Channel Myanmar

Zahara Moufid

The Count of Monte Cristo(2002) 7.7
The Count of Monte Cristo(2002) The Count of Monte Cristo(2002)*******************************IMDb...7.7မွန်တီ ခရစ်စတို မြို့စားကြီး ဆိုတာ 1844 ခုနှစ်ကထွက်ရှိခဲ့ စာရေးဆရာ Alexandre Dumasရဲ့နာမည်ကျော်ဝတ္ထုဖြစ်ပြီးဘာသာပြန်ဝတ္ထုတွေလည်းထွက်ခဲ့ပါသေးတယ်။ ဇာတ်အိမ်ကို 1815–1839ခုနှစ်များဆီမှာအစတည်ထားပြီး နပိုလီယန်ဆီကစာလေးတစ်စောင်နဲ့လမ်းကြုံယူသွားပေးရာကနေအစပြုထားပါတယ်။အဲ့ခေတ်မှာ နပိုလီယန်ဟာ အာဏာပြန်မရမီ နယ်နှင်ဒဏ်ပေးခံရတဲ့ကျွန်းလေးကိုဇာတ်လိုက်ဖြစ်သူ အက်ဒ်မွန်ဒန်တီနဲ့သူ့သူငယ်ချင်း ဖာနန် မွန်ဒေဂိုတို့ဟာ‌ဆရာဝန်ရှာထွက်ရင်းရောက်ရှိသွားပါတယ်။နပိုလီယန်ကလည်း စာလေးတစ်စောင်လူကြုံပါးလိုက်တော့စာမဖတ်တတ်တဲ့အက်ဒ်မွန်က သဘောရိုးနဲ့ယူလာ‌ခဲ့မိပါတယ်။ နပိုလီယန်နဲ့ဆက်သွယ်တာဟာ သစ္စာဖောက်မှုလို့စွပ်စွဲတတ်ကြပါတယ်။ဖြောင့်မတ်တဲ့အက်ဒ်မွန်ဟာ သူ မကျူးလွန်တဲ့သစ္စာဖောက်မှုအတွက်ပဲတစ်သက်တစ်ကျွန်းထောင်အချခံလိုက်ရပါတယ်။ထောင်ကနေဘယ်လိုလွတ်မြောက်မလဲ၊သူ့ကိုဘယ်သူတွေက စွပ်စွဲခဲ့တာလဲ၊အက်ဒ်မွန်တစ်ဖြစ်လဲ ဇက်တာရာဟာ မြို့စားကြီး မွန်တီခရစ်စတို အဖြစ်ဘယ်လိုများချမ်းသာခဲ့သလဲ၊သူ့ကလဲ့စားဘယ်လို ချေလဲဆိုတာ နာမည်ကြီး ဝတ္ထုဆိုတဲ့အတိုင်း စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်    File Size :(2.7GB) (930 MB) and (305MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…02:11:00 Genre : Action ,Adventure , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

The Count of Monte Cristo(2002)