Channel Myanmar

Zahra Newman

I Met a Girl (2020) 6.1
I Met a Girl (2020)  Genre – Drama, Romance IMDB – 6.1/10 ကိုယ့်စိတ်ကိုယ်တောင် အနိုင်နိုင် ထိန်းနေရတဲ့ကြားထဲကနေမိုင်ပေါင်း ၂၄၀၀ ကျော် ခရီးကြမ်း ဖြတ်သန်းပြီး ချစ်တဲ့လူကိုသွားတွေ့မယ့် ဂေါက်သီးလေးတစ်ယောက်အကြောင်းပေါ့။ဟုတ်ပါတယ် မင်းသားက ဂေါက်သီးလေးပါ စိတ်ကစဉ့်ကလျားရောဂါကို ငယ်စဉ်ကတည်းက ခံစားနေရပြီး သူ့ ခေါင်းထဲမှာ လူ၂ ယောက် လာလာ စကားပြောနေကြပါတယ် တစ်ယောက်ကမစ္စတာရော့ကတ်ဖြစ်ပြီး သဘောကောင်းတဲ့ စူပါဟီးရိုးကြီးပါလမ်းကောင်းကိုသာ ညွန်ပေးပါတယ် နောက်တစ်ယောက်ကတော့မစ္စနီဒယ်ဆိုတဲ့ ကြောက်စရာဘွားတော်ကြီးပါ သူကတော့ဆန့်ကျင်ဖက်ဖြစ်ပြီး မကောင်းတာတွေပြော စိတ်ဓာတ်ကျအောင်လုပ်ပြီး သေဖို့အထိပါ တိုက်တွန်းတတ်သူပါ။ ဒါပေမဲ့ ရောဂါအခြေအနေက အရမ်းမဆိုးတဲ့အတွက် ဆေးလေးပဲသောက်ရင် နေလို့ရတယ်ပေါ့လေ ပတ်ဝန်းကျင်နဲ့ ဝင်ဆန့်တယ်ပေါ့။အဲဒီလိုပြောလို့လည်း မရပြန်တာက အစ်ကို့ မင်္ဂလာဆောင်မှာအချစ်တွေပေးချင်တယ်ဆိုပြီး ပုလင်းကွဲနဲ့ ရင်ဘတ်ကို ထိုးပစ်တာတို့အလုပ်လုပ်နေတဲ့ အိမ်မွေးတိရစ္တာန်ဆိုင်က ငှက်လေးကို နှိပ်စက်နေကြပါတယ်ဆိုပြီး လွှတ်ပေးပစ်တာတို့တွေလည်း ရှိတာပေါ့။ဒီလိုနဲ့ တစ်ရက်ကျ အဆုံးစီရင်ဖို့ထိ တွေးမိသွားပြီး သေကြောင်းကြံလိုက်တဲ့အခါမှာတော့ ထူးခြားစွာနဲ့ လူစီ ဆိုတဲ့ ...
movie

I Met a Girl (2020)

Long Story Short (2021) 6.5
Long Story Short (2021)  "မင်္ဂလာဆောင်တာကလွယ်ပါတယ်။အိမ်ထောင်သည်ဘဝကခက်တာပါတဲ့" ဟုတ်ပါတယ် အိမ်ထောင်တစ်ခုတည်မြဲဖို့ဆိုတာ အင်မန်မှခက်ပါတယ် အချစ်တစ်ခုတည်းနဲ့ အိမ်ထောင်တစ်ခုမတည်မြဲနိုင်ပါဘူး။ နားလည်မှု ရိုးသားမှု အချိန်ပေးမှု ပြီးတော့ အချစ် ဒါတွေကိုလိုအပ်ပါတယ်။ ဒီကားလေးက အိမ်ထောင်တစ်ခုဘယ်လိုတည်ဆောက်ရမလဲဆိုတာကိုပြောပြပေးထားတဲ့ ဇာတ်ကားလေးဆိုမမှားပါဘူး။ဇာတ်လမ်းအကျဉ်းလေးကတော့ တက်ဒီနဲ့ လီယန်တို့က မထင်မှတ်တဲ့တွေ့ဆုံမှုတစ်ခုကနေ တစ်ဦးကိုတစ်ဦးကိုချစ်မိသွားပြီး လက်ထပ်ခဲ့ကြတဲ့ချစ်သူနှစ်ဦးပေါ့ ဒါပေမယ့် တက်ဒီကတော့ လီယန်ကိုချစ်ပေမယ့် အလုပ်ပေါ်မှာပဲအာရုံနှစ်ထားပြီး ဇနီးကိုအချိန်မပေးဖြစ်ခဲ့ပါဘူး ဟန်းနီးမွန်းထွက်ဖို့ကိုတောင် မစီစဉ်ခဲ့ပဲနဲ့ နောက်မှဆိုပြီးလုပ်နေခဲ့တဲ့သူပါ။သူတို့နှစ်ယောက်ရဲ့မင်္ဂလာဦးည လက်ဖွဲ့တွေကိုကြည့်ရင်းကနေ ဘယ်သူပို့လိုက်မှန်းမသိတဲ့ထူးဆန်းတဲ့လက်ဖွဲ့လေးတစ်ခုကိုတွေ့ခဲ့လို့ ဖွင့်ကြည့်မိရာကနေ... တက်ဒီတစ်ယောက် အဆပေါင်းများစွာအကုန်မြန်နေတဲ့ အချိန်ကာလတစ်ခုထဲရောက်သွားပါတော့တယ်သူနိုးထလာတိုင်း တစ်နှစ်ပြောင်းသွားပြီး သူနိုးထလာတဲ့အချိန်ကလည်း သူတို့ရဲ့မင်္ဂလာဦးနှစ်ပတ်လည်နေ့ဖြစ်နေပါတယ်။ ဒီလိုအချိန်စက်ဝန်းကြီးထဲကနေ တက်ဒီတစ်ယောက်ဘယ်လိုရုန်းထွက်မှာလဲ ဒီလိုအကုန်မြန်နေတဲ့အချိန်ကြောင့် သူ့ဘဝကြီးကဘာတွေဘယ်လိုဖြစ်ပြီးပြောင်းလဲကုန်မှာလဲ သူတို့ရဲ့အိမ်ထောင်ရောအပေါ်မှာရော သက်ရောက်မှုရှိမှာလား..စတာတွေကိုကြည့်ရှုခံစားရမယ့် Comedy,Fantasy,Romance ကားကောင်းလေးတစ်ကားပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Chit Tee ပါ )File Size__(1.7GB) / (800MB) Quality__1080p, 720p IMDb Rating__6.5/10 Format__mp4 Duration__01:30:00 Type__Comedy, Fantasy, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee Encoded by Naing Aung Latt
movie

Long Story Short (2021)