဲ့ နွေရာသီတစ်ခုမှာတော့ လီယာဟာ သူ့သူငယ်ချင်းတွေ၊ သူ့အမေနဲ့ ကင်းကွာသလိုဖြစ်ပြီးတော့ တွမ် ဆိုတဲ့ အသက် ၃၀ ကျော် လူတစ်ယောက်နဲ့ ဆုံစည်းဖြစ်ပါတယ်။ လီယာလည်း သူ့အဆင်မပြေမှုတွေရဲ့ ထွက်ပေါက်အဖြစ် တွမ် ကို အသုံးပြုပါတော့တယ်။ ဒါပေမယ့် နောက်ကြောင်းကိုလည်း ရှင်းရှင်းမသိရတဲ့ တွမ်ဟာ အသက် ၁၇ နှစ်အရွယ် လီယာကို ဘာကြောင့် ချဉ်းကပ်ရတာလဲ၊ သူ့မှာ ဘာရည်ရွယ်ချက်တွေ ရှိနေမလဲဆိုတာ အများကြီး မညွှန်းတော့ဘဲ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ခံစားလိုက်ပါဦး။အညွှန်း ...
movie

Palm Trees and Power Lines (2022)

2022
What to Expect When You’re Expecting(2012) 5.7
What to Expect When You’re Expecting(2012)  ကလေးတစ်ယောက် မွေးဖွားတယ် ကိုယ်ဝန်ဆောင်တယ်ဆိုတာ တကယ်မလွယ်တူတဲ့ ကိစ္စပါ စိတ်ရော ကိုယ်ပါ အများကြီး ပြင်ဆင်ရ ပြောင်းလဲရပါတယ်ဒီဇာတ်လမ်းမှာတော့ မတူညီတဲ့ စုံတွဲငါးတွဲရဲ့ မိဘဖြစ်ဖို့ ကြိုးစားကြပုံတွေကို ပြထားပါတယ်ပထမဆုံးစုံတွဲကတော့ နာမည်ကြီးရှိုး Lose it and weep ရဲ့ နည်းပြ ဂျူးလ်စ်ဘက်စ်တာနဲ့ နာမည်ကြီးအကသမား အက်ဗန်ဝက်ဘာပါ အကပြိုင်ပွဲတစ်ခုမှာ အတူပြိုင်ကြရင်း မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတာကြောင့် သူတို့ကိုယ်ဝန်အတွက် ပြင်ဆင်နေကြတဲ့ စုံတွဲပါနောက်တစ်တွဲကတော့ ကလေးချစ်တတ်သူ ကလေးစာအုပ်တွေရေးတဲ့ စာရေးဆရာမလေး ဝင်ဒီနဲ့ ဂယ်ရီကူးပါးတို့ စုံတွဲပါ ကလေးယူဖို့ နှစ်နဲ့ချီကြိုးစားပြီး သူတို့လိုချင်တဲ့ကလေးကို ရပါပြီ ဒါပေမဲ့ ကိစ္စတွေက ဝင်ဒီထင်ထားသလို လွယ်မနေပါဘူးနောက်တစ်တွဲတော့ ဂယ်ရီ့အဖေ ပြိုင်ကားမောင်းသမား ရမ်ဆီကူးပါးနဲ့ စမောလေး စကိုင်လာတို့အတွဲပါ သူ့သား ဂယ်ရီနဲ့ နေရာတကာလိုက်ပြိုင်နေတတ်ပါတယ် သူ့မိန်းမက အမွှာကိုယ်ဝန်ဆောင်ထားတာကြောင့် ဂယ်ရီထက် နှာတစ်ဖျားသာသွားလို့ ရမ်ဆီတစ်ယောက် ဂုဏ်ဆာနေပါတယ်နောက်စုံတွဲကတော့ ...
movie

What to Expect When You’re Expecting(2012)

Gangster Squad 6.7
Gangster Squad Gangster Squad (2013)_____IMDb - 6.7/10    ဒုတိယကမ္ဘာစစ်ပြီးတော့ အမေရီကန်ဟာ ကိုရီးယားပြည်တွင်းစစ်ကို ဝင်ပါတယ် ၊ နောက်ကျူးဘားအရေးကြောင့် ရုရှားနဲ့ စစ်ဖြစ်မလိုလိုအထိ ဖြစ်ခဲ့တယ် ။ ပြည်ပအရေးတွေ ဝင်ရောက်စွက်ဖက်တာများလာတယ် ပြီးတော့ ကမ္ဘာစစ်ဒဏ်ကိုလည်း တော်တော်ထိထားတော့ မိမိ ပြည်တွင်းအုပ်ချုပ်ရေးဘက်ကို ကောင်းကောင်းမလှည့်ကြည့်နိုင်တော့ဘူး ။ အဲသလိုတွေ ပြည်တွင်း အုပ်ချုပ်ရေးဘက် ပေါ့လျော့ခဲ့လို့ အမေရီကန်ပြည်သူတွေဟာ လူဆိုးဂိုဏ်းတွေရဲ့ ဒုက္ခပေးခြင်းကို တော်တော်ခံခဲ့ရတယ် ။ ဂျွန်ဒီလင်ဂျာလို ပြည့်သူရန်သူ နံပါတ်-၁ လို့ ကြေငြာရတဲ့အထိ လူဆိုးတွေ ပေါ်ထွက်လာတယ် ။ ဒီရုပ်ရှင်က ၁၉၄၉ ခုနှစ် အမေရီကန်ရဲဌာနတွေ ၊ တရားရေးဌာနတွေ အကျင့်ပျက်ခြစားပြီး မကောင်းမှုပြုရာတွေကို အခြေခံပြီး ရိုက်ကူးထားတယ် ။ လော့အိန်ဂျလိစ်မြို့မှာ လောင်းကစားရုံ ၊ ပြည့်တန်ဆာအိမ် ၊ မူးယစ်ဆေးအရောင်းအဝယ်စသဖြင့် မကောင်းမှုမှန်သမျှအကုန်လုံး ထိန်းချုပ် လုပ်ကိုင်နေတဲ့ ဂိုဏ်းစတား တစ်ယောက်ရှိတယ် ။ သူက အရင်တုန်းက ...
movie

Gangster Squad

2013